Thu Kha Aung Medical Center

  • Home
  • Thu Kha Aung Medical Center

Thu Kha Aung Medical Center သုခ​အောင် အ​ထွေ​ထွေ​​ရောဂါကု​ဆေးခန်း နှင့်​ ဆေးမျိုးစုံအ​ရောင်းဆိုင်

★ ဘဝမှာ  #အမှားတွေလုပ်ခဲ့မိလို့အသစ်ကနေပြန်စချင်နေပါသလား❓🇬🇧 Oxford  #ကာကွယ်ဆေးကပေးတဲ့သင်ခန်းစာတွေကိုဖတ်ကြည့်ပါ။ပြီးခဲ့တဲ့...
25/11/2020

★ ဘဝမှာ #အမှားတွေလုပ်ခဲ့မိလို့အသစ်ကနေပြန်စချင်နေပါသလား❓🇬🇧 Oxford #ကာကွယ်ဆေးကပေးတဲ့သင်ခန်းစာတွေကိုဖတ်ကြည့်ပါ။

ပြီးခဲ့တဲ့ဧပြီလကုန်မှာ အောက်စဖို့တက္ကသိုလ်မှ သုတေသနပညာရှင်တွေဟာ ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံတဲ့အခါမှာ ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဟာ #ထင်ထာထက်ကိုလျော့နည်းသက်သာနေတာကို တွေ့ရှိခဲ့ရပါတယ်။

ခေါင်းကိုက်ခြင်း၊ လက်မောင်းနာကျင်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ #မှန်းဆထားသလောက်ဘာလို့မပြင်းထန်တာလဲဆိုတာကို ပြန်လည်ဆန်းစစ်လေ့လာခဲ့ကြပါတယ်။

အဲ့ဒီမှာသုတေသနပညာရှင်တွေဟာ ထိုးပေးရမယ့်ဆေးပမာဏကို #မှားယွင်းခန့်မှန်းခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

အရင်တုန်းက ဒီချင်ပန်ဇီဗိုင်းရပ်စစ်ပိုးကိုအီဘိုလာရောဂါအတွက် စမ်းသပ်ခဲ့စဉ်မှာ ထိုးပေးရမယ့် ထိရောက်တဲ့ standard dose ပမာဏကို ပိုးကောင်ရေ 5.5 x 10^10 viral particles အဖြစ်တွေ့ရှိအဖြေထုတ်ခဲ့ပြီးသားပါ။

အဲ့ဒါကိုမှားယွင်းပြီး 2.2 x 10^10 viral particles အဖြစ် #ပမာဏတစ်ဝက်လျော့နည်းပြီးခန့်မှန်းမိခဲ့ပါတယ်။

▪️အဲ့ဒါကြောင့် ပထမအသုတ် လူ (၂၇၄၁) ယောက်ကို ကာကွယ်ဆေးဆေး lower dose အဖြစ် #ပုံမှန်ရဲ့တစ်ဝက်စာရှိတဲ့ပမာဏကို မှားယွင်းပြီးထိုးပေးလိုက်မိခဲ့ပါတယ်။

အဲ့ဒီလူတွေမှာ ထင်သလောက် ဘေးထွက်ဆိုးကျိုးတွေမပြတော့မှ သူတို့ပမာဏခန့်မှန်းတာမှားမှန်းသိခဲ့ကြတာပါ။

ဒီလောက်အရေးကြီးနေတဲ့ COVID-19 ကပ်ဆိုးကြီးမှာ #ဘယ်လိုမှခွင့်လွှတ်လို့မရတဲ့အမှားပါ။

အဲ့ဒါနဲ့ အမှားဖြစ်နေတာကို #စမ်းသပ်မှုရပ်ပစ်ပြီးအသစ်ပြန်စကြမလားလို့ ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီလိုအသစ်ပြန်စရင် #လက်ရှိဆေးပမာဏမှားထိုးပြီးသားလူတွေကို ဘာဆက်လုပ်ရမှန်းမသိ၊

ပြီးတော့တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေလည်း ဖြုန်းတီးပစ်ရာရောက်မှာမို့ #ရပ်မပစ်လိုက်ပဲ ဒုတိယအကြိမ် booster dose ထိုးချိန်မှာ ပမာဏအပြည့်ကိုထိုးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

💉💉 ကာကွယ်ဆေးက နှစ်လုံးထိုးပေးရမှာ။

ပထမအလုံးကို prime dose လို့ခေါ်ပြီး ဒုတိယအကြိမ်တစ်လအကြာမှာထပ်ထိုးတဲ့အလုံးကို booster dose လို့ခေါ်တယ်။

အဲ့ဒီတော့ 🇬🇧 Oxford က နှစ်မျိုးခွဲပြီးစမ်းသပ်လိုက်ရပါတော့တယ်။

▪️ဒုတိယအသုတ်ကျတော့မှ လူ (၈၈၉၅) ယောက်ကို ကာကွယ်ဆေးဆေး full dose #ပုံမှန်ရဲ့အပြည့်စာပမာဏရှိတဲ့တစ်လုံး အရင်ထိုးပေးလိုက်တယ်။

တစ်လကြာတဲ့အခါမှာ booster dose အနေနဲ့ #ပုံမှန်အပြည့်ပမာဏရှိတဲ့တစ်လုံး ထပ်ထိုးပေးတယ်။

တကယ်တမ်းသုတေသနရလဒ်လည်းထွက်လာရော အားလုံးအံ့အားသင့်ကုန်ကြပါတယ်။

#ကာကွယ်ဆေးပမာဏတစ်ဝက်လျော့ပြီးမှားထိုးမိတဲ့သူတွေမှာ အာနိသင်ထိရောက်မှုက "၉၀ % " ရှိတာကိုသွားတွေ့ရကာ ပမာဏအပြည့်နှစ်ကြိမ်ထိုးပေးတဲ့ သူတွေမှာကျတော့ ထိရောက်မှုက "၆၂ %" ပဲရှိတာကို သွားတွေ့ရပါတယ်။

ဒါကြောင့် AstraZeneca ရဲ့ Executive vice-president ဖြစ်သူ Mene Pangalos က "The reason we had the half dose is serendipity. " လို့ပြောခဲ့တာပါ။

(Serendipity = မထင်မှတ်ပဲမုတ်ဆိတ်ပျားစွဲတွေ့ရှိခြင်း)

ဆေးပမာဏတစ်ဝက်မှားထိုးမိတာဟာ #မုတ်ဆိတ်ပျားစွဲခဲ့တာပဲလို့ ဆိုလိုက်တာပါ။

▪️ဘာဖြစ်လို့ ဆေးပမာဏကို တစ်ဝက်အရင်ထိုးပြီး တစ်လအကြာမှာ အပြည့်ထပ်ထိုးတာက #ပိုထိရောက်မှုရှိနေတာလဲ❓

လူကိုတကယ့်ရောဂါကူးစက်ပုံနဲ့ သဏ္ဌာန်တူသွားလို့ဖြစ်နိုင်တယ်လို့ အောက်စဖို့တက္ကသိုလ်မှ Professor Sarah Gilbert ကပြောပါတယ်။

Moral of the Story
~~~~~~~~~~~~~
Oxford တက္ကသိုလ်ရဲ့ကာကွယ်ဆေးစမ်းသပ်မှုကနေ ဘဝအတွက် အောက်ပါသင်ခန်းစာလေးတွေကို သင်ယူရရှိခဲ့ပါတယ်။

★ ဘဝမှာအမှားတွေကိုမထင်မှတ်ပဲလုပ်မိတတ်ပါတယ်။ #ဆက်လက်ပြုပြင်လို့မရတဲ့အမှားဆိုတာမရှိပါ။

ကျနော့်ဘဝမှာလည်းပြန်စဉ်းစားတိုင်းမှာကျူးလွန်မိခဲ့တဲ့အမှားတွေအများကြီးပါ။

★ အရေးကြီးတာက #မှားနေပြီဆိုပြီးတော့လည်းလက်လျော့မပစ်လိုက်ဖို့နဲ့မှားနေမှန်းသိသိနဲ့ဆက်မမှားမိဖို့ပါ။

အကယ်၍ အောက်စဖို့တက္ကသိုလ်ကပညာရှင်တွေဟာ မှားသွားပြီပြင်လို့မရတော့ဘူးဆိုပြီးစမ်းသပ်လက်စသုတေသနကိုရပ်တန့်ပစ်ခဲ့ရင် ဒီ (၉၀%) အာနိသင်ထက်မြက်နိုင်မယ့်နည်းကို တွေ့ရှိခဲ့မှာမဟုတ်ပါဘူး။

#အမှားကိုအရှုံးမပေးပဲဆက်လျှောက်ရင် မုတ်ဆိတ်ပျားစွဲတဲ့အောင်မြင်မှုတွေကို မထင်မှတ်ပဲရရှိတတ်ပါတယ်။

★ အကယ်၍ အောက်စဖို့တက္ကသိုလ်ကပညာရှင်တွေဟာ မှန်ကန်တဲ့ dose ပမာဏကို ဒုတိယအကြိမ်ထိုးချိန်မှာ မပြင်ဆင်ပေးခဲ့ရင်လည်း ဒီအောင်မြင်မှုရလဒ်ကို ရရှိခဲ့မှာမဟုတ်ပါဘူး။

#မှားနေတဲ့အမှားကိုအမှန်သိရတာနဲ့အချိန်မီပြင်ပါ။

★ နောက်တစ်ခုက ဘဝမှာအကြီးကြီးတွေနဲ့စတာထက် #ကိုယ်နိုင်တဲ့တစ်ပိုင်းတစ်စကနေစတင်ပြီးမှ တစ်ခုလုံးကိုကိုင်တဲ့ #နှစ်ဆင့်ကိုင်တွယ်နည်းဟာ ပိုမိုထိရောက်အောင်မြင်တဲ့လုပ်ငန်းလုပ်နည်းတစ်ခုဖြစ်ပါတယ်။

ပထမတစ်ဝက် half dose နဲ့ထိုးပြီး ဒုတိယ full dose အပြည့်နဲ့ထိုးချိန်မှာ ပိုမိုထိရောက်တဲ့တုန့်ပြန်မှုကို ရတတ်ပါတယ်။

★ ဘဝမှာ challenging စိန်ခေါ်မှုတွေ၊ unexpected မမျှော်လင့်တဲ့ရလဒ်တွေနဲ့ exciting စိတ်လှုပ်ရှားစရာကောင်းပါတယ်။

★ အရေးကြီးတာက #အမှားရဲ့ဆွဲနှစ်မှုအောက်မှာဆက်မခံရဖို့ပါ။

လက်လျော့အရှုံးမပေးပဲဆက်လက်ရင်ဆိုင်ကြပါစို့။

https://www.facebook.com/109119807474881/posts/185231629863698/?d=n

Richard Myo Thant
25-November -2020

(စာကိုကူးယူသူများ Page လင့်လေးပါထည့်သွင်းကူးယူပေးဖို့ မေတ္တာရပ်ခံပါတယ်။)

Covid ကာလဆေးရုံ ဆေးခန်းသွားပြရန်အခက်အခဲဖြစ်နေပါသလား ဖုန်းတလုံးရှိရုံဖြင့် သင်၏ကျန်းမာရေးပြသနာများအတွက် online ပရဟိတဆေးခန...
05/11/2020

Covid ကာလဆေးရုံ ဆေးခန်းသွားပြရန်အခက်အခဲဖြစ်နေပါသလား
ဖုန်းတလုံးရှိရုံဖြင့် သင်၏ကျန်းမာရေးပြသနာများအတွက် online ပရဟိတဆေးခန်းနှင့် ဆက်သွယ်ဖြေရှင်းနိုင်ပါပြီဆွေးနွေးခကိုလည်း သတ်မှတ်ထားခြင်းမရှိဘဲ မိမိဆန္ဒအတိုင်း လှူဒါန်းနိုင်ပါသည်
ရရှိလာသော အလှူငွေများကိုလည်း covid တိုက်ဖျက်ရေးဌာနများသို့ လှူဒါန်းသွားမည်ဖြစ်ပါသည်
Volunteer လုပ်လိုသောဆရာဝန်များလည်း ဆက်သွယ်နိုင်ပါသည်( ယခုဆရာဝန်အင်အားအလုံအလောက်မရှိသေးပါသဖြင့် မနက်၁၀-ညနေ ၆နာရီအတွင်းသာ ဝန်ဆောင်မှုပေးနိုင်ပါသေးသည် )
Ph::09988476689
09665066888
KBZ account ::09130 12300 2079601
AYA account ::0217201010039626
CB account. :: 0151600500211915
Wave account:: 685405000
KBZ pay :: 09977339898

02/11/2020

သီတင်းကျွတ်အခါသမယတွင် (COVID-19) ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ခပ်ခွာခွာနေထိုင်ဂါရဝပြုပါ
(၂၈-၁၀-၂၀၂၀)ရက်

• မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံအရ ယခုလိုသီတင်းကျွတ်အချိန်ကာလ၌ မိဘ၊ ဘိုးဘွားများနှင့် ဆရာသမားများကို ဂါရဝပြုကန်တော့ခြင်းများ ပြုလုပ်ကြပါသည်။ သို့ရာတွင် ယခုကဲ့သို့ COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် လူအများစုဝေးသွားရောက် ကန်တော့ခြင်းဖြင့် COVID-19 ကူးစက်ဖြစ်ပွားနိုင်ချေ ရှိပါသည်။ ကန်တော့ကြသူအများစုသည် ကျန်းမာ၍အသက်ငယ်ရွယ်သူများ ဖြစ်ကြသော်လည်း ရောဂါလက္ခဏာမပြဘဲ COVID-19 ပိုးကူးစက်နေသူများ ဖြစ်နေနိုင်သည့်အပြင် ကန်တော့ခံသူများသည်လည်း အသက်အရွယ်ကြီး၍ ရောဂါအခံတစ်မျိုးမျိုးရှိနေနိုင်ပါသည်။
• ယခုအချိန်သည် အတူနေမဟုတ်သူ အသက်အရွယ်ကြီးရင့်သော မိဘ၊ ဘိုးဘွား၊ ဆရာ သမားများအား နေအိမ်သို့ လူကိုယ်တိုင်သွားရောက်၍သော်လည်းကောင်း၊ ဘိုးဘွားရိပ်သာစသည်တို့ကို လူကိုယ်တိုင် သွားရောက်၍သော်လည်းကောင်း၊ ကန်တော့ခြင်း၊ ဂါရဝပြုခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်သည့် အချိန်ကာလလည်း ဖြစ်ပါသည်။
• မိဘ၊ ဘိုးဘွားများကို ကန်တော့ပါက (၆)ပေအကွာ ခပ်ခွာခွာမှသာ ကန်တော့ခြင်း၊ မိဘ၊ ဘိုးဘွားများကို ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ထားစေခြင်းနှင့် မိမိတို့ ကိုယ်တိုင်လည်း တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့်(၂၀) ကြာအောင် ဆေးကြောပြီးမှသာ ကန်တော့ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ တွေ့ဆုံဂါရဝပြုသည့် အချိန်တိုတောင်းစေခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်ကြစေလိုပါသည်။
• လူကိုယ်တိုင် သွားရောက်ခြင်းမရှိဘဲ အိမ်အရောက်ပို့ဆောင်သောဝန်ဆောင်မှုဖြင့် ကန်တော့ပစ္စည်းများ ပေးပို့ပြီးကန်တော့ပါကလည်း ထိုပစ္စည်းများမှတစ်ဆင့် COVID-19 ရောဂါပိုးကူးစက်ခြင်းမခံရစေရေး အတွက် သတိပြုကြစေလိုပါသည်။ အစားအသောက်မဟုတ်သော ကန်တော့ပစ္စည်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပိုးသတ်သန့်စင်ခြင်းများ ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

COVID-19(Corona virus) ဟာ ကမ္ဘာ့နိုင်ငံ​ပေါင်း ၁၉၅ နိုင်ငံမှာ ၁၂၇ နိုင်ငံထိကူးစက်​နေပါပြီ
13/03/2020

COVID-19(Corona virus) ဟာ ကမ္ဘာ့နိုင်ငံ​ပေါင်း ၁၉၅ နိုင်ငံမှာ ၁၂၇ နိုင်ငံထိကူးစက်​နေပါပြီ

12/03/2020

"မတ်လ ၁၂ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ် အခြေအနေ ကိန်းဂဏန်းများ"

• သေဆုံးသူအရေအတွက် (၄,၇၄၃ ဦး)
တရုတ် - ၃,၁၆၉
အီတလီ - ၈၂၇
အီရန် - ၄၂၉
တောင်ကိုရီးယား - ၆၆
စပိန် - ၈၄
ပြင်သစ် - ၄၈
အမေရိကန် - ၃၈
ဂျပန် - ၁၆
ဗြိတိန် - ၈
အီရတ် - ၈
Diamond Princess အပျော်စီးသင်္ဘောပေါ် - ၇
နယ်သာလန် - ၅
ဆွစ်ဇာလန် - ၄
ဩစတြေးလျ - ၃
ဟောင်ကောင် - ၃
ဘယ်လ်ဂျီယံ - ၃
ဂျာမနီ - ၃
ဆန်မာရီယို - ၂
လက်ဘနွန် - ၂
ဖိလစ်ပိုင် - ၂
ဩစတြီးယား - ၁
ဂရိ - ၁
ကနေဒါ - ၁
ဆွီဒင် - ၁
ထိုင်ဝမ် - ၁
ပိုလန် - ၁
ထိုင်း - ၁
အင်ဒိုနီးရှား - ၁
အိုင်ယာလန် - ၁
အာဂျင်တီးနား - ၁
အီဂျစ် - ၁
မော်ရိုကို - ၁
ပနားမား - ၁
အယ်လ်ဂျီးရီးယား - ၁
အယ်လ်ဘေးနီးယား - ၁
ဘူလ်ဂေးရီးယား - ၁

• သက်သာသွားသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း - ၆၈,၃၁၀

• အတည်ပြုထားသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း - ၁၂၈,၆၉၆

11/03/2020

လက်ရှိ ကမ္ဘာ့​နေရာအနှံ့အပြားမှာဖြစ်​ပေါ်​နေတဲ့ COVID -19 Corona Virus ရဲ့​နောက်ဆုံးရသတင်းပါ

လက်ရှိအချိန်ထိ ကူးစက်ခံရသူ​ပေါင်း ၁၂၀၇၉၃ ဦးရှိပါတယ်
​သေဆုံးသူ​ပေါင်း - ၄၃၆၅ ​ယောက်
​ပျောက်ကင်းသူ​ပေါင်း - ၆၆၈၉၅ ​ယောက်
လက်ရှိတွင်​ရောဂါခံစား​နေရသူ​ - ၄၉၃၄၃ ​ယောက်
​ရောဂါလက္ခဏာပြင်းထန်သူ - ၅၇၄၇ ​ယောက်
ကူးစက်ခံရတဲ့နိုင်ငံ​ပေါင်း ၁၂၀ ပြည့်ပါပြီ

UPDATE NEWS ​တွေကိုတစ်ရက်တစ်ခါပုံမှန်တင်သွားမှာမလို့ page ကိုlike and follow လုပ်ထားကြပါ



06/03/2020

ယ​နေ့လည်း သုခ​အောင်​ဆေးခန်းမှာမနက် ၉ နာရီက​နေ ည ၉ နာရီအထိ ​ဆေးဒါနပြု​နေပါတယ်ဗျာ

သုခ​အောင်​ဆေးခန်းမိသားစုမှ (၃)ရက်တိတိ ​ဆေးဒါနအခမဲ့လှုဒါန်းမှာပါကြွလှမ်းခဲ့ကြပါဦးဗျ...
03/03/2020

သုခ​အောင်​ဆေးခန်းမိသားစုမှ (၃)ရက်တိတိ ​ဆေးဒါနအခမဲ့လှုဒါန်းမှာပါ
ကြွလှမ်းခဲ့ကြပါဦးဗျ...

03/03/2020

သူနာပြုအကူအတွက်​ဖောင်ပိတ်သွားပါပြီ​နော်....

23/02/2020

သုခအောင် ဆေးကုခန်းတွင် အလုပ်လျောက်ထားသူများအတွက်
အလုပ်ချိန် မနက် ၉နာရီမှ ည၉နာရီထိ
တပတ်လျှင် ၅ရက် အလုပ်ဆင်းရမည် လစာ ၁၂၀၀၀၀လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီးလစာတိုးမည် ဆေးခန်းတည်နေရာ အမှတ် ၁၇၆ သီရိမင်္ဂလာလမ်း (၆)ရပ်ကွက် လှီုင်သာယာ ဆောက်လုပ်ေ
းမှတ်တိုင်အနီး ဖုန်း 09665066888,09889881176
Interview ဖြေရမည့်ရက်ကို ပြန်လည် ကြေငြာပါမည်

21/02/2020

သုခအောင်ဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် သူနာပြုအကူတဦး (မ) အလိုရှိသည်
လှိုင်သာယာတွင်နေထိုင်သူ ဦးစားပေးမည်
ဆက်သွယ်ရန် 09665066888,09889881176

Address

V375+M8 Yangon

V375+M8YANGON

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959665066888

Website

Alerts

Be the first to know and let us send you an email when Thu Kha Aung Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram