11/04/2026
#အစားစားရင်ဖုန်းမကြည့်နဲ့အစာမကြေ_ရင်ပြည့်ရင်ကယ်ဖြစ်တတ်တယ်
ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရင်း ပေါက်ပေါက်စားတဲ့ နေကြာစေ့စားတဲ့ အကျင့်က အိမ်ကို ပါလာတာမျိုးပေါ့
ထမင်းစားနေရင်း
👉 ရုပ်ရှင်ကြည့်တာ
👉 ဖုန်းပွတ်ပြီး Social Media သုံးတာ
👉 Laptop တစ်လုံးနဲ့ အလုပ်လုပ်နေတာ စသဖြင့်ပေါ့
Multitasking - အချိန်ရှားပါးလာတော့ အလုပ်တွေအများကြီး တပြိုင်နက်ထဲ လုပ်လာကြရသလိုပေါ့ဗျာ
ကျန်းမာရေး ရှုထောင့်ကဆိုရင် လုံးဝမကောင်းတဲ့ အလေ့အကျင့်ပဲဖြစ်ပါတယ်
#ဖုန်းကြည့်ရင်းအစားစားတော့ဘာဖြစ်လဲ ❓
🥹 အစားကို အာရုံမရတဲ့အတွက် Over eating - အလွန်အကျွံစားခြင်း ဆိုတဲ့အလေ့အထ ရသွားတတ်လို့ - အဝလွန်တာတွေဖြစ်လာတတ်ပါသည်။
🥹 အစာစားတဲ့အခါမှာ Smell of food, Taste of food, Thoughts of food စသဖြင့် အနံ့ အရသာ အတွေး စတဲ့ အာရုံတွေပြည့်စုံပါမှ အစာချေရည်ထွက်တဲ့ဖြစ်စဉ် က ကောင်းစွာအလုပ်လုပ်လို့ - အစာမကြေတာ ၊ ရင်ပြည့်တာ ၊ လေပွတာ ၊ ဗိုက်အောင့်တာ စတဲ့ အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာတွေ တက်လာပါတယ်
🥹 ပေါင်းသင်းဆက်ဆံရေးမှာ ထိခိုက်ပါတယ် - ထမင်းလက်ဆုံစားတုန်း ဖုန်းချည်းကြည့်နေခြင်းဟာ တပါးသူကို လစ်လျူရှုရာရောက်ပါတယ် (ဆက်ဆံရေးထိခိုက်ပါတယ်)
🥹 အိမ်သားက ကောင်းကောင်းစားစေချင်လို့ ပင်ပင်ပန်းပန်းချက်ပြုတ်ထားတာကို အရသာမသိ ဝါးပြီးမျိုချနေခြင်းက တပါးသူကို မလေးစားရာရောက်ပါတယ်။
🥹 ကလေးတွေအတွက် အတုခိုးစရာ အလေ့အကျင့်မှားကြီးဖြစ်ပါတယ် - လိုက်လုပ်ကြရင် အစာနင်တာ ၊ အစာသီးတာဖြစ်နိုင်လို့ အသက်အန္တရာယ်တောင်ရှိပါတယ်
အဲ့ဒါကြောင့်
✔️ အစားအသောက်ချက်ပြုတ်ပြင်ဆင်ပေးသူကိုလေးစားတဲ့အနေနဲ့ရော
✔️ မိမိကျန်းမာရေးအတွက်ရော
✔️ မိမိရင်သွေးငယ်များအတွက်ပါ
၁၅ မိနစ် - မိနစ် ၂၀ အချိန်လေးကို ဖုန်း အဝေးမှာထားပြီး အစားအစာမှာ သေချာအာရုံစိုက်ပြီး စားသင့်ပါကြောင်းဗျာ
(Photo Credit; CNET)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတ တိုးပွား လာပါလိမ့်မယ် 💕💕💕 )