Shwe Myittar - ရွှေမေတ္တာ

Shwe Myittar - ရွှေမေတ္တာ A healthy lifestyle is the most important to live successfully. We provide organic and quality suppl

🛡️⚔️ 𝐈𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐏𝐚𝐜𝐤𝐚𝐠𝐞 ⚔️🛡️ 🫁 𝐂𝐨𝐫𝐝𝐲𝐌𝐚𝐱 𝐂𝐒-4 [𝐶𝑜𝑟𝑑𝑦𝑐𝑒𝑝𝑠 - ရှီးပတီး]အားအင်ဖြစ်စေသည်။ အဆုတ်မှ အောက်ဆီဂျင်သယ်ဆောင်မှုကိုအားပေ...
02/09/2021

🛡️⚔️ 𝐈𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐏𝐚𝐜𝐤𝐚𝐠𝐞 ⚔️🛡️

🫁 𝐂𝐨𝐫𝐝𝐲𝐌𝐚𝐱 𝐂𝐒-4 [𝐶𝑜𝑟𝑑𝑦𝑐𝑒𝑝𝑠 - ရှီးပတီး]
အားအင်ဖြစ်စေသည်။ အဆုတ်မှ အောက်ဆီဂျင်သယ်ဆောင်မှုကိုအားပေးသဖြင့် Covid ကပ်ရောဂါ ကာလတွင်အထူးလိုအပ်သည်။
https://www.facebook.com/105622018030753/posts/292223922703894/

🫀𝐎𝐌𝐄𝐆𝐀 3-6-9 [Anti inflammation]
သွေးလည်ပတ်မှုကောင်းစေသဖြင့် သွေးပျစ်မှုလျော့နည်းစေရန် သောက်သုံးသင့်သည်။
https://www.facebook.com/105622018030753/posts/289375916322028/

💧𝐋𝐢𝐪𝐮𝐢-𝐂𝐚𝐥𝐜𝐢𝐮𝐦 + 𝐕𝐢𝐭 𝐃-3
liquid form ဖြစ်ရျ် အူလမ်းကြောင်းမှ စုပ်ယူမှုလွယ်ကူစေသည်။
https://www.facebook.com/105622018030753/posts/308194704440149/

မှာယူလိုပါက ဖော်ပြပါဖုန်းနံပါတ်ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 အကြောင်း တစေ့တစောင်း ☀️ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 ဆိုတာ....ခန္ဓာကိုယ်/အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ Calcium နှင့် Phosphorus ...
31/08/2021

𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 အကြောင်း တစေ့တစောင်း

☀️ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 ဆိုတာ....
ခန္ဓာကိုယ်/အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ Calcium နှင့် Phosphorus ဓာတ်များကို စုပ်ယူရာတွင်အထောက်အကူပြုပေးပြီး၊ ခန္ဓာကိုယ်၏ ကြွက်သားလုပ်ဆောင်မှု၊ အာရုံကြောလုပ်ဆောင်မှု နှင့် (Immun Functions) ခုခံကာကွယ်ရေးလုပ်ဆောင်မှုများတွင် အဓိကနေရာမှ ပါဝင်လုပ်ဆောင်ပေးသည်။ ကလေးများ၌လည်း အရိုးကျန်းမာစွာတည်ဆောက်နိုင်ရေးအတွက် Vitamin D လိုအပ်ပါသည်။

☀️ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 (𝐃𝐞𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲) ချို့တဲ့လျှင်....
အရိုးပွခြင်း/ပျော့ခြင်း/ကွေးခြင်း/အလွယ်တကူကျိုးနိုင်ခြင်း၊ အရိုးနှင့် ကြွက်သားများ နာခြင်း/အားနည်းခြင်း၊

ထို့အပြင်များစွာသော ကျန်းမာရေးပြဿနာများ (သွေးချိုဆီချိုး၊ သွေးတိုး၊ စိတ်ကျရောဂါ၊ နှလုံးရာဂါ၊ (ရင်သား) ကင်ဆာ နှင့် အခြားသော autoimmune diseases များ) ဖြစ်ပေါ်နိုင်သည်သာမက အသက်ဆုံးရှုံးသည် အထိပါဖြစ်နိုင်ပါသည်။

☀️ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 မှာ D3 နှင့် D2 ဆိုပြီး နှစ်မျိုးရှိပါတယ်။


ကိုတော့ အထူးသဖြင့် တိရစ္ဆာန်/အစားအစာများမှတစ်ဆင့် ရရှိနိုင်တာဖြစ်ပြီး_


ကတော့ အပင်နှင့် နေရောင်ခြည်မှတစ်ဆင့် ရရှိနိုင်ပါတယ်။

🔺 Sources of Vitamin D3
- အဆီများသော ငါး
- ငါးကြီးဆီ
- အသဲ
- ကြက်ဥအနှစ်
- ထောပတ် နှင့်
- ဖြည့်စွက်စာ

🔺 Sources of Vitamin D2
- နေရောင်ခြည်ဓာတ်
- မှို (နေရောင်အောင်တွင်စိုက်ပျိုးထားသည့်)
- fortified food (အာဟာရထပ်ပေါင်းထည့်ထားသည့်အစာများ)
[ဥပမာ (milk with Vit D) ဆိုလျှင် ၎င်းနို့ပစ္စည်းထဲသို့ Vit D ပါဝင်အောင်ပြုလုပ်ထားသည်]
- ဖြည့်စွက်စာ

🔺 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 နှင့် 𝐒𝐮𝐧𝐥𝐢𝐠𝐡𝐭
▪️ အရေပြားမှ နေရောင်ခြည်နှင့် ထိတွေ့သည့်အခါ Vitamin D3 ထုတ်ပေးပြီး
▪️ အပင်နှင့် မှိုများ နေရောင်ခြည်နှင့် ထိတွေ့သည့်အခါ Vitamin D2 ကိုထုတ်လုပ်ပေးပါတယ်။

🛑 𝐖𝐀𝐑𝐍𝐈𝐍𝐆 🛑
မိမိနေ့စဉ်နေထိုင်မှုပုံစံမှ Vit D3 လုံလောက်စွာရရှိနိုင်လျှင် ထပ်ဆောင်းဖြည့်စွက်မိခြင်းဖြင့် အရေပြားမှ Vit D3 ထုတ်လုပ်နိုင်မှုအား လျော့နည်း‌စေနိုင်ပါသည်။

☀️ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 - 𝐂𝐨𝐧𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 𝐀𝐦𝐨𝐮𝐧𝐭 𝐛𝐲 𝐀𝐠𝐞𝐬 လိုအပ်သည့် ပမာဏနှင့် အသက်အရွယ် (IU - International Unit)
▪️မွေးစမှ ၁၂ လ - 400 IU
▪️အသက် ၁ နှစ်မှ ၁၃ နှစ် - 600 IU
▪️အသက် ၁၄ နှစ်မှ ၇၀ နှစ် - 600 IU
▪️အသက် ၇၁ နှစ်နှင့် အထက် - 800 IU
▪️ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ - 600 IU

[ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ လိုအပ်သည့်ပမာဏထပ်တိုး သောက်သုံးပါ။]

Shwe Myittar - ရွှေမေတ္တာ

Ref link
https://www.medicalnewstoday.com/articles/vitamin-d2-vs-d3 -d-2-foods

https://www.nof.org/patients/treatment/calciumvitamin-d/

𝐂𝐚𝐥𝐜𝐢𝐮𝐦 အကြောင်း တစေ့တစောင်း 💪🏻 𝐂𝐚𝐥𝐜𝐢𝐮𝐦 နှင့် ခန္ဓာကိုယ်Calcium (Ca) ဓာတ်ဟာ မိမိတို့ခန္ဓာကိုယ်အတွက် အဓိကအခန်းကဏ္ဍအနေနဲ့ ...
31/08/2021

𝐂𝐚𝐥𝐜𝐢𝐮𝐦 အကြောင်း တစေ့တစောင်း

💪🏻 𝐂𝐚𝐥𝐜𝐢𝐮𝐦 နှင့် ခန္ဓာကိုယ်
Calcium (Ca) ဓာတ်ဟာ မိမိတို့ခန္ဓာကိုယ်အတွက် အဓိကအခန်းကဏ္ဍအနေနဲ့ ပါဝင်လုပ်ဆောင်ပေးနေတဲ့ မရှိမဖြစ်လိုအပ်တဲ့ mineral (သတ္တုဓာတ်) တစ်ခုဖြစ်ပါတယ်။ ကယ်လ်ဆီယမ်ဟာ ခန္ဓာကိုယ်တွင်းရှိ အရိုးများ၊ အာရုံကြောများ၊ ဆဲလ်များ၊ ကြွက်သားများရဲ့ ပုံမှန်လုပ်ဆောင်မှု‌များ (အရိုးတည်ဆောက်ဖို့၊ ကျန်းမာဖို့၊ ကြွက်သားတွေကျုံ့ဆန့်နိုင်ဖို့၊ သွေးတိတ်စေဖို့ နှင့် နှလုံးခုန်လုပ်ငန်းများ အတွက်လည်း အထောက်အပံ့ပေးပါတယ်။

၉၉% သော ကယ်လ်ဆီယမ်ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ အရိုးနှင့်သွားမှာသာ ရှိပါတယ်။ Ca ဓာတ်ကို နေ့စဉ် ချွေး/ဆီး/ဝမ်း/ဆံပင်/လက်သည်း/ခြေသည်းတို့မှတစ်ဆင့် အသုံးပြုဆုံးရှုံးနေရပြီး ခန္ဓာကိုယ်မှလည်း ကိုယ်ပိုင် Ca ဓာတ် မထုတ်လုပ်နိုင်တာမလို့၊ ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ကယ်လ်ဆီယမ် ပမာဏမလုံလောက်တဲ့အခါ အရိုးများရှိ ၎င်း Ca ဓာတ်ကို ခွဲဝေအသုံးပြုခြင်းမှတစ်ဆင့် ကယ်လ်ဆီယမ် (ချို့တဲ့) မလုံလောက်လောက်မှုကြောင့် အရိုးနှင့်ပတ်သက်သောပြဿနာများ စတင်ဖြစ်ပေါ်လာနိုင်ပါတယ်။ ထို့ကြောင့် ကယ်လ်ဆီယမ်ဓာတ်ကို အစားအသောက်များ၊ ဖြည့်စွက်စာများမှတစ်ဆင့် ရယူမှီဝဲနိုင်ပါတယ်။

💪🏻 𝐂𝐚𝐥𝐜𝐢𝐮𝐦 နှင့် အစားအသောက်
Ca ဓာတ် အများဆုံးပါဝင်တဲ့အစားအစာများကတော့ "နို့နှငိ့နို့ထွက်ပစ္စည်း" များဖြစ်ပါတယ် (နို့/နို့ခဲ/ဒိန်ချဉ်/ဒိန်ခဲ)။ အခြားသော အစိမ်းရောင်အရွက်နှင့် အစားအစာများမှာတော့ Ca အနည်းငယ်သာပါဝင်ပါတယ်။

🔺 ခန္ဓာကိုယ်မှ ကောင်းမွန်စွာစုပ်ယူနိုင်သော ပမာဏ best absorption အနေနဲ့ 600mg/daily ဖြစ်ပြီး

#အမျိုးသမီး
အသက် ၅၀ နှင့် အောက် - 1000 mg/daily
အသက် ၅၁ နှင့် အထက် - 1200 mg/daily

#အမျိုးသား
အသက် ၇၀ နှင့် အောက် - 1000 mg/daily
အသက် ၇၁ နှင့် အထက် - 1200 mg/daily

[ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ လိုအပ်သည့်ပမာဏထပ်တိုး သောက်သုံးပါ။]

▪️နေ့စဉ်ဝယ်ယူစားသုံးနေသည့် အစာများရှိ nutrition facts တွင် Daily Value အနေနဲ့ Ca ပါဝင်မှုကို ဤသို့သိနိုင်ပါသည်_ (30% DV = 300mg DV)

Shwe Myittar - ရွှေမေတ္တာ

Ref link
https://www.nof.org/patients/treatment/calciumvitamin-d/

အားလုံးပဲ မင်္ဂလာပါ ဦးစွာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ပတ်သက်တဲ့ ဖြည့်စွက်စာ/ဆေးနဲ့ဆိုင်တာလေးကို အရင်ပြောပြပေးမ...
31/08/2021

အားလုံးပဲ မင်္ဂလာပါ

ဦးစွာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ပတ်သက်တဲ့ ဖြည့်စွက်စာ/ဆေးနဲ့ဆိုင်တာလေးကို အရင်ပြောပြပေးမယ်နော်။

𝐋𝐈𝐐𝐔𝐈-𝐂𝐀𝐋𝐂𝐈𝐔𝐌 လို့ခေါ်ပြီး Product of Canada ဖြစ်ပါတယ်။ ဒီဖြည့်စွက်စာမှာတော့ (Liquid) Calcium နှင့် Vitamin D3 ပေါင်းစပ်ပါဝင်ပါတယ်။

🔺 Liquid Calcium
ခန္ဓာကိုယ်က စုပ်ယူဖို့လွယ်ကူမြန်‌ဆန်အောင် ကယ်လ်ဆီယမ်ကို အရည်အနေနဲ့ထုတ်လုပ်ပေးထားတာပါ။
ဆေးဗူးထဲမှာတော့ softgel အနေနဲ့တွေ့ရမှာဖြစ်ပေမယ့် liquid Ca ကိုပဲအသုံးပြုထည့်သွင်းထားတာပါ။

🔺 Liquid Calcium + Vit D (combined supplement)
ဒီလို Ca & Vit D ပေါင်းစပ်ထားတဲ့ ဖြည့်စွက်စာ/ဆေးတွေကိုတော့ လိုအပ်တဲ့ကယ်လ်ဆီယမ်ဓာတ်ကို အစားအစာမှလုံလောက်စွာမရရှိတဲ့သူများ/ ခန္ဓာကိုယ် (low blood calcium level) ‌သွေးတွင်းကယ်လ်ဆီယမ်ဓာတ်လျော့နည်းခြင်းမဖြစ်စေဖို့ ကြိုတင်ကာကွယ်/ကုသရာတွင်လည်း အသုံးပြုပါတယ်။

🔺 Calcium ချို့တဲ့ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ?

ခန္ဓာကိုယ်/သွေးတွင်း ကယ်လ်ဆီယမ်ဓာတ်လျော့နည်း/ချို့တဲ့ခြင်းကြောင့် အရိုးပွခြင်း (Osteoporosis)၊ အရိုးပျော့ခြင်း/အားနည်းခြင်း (Osteomalacia/Rickets)၊ ပါရာသိုင်းရွိက်ဂလင်းဟောမုန်းထုတ်လုပ်မှုကျဆင်းခြင်း (Hypoparathyrodism) ကြောင့် အခြားသောကျန်းမာရေးထိခိုက်မှုများဖြစ်ပေါ်နိုင်ခြင်း၊ ကိုယ်တွင်းကြွက်သားများ ထိခိုက်ပျက်ဆီး/အားနည်းခြင်း (latent tetany) စသဖြင့် ဖြစ်ပေါ်စေနိုင်ပါသည်။

🔺 ဘာလို့ Ca & Vit D ပေါင်းထားတာလဲ?
Calcium နှင့် Vitamin D နှစ်ခုစလုံးကတော့ အရိုးအဆစ်နဲ့ အခြားခန္ဓာကိုယ်လုပ်ဆောင်မှုများအတွက် လိုအပ်တဲ့ mineral (သတ္တုဓာတ်) များဖြစ်ပြီး, Vit D အနေနဲ့ လိုအပ်တဲ့ Calcium နှင့် Phosphorus ဓာတ်များကို ခန္ဓာကိုယ်မှ‌စုပ်ယူနိုင်ဖို့ အထောက်အပံ့ပေးပါတယ်။

🔺 ဘယ်လို သောက်သုံးရမလဲ?
တစ်နေ့ ၁ - ၂ လုံး မှီဝဲနိုင်ပါတယ်။

▪️နေ့စဉ် ဆေးသောက်သုံးသည့်အချိန် မှန်ကန်ပါက ပိုကောင်းသည်။

🔺 ကျန်းမာရေးကုသမှုခံယူနေရသူများအနေနဲ့တော့ သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

🔺 99% Ca ဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ အရိုးနှင့် သွားများမှာသာရှိပြီး၊ ခန္ဓာကိုယ်မှ ကိုယ်ပိုင် Ca ဓာတ် မထုတ်လုပ်နိုင်သည့်အတွက် အစားအစာမှလည်းကောင်း/ ဖြည့်စွက်စာမှီဝဲခြင်းဖြင့်လည်းကောင်း မိမိကျန်းမာရေးအတွက် ဖြည့်တင်းသင့်ပါသည်။

𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞-𝐂𝐚
𝐋𝐈𝐐𝐔𝐈-𝐂𝐀𝐋𝐂𝐈𝐔𝐌 [Product of Canada]
60 softgels/bot
17,000/- MMK

Shwe Myittar - ရွှေမေတ္တာ

💪🏻 𝐂𝐚𝐥𝐜𝐢𝐮𝐦 အကြောင်း တစေ့တစောင်း
https://www.facebook.com/105622018030753/posts/308195204440099/

☀️ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 အကြောင့် တစေ့တစောင်း
https://www.facebook.com/105622018030753/posts/308195764440043/

30/08/2021

👉🏻အချိန် ၂ မိနစ်ကျော်ပဲ ပေးပါ👈🏻

𝐂𝐨𝐫𝐝𝐲𝐌𝐚𝐱 𝐂𝐒-4
(𝐶𝑜𝑟𝑑𝑦𝑐𝑒𝑝𝑠 - ရှီးပဒီး) နဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတနှင့် ဘာကြောင့်/ဘယ်လိုမှီဝဲသင့်ကြောင်းကိုလည်း Medical Technologist - Ms.Nang Shwe Yin မှ မျှဝေပေးထားတဲ့ ဗီဒီယိုဖိုင်လေးကို ထပ်မံတင်ပေးလိုက်ပါတယ်နော်။

Speaker :
Ms.Nang Shwe Yin (Medical Technologist)
[ မြန်မာနိုင်ငံကျန်းမာရေးနယ်ပယ်တွင်သာမက စင်ကာပူကျန်းမာရေးနယ်ပယ်တွင်လည်း ဓာတ်ခွဲကျွမ်းကျင်တစ်ဦးအဖြစ်တာဝန်ယူခဲ့သည့်၊ လက်ရှိလည်း ကျန်းမာရေးနှင့်ပတ်သက်သည့်အခန်းကဏ္ဍများတွင် ပါဝင်လုပ်‌ဆောင်လျက်ရှိ ]

Shwe Myittar - ရွှေမေတ္တာ page မှ မှာယူလိုပါက
🔖𝐂𝐨𝐫𝐝𝐲𝐌𝐚𝐱 𝐂𝐒-4
𝐏𝐡𝐚𝐫𝐦𝐚𝐧𝐞𝐱 [USA made]
120 Capsules/bot
📣𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 𝐏𝐥𝐚𝐧📣
🔖 ယခုဈေး - 65,000/- MMK 😱😱
[အရင်ဈေး - 68,000/- MMK]

https://m.facebook.com/story.php?story_fbid=292223922703894&id=105622018030753

အားလုံးပဲ ကျန်းမာရွှင်လန်းကြ‌ပါစေ 🙏🏻

30/08/2021

👉🏻အချိန် တစ်မိနစ်ကျော်ပဲ ပေးပါ👈🏻

မြန်မာနိုင်ငံကျန်းမာရေးနယ်ပယ်တွင်သာမက စင်ကာပူကျန်းမာရေးနယ်ပယ်တွင်လည်း ဓာတ်ခွဲကျွမ်းကျင်တစ်ဦးအဖြစ်တာဝန်ယူခဲ့သည့်၊ လက်ရှိလည်း ကျန်းမာရေးနှင့်ပတ်သက်သည့်အခန်းကဏ္ဍများတွင် ပါဝင်လုပ်‌ဆောင်လျက်ရှိသည့် Medical Technologist - Ms.Nang Shwe Yin မှ

𝐎𝐌𝐄𝐆𝐀 3-6-9 ဓာတ် လုံလောက်ခြင်း/မလုံလောက်ခြင်း၊ မျှတခြင်း/မမျှခြင်းဖြင့် ခန္ဓာကိုယ်တွင်းဖြစ်ပေါ်နိုင်သည့်အကျိုးအဖြစ်ကိုလည်းကောင်း၊ ဖြည့်စွက်စာအနေနှင့်လည်း မှီဝဲနိုင်ကြောင်းပြောပြထားတဲ့ ဗီဒီယိုဖိုင်‌လေးကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုပါတယ်။

Shwe Myittar - ရွှေမေတ္တာ page မှ မှာယူလိုပါက
𝐎𝐌𝐄𝐆𝐀 3-6-9
𝐀𝐒𝐊𝐀 [made in Canada]
90 Capsules/bot
20,000/- MMK

https://www.facebook.com/105622018030753/posts/289375916322028/

အားလုံးပဲ ကျန်းမာရွှင်လန်းကြ‌ပါစေ 🙏🏻

📣𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 𝐏𝐥𝐚𝐧📣🔖𝐂𝐨𝐫𝐝𝐲𝐌𝐚𝐱 𝐂𝐒-4 🔖 ယခုဈေး - 65,000/- MMK 😱😱[အရင်ဈေး - 68,000/- MMK]ဒီလို ခက်ခဲတဲ့ကိုဗစ်အချိန်ကာလမှာ ဆေးဝယ်ပ...
08/08/2021

📣𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 𝐏𝐥𝐚𝐧📣
🔖𝐂𝐨𝐫𝐝𝐲𝐌𝐚𝐱 𝐂𝐒-4
🔖 ယခုဈေး - 65,000/- MMK 😱😱
[အရင်ဈေး - 68,000/- MMK]

ဒီလို ခက်ခဲတဲ့ကိုဗစ်အချိန်ကာလမှာ ဆေးဝယ်ပြီးအားပေးတဲ့သူတွေအတွက် အလှူလေးတစ်ခုလုပ်ချင်ပါတယ်။

အဆုတ်ကျန်းမာရေးအတွက်သာမက ခန္ဓာကိုယ်အတွက်အခြားသောကောင်းကျိုးများလည်းရှိတဲ့ "ရှီးပဒီး (Cordyceps) - 𝐂𝐨𝐫𝐝𝐲𝐌𝐚𝐱 𝐂𝐒-4" ဝယ်ယူသူတိုင်းကို 🔖65,000/- 😱😱 နဲ့ထားပေးပြီး ကျန်တာကို အလှူ‌အနေနဲ့ ကိုဗစ်ကာလအတွင်းမှာ တတ်နိုင်တဲ့ဘက်ကပါဝင်ချင်ပါတယ်။

ပစ္စည်းရောက်တာနဲ့ အကုန်မြန်တာမို့ ‌ဝယ်ယူအားပေးမယ့်သူများ ဖော်ပြပါဖုန်းနံပါတ်တွေကို မေးမြန်းမှာယူနိုင်ပါတယ်နော်...

အားလုံး ကျန်းမာချမ်းသာကြပါစေ 🙏🏻

Dr.Phyo Maung Maung ရဲ့ Cordyceps (ရှီးပဒီး) နဲ့ပတ်သက်ပြီး မျှဝေထားတာလေးပါ----------------------------------------------...
05/08/2021

Dr.Phyo Maung Maung ရဲ့ Cordyceps (ရှီးပဒီး) နဲ့ပတ်သက်ပြီး မျှဝေထားတာလေးပါ
--------------------------------------------------
ကိုဗစ်ဗိုင်းရပ် ( SARS-Cov-2 ) နှင့် Cordyceps ( ရှီးပဒီး ​ခေါ် ​ဆေးပိုးနွယ်​ရှင်​ ​ခေါ် ဆောင်း​ပိုး​နွေမြက်​ )

ဆေးဘက်ဝင် မှိုတွေကို စားပေးခြင်းဖြင့် ပရိုဘိုင်အိုတစ်တွေအတွက် အစားအစာကို ပေးပါတယ်။ ကိုယ်တွင်းဇီဝပိုး အသိုက်အမြုံကို မျှတစေတယ်။ စိတ်ဖိစီးမှုကြောင့် ထွက်လာသော ဟိုမုန်းပမာဏကို မျှတစေတယ်။ ဓာတုဆေးများ နှင့် သတ္ထုအဆိပ်များကို ဖယ်ရှားသန့်စင်ပေးတယ်။

မှိုပင်မှာ ဘက်တီးရီယား နှင့် ဗိုင်းရပ်စ်ကို တိုက်ပေးနိုင်တဲ့ သဘာဝစွမ်းအင် အမြောက်အများရှိပါတယ်။ ဗိုင်းရပ်စ် နှင့် candida မှိုရောဂါမှ ကာကွယ်ပေးတယ်။ ခုခံအားစနစ်ကို ထိရောက်စွာတိုးတက်စေတယ်။ အော်တိုအင်မြူးရောဂါများတွင် ရောဂါဖြစ်စေသော ဆိုးသွမ်းသည့် ကိုယ်ခံအားအစိတ်အပိုင်းကို ဟန့်တားပြုပြင်ပေးတယ်။ အကျိတ် နှင့် ကင်ဆာဆဲလ်များကို ပျက်စီးစေတယ်လို့ Dr. Josh Axe က Eat Dirt စာအုပ်မှာ ရေးပါတယ်။

ဆေးဘက်ဝင် မှိုပင်တစ်မျိုးဖြစ်တဲ့ cordyceps ( ရှီးပဒီး ​ခေါ် ​ဆေးပိုးနွယ်​ရှင်​ ​ခေါ် ဆောင်း​ပိုး​နွေမြက်​ ) ဟာ အဟာရပြည့်စုံမှု နှင့် ဆေးဘက်ဝင်မှုကြောင့် လူသိများပါတယ်။ ဟိမဝန္တာတောင်တွေရဲ့ အမြင့်ပိုင်းတွေမှာ တွေ့ရလေ့ရှိပြီး အာရှဒေသမှာ စွပ်ပြုတ်လုပ်သောက်လေ့ရှိပါတယ်။ တရုတ်ပြည်ရဲ့ လေ့လာမှုမှာ အကျိတ်တွေကို သေးသွားစေပြီး ကြွက်တွေရဲ့ အသက်ပိုရှည်လာတယ်ရေးပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါ၊ ရင်ကျပ်ရောဂါ၊ နှင့် အခြားသောလေပြွန်နှင့် ဆိုင်တဲ့ ရောဂါတွေမှာ သုံးပါတယ်။

ရှီးပဒီးမှာပါဝင်တဲ့ cordycepin နဲ့ ကိုရိုနာဗိုင်းရပ် ( SARS-CoV-2 ) ရဲ့ spike protein နှင့် main proteases ကြား မော်လီကျူးတုံ့ပြန်မှုရှိတဲ့အပြင် polyadenylation inhibition ရှိတာကြောင့် ရှီးပဒီးက ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်ဝင်ရောက်ခြင်း နှင့် ဗိုင်းရပ်ပွားခြင်းကို တားဆီးနိုင်ချေရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့အဖွဲ့အစည်းများအနေနဲ့ ရှီးပဒီးကို COVID 19 ကုသမှုမှာ သုံးလို့ရမရ အမြန်ဆုံး ဖော်ထုတ်သင့်တယ်လို့ ရေးသားတောင်းဆိုမှုတွေရှိပါတယ်။ ဒါပြင် ရှီးပဒီးရဲ့ အကျိုးသက်ရောက်မှုက အသည်း၊ ကျောက်ကပ် ၊ နှလုံး နှင့် သွေးကြော၊ အဆုတ်၊ အာရုံကြော နှင့် ခုခံအားစနစ်တွေအတွက် အကာအကွယ်ဖြစ်စေတာကြောင့် COVID-19 ကူးစက်မှုရဲ့ နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါ ကမောက်ကမဖြစ်မှုကိုထိန်းနိုင်ပြီး ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ဖြစ်စေပါတယ်။

ဒေါက်တာဖြိုးမောင်မောင်

https://m.facebook.com/story.php?story_fbid=346305626855339&id=100044277137154

Shwe Myittar - ရွှေမေတ္တာ

𝐎𝐌𝐄𝐆𝐀 3-6-9 တွေကို ဘယ်လိုအစားအစာတွေမှာ ကြွယ်ဝစွာ ရရှိနိုင်လဲဆိုတာ မျှဝေပေးမယ်နော်... 🔺 𝐎𝐌𝐄𝐆𝐀 3-6-9 တွေက ဘာလဲ?Omega 3 ကို...
04/08/2021

𝐎𝐌𝐄𝐆𝐀 3-6-9 တွေကို ဘယ်လိုအစားအစာတွေမှာ ကြွယ်ဝစွာ ရရှိနိုင်လဲဆိုတာ မျှဝေပေးမယ်နော်...

🔺 𝐎𝐌𝐄𝐆𝐀 3-6-9 တွေက ဘာလဲ?
Omega 3 ကိုတော့ အဆီများတဲ့ငါးက ရရှိနိုင်ပြီး
Omega 6 & 9 ကိုတော့ အသီးအရွက်၊ ပဲ၊ အစေ့အဆံတို့မှ ရရှိနိုင်ပါတယ်။

⭐ 𝐎𝐦𝐞𝐠𝐚 3

- ဆယ်လမွန်ငါး (Salmon)
- ငါးကွန်းရှပ် (Mackerel)
- ဆာဒင်ငါးသေတ္တာ (Sardine)
- ငါးပါးနီ (Anchovy)
- ချီရာအစေ့ (Chia seeds)
- သစ်ချသီး (Walnuts)
- နှမ်းကြတ်စေ့ (Flaxseeds)

⭐ 𝐎𝐦𝐞𝐠𝐚 6

- ပဲပိစပ်ဆီ (Soybean oil)
- ပြောင်းဖူးဆီ (Corn oil)
- မရောနိစ် (Mayonnaise)
- သစ်ချသီး (Walnuts)
- နေကြာစေ့ (Sunflower seeds)
- အယ်လမွန်စေ့ (Almonds)
- သီဟိုဠ်စေ့ (Cashew nuts)

⭐ 𝐎𝐦𝐞𝐠𝐚 9

- သံလွင်ဆီ (Olive oil)
- အယ်လမွန်ဆီ (Almond oil)
- ထောပတ်သီးဆီ (Avocado oil)
- ပဲဆီ (Peanut oil)
- အယ်လမွန်စေ့ (Almond)
- သီဟို‌ဠ်စေ့ (Cashew nuts)
- သစ်ချသီး (Walnuts)

Ref link
https://www.healthline.com/nutrition/omega-3-6-9-overview -sources

Pann Zegarr - ပန်းစကား

𝐎𝐌𝐄𝐆𝐀 3-6-9(Essential Fattiy Acids) ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက် အဓိက လိုအပ်တဲ့ Omega fatty acids ကို နေ့စဥ်စားသောက်နေတဲ့...
04/08/2021

𝐎𝐌𝐄𝐆𝐀 3-6-9
(Essential Fattiy Acids)

ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက် အဓိက လိုအပ်တဲ့ Omega fatty acids ကို နေ့စဥ်စားသောက်နေတဲ့ အဓိကအစားအစာတွေကရရှိနိုင်ပြီး အရေးပါတဲ့ Omega Fatty Acids သုံးမျိုးဖြစ်တဲ့ Omega 3, Omega 6, Omega 9 တို့ကို ဆေးတစ်လုံးထဲမှာ ရရှိနိုင်တဲ့ 𝐎𝐌𝐄𝐆𝐀 3-6-9 ဆေးလေးနဲ့ မိတ်ဆက်ပေးပါမယ်။

Made in Canada Brand ဖြစ်ပြီး FDA Certificate ပါရရှိထားတဲ့ အတွက် အရည်အသွေးအတွက် စိတ်ပူစရာမလိုသလို Halal ထောက်ခံချက်ပါ ရရှိထားလို့ လူမျိုးဘာသာမရွေး စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။

🔺 Omega 3-6-9 တွေက ဘာတွေလဲ?
Omega 3 ကိုတော့ အဆီများတဲ့ငါးတွေက ရရှိနိုင်ပြီး
Omega 6 & 9 ကိုတော့ အသီးအရွက်၊ ပဲ နှင့် အစေ့အဆံ တို့မှ ရရှိနိုင်တဲ့ လူ့ခန္ဓာအတွက် လိုအပ်တဲ့ fatty acids တွေဖြစ်ပါတယ်။

🔺 Omega ရဲ့ ကောင်းကျိုး
- နှလုံးကျန်းမာရေးအတွက် မျှတအောင်အထောက်အကူပြုပေးခြင်းကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး သွေးခဲသွေးပစ်မှုကို လျော့နည်းစေနိုင်ခြင်း
- အသဲအဆီပိုကို လျှော့ချရာတွင် ကူညီပေးခြင်း
- လေဖြတ်ခြင်းကို ကာကွယ်ပေးခြင်း
- ကင်ဆာရောဂါ ကာကွယ်ပေးခြင်း
- အရိုးအဆစ် ရောင်ရမ်းခြင်းများကို သက်သာစေခြင်း
- ဦးနှောက်နှင့် အာရုံကြောများကို ကောင်းမွန်‌စေခြင်း
- အသားအရေ၊ ခြေသည်းလက်သည်းနှင့် ဆံပင်တို့ကို အထူးကောင်းမွန်စေခြင်း
- သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးသောကြောင့် ဆီးချိုရောဂါကို သက်သာစေခြင်း
- သွေးဆုံးမီးယပ်၊သားအိမ်ရောဂါ စသော အမျိုးသမီးရောဂါများကိုလည်း သက်သာစေခြင်း
- သန္ဓေသားဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူပြုခြင်း
- စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး အထောက်အကူပြုပေးခြင်း ( Parkinson's disease - ပါကင်ဆန်ရောဂါ၊ စိတ်ကျရောဂါ)
- ကိုယ်တွင်းရောင်ရမ်းမှုကို လျှော့ချပေးခြင်း စတဲ့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာကို ရရှိနိုင်ပါတယ်။

🔺 ဘယ်လိုသောက်ရမလဲ?
- တစ်နေ့ ၁ - ၂ လုံးမှ သောက်သုံးနိုင်ပါတယ်။

လိုအပ်တဲ့ Omega ပမာဏတွေကို နေ့စဉ်အစားအစာတွေကနေ ရရှိနိုင်ပေမယ့် လုံလောက်စွာမစားသုံးနိုင်တဲ့အတွက် ဖြည့်စွက်စာအားဆေးအနေနဲ့ သောက်သုံးနိုင်ပါတယ်။

𝐎𝐌𝐄𝐆𝐀 3-6-9
𝐀𝐒𝐊𝐀 [made in Canada]
90 Capsules/bot
20,000/- MMK

Shwe Myittar - ရွှေမေတ္တာ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959446621989

Alerts

Be the first to know and let us send you an email when Shwe Myittar - ရွှေမေတ္တာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram