08/01/2026
✨ ၂၀၂၆ မှာ အောင်မြင်မှုနဲ့အတူ စိတ်ချမ်းသာမှုပါ ရစေမယ့် Goal Setting ပန်းတိုင်ချမှတ်ခြင်း ✨
နှစ်သစ်ရဲ့ ပထမဆုံးရက်သတ္တပတ်မှာ ကျွန်မတို့အားလုံး Goal တွေ Plan တွေနဲ့ အလုပ်ရှုပ်နေကြပြီလား?
"ကိုယ်ဖြစ်ချင်တာတွေတော့ အများကြီးပဲ... ဒါပေမယ့် ဘယ်ကစရမှန်းမသိဘူး" ဖြစ်နေတတ်တဲ့သူတွေအတွက် ဒီနှစ်မှာတော့ "အောင်မြင်ဖို့သက်သက်" မဟုတ်ဘဲ "ပျော်ရွှင်ဖို့ပါ" ပါဝင်တဲ့ Intentional Goal Setting နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။
ပြိုင်ပွဲတစ်ခုမှာ ပန်းတိုင်မရှိရင် ဘယ်လောက်ပဲမြန်မြန်ပြေးပြေး အဓိပ္ပာယ်မရှိသလိုပါပဲ။ ဒါကြောင့် နှစ်စမှာ ကိုယ့်ရဲ့ Physical, Emotional နဲ့ Spiritual ကဏ္ဍစုံအတွက် ပန်းတိုင်တွေကို တိတိကျကျ ချမှတ်ကြည့်ရအောင်။ 📝
✔️ ရလဒ်ထက် "ခံစားချက်" ကို အရင်မေးပါ (Feelings First)
ဒီနှစ်ထဲမှာ ဘယ်လိုခံစားချက်မျိုးနဲ့ ဖြတ်သန်းချင်တာလဲ? ဥပမာ - အေးချမ်းချင်တာလား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိချင်တာလား ဒါမှမဟုတ် လွတ်လပ်ချင်တာလား။ အဲဒီခံစားချက်ကို ရစေမယ့် အရာတွေကိုမှ ပန်းတိုင်အဖြစ် သတ်မှတ်ပါ။
✔️ ဒီ နယ်ပယ် (၃) ခုကို မျှတအောင်ထားပါ (The 3 Pillars)
ပန်းတိုင်တွေကို အောက်ပါအတိုင်း ခွဲခြားချရေးကြည့်ရအောင် -
💠 Physical - တစ်ပတ် ၃ ရက် Yoga ကျင့်မယ်၊ Pilates/ Gym ဆော့မယ်။ ကျန်းမာရေးနဲ့ညီညွတ်တာစားပြီး ရေဝဝသောက်မယ်။
💠 Mind & Soul - တစ်နေ့ ၁၀ မိနစ် Meditation လုပ်မယ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ လျှော့မယ်။
💠 Career/Personal Growth အတွက် - သင်တန်းသစ်တစ်ခု တက်မယ်၊ တစ်လကို စာအုပ်တစ်အုပ် ဖတ်မယ်။ “ဘာကြောင့် ငါဒါကို လုပ်နေတာလဲ" ဆိုတဲ့ Intention (ရည်ရွယ်ချက်) နဲ့အတူ လောကကြီးမှာ ကိုယ့်ရဲ့ တည်ရှိမှုဟာ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို သတိပြုမိတဲ့ Mindful ဖြစ်တဲ့ နေထိုင်မှုပုံစံကို မွေးမြူပါ။
✔️ သေးငယ်တဲ့ ခြေလှမ်းလေးတွေကနေ စပါ (Small Wins)
ပန်းတိုင်အကြီးကြီးတွေက တစ်ခါတလေ စိတ်ဖိစီးစေတတ်ပါတယ်။ ဒါကြောင့် တစ်နေ့ချင်းစီ လုပ်ဆောင်နိုင်မယ့် Tiny Habits လေးတွေအဖြစ် ခွဲလိုက်ပါနော်။
ကျွန်မအနေနဲ့ Yoga နဲ့ Coaching ကို အားသွန်ခွန်စိုက် လေ့လာနေတာဟာ ဘဝခရီးလမ်းမှာ တခြားသူတွေအတွက် အလင်းတိုင်လေးတစ်ခု ဖြစ်ချင်လို့ပါ။ ကျွန်မတို့တွေဟာ အောင်မြင်မှုနောက်ကိုပဲ အမောတကော လိုက်နေကြရင်း လမ်းမှာရှိတဲ့ နေရောင်ခြည်နုနုလေးနဲ့ နွေးထွေးမှုတွေ ပန်းကလေးတွေရဲ့ အလှတရားတွေကို မေ့နေတတ်ကြတယ်။
ပန်းတိုင်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးဖို့မဟုတ်ဘဲ ကိုယ့်ဘဝကို လမ်းညွှန်ပေးဖို့ပါ။ အကယ်၍ လမ်းခုလတ်မှာ ပန်းတိုင်နဲ့ ဝေးသွားတယ်လို့ ခံစားရရင်ဖြစ်ဖြစ် ဝေးသွားခဲ့ရင်တောင်မှ စိတ်မပျက်ပါနဲ့။ အသက်ကိုဝဝရှူပြီး ကိုယ် အခုရှိနေတဲ့နေရာကနေ ပြန်စလို့ရပါတယ်။
ဒီနှစ်မှာတော့ Goal တွေနောက်ကို လိုက်ရင်း Soul လေး အေးချမ်းဖို့ကိုလည်း မမေ့ပါနဲ့နော်။
"Goals are the maps, but your Intention is the compass." 🧭
🥰 ကျွန်မ ချစ်ရတဲ့ ကျွန်မ page ကသူတွေရော... ဒီနှစ်အတွက် အဓိကထားပြီး ဖြစ်ချင်တဲ့ Goal တစ်ခုက ဘာဖြစ်မလဲ?
💬 Comment မှာ တစ်ခုလောက် ရေးသွားပေးပါဦး။ ကျွန်မလည်း အတူတူ ဆုတောင်းပေးချင်လို့ပါ။ ✨🤍
With much love ❤️
Ramona