ကျန်းမာသုတ မျှဝေကြမယ် Let's share Health Knowledge

  • Home
  • Myanmar
  • Yangon
  • ကျန်းမာသုတ မျှဝေကြမယ် Let's share Health Knowledge

ကျန်းမာသုတ မျှဝေကြမယ် Let's share Health Knowledge ထိရောက်ပြီး ယုံကြည်စိတ်ချရသော ကျန်းမာရေးဗဟုသုတများ မျှဝေပေးရန် ရည်ရွယ်ပါသည်

27/09/2025

ခါးနာခြင်းအကြောင်းသိကောင်းစရာ
(ဖတ်ရန်ကြာချိန် ၃ မိနစ် )

ခါးနာခြင်းဝေဒနာမှာ အဖြစ်များလှသည်။ ခါးနာခြင်းဝေဒနာနှင့်ပတ်သက်ပြီး အမှတ်မှားနိုင်သော မေးခွန်းများနှင့် အချက်အလက်မှန် များကို အားလုံးသိရှိနားလည်နိုင်စေဖို့ ရေးသားတင်ဆက်လိုက်ရပါသည်။

(၁) လေ့ကျင့်ခန်းလုပ်တာ ခါးနာစေသလား။

ကျွမ်းကျင်သော ကာယကုသမှုပညာရှင်၏ လမ်းညွှန်မှုဖြင့် လေ့ကျင့်ခန်းလုပ်လျှင် ခါးကြွက်သားများသန်စွမ်းပြီး ခါးနာသက်သာစေနိုင်ပါသည်။ ခါးအရိုးအဆစ်နှင့် ကြွက်သားများ သန်စွမ်းပါက ခါးရိုးကို ပိုမိုတည်ငြိမ်စေသည်။ ဒေါက်တာ ဘူဇန်နော့စကာ၏ အဆိုအရ ခါးဆစ်ပြားဖောင်းနေခြင်းကိုပင် ကာယကုသမှုပညာရှင်နှင့် လေ့ကျင့်ခန်းလုပ်ပြီး သက်သာစေနိုင်သည်။

(၂) ခါးဆစ်ပြားကျွံလျှင် ခွဲစိတ်မှ ရမည်လား

ကျောရိုးတစ်ခုနှင့်တစ်ခု ကြားက ခါးဆစ်ပြားများက ကျောရိုးတလျှောက်ဖိအားများကို လျှော့ချခုခံ ပေးသည်။ ပြင်ပအလွှာများ အားနည်းသော ခါးဆစ်ပြားများတွင် စုတ်ပြဲခြင်း၊ ကျွံခြင်း ဖြစ်တတ်သည်။ ခါးဆစ်ပြားအလယ်မှ အရည်ပျစ်များ ထွက်ကုန်သဖြင့် အနီးမှ အာရုံကြောများကို ဆွပြီး ခါးနှင့်ခြေထောက်နာတတ်သည်။ ခါးဆစ်ပြားကျွံခြင်း၏ ၉၀%ကို အနားယူခြင်း၊ ဆေးဖြင့်ကုသခြင်းနှင့် ကာယကုသခြင်းများဖြင့် ကုသပျောက်ကင်းနိုင်သည်။

(၃) ကျောရိုးခွဲစိတ် ဆရာဝန်နှင့် ပြလျှင် ခွဲရတော့ မှာလား

ကျောရိုးခွဲစိတ် ဆရာဝန်များက လိုအပ်သော လူနာ၊ လိုအပ်သော ရောဂါ အနေအထားများတွင်သာ ခွဲစိတ်ကြပါသည်။

(၄) ခါဆစ်ပြားဖောင်းတာ တခြား ရောဂါရှိနေလို့လား

အရွယ်ရလာခြင်းကြောင့် ခါးဆစ်ပြားဖောင်းလာတတ်သည်။ ဒေါက်တာ ဘူဇန်နော့စကာက "တဖြည်းဖြည်း ပါးလာပြီး လေလျော့လာတတ်သော ကားတာယာများနှင့် ခါးဆစ်ပြားများက ပုံစံတူသည်"ဟုဆိုသည်။ ကားတာယာကိုလဲ၍ရသော်လည်း ခါးဆစ်ပြားများကို မလဲနိုင်ပေ။ထို့ကြောင့် အသက်ကြီးလာလျှင် အရပ် ပိုတိုလာတတ်သည်။ သို့သော် လူတစ်ချို့တွင်သာ နာကျင်မှုခံစားရတတ်သည်။

(၅) သံလိုက်ဓာတ်မှန်(MRI) က ခါးနာခြင်း၏ အကြောင်းရင်းကို အမြဲပြသလား

MRI က သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများ အသုံးပြုကာ ခန္ဓာကိုယ်တွင်းအဂ်ါများ တစ်ရှူးများ၏ ပုံရိပ်ကို အသေးစိတ်ပုံဖော်ပေးသည်။ MRI ဖြင့် ခါးဆစ်ပြားစုတ်ပြဲခြင်း၊ ကျွံခြင်းနှင့် အာရုံကြောများပိခြင်းကို သိနိုင်သည်။ အားနည်းသော ကြွက်သားများ နှင့် အချို့ ရောဂါများကိုမူ မသိနိုင်ပါ။ MRI တွင် တစ်ခါတစ်ရံ အသက်အရွယ်ကြောင့် ပုံမှန်ပြောင်းလဲခြင်းများကို ရောဂါဟု အမြင်မှားနိုင်သည်။

(၆) အိပ်ရာထက် နားခြင်းက ခါးနာခြင်းအတွက် အကောင်းဆုံးလား

ဒေါက်တာ ဘူဇန်နော့စကာ၏ အဆိုအရ"ခါးနာခြင်းအတွက်အကောင်းဆုံးမှာ ညင်သာသော လေ့ကျင့်ခန်းဖြစ်သည်"ဟု ဆိုသည်။ ဥပမာ-လမ်းလျှောက်ခြင်းသည် ထိုင်သော ကိုယ်နေဟန်ထားကို ပြောင်းလဲပြီး သဘာဝအတိုင်း တည့်မတ်သော ကိုယ်နေပုံကို ဖြစ်စေသည်။ ပေါ့ပေါ့ပါးပါး ညင်သာစွာ အကြောဆန့်ခြင်းကလည်း ခါးနာခြင်းကို သက်သာစေသည်။ တစ်ဦးချင်း ကိုက်ညီသော လေ့ကျင့်ခန်းကိုမူ ကျွမ်းကျင်သော ကာယကုသမှုပညာရှင်ကသာ ကြီးကြပ်ရွေးချယ်ပြီး လေ့ကျင့်ပေးသင့်သည်။

(၇) ကျောရိုးပေါင်းစပ်ခွဲစိတ်မှုလုပ်လျှင် ထပ်ခွဲရတတ်သလား

ဒေါက်တာ ဘူဇန်နော့စကာ၏ အဆိုအရ "မှန်ကန်သော ရောဂါ အကြောင်းရင်းကြောင့် ကျောရိုးပေါင်းစပ်ခွဲစိတ်မှုလုပ်လျှင် ထပ်မံ ခွဲစိတ်ရမှု ရှားပါသည်"ဟုဆိုသည်။

(၈) အာရုံကြောပိလို့ ခါးအရမ်းနာတာလား

တစ်ခါတစ်ရံတော့ အာရုံကြောပိလို့ ခါးအရမ်းနာတာ မှန်ပါသည်။ ကျောရိုးထဲက အာရုံကြောများကို ဆွနေလျှင် (သို့) ဖိထားလျှင် ပေါင်ကြော တလျှောက် နှင့် ခြေထောက်နာကျင်မှု ဖြစ်စေနိုင်သည်။

"ကျန်းမာသုတမျှဝေကြမယ် "စာရှုသူများ ခါးနာခြင်း ဒုက္ခ ကင်းဝေးပြီး ကျန်းမာကြပါစေ

Ref: Cleverland clinic website

27/09/2025

🌧️ မိုးရာသီအခါ ရေကြီးရေလျှံခြင်းကြောင့် 🌊
- ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ
- ပိုးမွှားများမှတစ်ဆင့်ကူးစက်တတ်သော ရောဂါအန္တရာယ်များနှင့်
- အစားအစာမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ
တိုးပွား လာစေပါတယ်

⚠️ ရေကြီးရေလျှံမှုဖြစ်ပွားသောနေရာတွင်ရောက်ရှိနေပါက
- ရေလွှမ်းမိုးထားသည့်နေရာတွင် လမ်းလျှောက်ခြင်း သို့ ယာဉ်မောင်းခြင်းကို ရှောင်ကြဉ်ပါ
- ဓါတ်လိုက်မှုအန္တရာယ်မှ ကာကွယ်ရန် ရွေ့လျားစီးဆင်းမှု မရှိသည့်ရေနှင့် ဝေးရာတွင်နေပါ

⚠️ ရေကြီးရေလျှံမှုဖြစ်ပွားသောနေရာ (သို့) ၎င်းနေရာအနီးတွင်နေထိုင်ပါက သတိထားရမည့် အချက်များမှာ
- ရေနစ်ခြင်း၊ ဓါတ်လိုက်ခြင်း
- ရေမှတဆင့် ကူးစက်တတ်သောရောဂါများ
- အစားအစာမှတဆင့် ကူးစက်တတ်သောရောဂါများ
- ပိုးမွှားမှတဆင့် ကူးစက်တတ်သောရောဂါများ
- မြွေကိုက်ခံရခြင်း 🐍

⚠️ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးသည့်အခါ
- ရေကြီးရေလျှံထားသောရေနှင့် ထိတွေ့ထားသော အရာ၀တ္ထုမှန်သမျှကို ဆေးကြောသန့်စင်ပါ
- နံရံ၊ ပြတင်းတံခါးနှင့် ကြမ်းခင်းမျက်နှာပြင်တို့ကို ရေ၊ ဆပ်ပြာ 🧼 အရောင်ချွတ်ဆေးတို့ဖြင့် သန့်ရှင်းရေးပြုလုပ်ပါ
- ပြန်လည်မသန့်စင်နိုင်တော့သော ပစ္စည်းများကို စွန့်ပစ်ပါ
- မြွေအန္တရာယ် သတိရှိပါ 🐍

⚠️ ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသောနေရာတွင် နေထိုင်ပါက 📣
- မိုးရာသီရောက်လျှင် သတိရှိစွာနေထိုင်ပါ။
- ဒေသအတွင်း တာဝန်ရှိသူများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
- သင့်ထံကျရောက်နိုင်သောအန္တရာယ်ကို သိရှိနားလည်ပါ
- ကြိုတင်ကာကွယ်မှုနှင့် အကာအကွယ်ပေးသည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်ပါ

Credit WHO Myanmar

အပင်တွေမှာတောင် ဖွံဖြိုးတိုးတက်မှုပုံစံတွေ မတူတတ်ကြလို့ 😳 အားမငယ်ကြပါနဲ့🙂‍↕️ အားမလျှော့ကြပါနဲ့💪 ဆက်ကြိုးစားကြပါ‌လို့ အား...
15/09/2025

အပင်တွေမှာတောင် ဖွံဖြိုးတိုးတက်မှုပုံစံတွေ မတူတတ်ကြလို့
😳 အားမငယ်ကြပါနဲ့
🙂‍↕️ အားမလျှော့ကြပါနဲ့
💪 ဆက်ကြိုးစားကြပါ‌လို့ အားပေးချင်ပါတယ်

နေ့စဉ် စားသောက်ကြတဲ့ အစားအစာတွေဟာ ကျန်းမာရေးနှင့်ညီပါစေ။
26/04/2025

နေ့စဉ် စားသောက်ကြတဲ့ အစားအစာတွေဟာ ကျန်းမာရေးနှင့်ညီပါစေ။

24/04/2025

သဘာဝ တရားရဲ့ အလှတရားတွေကိုလည်း ခံစားဖို့ မမေ့ပါနဲ့။
ကိုယ်၊ စိတ်ကျန်းမာရေးအတွက်လိုအပ်ပါတယ်။

📱 ဖုန်းနဲ့ စမတ်စကရင်းကို မျှော်မှန်းမထားတဲ့ အန္တရာယ်နဲ့ ကြာကြာသုံးနေရပြီလား?ဖုန်း၊ တက်ဘလက်၊ စမတ်ဖုန်း စတဲ့ စမတ်စကရင်းမျာ...
19/04/2025

📱 ဖုန်းနဲ့ စမတ်စကရင်းကို မျှော်မှန်းမထားတဲ့ အန္တရာယ်နဲ့ ကြာကြာသုံးနေရပြီလား?

ဖုန်း၊ တက်ဘလက်၊ စမတ်ဖုန်း စတဲ့ စမတ်စကရင်းများကို မသတ်မှတ်ဘဲ ကြာမြင့်စွာ သုံးနေကြတဲ့အခါ...တိတ်တိတ်ကလေး ဒါပေမဲ့ ပြင်းထန်တဲ့ ကျန်းမာရေး အန္တရာယ် ရှိနေပါတယ်။

😵‍💫 ဖုန်း/စကရင် သုံးစွဲမယ်ဆိုရင် သတိထားရမည့် အချက် ၈ ချက်👇

1️. မျက်စိထိခိုက်ခြင်း – မျက်ရည်ခမ်းခြောက်ခြင်း၊ အမြင်ဝါးလာခြင်း၊ ခေါင်းကိုက်ခြင်း။
2️. အိပ်မပျော်ခြင်း – ဖုန်းရဲ့အပြာအလင်းက melatonin ကိုပိတ်တာကြောင့် ဖြစ်ပါတယ်။
3️. အာရုံစူးစိုက်မှု နည်းလာခြင်း – အထူးသဖြင့် ကလေးသူငယ်များတွင် ပိုတွေ့ရပါတယ်။
4️. စိတ်ဖိစီးမှု, စိတ်ကျရောဂါ – Social media တွင် နှိုင်းယှဉ် ခံစားခြင်း များကြောင့် ဖြစ်သည်။
5️. Text neck, ပခုံးနာခြင်း – ဖုန်းကြည့်နေတဲ့ ဦးခေါင်း၊ လည်ပင်း၊ ပုခုံး အနေအထားများကြောင့် ဖြစ်ပါတယ်။
6️. လှုပ်ရှားမှုနည်းလာခြင်း → ကိုယ်အလေးချိန် တိုးလာတတ်ပါတယ်။
7️. နားအနီး radiation ဖြစ်တတ်ခြင်း– အိပ်ရာထဲ ဖုန်းယူဆောင်ပြီး အိပ်ခြင်းကြောင့်ဖြစ်သည်။
8️. လူမှုဆက်ဆံရေး အားနည်းလာခြင်း – လက်တွေ့ဘဝတွင်း အပြန်အလှန်ပြောဆိုမှု အားနည်းလာတတ်ပါတယ်

✅ ကာကွယ်နိုင်သည့်နည်းလမ်းများ
🔸 20-20-20 စည်းမျဉ်း – မိနစ် ၂၀ တစ်ကြိမ် မျက်စိအနားပေးပါ
🔸 Airplane mode ဖွင့်ပြီး အိပ်ပါ
🔸 Speaker သုံးပြီး ဖုန်းပြောပါ
🔸 စကရင်သုံးချိန်အတွက် Time limit ထားပါ
🔸 ဖြစ်နိုင်လျှင် ဖုန်းလုံးဝမကိုင်/စကရင် လုံးဝမကြည့်သော အချိန် သတ်မှတ်ထားပါ။

📣 သင့် ကျန်းမာရေးကောင်းဖို့ ဒီတစ်ပတ်အတွက် "Screen Time Detox" စလိုက်ရအောင်နော်။

📎 မိသားစု/သူငယ်ချင်းတွေရော သိစေဖို့ လွတ်လပ်စွာမျှဝေနိုင်ပါတယ်။

#ဖုန်းသုံးတာကျန်းမာရေးနဲ့ဆိုင်တယ်

ငလျင်အပြီး ပျက်စီးသွားသော အဆောက်အအုံများကြောင့် မီးလောင်မှုအန္တရာယ် ပိုမိုမြင့်တက်နိုင်ပါသည်။ ငလျင်ဘေးသင့်ပြည်သူများသည် ...
10/04/2025

ငလျင်အပြီး ပျက်စီးသွားသော အဆောက်အအုံများကြောင့် မီးလောင်မှုအန္တရာယ် ပိုမိုမြင့်တက်နိုင်ပါသည်။ ငလျင်ဘေးသင့်ပြည်သူများသည် ယာယီခိုလှုံရာနေရာများနှင့် တဲများတွင် နေထိုင်နေရသောကြောင့် မီးဘေးကင်းရေး ပိုမိုအရေးကြီးလာပါသည်။ ငလျင်ဘေးသင့်ပြည်သူများကို ကူညီဖေးမကြပါစို့။
🔥မီးဘေးအန္တရာယ်နှင့် အပူလောင်ဒဏ်ရာများကို ကာကွယ်ရန် အောက်ပါအချက်အလက်များကို မျှဝေပေးပါ။
✔ သင့် ယာယီခိုလှုံရာတဲတွင် မီးလောင်ပါက ဘာလုပ်ရမလဲ
✔ တစ်စုံတစ်ယောက်ရဲ့ အဝတ်အစားတွေ မီးကူးစက်ခံရပါက ဘာလုပ်ရမလဲ
✔ မီးလောင်ခြင်းနှင့် အပူလောင်ခြင်းကို ဘယ်လိုကာကွယ်မလဲ
✔ မီး ကို ဘယ်လိုငြိမ်းသတ်မလဲ

Crd. WHO Myanmar

ကျန်းမာရေးဆိုတာ ကိုယ်တိုင်ရော ကိုယ်ချစ်ရသူတွေပါ ကောင်းမွန်မှ ပြည့်စုံလှပတဲ့ အရာမျိုးပါ
09/04/2025

ကျန်းမာရေးဆိုတာ ကိုယ်တိုင်ရော ကိုယ်ချစ်ရသူတွေပါ ကောင်းမွန်မှ ပြည့်စုံလှပတဲ့ အရာမျိုးပါ

🍀ငလျင် လှုပ်အပြီး  စိတ်ပြန်လည်ကျန်းမာစေမည့် နည်းလမ်းများ🍀၂၀၂၅ မတ်လ ၂၈ရက်နေ့က မြန်မာနိုင်ငံမှာ ပြင်းထန်ငလျင်ကြီး ကြုံတွေ့...
08/04/2025

🍀ငလျင် လှုပ်အပြီး စိတ်ပြန်လည်ကျန်းမာစေမည့် နည်းလမ်းများ🍀

၂၀၂၅ မတ်လ ၂၈ရက်နေ့က မြန်မာနိုင်ငံမှာ ပြင်းထန်ငလျင်ကြီး ကြုံတွေ့ပြီးတဲ့နောက် ရှင်ကျန်ရစ်သူတွေမှာ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ရှိလာတတ်ပါတယ်။ ဥပမာအားဖြင့် စိုးရိမ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်း၊ အတိတ်ဖြစ်ရပ်များကို အမြဲပြန်သတိရနေခြင်း စသည့် စိတ်ဒဏ်ရာလက္ခဏာများ ခံစားရနိုင်ပါတယ်။
ဒီလို လက္ခဏာတွေ ကြုံနေရရင် မိမိကိုယ်ကိုယ်တိုင်ရော ပတ်ဝန်းကျင်ရှိလူများကိုပါ ပြန်လည်ကျန်းမာလာစေရန် အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

၁။ ခံစားချက်ကို လက်ခံလိုက်ပါ

"ကြောက်စရာကောင်းတယ်"
"ငါတို့ အားလုံး ထိတ်လန့်နေခဲ့ကြတာ" စတဲ့ မိမိခံစားချက်အမှန်ကို နားလည်လက်ခံလိုက်တာ‌ ကောင်းပါတယ်။ လက်ခံနေရင်းကမှ မိမိစိတ်ထဲမှာ ဖိစီးမှုများနေဆဲဆိုရင် ကိုယ် ယုံကြည်စိတ်ချရသူ/ချစ်ရသူ တစ်ဦးဦးကို ဖွင့်ဟတိုင်ပင်ပါ။

၂။ ရိုးရိုးရှင်းရှင်းနည်းလမ်းများနဲ့ စိတ်ဖိစီးမှုကိုလျှော့ချပါ

စိတ်မကောင်း ဖြစ်နေရတာတွေ ချွေးနဲ့အတူပါသွားအောင် ကိုယ်လက်လှုပ်ရှားမှု လုပ်လိုက်ပါ။

အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ပါ (ဥပမာ – ၄စက္ကန့်အသက်ရှူသွင်း၊ ၄စက္ကန့်အသက်အောင့်၊ ၄စက္ကန့်အသက်ရှူထုတ်)။

မိမိကြိုက်နှစ်သက်သော ဝါသနာများ (ဥပမာ – စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း) ဆောင်ရွက်ပြီး အာရုံပြောင်းပါ။

၃။ ပုံမှန်လုပ်ငန်းဆောင်တာ‌တွေကို တဖြည်းဖြည်းပြန်လည်စတင်ပါ

ပုံမှန် နေ့စဉ်ဘဝကို အချိန်ဇယားနဲ့ ဆောင်ရွက်ပါ။
အစာစားချိန်၊ အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ။
တတ်နိုင်သော လုပ်ငန်းခွင်နှင့် နေ့စဉ်လှုပ်ရှားမှုများကို ပြန်လည်လုပ်ဆောင်ပါ။

၄။ အများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ပါ

မိသားစု၊ မိတ်ဆွေများအတူတကွ စုဝေးပြီး အားပေးစကားများပြောပါ။
အကူအညီလိုအပ်ပါက စိတ်ကျန်းမာရေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ပါ။ (ယနေ့ခေတ်မှာ စိတ်ကျန်းမာရေးပညာရှင်နှင့်ဆွေးနွေးမှုတိုင်ပင်ခြင်းသည် ရှက်စရာကောင်းသည့်အရာမဟုတ်ပါ။)

၅။ ယုံကြည်စိတ်ချရသော သတင်းများကိုသာ ဖတ်ပါ

Attention economy ခေတ်တွင် မှန်မှန် မမှန်မှန် လူစိတ်ဝင်စားရင်ပြီးရော တင်တဲ့ page တွေရှိပါသည်။ မယုံကြည်ရသော သတင်းအမှားများ၊ ကောလဟာလ သတင်းများကြောင့် စိုးရိမ်ပူပန်စိတ်ကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်များကိုသာ ဖတ်ပါ။ လူမှုကွန်ယက်ကို တစ်ချိန်လုံး အသုံးမပြုပဲ မိမိစိတ်နဲ့ မျက်လုံးကို အနားပေး၍ အသုံးပြုပါ။

စာဖတ်သူများ အနေဖြင့် ဖော်ပြပါနည်းလမ်းများဖြင့် ပုံမှန်လူနေမှုဘဝ ရယူ ပိုင်ဆိုင်နိုင်ပါစေ။

မြန်မာနိုင်ငံသူ/သား အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်းပြီး ကောင်းကျိုးလိုရာဆန္ဒများ ရရှိနိုင်ကြပါစေ။

ငလျင်ပြီးချိန်မှာ ဖြစ်တတ်တဲ့ ဒီလို  ကူးစက်ရောဂါတွေကို သတိပြုသင့်ပါတယ်။Crd. Z-waka
08/04/2025

ငလျင်ပြီးချိန်မှာ ဖြစ်တတ်တဲ့ ဒီလို ကူးစက်ရောဂါတွေကို သတိပြုသင့်ပါတယ်။
Crd. Z-waka

ငလျင်ဒဏ်သင့်ဒေသမှာ စုပေါင်းနေထိုင်ကြရသူတွေ အနေနဲ့ အစာခြောက်တွေ အသင့်စား အစားအစာတွေက တောက်လျှောက် စားနေဖို့ အဆင်မပြေသလို ...
04/04/2025

ငလျင်ဒဏ်သင့်ဒေသမှာ စုပေါင်းနေထိုင်ကြရသူတွေ အနေနဲ့ အစာခြောက်တွေ အသင့်စား အစားအစာတွေက တောက်လျှောက် စားနေဖို့ အဆင်မပြေသလို အမြဲရနေဖို့လဲ မသေချာပါဘူး။

စုပေါင်းနေထိုင်ကြရသူတွေရဲ့ အသက်ရှင်သန်ရေးအတွက် ချက်ပြုတ်ထားတဲ့ အစားအသောက် တွေဟာ အဓိကကျလာမှာ ဖြစ်ပါတယ်။

အန္တရာယ်ကင်းကင်း ချက်ပြုတ်တဲ့ အစားအသောက်တွေဖြစ်ဖို့ ရှိနှင့်ပြီးသား အတွေ့အကြုံတွေနဲ့ World Food Programme ရဲ့ Global Food Security Cluster လမ်းညွှန်ကို ဖော်ပြပါ လင့်ကနေ ဒေါင်းလုပ်ချ ရယူနိုင်ပါတယ်။

https://themimu.info/sites/themimu.info/files/documents/Practical_Guidance_Cooked_Meal_Distributions_in_Emergencies_Sep2020.pdf

Address

Yangon
0951

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when ကျန်းမာသုတ မျှဝေကြမယ် Let's share Health Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share