မြတ်ဗုဒ္ဓ၏ယတြာများနှင့် လောကီအစီအရင်များ

  • Home
  • Myanmar
  • Yangon
  • မြတ်ဗုဒ္ဓ၏ယတြာများနှင့် လောကီအစီအရင်များ

မြတ်ဗုဒ္ဓ၏ယတြာများနှင့် လောကီအစီအရင်များ Fortune Telling with `Tarot, Rune and Lenormand Cards Reading

အဓိဋ္ဌာန်ဝင်သူ ဓမ္မမိတ်ဆွေ အတွက် သိထားသင့်သော သန်းခေါင်ကျော်လည်း အဓိဋ္ဌာန်မပျက်ပါ
14/01/2025

အဓိဋ္ဌာန်ဝင်သူ ဓမ္မမိတ်ဆွေ အတွက် သိထားသင့်သော

သန်းခေါင်ကျော်လည်း အဓိဋ္ဌာန်မပျက်ပါ

2025အတွက် စကားလက်ဆောင်   ၁။ အတိတ်က အဆိပ်တွေကို ထုတ်ခဲ့ပါ။     (လူတိုင်းက အမှားနဲ့ မကင်းကြဘူး။) ၂။ ပစ္စုပ္ပန်မှာ တန်ဖိုးရ...
31/12/2024

2025အတွက် စကားလက်ဆောင်


၁။ အတိတ်က အဆိပ်တွေကို ထုတ်ခဲ့ပါ။
(လူတိုင်းက အမှားနဲ့ မကင်းကြဘူး။)

၂။ ပစ္စုပ္ပန်မှာ တန်ဖိုးရှိစွာ ရှင်သန်ပါ။
(ယခုလက်ရှိအချိန်က အသေချာဆုံးနဲ့
တန်ဖိုးအရှိဆုံးပဲ။)

၃။ မိဘတွေကို အရင်ကထက် ပိုချစ်ပါ။
(မရှိတော့ရင် အစားထိုးလို့ မရဘူး။)

၄။ ပျော်ရွှင်ရည်မောဖို့ မမေ့ပါနဲ့။
(ဒုက္ခမိုးတွေက ကိုယ်တစ်ယောက်ထဲကိုမှ
ကွက်ရွာချတတ်တဲ့ ကွက်ကြားမိုး မဟုတ်ဘူး။)

၅။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကျေနပ်စွာ လက်ခံပါ။
(သူက သူ/ ကိုယ်က ကိုယ်ပါပဲ။)

၆။နဂိုအပူထက် အပိုအပူတွေ မယူမိပါစေနဲ့။
(ဘဝက တိုတောင်းလွန်းတယ်။)

၇။ ကုသိုလ်ပြုဖို့ အချိန်ပေးပါ။
(ကုသိုလ်က နုပျိုစေတယ်။)

၈။ စာဖတ်ပြီး ကမ္ဘာပတ်(ခရီးထွက်)ပါ။
(သက်မဲ့အရာတွေထဲမှာ စာပေက သစ္စာအရှိဆုံးပဲ။)

၉။ လူတွေရှေ့မှာ သိပ်မပွင့်လင်းပါနဲ့။
(ကွယ်ရာကျ မဲ့ကာပြတဲ့သူတွေက များတယ်။)

၁၀။ ကိုယ့်အကြောင်း ကိုယ်သိအောင်လုပ်ပါ။
(များသောအားဖြင့် လူတွေက သူများအကြောင်းပဲ
သိအောင် ကြိုးစားပြီး ကိုယ့်အကြောင်းကို ဘာမှ
မသိပဲ ကြွေလွင့်သေဆုံးသွားကြတာ များတယ်။)

ကဲ!!
ခေတ်ကာလက ရောဂါတွေပို အသက်တွေတိုလာပြီ၊
ဘယ်လောက်နေရမလဲမသိတဲ့ နောက်ဆုံးလက်ကျန်
နေ့ရက်လေးတွေမှာ ဘယ်သူကိုမှ မထိခိုက်ဘဲ
ကိုယ်လိုချင်တာကို ရနေသလိုမျိုး ဘဝကို လွတ်လပ်
ပေါ့ပါးပျော်ရွှင်စွာနဲ့ ရည်မောနေထိုင်သွားကြရအောင်။

Crd မေတ္တာဖြင့်
အရှင်စန္ဒာဝရာလင်္ကာရ🙏
မဟာဂန္ဓာရုံ

‘’ #ပဋ္ဌာန်းရွတ်ဖတ်ပူဇော်လျက်နှစ်သစ်ကူးခြင်း”🙏🙏🙏၁။  ီဇင်ဘာ (၃၁)ရက်နေ့ ည ၁၁နာရီ ၃၅ မိနစ်တွင်စတင်၍ 🔸ဩကာသကန်တော့ချိုးဖြင့် ...
31/12/2024

‘’ #ပဋ္ဌာန်းရွတ်ဖတ်ပူဇော်လျက်နှစ်သစ်ကူးခြင်း”🙏🙏🙏

၁။ ီဇင်ဘာ (၃၁)ရက်နေ့ ည ၁၁နာရီ ၃၅ မိနစ်
တွင်စတင်၍

🔸ဩကာသကန်တော့ချိုးဖြင့်
🔸ဘုရားရှိခိုးခြင်း၊
🔸ငါးပါးသီလခံယူခြင်း၊
🔸နတ်ပင့်ခြင်း၊
🔸မေတ္တသုတ်ရွတ်ခြင်းတို့ကို
၁၁ နာရီ ၅၅ မိနစ်တွင်ပြီးဆုံးစေရပါသည်။

၂။ ၁၁ နာရီ ၅၅ မိနစ်မှစ၍
ဟေတုပစ္စယော၊ အာရမဏ္ဏပစ္စယော အစချီ၍

🔸ပဋ္ဌာန်း ပစ္စယနိဒ္ဒေသနှင့်
🔸ပစ္စယုဒ္ဒေသတို့ကို

ဆက်လက်ရွတ်ဖတ်ပူဇော်ရပါမည်။
ဆိုလိုသည်မှာ နှစ်ဟောင်းမှ နှစ်သစ်သို့
ပဌာန်းရွတ်ဖတ်ပူဇော်လျက်
နှစ်သစ်ထဲသို့ချဉ်းနင်းဝင်ရောက်ခြင်းဖြစ်ပါသည်။

ထိုသို့ပဌာန်းရွတ်ဖတ်ပူဇော်လျက်
နှစ်သစ်သို့ဝင်ရောက်ခြင်းဖြင့်
ထိုနှစ်တစ်နှစ်လုံးတွင် ကျရောက်နေဆဲ
ဒုက္ခမှ လွတ်မြောက်စေခြင်း၊
ကျရောက်လာတတ်သော
ဘေးအပေါင်းမှ လုံခြုံစေခြင်း၊
အကြောက်ကိုပြေစေခြင်း၊
အရှုပ်ကိုရှင်းစေခြင်း၊
အညစ်အကြေးကို ကင်းစင်စေခြင်း၊
အငိုတိတ်စေခြင်း၊
ဆိုးနေသောကံကောင်းစေခြင်း၊
နိမ့်နေသောကံမြင့်စေခြင်း၊
မှားနေသောကံ မှန်စေခြင်းနှင့်
အတိတ်ဘဝကပါလာသော ဝဋ်ကြွေးတို့မှ
ကင်းလွတ်စေကြောင်း
ထေရဝါဒ ဗုဒ္ဓစာပေတို့ကဖော်ပြကြပါ၏။

မိသားစုအားလုံး ညီညီညာညာ
ရွတ်ဖတ်ပူဇော်ကြရအောင်🙏🙏🙏

(၈)ရက်သားသမီးများ ကပ်ကြီး ၃ပါးဘေးမှ
ကင်းဝေးကြပါစေ အေးချမ်းကြပါစေ
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်း များပိုင်ဆိုင်နိုင်ပါစေ
ကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် 💙

#ကောင်းမှုကုသိုလ်ဆိုတာနေရာတိုင်းမှာရှိပါတယ်

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
29/12/2024

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

🙏🙏🙏စိန္တာမဏိဂါထာတော် (အကြံအစည်များ ပေါက်မြောက်စေနိုင်သောဂါထာ)-------------------~~~~~~~~~~~~~~~~~~~~~စိန္တာမဏိဂါထာ သည် အ...
20/12/2024

🙏🙏🙏စိန္တာမဏိဂါထာတော်
(အကြံအစည်များ ပေါက်မြောက်စေနိုင်သောဂါထာ)
-------------------~~~~~~~~~~~~~~~~~~~~~
စိန္တာမဏိဂါထာ သည် အလွန်အစွမ်းထက်သော
ဂါထာ ဖြစ်သည်။ ၅၅၀ နိပါတ် ပဒကုသလဇာတ်တွင် ဘုရားအလောင်းတော် ပဒကုသလလုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သည့် ဂါထာဖြစ်သည်။
ထိုဂါထာတတ်မြောက်သည့် ဘုရားလောင်း ပဒကုသလလုလင်သည် ခြေရာကောက်သည့် အတတ်ပညာကို တတ်မြောက်ခဲ့သည်။ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်း၊ သန်လျက်ပျောက်ဆုံးမှုတို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ်ကို ခံစားခဲ့ရသည်။
ဤစိန္တာမဏိဂါထာ၌ စိန္တာ ဟူသည် အကြံအစည်ပညာ၊ မဏိ သည် မြကျောက် ပတ္တမြားဟူ၍ အဓိပ္ပါယ်ရသည်။ ပတ္တမြားကဲ့သို့ အဖိုးတန်သော အကြံအစည်ပညာဉာဏ်သည်
စိန္တာမဏိ ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရွတ်ဖတ်ပူဇော်သူသည် အကြံကောင်း ဉာဏ်ကောင်းများ ရနိုင်သည်။ သူတစ်ပါးတို့၏ အကြံများကို ကြိုတင်သိရှိနိုင်သည်။ ဘေးအန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်သည်။

၁။ စိန္တာမဏိရတနာနိ ၊ ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဗုဒ္ဓံ ၊ ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ၊ ဘုရားတည်းဟူသော ရတနာတို့ကို။ သရဏံ၊ ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော၊ ပြုထိုက်သည်ဖြစ်၍။ ကရတိ၊ ပြုသောသူ၌။ ဣစ္ဆာ ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ ဆောလျင်စွာလျှင်။ သမဇ္ဈတု၊ ပြည့်စုံပါစေသတည်း။

၂။ စိန္တာမဏိရတနာနိ၊ ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဓမ္မံ၊ တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ၊
တရားတည်းဟူသော ရတနာတို့ကို။ သရဏံ၊ ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော ပြု
ထိုက်သည်ဖြစ်၍။ ကရတိ၊ ပြုသောသူ၌။ ဣစ္ဆာ ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ ဆောလျင်စွာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။

၃။ စိန္တာမဏိရတနာနိ၊ ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ သံဃံ၊ သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။ သဃရတနာနံ၊ တရားတည်းဟူသော ရတနာတို့ကို။ သရဏံ၊ ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော၊ ပြု
ထိုက်သည်ဖြစ်၍။ ကရတိ၊ ပြုသောသူ၌။ ဣစ္ဆာ၊ ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ ဆောလျင်စွာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
ကိုးကား
သာသနာတော်ပြန့်ပွားရေးဦးစီးဌာနမှ ထုတ်ဝေသော
ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

ဗုဒ္ဓဘာသာဆေး ကိုးမျိုး၁။ဘုရားဆေးဘုရားဂုဏ်တော်ကိုးပါးကို ရွတ်ဆိုခြင်း၊ ပုတီးစိပ့်ခြင်းလုပ်ရတယ်။အဲ့လိုမျို ဗုဒ္ဓဂုဏ်တော် ပ...
20/12/2024

ဗုဒ္ဓဘာသာဆေး ကိုးမျိုး

၁။ဘုရားဆေး
ဘုရားဂုဏ်တော်ကိုးပါးကို ရွတ်ဆိုခြင်း၊ ပုတီးစိပ့်ခြင်းလုပ်ရတယ်။အဲ့လိုမျို ဗုဒ္ဓဂုဏ်တော် ပွားများအားထုတ်တာကို ဘုရားဆေးလို့ခေါ်တယ်

၂။တရားဆေး
တရားဂုဏ်တော်၆ပါးကို ရွတ်ဆိုရတယ်၊ ပုတီးစိပ့်ရတယ်၊တရားထိုင်ရတယ်။

၃။ သံဃာဆေး
သံဃာဂုဏ်တော် ကိုးပါးကိုရွတ်ဆိုရတယ်၊ပုတီးစိပ့်ရတယ်၊

၄။မိဘဆေး
မိဘကို ပူဇော်ရတယ်၊ကန့်တော့ရတယ်၊ ပြုစုရတယ်၊မိဘကို မပြစ်မှားရဘူး။တချို့ မိဘတို့က ုမိုက်မဲတဲ့မိဘ အပြစ်လုပ်တဲ့ အကုသိုလ်အမျိုးလုပ်တဲ့မိဘကိုလည်း မပြစ်မှားရဘူး၊

၅။ဆရာဆေး
လောကီပညာသင်ပေးတဲ့ဆရာ၊လောကုတ္တရာပညာသင်ပေတဲ့ဆရာသမားကို မပြစ်မှားရဘူး၊ဆရာကိုပူဇော်ရတယ်၊ဆရာသမားကို ဂုဏ်ပြုဖွဲ့ဆိုထားတဲ့ ဂါထာတွေမန္တန်တွေ ရွတ်ဆိုရတယ်။

၆။ ဗြဟ္မာဆေး
မဟာသမယသုတ်၊မေတ္တာသုတ်၊ဓမ္မစကြာသုတ်တို့ကို ရွတ်ဆိုခြင်းပွားများခြင်းသည် ဗြဟ္မာဆေးမည်၏။

၇။နတျဆေး
နတ်နှင့်ပတ်သက်သော ဂါထာမန္တန် ပရိတ်တို့ကို ရွတ်ရတယ်။ပါဠိလို မေတ္တာပို့ရတယ်။ပြီးတော့ ပရိတ်၁၁သုတ်မှာ ဂါထာပရိတ်က၉သုတ်ပါတယ်တဲ့။မန္တန်သုတ်က ၂သုတ်ပါတယ်။မောရသုတ်ဟာ မန္တန်ဖြစ်တယ်၊မန္တန်ဖြစ်ကြောင်းကို "ဗြဟ္မမန္တ "န္တိ အက္ခာတံ ပရိတ္တံ"လို့ပြထားတယ်။ဗော
ဇ္စျင်္ဂသုတ်ဟာလည်း မန္တန်ဘဲ "သွသဓဉ်စ ဣဒံ မန္တံ ဗောဇ္စျင်္ဂါနံ မန္တံ" လို့ဆိုထားတယ်။

၈။ဝိဇ္ဇာဆေး
ဝိဇ္ဇာဆေးဆိုတာ ကျယ်ပြန့်လှပါတယ်တဲ့။ဝိဇ္ဇာကြီးဆေး၊ဇော်ဂျီဆေး၊တပသီဆေး၊ဒီထဲမှာ အင်း အိုင် ခါးလှည့် ဓတ်လုံး ဂါထာ မန္တန် စမ သံ ပြဒါး ကြေး ဘော်စတဲ့ သတ္ထုကို ဓတ်စင်အောင်လုပ်နိူင်ရင် ဆေးဖြစ်တော့တာဘဲတဲ့။ သယံဇာရွှေ ငွေ (ဆေး)ဖြစ်တယ်လို့ ပုဂံစာထွာ နှသစ်က ညွန်းခဲ့ပြန် လောကီဥာဏ်စာထွက်နဲ့ ရာသက်လုံးကြိတ်ဖုံ ဓတ်လေးတွေ အမှန်စင်ကာမှလို့ ဆိုထားတယ်။ဘိုးတော်ရွတ် ပြတာတွေအကုန်လုံးကိုတော့ မမှတ်မိဘူး

၉။ နဂါး ဂဠုန် ကုမ္ဘန် ယက္ခဆေး
ဒါကြတော့ ခက်တာလဲရှိတယ်၊လွယ်တာလဲရှိတယ် ၊ဒီဆေးကြတော့ မှော်ပညာဆေးလို့ ခေါ်တယ်။

အားလုံး အသိသုတ တိုးပွားကြပါစေ။
မူရင်း

အကျိုးထူးပေးနိုင်သော မူရင်း ရှင်အရဟံ ပုတီးစိတ်နည်း အပြည့်အစုံ ၇ ဂါထာ================================ရှင်အရဟံ အရှင်မြတ်၏ ...
20/12/2024

အကျိုးထူးပေးနိုင်သော မူရင်း ရှင်အရဟံ ပုတီးစိတ်နည်း အပြည့်အစုံ ၇ ဂါထာ
================================

ရှင်အရဟံ အရှင်မြတ်၏ မူရင်း ရှင်အရဟံပုတီးစိပ်နည်း အပြည့်အစုံသည် ၇ဂါထာရှိသည်။ အလွန်အစွမ်းထက်သောကြောင့် ထွက်ရပ်ပေါက်သည်အထိ အကျိုးပေးနိုင်သောကြောင့် ထွက်ရပ်လမ်းလိုက်စားသူ များပြားလွန်းသောကြောင့် ရှင်အရဟံ အရှင်သူမြတ်က ၂ဂါထာကို ပယ်ဖြုတ်ခဲ့ပါတယ်။
၂ဂါထာဖြုတ်ထားသော လူအများရွတ်ဖတ်ပူဇော်နေကြသော ရှင်အရဟံ ၅ဂါထာသည်ပင် အင်မတန် အစွမ်းထက်ပါသေးသည်။ ဂါထာအပြည့်အစုံဆိုလျှင်ကား အတိုင်းထက်အလွန်ပင် ဖြစ်ချေ၏။

ရှင်အရဟံ ပုတီးစိပ်သည် အလွန်အစွမ်းထက်သောကြောင့် နေ့စဉ် အခေါက်ရေသက်စေ့စိပ်ပါက ဘေးရန်ကင်းခြင်း၊ စီးပွားရေးအဆင်ပြေခြင်း၊ အဆင်ပြေခြင်း၊ လူချစ်လူခင်ပေါခြင်း ၊ အသက်ရှည် ကျန်းမာခြင်း၊ အရွယ်နုပျိုခြင်း စသော အကျိုးများကို ရရှိစေပါသည်။ ရှင်အရဟံဂါထာ အပြည့်အစုံသည်ပါရမီပါ၍ အထူးကြိုးစားသူတို့အား ထွက်ရပ်ပေါက်စေနိုင်သည် အထိအကျိုးပေးနိုင်ပါသည်။

ထို့ပြင် ဤပုတီးစိပ်သည် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ ကို ပွားများပြီးဖြစ်သကဲ့သို့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏
အနိစ္စ-မမြဲခြင်း သဘော၊ ဒုက္ခ-ဆင်းရဲခြင်း သဘော၊ အနတ္တ-အစိုးမရခြင်း သဘောတို့ကို ပွားများပြီးလည်း ဖြစ်ပါသည်။

သရဏဂုံဆောက်တည်ရာလည်းရောက် ဝိပဿနာပွားများရာလည်းရောက်သော ရှင်အရဟံပုတီးစိပ်နည်းကို ဖော်ပြလိုက်ပါတယ်။ အနက်အဓိပ္ပါယ် ကိုနှလုံးသွင်းပြီး နေ့စဉ်စွဲမြဲစွာ ရွတ်ဖတ်အားထုတ်ကြပါ။

( မူရင်းရှင်အရဟံ ပုတီးစိပ်အပြည့်အစုံ ၇ဂါထာ)
~~~~~~~~~~~~~~~~~~~

၁။ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ ။

၂။ ဓမ်မံ သရဏံ ဂစ်ဆာမိ
နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ ။

၃။ သံဃံ သရဏံ ဂစဆှာမိ
နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ ။

၄။ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ၊ ဓမ်မံ သရဏံ ဂစ်ဆာမိ ၊
သံဃံ သရဏံ ဂစဆှာမိ ။
နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ ။

၅။ စက်ကဝါဠသေု အနန်တသေု၊
အာကာသေ အနန္တေ တထာ၊
သတ်တနိကာ အနန်တာစ၊
သမ်ဗုဒ်ဓေ ဉာဏ အနန်တာ။

၆။ အန န်တံ ဗလဝံ ဗုဒ်ဓံ ၊ အန န်တံ ဂေါစရံ ဓမ်မံ ၊
အန န္တံ အရိယံ သံဃံ ၊ အနန္တံ ဗောဓိ မုတ္တမံ ။

၇။ အာဂစ္ဆေယျ သဗ္ဗေဒေဝါ၊
အာယု ဝဏ္ဏော သုခံ ဗလံ၊
သဗ်ဗသိဒ်ဓိ မဟိဒ်ဓိကာ၊
ဇယ တဇေ ဒသဒိသာ၊
ဘဝတု မမ သဗဗှဒါ။

( မြန်မာပြန်)
၁။ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
၂။ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
၃။သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
၄။- ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
- တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
- သံဃာတော်မြတ်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
၅။ စကြဝဠာသည် အဆုံးအပိုင်းအခြားမရှိကျယ်ပြန့်၏။
ထို့အတူ အာကာသသည် အဆုံးအပိုင်းအခြားမရှိ။
သတ္တဝါတို့၏လောကသည်လည်း အဆုံးအပိုင်းအခြားမရှိ။
မြတ်စွာဘုရား ၏ သဗ္ဗညုတဉာဏ်တော်သည်လည်း အဆုံးအပိုင်းအခြားမရှိ ကြီးကျယ်လှ၏။
၆။အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အဆုံးအပိုင်းအခြား ရှိတော်မမူသော တန်ခိုးတော်တည်း။
- မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်သည် အဆုံးအပိုင်းအခြားရှိတော်မမူသော တန်ခိုးတော်တည်း။
- အရိယာသံဃာတော်မြတ်သည် အဆုံးအပိုင်းအခြား ရှိတော်မမူသော တန်ခိုးတော်တည်း။
-ဗောဓိပက္ခိယတရားတော်များသည် အဆုံးအပိုင်းအခြားမရှိ မြင့်မြတ်ပါပေ၏။
၇။ အလုံးစုံကုန်သော နတ်တို့သည်လည်းကောင်း အလုံးစုံကုန်သော သိဒ္ဓိရှင် မဟိဒ္ဓိရှင်အပေါင်းတို့သည် လာရောက်ကြကုန်သည်ဖြစ်၍ အသက်ရှည်ခြင်း၊အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းတို့ကို ပေးကြပါစေသတည်း။ ငါ့အားအရပ်ဆယ်မျက်နှာမှ အောင်ခြင်းမင်္ဂလာအဖြာဖြာသည် အခါခပ်သိမ်းဖြစ်ပါစေသတည်း။

ပုတီးစိပ်နည်းအညွှန်း
*****************
- (၁) မှ (၇) အဆုံး ပုတီးတစ်လုံးချရပါမည် ။

- နေ့စဉ် အခေါက်ရေ သက်စေ့ သို့မဟုတ် သက်စေ့ထက် တစ်ခေါက်ပိုရွတ်ပါ။

- မိမိတတ်နိုင်သည့် ရက်ကိုပိုင်း၍ ၉ရက် ၊ ၁၈ရက် ၊ ၂၇ရက် ၊ ၄၅ရက် စသည်ဖြင့် အဓိဋ္ဌာန်ဖြင့်စိပ်လေ ပိုကောင်းပါတယ်။

- အကြောင်းတစုံတရာ ထူးခြားကိစ္စရှိလျှင် တစ်နေ့ ၁၀၈ခေါက်ရွတ်နိုင်ပါက အထူးကောင်းမွန်ပါသည်။

#မူရင်းရေးသူနှင့်ပြန်လည်မျှဝေသူအားလုံးကျေးဇူးတင်ပါသည်

သမ္ဗုဒ္ဓေဂါထာတော်ရဲ့နောက်ခံအတိတ်ဇာတ်ကြောင်း============================           ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သ...
20/12/2024

သမ္ဗုဒ္ဓေဂါထာတော်ရဲ့နောက်ခံအတိတ်ဇာတ်ကြောင်း
============================
ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။

အဲဒီပေါရာဏဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။ အဲဒါကို ပေါရာဏဒီပင်္ကရာဘုရားရဲ့ ညီမတော်လည်းဖြစ်၊ ဘုရင့်သမီးတော်လည်းဖြစ်တဲ့ မင်းသမီးက မြင်သွားတော့ ရဟန်းငယ်ကို လှမ်းပင့်ပြီး လိုအပ်တဲ့ မုန်ညှင်းဆီတွေကို သပိတ်အပြည့်လှူလိုက်တယ်။ လှူလည်းပြီးရော မင်းသမီးက ဘုရားဖြစ်ချင်တယ်ဆိုပြီး ဆုပန်တယ်။

သပိတ်အပြည့်အလှူခံရထားတော့ ညဖက်ဆီမီးပူဇော်တဲ့အခါ ကျောင်းဆောင်တော်ကြီးက ဆီမီးတွေနဲ့မြိုင်နေရော။ ဒီတော့ ဘုရားရှင်က ဆီမီးထွန်းတဲ့ ရဟန်းငယ်ကိုခေါ်မေးတယ်။ ရဟန်းငယ်ကလည်း အရှင်ဘုရားရဲ့ညီမတော်က လှူလိုက်တာဖြစ်ကြောင်း၊ ဘုရားဖြစ်ချင်တယ်လို့ ဆုတောင်းကြောင်း လျှောက်တင်တယ်။ အဲဒီအခါ ဘုရားရှင်က မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မရဘူး၊ ယောက်ျားဘဝရမှ ဘုရားဆုပန်လို့ရမယ်၊ ဒီတော့ ယောက်ျားဘဝရဖို့ အရင်ဆုပန်ခိုင်းပါလို့ မိန့်တော်မူတယ်။ တဆက်တည်းမှာပဲ ရဟန်းငယ်က သူလည်းဘုရားဖြစ်ချင်ပါတယ်ဆိုပြီး ဘုရားဆုပန်တယ်။ ဒီပင်္ကရာဘုရားရှင်ကို အားကျတာကတစ်ကြောင်း၊ သူက ဆီမီးပူဇော်တဲ့ရဟန်းဖြစ်လို့ (ဒီပင် ဆိုတာ ဆီမီး၊ ကရောတိ ဆိုတာ ပူဇော်ခြင်း) တိုက်ဆိုင်တာကတစ်ကြောင်းကြောင့် ဒီပင်္ကရာဆိုတဲ့ ဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်ချင်ကြောင်း ဆုပန်တယ်။ ဒီတော့ ပါရာဏဒီပင်္ကရာဘုရားရှင်က အဘိဉာဉ်တန်ခိုးနဲ့ ကြည့်တော်မူပြီး ရဟန်းငယ်ကို နောင် ၁၆ သင်္ချေကြာတဲ့အခါ ဒီပင်္ကရာဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။

နောက်တစ်နေ့ ရဟန်းငယ်က ထုံးစံအတိုင်း ဆီအလှူခံထွက်ရင်း မင်းသမီးဆီရောက်တဲ့အခါ မြတ်စွာဘုရားမှာလိုက်တဲ့အတိုင်း မိန်းမဘဝနဲ့ ဘုရားဆုပန်လို့မရကြောင်း၊ ယောက်ျားဘဝရအောင် အရင်ဆုပန်ခိုင်းကြောင်း ပြန်မိန့်တယ်။ မင်းသမီးကလည်း မုန်ညှင်းဆီတွေ သပိတ်အပြည့်လှူတယ်၊ နောက်နေ့တွေမှာလည်း နေ့စဉ်သပိတ်အပြည့်လှူဖို့ ကတိခံပြီး ဒီလိုလှူရတဲ့အကျိုးအားကြောင့် နောက်ဘဝမှာ ယောက်ျားဘဝရပါလို၏ ဆိုပြီး ဆုတောင်းတယ်။ ဆုလည်းတောင်းတယ် ယောက်ျားဘဝရစေမယ့် အကျင့်အကြံတွေကိုလည်း တကယ်ကျင့်ကြံအားထုတ်တော့ နောက်ဘဝမှာ ယောကျာ်းဖြစ်သွားတယ်။

အဲဒီယောက်ျားဘဝကနေစပြီး နောက်ပိုင်း ဘုရားဖြစ်ချင်စိတ်အထုံကြောင့် ပါးစပ်ကထုတ်မပြောပေမယ့် စိတ်ထဲကနေ ဘုရားဆုပန်တာ ၇ သင်္ချေကြာတယ်။ အဲဒီ ၇ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၁၂၅၀၀၀ ဆူ ပွင့်တော်မူခဲ့တယ်။

နောက်ပိုင်းဘဝတွေကျတော့ ဘုရားဖြစ်ချင်တဲ့ အထုံအစွဲကြီးလွန်းလာတာရယ်ကြောင့် စိတ်ထဲကတင်မကတော့ပဲ နှုတ်ကပါ ဘုရားဆုပန်တယ်။ အဲဒီလို နှုတ်ကနေ ဘုရားဆုပန်တာ ၉ သင်္ချေရှိတယ်။ အဲဒီ ၉ သင်္ချေကာလအတွင်း ဘုရားပေါင်း ၃၈၇၀၀၀ ဆူ ပွင့်ခဲ့တယ်။

မိန်းမဘဝအပြီး ယောကျာ်းဘဝကို စရတဲ့ အချိန်ကနေ စိတ်နဲ့ဘုရားဆုပန်တဲ့ ၇ သင်္ချေရယ် နှုတ်နဲ့ဘုရားဆုပန်တဲ့ ၉ သင်္ချေရယ် ပေါင်း ၁၆ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၅၁၂၀၀၀ ပွင့်တော်မူတယ်။

၁၆ သင်္ချေကြာတဲ့အခါဆိုတော့ ပေါရာဏဒီပင်္ကရာမြတ်စွာဘုရားဆီက ဗျာဒိတ်တော်ရထားတဲ့ရဟန်းငယ်လေးက ဒီပင်္ကရာဆိုတဲ့ဘွဲ့တော်နဲ့ ဘုရားဖြစ်တော်မူတယ်။

ဒီပင်္ကရာမြတ်စွာဘုရားကြွလာတဲ့လမ်းမှာ တံတားခင်းတာ အချိန်မမီတဲ့အတွက် သုမေဓာရသေ့က ကိုယ်ကိုတံတားခင်းပြီးလှူတယ်။ ဒီပင်္ကရာဘုရားရှင်က ကြည့်တော်မူတဲ့အခါ သုမေဓာရသေ့က ပေါရာဏဒီပင်္ကရာဘုရားလက်ထက် သူရဟန်းငယ်ဘဝနဲ့ ဗျာဒိတ်တော်ရတဲ့ဘဝတုန်းက သူ့ကို မုန်ညှင်းဆီလှူတဲ့ မင်းသမီးဖြစ်နေတာကိုမြင်တယ်။ အဲဒီမှာ ဘုရားရှင်က မင်းသမီးလေးဘဝဖြစ်စဉ်ကို ပြန်ပြောင်းဟောပြတယ်။ ပြီးတော့ နောင် ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတဲ့အခါ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။ မုန်ညှင်းဆီလှူခဲ့တဲ့အကျိုးကြောင့် လူဖြစ်တဲ့ နောက်ဆုံးဘဝနာမည်က သိဒ္ဓတ္ထမင်းသားဖြစ်လိမ့်မယ်လို့ ဟောတော်မူတယ်။ (သိဒ္ဓတ္ထ ဆိုတာ မုန်ညှင်း၊ တေလ ဆိုတာ ဆီ၊ သိဒ္ဓတ္ထတေလ ဆိုတာ မုန်ညှင်းဆီ)

သုမေဓာရသေ့ဘဝနဲ့ ဒီပင်္ကရာဘုရားဆီက ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့အချိန်အထိ ကြားကာလ ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ပွင့်ခဲ့တဲ့ ဘုရားပေါင်းက ၂၈ ဆူရှိတယ်။

အဲဒီတော့ စိတ်နဲ့ဆုပန်တဲ့ကာလရယ်၊ နှုတ်နဲ့ဆုပန်တဲ့ကာလရယ်၊ ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့ အချိန်အထိရယ် အတွင်းမှာ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ပွင့်တော်မူတယ်။

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။

အဋ္ဌ ဆိုတာ ၈
ဝီသဉ္စ ဆိုတာ ၂၀
အဋ္ဌဝီသဉ္စ ဆိုတော့ ၂၈

ဒွါဒဿ ဆိုတာ ၁၂
သဟႆ ဆိုတာ ၁၀၀၀
ဒွါဒသဉ္စ သဟဿကေ ဆိုတော့ ၁၂x၁၀၀၀ = ၁၂၀၀၀

ပဉ်စ ဆိုတာ ၅
တသ ဆိုတာ ၁၀၀
ပဉ္စတသ ဆိုတော့ ၅x၁၀၀ = ၅၀၀
သဟ ဆိုတာ ၁၀၀၀
ပဉ္စတသ သဟဿနိ ဆိုတော့ ၅၀၀x၁၀၀၀ = ၅၀၀၀၀၀

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စဿတ သဟဿာနိ၊ ဆိုတာ ၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို

နမာမိ - ရှိခိုးခြင်း
သိရသာ - ဦးခေါင်းဖြင့်
အဟံ - ကျွန်ုပ်သည်
နမာမိ သိရသာ မဟံ - ကြှနျုပျသညျ ဦးခေါင်းဖြင့် ရှိခိုးပါ၏

ဦးခေါင်းဖြင့်ရှိခိုးတယ်ဆိုတာ လက်အုပ်ချီပြီး ခေါင်းပေါ်တင်ထားတာကိုခေါ်တယ်။ နတ်တွေ ဗြဟ္မာတွေက အဲဒီလိုပဲ ရှိခိုးကြတယ်။ သာမန်ရှိခိုးတာက ကိုယ်ရှေ့မှာ လက်အုပ်ချီပြီး ဦးညွတ်ထားတာမျိုး။

အပ္ပကာ - နည်းသေး၏
ဝါဠုကာ - သဲ
ဂင်္ဂါ - ဂင်္ဂါမြစ်
အပ္ပကာ ဝါဠုကာ ဂင်္ဂါ - ဂင်္ဂါမြစ်အတွင်းရှိ သဲတို့သည်ပင် နည်းသေး၏

အနန္တာ - မရေမတွက်နိုင်အောင်များသော
နိဗ္ဗူတာ - နိဗ္ဗာန်ဝင်ခြင်း
ဇိနာ - မာန်ငါးပါးကို အောင်မြင်သော ဘုရားရှင်
အနန္တာ နိဗ္ဗူတာ ဇိနာ - မာန်ငါးပါးကို အောင်မြင်၍ နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင် များလှပြီ

တေသံ - ထိုဘုရားရှင်တို့၏
ဓမ္မဉ္စ - တရားဓမ္မတို့ကို
သံဃဉ္စ - သံဃာတော်တို့ကို

အာဒရေန - ရိုသေစွာ
နမာမိ - ရှိခိုးပါ၏
အဟံ - ကျွန်ုပ်သည်
အာဒေရန နမာမဟံ - ကျွန်ုပ်သည် ရိုသေစြာ ရွိခိုးပါ၏

နမက္ကာရာ - ဤသို့ရှိခိုးရသော
နုဘာဝေန - အကျိုးအားကြောင့်

ဟိတွာ - ပယ်ပျောက်ခြင်း
သဗ္ဗေ - ခပ်သိမ်းသော
ဥပဒ္ဒဝေ - ဘေးရန်တို့သည်
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ - ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ

အနေကာ အန္တရာယာပိ - တစ်ခုမကသော အန္တရာယ်တို့သည်
ဝိနဿန္တု - ပျောက်ကွယ်ပါစေ
အသေသတော - အကြွင်းမရှိ
အနေကာ အန္တရာယာပိ ဝိနဿန္တု အသေသတော - တစ်ခုမကသောအန္တရာယ်တို့သည် အကြွင်းမရှိ ပျောက်ကွယ်ပါစေ

သမ်ဗုဒ်ဓေ အဋ်ဌဝီသဉ်စ၊ ဒှါဒသဉ်စ သဟဿကေ၊ ပဉ်စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။
၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို ကြှနျုပျသညျ ဦးခေါင်းဖြင့် ရှိခိုးပါ၏။

အပ်ပကာ ဝါဠုကာ ဂင်ျဂါ၊ အနန်တာ နိဗ်ဗူတာ ဇိနာ၊ တသေံ ဓမ်မဉ်စ သံဃဉ်စ၊ အာဒရနေ နမာမဟံ။
ဂင်္ဂါမြစ်အတွင်းရှိသဲတို့သည်ပင် နည်းသေး၏၊ မာန်ငါးပါးကိုအောင်မြင်ပြီး နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင်များလှပြီ။ ထိုဘုရားရှင်တို့နှင့် ထိုဘုရားတို့၏ တရားဓမ္မတို့ကိုလည်းကောင်း၊ သံဃာတော်တို့ကိုလည်းကောင်း ကြှနျုပျသညျ ရိုသေစွာရှိခိုးပါ၏။

နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။
ဤသို့ရှိခိုးရသော အကျိုးအားကြောင့် ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ၊ တစ်ခုမကသောအန္တရာယ်တို့သည်လည်း အကြွင်းမရှိပျောက်ကွယ်ပါစေ။

(ဗန်းမော်ဆရာတော်ဘုရားကြီး၏ တရားတော်နှင့် သာသနာရေးဦးစီးဌာနထုတ် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်စာအုပ်တို့မှ ထုတ်နှုတ်၍ ပြန်ရေးထားခြင်းဖြစ်ပါသည်)

CRD # YeKhaung
#​ပြန်လည် မျှဝေသည်။

သရဏဂုံ ၈၄၀၀၀ အဓိဋ္ဌာန် ပူဇော်ပုံ အဆင့်ဆင့်———————————————————————-နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ သရဏဂုံနှင့်တကွ ငါ...
19/12/2024

သရဏဂုံ ၈၄၀၀၀ အဓိဋ္ဌာန် ပူဇော်ပုံ အဆင့်ဆင့်
———————————————————————-
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
သရဏဂုံနှင့်တကွ ငါးပါးသောသီလတော်မြတ်ကို ခံယူပါ
ဆွမ်း ပန်း ရေချမ်း အလင်း နံ့သာ စွမ်းရာ လှူပါ
ခင်ပွန်းကြီးဆယ်ပါး ကန်တော့ပါ

မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ဓမ္မာခန္ဓာပေါင်း ၈၄၀၀၀ ရည်မှန်း ပူဇော်သောအားဖြင့် သရဏဂုံ ၈၄၀၀၀ (၇၇၈ ပတ်) အဓိဋ္ဌာန်တင်ပူဇော်ပါ

ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ၊ ဓမ်မံ သရဏံ ဂစ်ဆာမိ ၊
သံဃံ သရဏံ ဂစ္ဆာမိ အစဆုံးရွတ် ပုတီးတစ်လုံးချ
*** ၁၀၈ လုံး ပုတီးဖြင့် တစ်ရက်လျှင် ငွေနဝင်း
၂၇ ပတ် နှုန်းဖြင့် ၂၉ ရက် x ၁၀၈ လုံး = ၈၄၅၆၄
ပူဇော်ပါ ။

မေတ္တာပို့ အမျှဝေ ကုသိုလ်ပြုပါ

သရဏဂုံ ကို ထပ်ခါ ထပ်ခါ ပွားများအားထုတ်ခြင်းကြောင့် ရရှိတဲ့ ကုသိုလ်ဟာ ကျောင်းဆောက်လှူသိမ်ဆောက်လှူလို့ရတဲ့ ကုသိုလ်နဲ့ အတူတူပါပဲတဲ့...
{ ဝေပုလ္လသုတ္တန် }

သရဏဂုံ နေ့စဉ် ပွါးလှူပါက သာသနာတွင်း အလှူဖြစ်၍ အကျိုးပေးကြီးမား၏ ။ အရေးကြုံမှ ရွတ်ဆို လှူဒါန်းသူတို့ထက် နေ့စဉ်ပွါးများသူ လှူဒါန်းသည်က ပို၍ အကျိုးပေး ထက်သန် ထိရောက်၏
{ နဂါးရစ်တောင် ဆရာတော်ဘုရားကြီး ၏ ဩဝါဒ }

သရဏဂုံ ၈၄၀၀၀ အဓိဋ္ဌာန်ဝင် ပူဇော်ရန်
ဒေါက်တာကျော်ထွန်းဝင်း မှ ကုသိုလ်ပြု
ရေးသား ပူဇော်ပါသည်

ဒီနေ့ကစပြီး ဘဝထဲကောင်းတဲ့သူတွေပဲရှိမယ်🔱မကောင်းတဲ့သူတွေ ထွက်သွားတော့မယ်✅ကောင်းတဲ့ နမိတ်တည်ပြီး✔ငါအေးချမ်းရပြီ🙆ငါစိတ်ချမ်း...
17/12/2024

ဒီနေ့ကစပြီး ဘဝထဲကောင်းတဲ့သူတွေပဲရှိမယ်🔱
မကောင်းတဲ့သူတွေ ထွက်သွားတော့မယ်✅
ကောင်းတဲ့ နမိတ်တည်ပြီး✔
ငါအေးချမ်းရပြီ🙆
ငါစိတ်ချမ်းသာရပြီ🙆

ငါကျန်းမာနေပြီ👍
ငါချမ်းသာနေပြီ🔯
ငါလူချမ်းသာဖြစ်နေပြီ🔯
ငါ့မှာအပေါဆုံးကငွေပဲ🔯
ငါ့မှာအပေါဆုံးကရွှေပဲ🔯
ငါဘာပဲလိုချင်လိုချင် အလွယ်တကူရနေပြီ🕎
ငါသုံးလိုက်တဲ့ငွေတွေ🔯
ငါ့ဆီအလွယ်တကူပြန်လာနေပြီ☯

#ဆရာမဂျူလိုင်

 #ကိုးစနေအစွမ်းလောကီလမ်း&&&&&&&&&&&&&&&&&&&&ကိုးစနေ ဆိုတာ  မည်သည့်လမှာမဆို လဆန်း၉ရက်နေ့  သို့မဟုတ်   လဆုတ်၉ရက်နေ့ဟာ စနေန...
08/11/2024

#ကိုးစနေအစွမ်းလောကီလမ်း
&&&&&&&&&&&&&&&&&&&&

ကိုးစနေ ဆိုတာ မည်သည့်လမှာမဆို လဆန်း၉ရက်နေ့ သို့မဟုတ် လဆုတ်၉ရက်နေ့ဟာ စနေနေ့ဖြစ်ရင် ၉စနေလို့ခေါ်ပါတယ်

ကိုးစနေနေ့မှာ လောကီကိစ္စတွေစီရင်ဆောင်ရွက်လျှင် ပိုအောင်မြင်ပြီးအစွမ်းထက်တယ်လို့ဆိုကြပါတယ်

(9-11-2024)စနေနေ့ဟာ တန်ဆောင်မုန်းလဆန်း၉ရက်နေ့စနေနေ့ဖြစ်တဲ့အပြင် အင်္ဂလိပ်လိုလည်း9ရက်နေ့ဖြစ်နေလို့ ကိုးစနေဓါတ်ပိုအားကောင်းတဲ့နေ့လို့ဆိုရပါမယ်

ဒါကြောင့်

9-11-2024 စနေနေ့(ကိုးစနေ)မှာ လောကီကိစ္စတွေဖြစ်တဲ့ (အလုပ် ငွေကြေး အိုးအိမ် အိမ်ထောင်ရေး အချစ်ရေးကိစ္စ)အားလုံးအဆင်ပြေအောင်မြင်ကြစေရန်အတွက်အောက်ပါ အလှူအစီအရင်ကိုပြုလုပ်ကြပါလေ

#ကိုးစနေအောင်ဓါတ်အလှူတော်ပြုလုပ်ပုံ
&&&&&&&&&&&&&&&&&&&&&&&&&&&

(9-11-2024 )စနေနေ့နံနက်(9:00 to 10:30)အတွင်း နေအိမ်ဘုရားတွင် လင်ဗန်းထဲ လက်ဖက်၉ပုံပုံ၍လှူပေးပါ(အကြော်ထည့်စရာမလိုပါ)

ဖယောင်းတိုင်အသေး၉တိုင်ထွန်းညှိပူဇော်ပေးပါ(ဖယောင်းတိုင်များကိုတစ်တိုင်နဲ့တစ်တိုင်အနည်းငယ်ခွါ၍ပူဇော်ပေးပါ)

လှူပြီးပါက ဂုဏ်တော်၉ပါးကို အစအဆုံး ၄၅ခေါက်ရွတ်ဆိုပူဇော်ပြီး မိမိအခက်အခဲဖြစ်နေသောကိစ္စအောင်မြင်စေရန် ဆုတောင်းပါ
(31ဘုံသားအားလုံးကိုအမျှဝေပေးပါ)

အားလုံးပြီးပါက လက်ဖက်ကို ပြန်စွန့်ပြီးစားလို့ရပါတယ်
(ဖယောင်းတိုင်မရှိသူများ လက်ဖက်ချည်းသပ်သပ်လည်းလှူလို့ရပါတယ်)

#အကယ်၍နံနက်မလုပ်ဖြစ်သူများ

ည(9:00 to 10:30)ကြား နေအိမ်ဘုရားတွင် လိမ္မော်ရည်၉ခွက် သို့မဟုတ် ၉ဇွန်းလှူပေးပါ ဖယောင်းတိုင်အသေး၉တိုင်ထွန်းညှိပူဇော်ပေးပါ
(ဖယောင်းတိုင်မရှိပါက လိမ္မော်ရည်ပဲလှူပါ)

လှူပြီးပါက ဂုဏ်တော်၉ပါးကို အစအဆုံး ၄၅ခေါက်ရွတ်ဆိုပူဇော်ပြီး မိမိအခက်အခဲဖြစ်နေသောကိစ္စအောင်မြင်စေရန် ဆုတောင်းပါ
(31ဘုံသားအားလုံးကိုအမျှဝေပေးပါ)

#နံနက်ရောညရောလှူလည်းရပါတယ်

#ဘာမှလှူဖို့မရှိသူများ တစ်နေကုန်အားရင်အားသလို ဂုဏ်တော်၉ပါးကိုထိုင်ရွတ်နေပါ သို့မဟုတ် ပုတီးစိပ်ပေးပါ
မိမိအလိုရှိရာဆုကိုလည်းဆုတောင်းပါ
(31ဘုံသားအားလုံးကိုအမျှဝေပေးပါ)

(7)ရက်သားသမီးအားလုံးလောကီကိစ္စအခက်အခဲများအဆင်ပြေအောင်မြင်ကြပါစေသော်

#ကျော်ဘိုဘိုဟိန်း(Share)

စနေ နှစ်ထပ် ဝိဇ္ဇာဓာတ်သက်လောကီစီမံရေးရာ/ ကံစီးပွားတိုးတက်လိုသူများနေ့ကောင်းချိန်ကောင်း အခွင့်ကောင်း၁၃၈၆ခု တန်ဆောင်မုန်းလ...
08/11/2024

စနေ နှစ်ထပ် ဝိဇ္ဇာဓာတ်သက်
လောကီစီမံရေးရာ/ ကံစီးပွားတိုးတက်လိုသူများ
နေ့ကောင်းချိန်ကောင်း အခွင့်ကောင်း

၁၃၈၆ခု တန်ဆောင်မုန်းလဆန်း ၉ရက် စနေနေ့
၉ရက် ၁၁လ ၂၀၂၄ စနေနေ့
မြန်မာလို အဂ်လိပ်လို ၉ရက် နဝင်းနှစ်ထပ်

လောက ကံစီးပွားတိုးတက်လိုသူများ
လာဘ်ပိတ် အစဥ်မပြေသူများ
လောကီအစီအမံ လုပ်လိုသူများ...

အောက်ပါအတိုင်းပြုလုပ်ကြပါ.....

ဆရာစျာန်ထက်ရှိန်း(သုဝဏ္ဏဘူမိ)

Address

Yangon

Opening Hours

Wednesday 07:00 - 12:00
Sunday 07:00 - 12:00

Telephone

+959964211205

Website

Alerts

Be the first to know and let us send you an email when မြတ်ဗုဒ္ဓ၏ယတြာများနှင့် လောကီအစီအရင်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram