Dr.Shan

Dr.Shan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.Shan, Doctor, South Race Course Stress, Yangon.

27/11/2025

ဆေးထိုးအပ်မြင်တဲ့နဲ့ကြောက်တဲ့မောင်Leo ဖြစ်ပါတယ်😂

"ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပေမယ့်... (သို့မဟုတ်) Lucky ပေးခဲ့တဲ့ သင်ခန်းစာ"လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်... ကျွန်တော် တိရစ္ဆာန်ဆေး...
22/11/2025

"ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပေမယ့်... (သို့မဟုတ်) Lucky ပေးခဲ့တဲ့ သင်ခန်းစာ"

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်... ကျွန်တော် တိရစ္ဆာန်ဆေးတက္ကသိုလ် တတိယနှစ် ကျောင်းသားဘဝကပေါ့။ ညီတစ်ဝမ်းကွဲတစ်ယောက်က အိမ်ကို ခွေးပေါက်စလေးတစ်ကောင် ခေါ်လာခဲ့တယ်။ တစ်အိမ်လုံးက ခွေးချစ်တတ်သူတွေဆိုတော့ သူ့ကို "Lucky" လို့ နာမည်ပေးပြီး အသည်းကျော်ဖြစ်ခဲ့ကြတယ်။

Lucky က ဉာဏ်အရမ်းကောင်းသလို လူပါးလည်း ဝတယ်။ အိမ်မှာ သူအကြောက်ရဆုံးက အငယ်ကောင် (ကျွန်တော့်ညီ)။ အငယ်ကောင်က အသံဆိုးကြီးနဲ့ "Lucky!" လို့ ဟိန်းလိုက်တာနဲ့ ဆရာသမားက ဘယ်နေရာရောက်နေနေ တန်းပြေးလာတာ။ ကျွန်တော်ကတော့ သူ့အတွက် ကစားဖော်သက်သက်ပါပဲ။ ကျောင်းပိတ်လို့ ပြန်ရောက်ချိန် ချိုချိုသာသာခေါ်ရင် လှည့်တောင်မကြည့်ဘူး။ အငယ်ကောင်ပုံစံဖမ်းပြီး အော်မှ ခုံအောက်ပြေးဝင်ပြီး ပြန်ဟောင်တတ်တဲ့ ကောင်ဆိုးလေး။

မနက်ခင်းတွေဆို မေမေက "Lucky... နင့်အစ်ကိုတွေကို သွားနိုးစမ်း" လို့ ခိုင်းလိုက်တာနဲ့ အိပ်ရာပေါ်တက်၊ လက်နဲ့ပုတ်၊ ကိုက်ပြီး မထမချင်း နှိုးတော့တာပဲ။ အမေကျွေးတဲ့ အီကြာကွေးနဲ့ ပလာတာဆိုတာ သူ့အကြိုက်ဆုံးပေါ့။အဖွားရယ်၊အဒေါ်ရယ်၊ညီ၊ညီမတစ်ဝမ်းကွဲ မြစ်ကမ်းနားပထမဆုံးခေါ်သွားတော့ Lucky က မြစ်ကိုမမြင်ဖူးဘဲနဲ့ မြစ်ထဲခုန်ချရော ရေထဲမှာနစ်နေပြီး ပြန်တက်လာတော့ နောက်တစ်ခါမြစ်ထဲ မဆင်းရဲတော့ဘဲကြောက်သွားရောပေါ့။အဲ့ချိန် အဖွားက Lucky ကိုပွေ့ချီပြီး မြစ်ထဲ ထပ်ပစ်ချရော ၊နောက်ကျ မြစ်ထဲသွားရင်ကို Lucky ခင်မျာ ပျော်နေရှာတာပေါ့။တစ်ခါတစ်ရံ Lucky အရှေ့မှာ မြစ်ထဲရေသွားချိုးမယ်လို့ပြောရင် သူ့ခင်မျာ ပျော်နေရှာတာ ၊တစ်ကယ်သွားရင်လည်း သူ့ကိုမခေါ်ဘဲ ထားခဲ့ရင် အနောက်ကနေ ခိုးလိုက်လာပြီး ဟိုရောက်မှ မျက်နှာငယ်လေးနဲ့ ထွက်လာတတ်တယ်။ အိမ်ပြန်ရောက်လို့ အဆူခံရမှာကြောက်ရင် ကုတ်ချောင်းချောင်းနဲ့ အိမ်ထဲခိုးဝင်တတ်တဲ့ အမူအရာလေးတွေက အခုထိ မျက်လုံးထဲက မထွက်ပါဘူး။
နောက်ထပ်Lucky ကြိုက်တာတစ်ခုရှိသေးတယ် အဲ့ဒါဘာလဲဆိုရင် ဆိုင်ကယ်စီးရတာဘဲ ဆိုင်ကယ်စက်နှိုးတာနဲ့ Lucky ရေလိုက်မလား မပြောရသေးဘူး Lucky လို့ခေါ်လိုက်တာနဲ့ ဆိုင်ကယ်ပေါ်တက်ပြီးသားဘဲ။ဆိုင်ကယ်နဲ့ဆို ဘယ်သွားသွားလိုက်ချင်တာအမြဲ။ကားနဲ့ခေါ်လဲ ပျော် ၊ဆိုင်ကယ်နဲ့ခေါ်လဲပျော်ပေါ့ ။
ဒါပေမဲ့... အချိန်တွေက ရက်စက်တတ်တယ်။

၂၀၂၁ခုနှစ်မှာ မေမေဆုံးပါးသွားတယ်။ အဲဒီအချိန်ကစပြီး အိမ်ကြီးက ခြောက်ကပ်သွားခဲ့တယ်။ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ ကျွန်တော်ဆီကို ညီလေးကလိုက်လာခဲ့တယ်။ကျွန်တော်နဲ့ ညီလေးက အိမ်မပြန်နိုင်တော့ အိမ်မှာ ကျန်ရစ်ခဲ့တာက အဖေနဲ့ Lucky ပဲ ရှိတော့တယ်။ မေမေမရှိတော့တဲ့နောက်ပိုင်း အဖေဟာ Lucky ကိုပဲ အဖော်ပြု၊ Lucky ကလည်း အဖေသွားရာ တကောက်ကောက်လိုက်ရင်း အဖော်မဲ့နေတဲ့ အဘိုးကြီးနှစ်ယောက်လို အပြန်အလှန် မှီခိုအားပြုနေခဲ့ကြတာပေါ့။

နောင်တရချိန်

ကံကြမ္မာရယ်လို့ ဖြစ်လာတော့ ကျွန်တော်က ကျောင်းပြီးကတည်းက ဆေးကုသရေးပိုင်းမှာမလုပ်ခဲ့ဘဲ ဆေးCompanyမှာစပြီးအလုပ်ဝင်ခဲ့တယ်။တကယ်တမ်း အရင်ကတည်းက သူနေမကောင်းဖြစ်တော့ ကျွန်တော် သူ့ဘေးမှာ မရှိဘူး။ ဘေးမှာရှိနေရင်လဲ ဆေးကုသပိုင်းနဲ့ဝေးနေတော့ ကျွန်တော့ သူငယ်ချင်းဆရာဝန် Dr. Hein Htet Kyaw ကိုပဲ ဖုန်းဆက်တိုင်ပင်ပြီး ကုသခိုင်းခဲ့ရတယ်။
ပြီးမှဆေးကုသရေးဖက်ကိုပြောင်းပြီး ဆေးကုဆရာဝန် ဖြစ်လာခဲ့တာပေါ့။အဲ့ချိန်ဆေးခန်းမှာ နေ့တိုင်း သူများကလေးတွေကို "ကာကွယ်ဆေးထိုးပါ၊ ဒါမကျွေးပါနဲ့၊ ဒီလိုဂရုစိုက်ပါ" လို့ အာပေါက်မတတ် မှာနေခဲ့ပေမယ့်...
ကိုယ့်အိမ်က Lucky ကျတော့ "သူ ကျန်းမာပါတယ်လေ" ဆိုပြီး ဘာကာကွယ်ဆေးမှ စနစ်တကျ မထိုးပေးခဲ့မိဘူး။ သွေးမစစ်ပေးခဲ့မိဘူး။ သူ အသက်ကြီးလာတာကို မေ့လျော့နေခဲ့တယ်။

အဲဒီအချိန်မှာ နောင်တတွေ ရင်ထဲလှိမ့်ဝင်လာတယ်။

"ငါ ဆေးခန်းမှာ Patient တွေလာရင် အသေးစိတ် လိုက်ပြောနေတဲ့ ဆရာဝန်ပါ... ဒါပေမဲ့ ကိုယ့်ကလေးကျတော့ ဘာတစ်ခုမှ သေချာမလုပ်ပေးခဲ့မိပါလား" ဆိုပြီးတော့ပေါ့။

နှုတ်မဆက်လိုက်ရတဲ့ လမ်းခွဲ

အဲဒီနေ့...(15.12.2024)နေ့လည်ခင်း ၃နာရီဝန်းကျင်လောက်ဆေးခန်းမှာအလုပ်လုပ်နေတုန်း အဖေ့ဆီက ဖုန်းဝင်လာတယ်။ Lucky ဆုံးပြီတဲ့။

ဓာတ်ပုံလေးတွေ ပို့လာတယ်။ အသက် ၁၀ နှစ်အရွယ်မှာ အသက်မရှိတော့ဘဲ ငြိမ်သက်နေတဲ့ Lucky ရဲ့ ပုံကို ကြည့်ပြီး ကျွန်တော်၊ ညီလေးနဲ့ အဖေ သားအဖသုံးယောက်လုံး ဖုန်းထဲကLucky ဓာတ်ပုံလေးတွေကြည့်ပြီး ငိုခဲ့ရတယ်။ လာမယ့် ဒီဇင်ဘာ ၁၅ ဆိုရင် သူထွက်သွားတာ တစ်နှစ်ပြည့်ပြီပေါ့။

ကျွန်တော့်ရင်ကို အကွဲကြေဆုံးဖြစ်စေတာက အတွေးတစ်ခုတည်းပါ။
သူမထွက်သွားခင်... သူ့အသက်ရှူသံတွေ ပြင်းနေတဲ့အချိန်... တံခါးဝကို မျှော်ပြီး သူ့အစ်ကိုတွေကို စောင့်နေခဲ့မလား။

“ကိုကိုတို့ ပြန်မလာကြသေးဘူးလား အဖေရယ်... သား သွားတော့မယ်နော်" လို့များ မျက်လုံးတွေနဲ့ ပြောသွားခဲ့လေမလား ဆိုပြီးတော့ပေါ့။

အဖေတစ်ယောက်တည်း ကျန်ခဲ့တော့မှာမို့ သူ စိတ်မချဘဲ ထွက်သွားခဲ့ရရှာမလား။

အဲဒီအတွေးတွေက ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို နေ့တိုင်း သတ်နေပါတယ်။

အခုဆိုရင် ကျွန်တော့်ဆေးခန်းမှာ အရေးပေါ်ရောက်လာတဲ့ ကလေးတွေကို ကုပေးနေရင်း... တစ်ခါတလေ လက်ပေါ်မှာတင် အသက်ပါသွားတဲ့ ကလေးတွေကို ကြည့်ပြီး ရင်ထဲမကောင်းဖြစ်ရတယ်။ အဲ့ချိန်တွေမှာဆိုရင် မျက်ရည်တွေဝဲလာပြီး ရင်ထဲမှာကျိတ်ခံစားခဲ့ရတယ်။ အရေးပေါ်ဖြစ်နေလို့ဆေးခန်းလာပြရင်းသက်သာသွားလို့ မနက်ဖြန်လဲ ဆေးခန်းလာပြနော်အရေးကြီးတယ်ခနခနမှာပေမယ့် တစ်ချို့ဆေးခန်းပြန်မလာတဲ့ Patient တွေဆိုရင် "သက်သာသွားလို့လား၊ ဒါမှမဟုတ် ဆုံးသွားလို့များလား" ဆိုပြီး ဆေးခန်းရှေ့ကို မျှော်ရတာ အကြိမ်ကြိမ်ပါ။နောက်၃ရက်၄ရက်နေလို့ပြန်လာပြမှဘဲ စိတ်ထဲ အဆင်ပြေသွားတာမျိူးပေါ့။တစ်ခါတလေ ဆေးခန်းလာပြရင်း ကိုယ့်ကို စကားရင့်သလိုပြောတဲ့ Owner တွေရှိပေမယ့် ကျွန်တော် သည်းခံတယ်။ ဘာလို့လဲဆိုတော့ သူတို့ကလေး သက်သာဖို့က အဓိကမို့ပါ။ ခုချိန်ထိ ဆေးခန်းလာပြဖူးတဲ့သူတိုင်းကို စကားရင့်ရင့်သီးသီးတစ်ခါမှမပြောဖူးတာတော့အမှန်ပါ။လာပြဖူးတဲ့သူတိုင်းလဲ သိမယ်ထင်ပါတယ်။

Patient Owner တွေအနေနဲ့

ကျွန်တော့်ဇာတ်လမ်းကို ဖတ်ပြီး ခင်ဗျာတို့ ရင်ထဲတစ်ခုခု ကျန်ခဲ့စေချင်ပါတယ်။ ကျွန်တော်တို့အားလုံး ကိုယ့်ကလေးတွေကို ချစ်ကြတာ ငြင်းမရပါဘူး။ ဒါပေမဲ့ "ချစ်နည်းမှန်ဖို့" တော့ လိုအပ်ပါတယ်။

• ချစ်ပါ၊ ဒါပေမဲ့ မနှစ်ပါနဲ့။ လူစားတဲ့ သရေစာတွေ၊ Cheese တွေ၊ ကိတ်မုန့်တွေ၊ အငန်ဓာတ်ပါတဲ့ အစားအစာတွေက သူတို့အတွက် အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ နောက်ပြီးတစ်ချို့ကလေးတွေမှာ Genetic အရ ဖြစ်တတ်တဲ့ ရောဂါတွေ ရှိနေတတ်လို့ အစားအသောက်ကို အရမ်းဆင်ခြင်စေချင်ပါတယ်။

• ဓာတုပစ္စည်းများကို သတိပြုပါ။ Chemical ပါတဲ့ Spray တွေ၊ ရေမွှေးတွေ၊ Dettol လို ပိုးသတ်ဆေးတွေကို သူတို့အနားမှာ သုံးမယ်ဆိုရင် အဆမတန် သတိထားကြပါ။
• နောင်တ မရပါစေနဲ့။ ဘာမှ ကြိုတင်ပြင်ဆင်မှုမရှိဘဲ အရေးပေါ်အခြေအနေကြုံမှ ကျွန်တော့်လို နောင်တရတာမျိုး မဖြစ်စေချင်ပါဘူး။

ကျွန်တော်က ဆရာဝန်တစ်ယောက်ဖြစ်ပြီးတောင် ကိုယ့်ကလေးကို ကိုယ်တိုင်မကယ်နိုင်ခဲ့တဲ့ နောင်တနဲ့ ရှင်သန်နေရသူပါ။ မိတ်ဆွေတို့ရဲ့ ကလေးတွေကိုတော့ ကျန်းမာအောင်၊ အသက်ရှည်အောင် စနစ်တကျ ဂရုစိုက်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

Lucky ရေ... နောက်ဘဝကျရင်လည်း ကိုကိုတို့အိမ်မှာပဲ ပြန်လာလူဝင်စားပါနော်။ ဒီတစ်ခါ ကိုကို ကိုယ်တိုင် သေချာကုပေးပါ့မယ်။

✅စာများကိုလွတ်လပ်စွာ Share နိုင်ပါတယ်။ခွင့်ပြူချက်တောင်ရန်မလိုအပ်ပါ။
🚫Credit မပေးဘဲ တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန် မေတ္ထာရပ်ခံအပ်ပါတယ်။

21/11/2025

ဘယ်သွားသွားလိုက်ချင်တဲ့ကလေးမှတ်ရော🥺

19/11/2025
တိရစ္ဆာန် ကျန်းမားရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို သိရှိနိုင်ရန် Page ကို like & follow ပြုလုပ်ပေးကြပါအုန်း
10/11/2025

တိရစ္ဆာန် ကျန်းမားရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို သိရှိနိုင်ရန် Page ကို like & follow ပြုလုပ်ပေးကြပါအုန်း

ဒီနေ့ မိတ်ဆက်ပေးမှာကတော့ Vet Talk Podcast Knowledge Sharing အစီစဉ်မှာ ပြောကြားပေးမယ့် တိရစ္ဆာန်ဆေးကုဆရာဝန် နောက်တစ်ယောက်ကတော့ ဒေါက်တာအောင်မျိူးလင်းဘဲ ဖြစ်ပါတယ်။

ဒေါက်တာအောင်မျိူးလင်းဟာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ရေဆင်း မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ကနေ တိရစ္ဆာန်ဆေးပညာ ဘွဲ့ကိုရရှိခဲ့ပါတယ်။

ဘွဲ့ရပြီးတဲ့နောက် ၂၀၁၉ခုနှစ်မှစတင်၍ ပုံရိပ်ဖြူတိရစ္ဆာန်ဆေးကုခန်းကိုတည်ထောင်ခဲ့ပြီး ယနေ့ထိတိုင် ဆေးခန်းဖွင့်လှစ် ဦးဆောင်လျက်ရှိပါတယ်။

ကုသရေးနယ်ပယ်တွင်လည်း ၆နှစ်တာအတွေ့အကြုံရှိပြီး တိရစ္ဆာန်ဆေးကုသရေးနယ်ပယ်တွင်သာမက ဦးဆောင်မှုစွမ်းရည်ပိုင်း တွင်လည်း အတွေ့ကြုံရှိတဲ့ ဆရာဝန် တစ်ဦးဖြစ်ပါတယ်။

ဘယ်လိုအကြောင်းအရာတွေ၊ဘယ်လိုမျိူးအတွေ့အကြုံတွေကို မျှဝေမှာလဲဆိုတာ ဒီတစ်ပတ် ၁၅ရက်နေ့မှာ Vet Talk Podcast Channel မှာ စောင့်မျှော်ပေးကြပါအုံး။

တိရစ္ဆာန် ကျန်းမားရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို သိရှိနိုင်ရန် Page ကို like & follow ပြုလုပ်ပေးကြပါအုန်း
08/11/2025

တိရစ္ဆာန် ကျန်းမားရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို သိရှိနိုင်ရန် Page ကို like & follow ပြုလုပ်ပေးကြပါအုန်း

ဒီနေ့ မိတ်ဆက်ပေးမှာကတော့ Vet Talk Podcast Channel ရဲ့ Knowledge sharing စီစဉ်မှာ ပြောကြားပေးမယ့် တိရစ္ဆာန်ဆေးကု ဆရာဝန်ကတော့ ဒေါက်တာရဲရင့်အောင် ဖြစ်ပါတယ်။

ဒေါက်တာရဲရင့်အောင်ဟာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ရေဆင်း မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ကနေ တိရစ္ဆာန်ဆေးပညာဘွဲ့ကို ရရှိခဲ့ပါတယ်။

ဘွဲ့ရပြီးနောက် မွေးမြုရေး ဆေးကုမ္ပဏီမှာ ၄နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် May Vet Clinic မှာ တစ်နှစ်ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ PET WOLRD Veterinary Clinic & Diagnostic Center-II မှာ Senior Veterinary Consultant အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ဒေါက်တာရဲရင့်အောင်ဟာ ဆေးကုသရေးအပြင် အိမ်မွေးတိရစ္ဆာန်စောင့်ရှောက်ခြင်းဆိုင်ရာများ၊ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အသိပညာပေးစောင်းပါးများကိုလဲ ရေးသား မျှဝေလျက်ရှိပါတယ်။

ဘယ်လိုအကြောင်းအရာတွေ ၊ဘယ်လိုအတွေ့ကြုံတွေကို မျှဝေမှာလဲဆိုတာ နောက်တစ်ပတ် ၁၅ရက်နေ့မှာ Vet Talk Podcast Channel မှာ စောင့်မျှော်ပေးကြပါစို့။

Something BIG is coming for the pet world… 🐾 VET TALK ခွေးလေးတွေကြောင်လေးတွေအတွက် ကျန်းမာရေးဗဟုသုတရစရာ Video များကို ဆရာ...
01/11/2025

Something BIG is coming for the pet world… 🐾
VET TALK

ခွေးလေးတွေကြောင်လေးတွေအတွက် ကျန်းမာရေးဗဟုသုတရစရာ Video များကို ဆရာဝန်များက ဆွေးနွေးပေးမှာ ဖြစ်တဲ့အတွက် Page လေးကို Like & Share ပြုလုပ်ပေးကြပါအုန်းဗျ

We are excited to launch VET TALK – a new platform dedicated to sharing veterinary knowledge with both pet owners and veterinarians.

Our mission is simple:

✅ Make veterinary knowledge easy to understand for everyone.

✅ Bridge the gap between vets and pet owners.

✅ Share practical insights, scientific updates, and everyday tips for better animal care.

🎥 In each episode, you’ll see two vets in conversation, discussing important topics in a friendly and accessible way – from common pet health questions to advanced clinical practices.
👉 Stay tuned for our very first episode coming soon!
Follow us, share, and join the conversation. 🐕🐈

ခွေးကိုက်ခံရရင် ARV (Anti Rabies Vaccine) ခွေးရူးကာကွယ်ဆေး အခမဲ့ဘယ်မှာ ထိုးလို့ရသလဲဆိုတာ သိချင်သူများအတွက် စာရင်းပြုစုပေ...
08/08/2025

ခွေးကိုက်ခံရရင် ARV (Anti Rabies Vaccine) ခွေးရူးကာကွယ်ဆေး အခမဲ့ဘယ်မှာ ထိုးလို့ရသလဲဆိုတာ သိချင်သူများအတွက် စာရင်းပြုစုပေးလိုပါတယ်။

မနေ့ညနေ (1.8.2025) က MSAP မှ Admin တဦး နီးစပ်ရာ အင်းစိန်ဆေးရုံကိုသွားပြီး မေးမြန်းစုံစမ်းခဲ့တာလေးကို ပြန်ပြောပြပေးချင်ပါတယ်။

🏥 အင်းစိန်ဆေးရုံ
ကာကွယ်ဆေးထိုးချင်ရင် အရေးပေါ်ဌာနကို ဝင်သွားရပါတယ်။ ပြီးရင် ခွေးရူးကာကွယ်ဆေး ထိုးချင်တယ်ပြောပါ။ အကိုက်ခံရတာ '၂၄ နာရီမကျော်သေးဘူး' ပြောရင် ဆေးထိုးပေးပါလိမ့်မယ်။ မေးခိုင်ကာကွယ်ဆေးပါ ထိုးပေးပါတယ်။ (အခမဲ့ပါ) စေတနာရှိရင် အလှုငွေထည့်လို့ရပါတယ်။ မတတ်နိုင်လို့ မထည့်ရင်လည်း ဘာမှ မဖြစ်ပါဘူးနော်။

💉 ဆေးထိုးပေးချိန် (မွန်းလွဲ ၂ - ၄ နာရီအတွင်း)
မှတ်ချက်။ ။ ပထမဦးဆုံးသွားထိုးတဲ့အချိန် ဘယ်အချိန်ဖြစ်ဖြစ် ရပါတယ်။ ​နောက်အကြိမ် ထပ်လာထိုးမယ်ဆိုမှသာ အဲ့အချိန်အတွင်း လာခိုင်းတာပါ။

🇲🇲 မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံ တော်တော်များများမှာ အလားတူပဲဖြစ်မယ်လို့ ယူဆပါတယ်။ အောက်ပါဆေးရုံတွေက အခမဲ့ထိုးခဲ့ဖူးသူများ ပြောပြတဲ့ စာရင်းတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

🏥 ရန်ကုန်ဆေးရုံကြီး
🏥 ရန်ကုန် အနောက်ပိုင်းဆေးရုံ
🏥 မြောက်ဥက္ကလာ မေဒါဝီ ဆေးရုံကြီး
🏥 စံပြဆေးရုံ
🏥 မြောက်ဒဂုံဆေးရုံ
🏥 လှိုင်သာယာ ရုံးရှေ့ဆေးရုံ
🏥 ဂန္ဓီဆေးရုံ (နေ့လည် ၁ နာရီခွဲ)
🏥 လှည်းကူးဆေးရုံ
🏥 သံလျင်ဆေးရုံကြီး

🏥 မန္တလေး ဆေးရုံကြီး
🏥 မန္တလေး ကလေးဆေးရုံ
🏥 မန္တလေး ကုတင် ၃၀၀ ဆေးရုံ (၆၂ လမ်းပေါ်)
🏥 မန္တလေး ၆၂/ ၁၀၂/ ၁၀၃ သင်ကြားရေးဆေးရုံ

🏥 နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံ
🏥 နေပြည်တော် ပုဗ္ဗကုတင် ၅၀
🏥 နေပြည်တော် ဇေယျာသီရိကုတင် ၅၀

🏥 တောင်ကြီး အမျိုးသမီးနှင့် ကလေးဆေးရုံ
🏥 ပျဥ်းမနား ကုတင် ၂၀၀ ဆေးရုံ
🏥 မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီး
🏥 ကလေးမြို့ ဆေးရုံကြီး
🏥 လက်ပံတန်းဆေးရုံ

👩🏻‍⚕️ ဆရာဝန်တဦး၏ ဖြည့်စွက်ချက်

" ကာကွယ်ဆေးက ဆေးရုံတိုင်းကို ခွဲတမ်းနဲ့ချပေးတာပါ။ ကိုယ်သွားတဲ့အချိန်မှာ ဆေးရှိနေရင် အလှူငွေလောက်ပဲထည့်ပြီး ထိုးလို့ရပါတယ်။ မရှိတာနဲ့ကြုံရင်ဝယ်ထိုးရပါတယ်။ အခမဲ့ရတဲ့ဆေးတွေက သူများနိုင်ငံကလှူထားတာတွေကို ပြန်ချပေးတာမို့ အမြဲတမ်းတော့မရှိပါဘူး။ ''

(2019လောက်က ဆေးရုံကြီးတစ်ခုရဲ့ OPD မှာတာဝန်ကျခဲ့သူ)

________________________________________

♦ SSB (Social Security Board)♦

ဆေးရုံကြီးတွေမသွားချင်လို့ မိမိမှာ လူမှုဖူလုံရေးကဒ် (SSB) ရှိရင် အခမဲ့ထိုးလို့ရတဲ့ ဆေးခန်း (၉၆) ခုရှိပါတယ်။ အောက်ပါလင့်ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။ 👇

🏥 လူမှုဖူလုံရေးဆေးခန်း လိပ်စာများ

https://share.google/KPhpYr5xuz8VZoXx9

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

▪ ခွေးရူးကာကွယ်ဆေးကို ပိုက်ဆံပေးထိုးဖို့ အခက်ခဲရှိသူများအားလုံး အဆင်ပြေအောင် မြန်မာနိုင်ငံတဝှမ်းမှ မိဘပြည်သူများအားလုံးအတွက် မျှဝေပေးတာဖြစ်ပါတယ်။

▪ မိတ်ဆွေများလည်း မိမိသိထားတဲ့ အခမဲ့ဆေးထိုးလို့ရတဲ့ နေရာများကို ပြန်လည်မျှဝေပေးစေလိုပါတယ်။

▪ မိတ်ဆွေများ ပြောပြလာတဲ့ အချက်အလက်များကို ယခုပိုစ့်တွင် edit လုပ်ပြီး ထပ်မံဖြည့်စွက်သွားပါမယ်။ ပူးပေါင်းပါဝင်သူအားလုံး ကျေးဇူးတင်ပါတယ်ရှင်။

Crd-Myanmar Street Animal Protection


အသက်၃လအောက် တိရစ္ဆာန်ကလေးတွေ စမွေးတာနဲ့ ဘာတွေစပြီးလုပ်ရမလဲ?ခွေးလေးတွေ ကြောင်လေးတွေစပြီး မွေးတဲ့ pet owner တွေ အနေနဲ့ အသက...
20/07/2025

အသက်၃လအောက် တိရစ္ဆာန်ကလေးတွေ စမွေးတာနဲ့ ဘာတွေစပြီးလုပ်ရမလဲ?

ခွေးလေးတွေ ကြောင်လေးတွေစပြီး မွေးတဲ့ pet owner တွေ အနေနဲ့ အသက်၃လအောက်ကလေးတွေမှာ ဘာတွေပြုလုပ်ရမလဲ?

အသက်၃လအောက် ခွေးလေးတွေကြောင်လေးတွေ စမွေးပြီဆိုတာနဲ့ ဝယ်လာတဲ့ pet shop ဒါမှမဟုတ် အိမ်ပေါက်ခွေးလေးတွေကို ရောင်းလိုက်တဲ့ pet shop တွေကို ကာကွယ်ဆေး ဘယ်နကြိမ်ထိုးထားသလဲ သန်ချဆေး ဘယ်နကြိမ်တိုက်ထားသလဲဆိုတာ အရင်ဦးဆုံးမေးရပါမယ် ။ အိမ်ရောက်ပြီဆိုတာနဲ့ ကလေးတွေအတွက်
-သက်သောင့်သက်သာဖြစ်စေမယ့် နေရာဖန်တီးပေးရပါမယ်။
-ရေနဲ့အစာ စတင်မိတ်ဆက်ပေးရပါမယ်။( ၁နာရီကြား တစ်ခါ ကြည့်ပေးပါ)
ခွေးငယ်လေးတွေကို ဝယ်ယူခဲ့တဲ့အချိန်မှ အနည်းဆုံး(၅)ရက်လောက်ခန့် အိမ်မှာထားပြီးမှသာ ကာကွယ်ဆေးထိုးပေးသင့်ပါတယ်။

ပြီးတာနဲ့ ဆေးခန်းမှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေးစစ်ဆေးတာ ၊သန်ချဆေး၊ကာကွယ်ဆေး အကြုံပြုချက်ယူရပါမယ်။

ဘယ်အချိန်မှာ သန်ချဆေးစတင်ချသင့်သလဲ?

ခွေးလေးတွေမှာဆိုရင်တော့ အသက်(၂)ပတ်မှ (၃)လမတိုင်ခင်အထိ သန်ချဆေးကို (၂)ပတ်လျှင် (၁)ကြိမ် body weight ချိန်ပြီး၅ကြိမ်လောက် သန်ချပေးဖို့ အရေးကြီးပါတယ် ။

ပြီးရင်တော့ အသက်(၃)လမှ (၆)လ အထိ (၁)လလျှင်(၁)ကြိမ် တိုက်ပေးရပါမယ်။

အသက်(၆)လမှ (၁)နှစ်အထက် ခွေးလေးများကို (၃)လ (၁)ကြိမ် သန်ချဆေးပုံမှန်တိုက်ပေးရပါမယ်။

ကာကွယ်ဆေးကိုတော့ အသက် တစ်လခွဲ သို့မဟုတ်၆ပတ်သားကစပြီး ၅မျိူးစပ်ကာကွယ်ဆေး သို့မဟုတ် ၆မျိူးစပ် ကာကွယ်ဆေးကို ၃ကြိမ်ပြည့်သည်အထိဆရာဝန်ညွှန်ကြားချက်အတိုင်း ထိုးပေးရပါမယ်။ အသက်(၃)လ အရွယ်မှာတော့ ခွေးရူကာကွယ်ဆေးထိုးပေးရပါမယ်။

ကြောင်လေးတွေမှာတော့

အသက်(၃)ပတ်မှ စပြီး (၃)လမတိုင်ခင် အထိ သန်ချဆေးကို (၂)ပတ်လျှင် (၁)ကြိမ် တိုက်ပေးရပါမယ်။ ပြီးရင်တော့ အသက်(၃)လမှ (၆)လအထိ (၁)လလျှင် ၁ကြိမ် တိုက်ပေးရပါမယ်။အသက်(၆)လအထက် ကြောင်လေးတွေကိုတော့ (၃)လလျှင် တစ်ကြိမ်နှုန်းတိုက်ပေးရပါမယ်။ သန်ချဆေး တိုက်မယ့်အချိန်ရောက်တိုင်း ခန္ဓာကိုယ် အလေးချိန် ချိန်ရန်အရေးကြီးပါတယ်။

ကာကွယ်ဆေးကိုတော့ ကြောင်လေးတွေ အသက်(၂)လသားအရွယ်မှာ 3in1 သို့ မဟုတ် 4in1 ကာကွယ်ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း (၃)ကြိမ်ပြည့်အောင်ထိုးပေးရပါမယ်။အသက်(၃)လရောက်ရင်တော့ ခွေးရူးကာကွယ်ဆေးထိုးပေးရပါမယ်။
အရှေ့မှာပြောပြထားတဲ့ procedures တွေကို ပြုလုပ်ပြီးပြီးဆိုရင်တော့ နှစ်စဥ် ကာကွယ်ဆေးတွေကို တစ်နှစ်လျှင် (၁)ကြိမ် ပုံမှန်ထိုးရန်လိုအပ်ပါတယ်။

သတိပြုရမယ့်အချက်ကတော့ ကာကွယ်ဆေးမစုံလင်သေးဘဲ ကလေးတွေကို ရေမချိူးသင့်ပါဘူး နောက်တစ်ချက်က အပြင်ခေါ်သွားတာမျိူးတွေ မပြုလုပ်သင့်ပါ။


Dr.Shan
✅စာများကိုလွတ်လပ်စွာ Share နိုင်ပါတယ်။ခွင့်ပြူချက်တောင်ရန်မလိုအပ်ပါ။
🚫Credit မပေးဘဲ တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန် မေတ္ထာရပ်ခံအပ်ပါတယ်။

Allergic Reaction After Vaccinationဒီနေ့မှာတော့ ခွေးလေးတွေ‌ ကြောင်လေးတွေမှာ ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်တတ်တဲ့ Allergic R...
19/07/2025

Allergic Reaction After Vaccination

ဒီနေ့မှာတော့ ခွေးလေးတွေ‌ ကြောင်လေးတွေမှာ ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်တတ်တဲ့ Allergic Reaction အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

• ခွေးလေးတွေ ကြောင်လေးတွေကို ရောဂါမှ ကာကွယ်ရန် ကာကွယ်ဆေးထိုးခြင်းဟာ အရေးကြီးတယ်ဆိုပေမယ့် တစ်ခါတစ်ရံမှာ (allergic reaction) အလာဂျီ ဓာတ်မတည့်မှုတွေဖြစ်စေနိုင်ပါတယ်။ Allergic ဖြစ်စေရတဲ့အကြောင်းအရင်းကတော့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ကာကွယ်ဆေးမှာပါတဲ့ တစ်ချို့ ဒြပ်ပေါင်းတွေကို အန္တရာယ်အဖြစ် အထင်မှားပြီး တိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်။

• ကာကွယ်ဆေးထိုးပြီးနောက် allergic ဖြစ်တဲ့လက္ခဏာတွေကတော့ သိပ်မပြင်းထန်တဲ့အခြေနေတွေမှာတော့ ဆေးထိုးတဲ့ နေရာ တစ်ဝိုက်မှာ နီရဲခြင်း၊ရောင်ရမ်းခြင်း၊နာကျင်ခြင်း၊ခန္ဓာကိုယ်ယားယံခြင်းဖြစ်မယ် ကိုယ်အပူချိန်အနည်းငယ်တက်မယ်(၁၀၁ မှ ၁၀၂ံF မကျော်) ၊အားနည်းသလိုဖြစ်မယ်၊အစာစားချင်စိတ်မရှိတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေနေတွေမှာတော့ ဆေးကုသရန်မလိုအပ်ဘဲ ၂၄နာရီ အတွင်း ပုံမှန်ပြန်ဖြစ်တတ်ပါတယ်။

• Moderate Reaction ( အလယ်အလတ်အဆင့်)
မှာဆိုရင်တော့ နှုတ်ခမ်းရောင်တာ ၊မျက်နှာဖောင်းလာတာ၊အရေပြားတွင် အဖုပိတ်များထလာတာ၊ပြို့အန်တာ၊ အသက်ရူမြန်လာတာတွေကို တွေ့ရတတ်ပါတယ် ။ဒီလိုအခြေနေမျိူးမှာဆိုရင်တော့ ဆရာဝန်ထံ ချက်ချင်းသွားပြီး ကုသမူခံယူသင့်ပါတယ်။

• ပြင်းထန်တဲ့အခြေအနေ( Severe Reaction) မှာဆိုရင်တော့ အသက်ရူမြန်လာတာ၊ အသက်ရူမဝတာ၊အန်တာ၊ဝမ်းသွားရင် သွေးပါတာ၊သတိလစ်တာအပြင် ၊နှလုံးခုန်မြန်ပြီး သွေးပေါင်ကျလာတာတွေ တွေ့ရတတ်ပါတယ်။

ဘယ်အချိန်တွေမှာ အရေးပေါ်ကုသမှုခံယူရမလဲဆိုရင်
Moderate Reaction( အလယ်အလတ်အခြေအနေ) နဲ့ Severe Reaction (ပြင်းထန်တဲ့အခြေအနေ)တွေမှာဆိုရင်တော့ အသက်အန္တရယ်ကို ခြိမ်းခြောက်နိုင်တဲ့ anaphylactic တုန့်ပြန်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တာကြောင့် ဆေးရုံ ဆေးခန်းကို ချက်ချင်းသွားရောက်ပြီး ဆရာဝန်ဆီမှာ လိုအပ်တဲ့ဆေးဝါးတွေ ထိုးပေးပြီး ကုသမှုခံယူနိုင်ပါတယ်။

ဘယ်လိုကာကွယ်ဆေးတွေက တစ်ချို့ခွေးလေးတွေမှာ allergic ဖြစ်စေနိုင်လဲဆိုရင်တော့

Rabies နဲ့ Leptospirosis ကဲ့သို့သော ကာကွယ်ဆေးများဟာ allergic reaction ဖြစ်နိုင်ခြေများပြီး ကြောင်လေးများမှာတော့ 3in1 နဲ့ FeLV ကာကွယ်ဆေးမှာ ဖြစ်နိုင်ခြေများပါတယ်။

ခွေးလေးတွေမှာတော့ အကောင်၁၀၀၀၀မှာ ၁၀ကောင်ဝန်းကျင်သာဖြစ်စေနိုင်ခြေ ရှိပေမယ့် ကြောင်လေးတွေမှာတောင် အကောင်၂၀၀၀၀မှာ ၅ကောင်လောက်သာဖြစ်နိုင်ခြေရှိပါတယ်။

မိမိ ခွေးလေးတွေ ကြောင်လေးတွေမှာ ကာကွယ်ဆေး ထိုးပြီး allergy ရှိပါက နောက်တစ်ကြိမ်ကာကွယ်ဆေးမထိုးမှီ ဆရာဝန်ကို ကာကွယ်ဆေး allergy ရှိကြောင်း ပြောပြဖို့လိုအပ်ပြီး ကာကွယ်ဆေးထိုးပြီးရင် အနည်းဆုံး မိနစ်၃၀ -၁နာရီ စောင့်ကြည့်ရန် လိုအပ်ပါတယ်။ ကာကွယ်ဆေး allergy က ပထမတစ်ချိန်ထိုးတုန်းက မဖြစ်နိုင်သော်လည်း နောက်အကြိမ်တွေမှာလဲ ဖြစ်နိုင်ချေပါတယ်။

ကာကွယ်ဆေး ထိုးပြီးနောက် ဖြစ်တဲ့ severe allergic reaction ဟာ ဖြစ်ပွားမှုနှုန်းအလွန့် အလွန်နည်းသော်လည်း သတိမထားမိဘဲ ကုသမှု မခံယူပါက အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ တစ်ချို့မိဘတွေက ခွေးလေးများ ကာကွယ်ဆေးထိုးပြီး သေဆုံးသွားတာမျိုးနဲ့ ကြုံဖူးသောကြောင့် ခွေးလေး ကြောင်လေးတွေကို ကာကွယ်ဆေးမထိုးဘဲ နေကြတာမျိုး ရှိပါတယ်။ ဒါဟာ မှားယွင်းသောအယူအဆဖြစ်တာကြောင့် ကာကွယ်ဆေးမဖြစ်မနေထိုးဖို့ အရေးကြီးပါတယ်။

Dr.Shan
✅စာများကိုလွတ်လပ်စွာ Share နိုင်ပါတယ်။ခွင့်ပြူချက်တောင်ရန်မလိုအပ်ပါ။
🚫Credit မပေးဘဲ တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန် မေတ္ထာရပ်ခံအပ်ပါတယ်။

Environmental Allergies Dermatitis  ဒီနေ့မှာတော့ Atopic Dermatitis လို့လဲ ခေါ်တဲ့ Environmental Allergies အကြောင်းကို ပြ...
18/07/2025

Environmental Allergies Dermatitis

ဒီနေ့မှာတော့ Atopic Dermatitis လို့လဲ ခေါ်တဲ့ Environmental Allergies အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ခွေးလေးတွေမှာ Environmental allergies ဆိုတာပတ်ဝန်းကျင်မှာရှိတဲ့ ဓာတ်မတည့်တဲ့ ပစွည်းတွေရူရှိုက်မိတာမျိုး ဒါမှမဟုတ် အရေပြားနဲ့ထိတွေ့မိတာ
ကြောင့် ကိုယ်ခံအားစနစ်က တုန့်ပြန်မှုဖြစ်ပြီး ယားယံခြင်း၊အရေပြားရောင်ရမ်းခြင်း စတဲ့ ပြဿနာတွေဖြစ်ပေါ်စေတဲ့ ဓာတ်မတည့်မှုပဲဖြစ်ပါတယ်။

ဓာတ်မတည့်မှုကို ဖြစ်စေတဲ့အဓိကအရာတွေကတော့
-ဝတ်မှုန်၊ ပန်း၊ မြက်၊ သစ်ပင်တွေ
-စိုစွတ်တဲ့ နေရာတွေမှာ ရှိတတ်တဲ့ မှိုတွေ
-အိမ်မှာ ဒါမှမဟုတ် အပြင်ကနေ ထိတွေ့မိတဲ့ ဖုန်မှုန့်တွေ
-တစ်ခြား အိမ်မွေးတိရစ္ဆာန်အမွှေးအမျှင်တွေအပြင်
-ဆပ်ပြာ၊ အိမ်သန့်ရှင်းရေးဆေးရည်တွေနဲ့ ဓာတ်တုပိုးသတ်ဆေးရည်တွေကြောင့် အဖြစ်များတာတွေ့ရပါတယ်။

လက္ခဏာတွေကတော့
ခြေထောက်၊မျက်နှာ၊နား၊ဝမ်းဗိုက်တို့ကို ယားယံတာကြောင့် ကုတ်ဖဲ့ခြင်း
-အနီစက်များ၊အဖုပိမ့်များထွက်ခြင်း
-အရေပြားခြောက်သွေ့ပြီး အမွှေးကျွတ်ခြင်း
-နားပိုးဝင်ခြင်းအပြင် ကုတ်ဖဲ့ခြင်းကြောင့် အနာတွေဖြစ်တာကို တွေ့ရတတ်ပါတယ်။

အခြားလက္ခဏာတွေ အနေနဲ့ကတော့
-နှာချေခြင်း၊ နှာခေါင်းပိတ်ခြင်း၊ မျက်လုံးနီရဲပြီး မျက်ရည်ယိုခြင်း လျှာနဲ့နှုတ်ခမ်းရောင်ခြင်းတွေကို တွေ့ရတတ်ပါတယ်။

ကုသမှုနည်းလမ်းတွေကတော့

ခွေးကို ပုံမှန်ရေချိုးပေးရမယ်
ဆိုးရွားတဲ့ လက္ခဏာတွေပြလာမယ်ဆိုရင်antihistamines ဒါမှမဟုတ် steroids ဆေးတွေနဲ့ အရေပြားအတွက်
ကတော့သင့်တော်တဲ့လိမ်းဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုပေးရပါမယ်။

နောက်ဆုံးကတော့ အရေပြားရောင်ရမ်းမူကိုသက်သာစေတဲ့ အပြင် အမွှေးကျွတ်တာ အရေပြား ကြမ်းတာတွေကို သက်သာစေဖို့ Omega -3 fatty acid ပါတဲ့ငါးကြီးဆီကို တိုက်သင့်ပါတယ်။ ကာကွယ်ရမယ့်နည်းလမ်းတွေကတော့ ဓာတ်မတည့်မူတွေကိုလျော့ချရမယ်၊ စိုစွတ်တဲ့နေရာတွေမှာ ဆော့ကစားခြင်းကို ရှောင်ရမယ်၊ မြက်ခင်းပြင်တွေမှာ လူးလိမ့်ဆော့ကစားတာတွေကိုရှောင်ရမယ်၊ အိမ်တွင်းမှာ အမွှေးဆီနဲ့ ပိုးသတ်ဆေးဖြန်းထားတာတွေကိုလျော့ချပေးရပါမယ်။ ဒီလိုမျိုးပြုလုပ်ပြီး Environmental Allergies ကို ကာကွယ်လို့ရပါတယ်။

Dr.Shan
✅စာများကိုလွတ်လပ်စွာ Share နိုင်ပါတယ်။ခွင့်ပြူချက်တောင်ရန်မလိုအပ်ပါ။
🚫Credit မပေးဘဲ တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန် မေတ္ထာရပ်ခံအပ်ပါတယ်။

Address

South Race Course Stress
Yangon
11211

Alerts

Be the first to know and let us send you an email when Dr.Shan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category