08/03/2026
🌸 International Women’s Day: “Give to Gain” ပေးဆပ်ခြင်းမှသည် ရယူပိုင်ဆိုင်ခြင်းဆီသို့ 🌸
ဒီနေ့ March လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ပါ။ ဒီနှစ်ရဲ့Theme လေးက အရမ်းကိုမှ လေးနက်ပါတယ်။ “Give to Gain” တဲ့။
အမျိုးသမီးတွေဟာ သဘာဝတရားအရရော၊ လူမှုပတ်ဝန်းကျင်အရရော "ပေးဆပ်သူတွေ (Givers)" အဖြစ် ရှင်သန်နေကြရတာ များပါတယ်။ မိသားစုအတွက် ပေးဆပ်တယ်၊ သားသမီးအတွက် ပေးဆပ်တယ်၊ အလုပ်ခွင်မှာ ပေးဆပ်တယ်။ ဒါပေမဲ့ ဒီ "ပေးဆပ်ခြင်း" ကနေ ကိုယ်တိုင်ရော ဘာတွေပြန်ရလိုက်သလဲ?
Counselor တွေအနေနဲ့တော့ “Give to Gain” ကို ကျွန်မတို့က ဒီလိုလေး မြင်ကြည့်ချင်ပါတယ်။
၁။ Give yourself permission to gain peace (ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ခွင့်ပေးပါ)
အမျိုးသမီး တော်တော်များများဟာ အရာရာတိုင်းမှာ ပြည့်စုံနေရမယ် (Perfectionist) ဆိုတဲ့ ဖိအားအောက်မှာ ရှင်သန်နေကြရပါတယ်။ "ငါ ဒါလေးတော့ မလုပ်နိုင်တော့ဘူး" လို့ ဝန်ခံဖို့ ဝန်လေးတတ်ကြတယ်။ ဒီနေ့မှာတော့ ကိုယ့်ကိုယ်ကိုယ် "မပြည့်စုံလည်း ဖြစ်တယ်၊ ပင်ပန်းရင် နားလို့ရတယ်" ဆိုတဲ့ ခွင့်ပြုချက်လေး ပေးလိုက်ပါ။ အဲ့ဒီလို ပေးလိုက်ခြင်း (Give) ကနေမှ သင့်အတွက် စိတ်အေးချမ်းမှု (Gain) ကို ပြန်လည်ရရှိမှာပါ။
၂။ Give up toxic standards to gain self-worth (စံနှုန်းအမှားတွေကို စွန့်လွှတ်ပြီး ကိုယ့်တန်ဖိုးကို ရှာဖွေပါ)
ပိန်မှလှမယ်၊ အိမ်ထောင်မှုနိုင်မှ မိန်းမကောင်းဖြစ်မယ် စတဲ့ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ စံနှုန်းတွေကို စွန့်လွှတ်လိုက်ပါ။ အဲ့ဒီအခါမှသာ ကိုယ်ဘယ်သူလဲဆိုတဲ့ စစ်မှန်တဲ့ တန်ဖိုး (Self-worth) ကို ပိုင်ဆိုင်လာပါလိမ့်မယ်။
၃။ Give support to gain a sisterhood (အချင်းချင်း ဖေးမပြီး ခွန်အားယူပါ)
အမျိုးသမီးတစ်ယောက်က နောက်ထပ် အမျိုးသမီးတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပေးလိုက်တဲ့အခါ တစ်ဦးချင်းစီရဲ့ အားနည်းချက်တွေကနေ ခိုင်မာတဲ့ အသိုင်းအဝိုင်းတစ်ခု ဖြစ်လာပါတယ်။
“Being With You" ရဲ့ ၄ နှစ်တာခရီးမှာလည်း အမျိုးသမီးတွေရဲ့ အချင်းချင်း ဖေးမတတ်တဲ့ အင်အားဟာ အံ့မခန်းစရာ ခွန်အားဖြစ်စေခဲ့တာ အမှန်ပါပဲ။
✨ "အမျိုးသမီးတစ်ယောက်ရဲ့ အကြီးမားဆုံးသော ပေးဆပ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဂရုစိုက်ခြင်း (Self-care) ကနေ စတင်ပါတယ်"
Happy International Women’s Day to all the incredible women! 💜