31/03/2026
ကလေးငယ်တွေဟာ သူတို့ရင်ထဲက စိုးရိမ်စိတ် ဒါမှမဟုတ် ကြောက်ရွံ့မှုတွေကို လူကြီးတွေလို စကားလုံးနဲ့ မဖော်ပြတတ်ကြပါဘူး။ အတိတ်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် စိတ်မလုံခြုံမှုတွေဟာ အချိန်အတော်ကြာတဲ့အထိ စိတ်ထဲမှာ ကိန်းအောင်းနေတတ်ပြီး တခါတလေမှာ အကြောင်းရင်းမရှိဘဲ ဒေါသထွက်တာ၊ ငိုယိုတာ ဒါမှမဟုတ် ပုံမှန်ထက်ပိုပြီး ကပ်တွယ်တာမျိုးတွေနဲ့ ပြင်းထန်တဲ့ ခံစားချက်တွေအဖြစ် ပေါ်လာတတ်ပါတယ်။ 😔
ဒီလိုအချိန်မျိုးမှာ ကလေးကို အပြစ်တင်တာထက် သူတို့လေးတွေနဲ့အတူ ရှိနေပေးပြီး အတူတူ ပုံဆွဲတာ၊ အတူတူဆော့ကစားပေးတာမျိုးက စကားလုံးနဲ့ ဖော်ပြရခက်နေတဲ့ သူတို့လေးတွေရဲ့ စိတ်အခြေအနေအတွက် ထွက်ပေါက်တစ်ခု ဖြစ်စေပါတယ်။ ဒီလို အာရုံစိုက်ရတဲ့ အလုပ်တစ်ခုခုကို အတူတူလုပ်ဆောင်တာက သူတို့လေးတွေရဲ့ စိုးရိမ်ထိတ်လန့်မှုတွေကို ဖြေလျှော့စေပြီး စိတ်ခံစားချက်တွေကို ပြန်လည် ထိန်းညှိပေးနိုင်ပါတယ်။ 🤗
ဒါကြောင့် သူတို့လေးတွေ စိတ်ခံစားချက်တွေ ပြင်းထန်နေချိန်မှာ သူတို့ကို တစ်ယောက်တည်း မထားပါနဲ့။ မိဘအုပ်ထိန်းသူတွေအနေနဲ့ သူတို့နဲ့အတူ ရှိနေပေးတာက သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပေးနိုင်မှာပါ။ 💙
#ရှိနေမယ်