21/06/2022
(အက်စီလိုင်းစစ်စတင်း)
ချွဲပျော်ဆေးတစ်မျိုးဖြစ်သည်။ စေးပျစ်နေသည့် ချွဲသလိပ်များကို အရည်ကျဲစေသည့် အာနိသင်ရှိသဖြင့် ချောင်းဆိုးပြီး ဟက်ထုတ်ရာတွင် လွယ်ကူစေသည်။
> အသုံး
လေပြွန်ရောင်ခြင်း၊ အဆုတ်ပွခြင်း၊ အဆုတ်ရောင်ခြင်းတို့တွင် တွေ့ရသော ချောင်းဆိုး၊ ရင်ကြပ် သက်သာစေရန် အသုံးပြုသည်။
> ဆေးညွှန်းနှင့် အသုံးပြုပုံ
စားဆေးဖြစ်သည်။ လူကြီးနှင့် အသက် ၇နှစ်နှင့်အထက် ကလေးများအတွက် 200mg တစ်နေ့ သုံးကြိမ်၊ အသက် ၂နှစ်နှင့် ၇နှစ်ကြား ကလေးများအတွက် 200mg တစ်နေ့ နှစ်ကြိမ်၊ အသက် ၂နှစ်အောက် ကလေးများအတွက် 100mg တစ်နေ့ နှစ်ကြိမ် သောက်နိုင်သည်။
> သတိပြုရန်
မည်သည့်ဆေးနှင့်မဆို ဆေးမတည့်ခြင်း ဖြစ်ဖူးသူများ သတိပြုသုံးစွဲရမည်။ ဤဆေးကြောင့် ပြင်းထန်သော ပန်းနာရင်ကြပ် ဖြစ်နိုင်သည်။
> ဆေးအပြစ်များ
ဆေးချိန်များများသောက်လျှင် ဝမ်းဗိုက်မအီမသာဖြစ်ခြင်း ပျို့ခြင်း၊ ဝမ်းလျှောခြင်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်လျှင် ဆေးချိန်ကို လျှော့လိုက်ရုံ၊ ဆေးကိုလုံးဝရပ်လိုက်ရုံဖြင့် သက်သာပျောက်ကင်းပါသည်။ ဆေးနှင့်မတည့်သဖြင့် ပန်းနာရင်ကြပ်ဖြစ်ချင်း ဖြစ်နိုင်ပါသည်။
> ရှောင်ရန်
ပန်းနာရင်ကြပ်ရောဂါ ရာဇဝင်ရှိသူများ၊ ဤဆေးနှင့်မတည့်သူများ အသုံးမပြုရပါ။
> ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့
Acorama, Acetylcysteine, Actein, Muco Clean, Muclear, Mucoren, Mucotic, Mucotil, Musol, Respo Capsules.
#မှတ်ချက်
ဖော်ပြပါအချက်အလက်များသည် လိုအပ်ချက်များရှိနိုင်ပါသည်။ ဆေးဝါးများကို အသုံးပြုရာတွင် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။ အားလုံး ရောဂါဘယတွေ ကင်းဝေးကြပြီး ကျန်းမာကြပါစေ။
#ဆေးဝါးအသုံပြုနည်းလမ်းညွှန်
#ချွဲပျော်ဆေး