15/02/2022
ဆေးခန်းသွားဖို့ အပြင်ထွက်ရမှာ ကြောက်နေတုန်းလား ???
ခုလို Covid ကပ်ဘေး ကာလမှာ ကျန်းမာရေး ပြဿနာကြုံလာလို့ ဆေးရုံ၊ ဆေးခန်းသွားဖို့ စဉ်းစားတဲ့ အခါ ... လူငယ်၊လူရွယ်တွေ အတွက်က လွယ်ကူပေမယ့် သက်ကြီးရွယ်အို၊လူကြီးပိုင်း၊ ကိုယ်ဝန်ဆောင်နဲ့ သားသား၊မီးမီး လေးတွေ အတွက်ကြုံလာတဲ့အခါ ပိုးကူးစက်ခံရမှာလည်း စိုရိမ်၊ ဘာဖြစ်မှန်းမသိလို့ မပြပဲလည်း နေဖို့မရဲဖြစ်ရတာ မိသားစုတိုင်းပါပဲ။
ဒါပေမယ့် ခုလိုအချိန်မှာ ဒီလိုပြဿနာတွေအတွက် telemedicine/ tele-consultation စတဲ့ online သို့မဟုတ် Phone မှတဆင့် ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ သူတွေ၊ Healthcare Provider တွေအများအပြား ရှိနေပြီဖြစ်ပြီးတော့ ဝန်ဆောင်ခများဟာလည်း ဆေးရုံ၊ ဆေးခန်းသွားတဲ့ ကုန်ကျစရိတ်ထက် များစွာ သက်သာပါတယ်။
အောက်ပါ အခြေအနေတွေ မိမိ မိသားစုမှာ ရှိနေခဲ့ရင် telemedicine/ tele-consultation services စတဲ့ online ဝန်ဆောင်မှုများကို ရယူသင့်ပါတယ်။
- မိမိအိမ်မှာတင် အိမ်သုံးဆေးဖြင့်ကုသမှုခံယူနိုင်သော သာမန် ဖျားနာတာ
မျိုးဆိုရင်
- ဆေးရုံ၊ ဆေးခန်းသွားဖို့ လိုအပ်၊ မလိုအပ် ဝေခွဲရခက်နေတယ် ဆိုရင်
- သွားလာရ ခက်ခဲတဲ့ သက်ကြီးရွယ်အိုများ အသေးစား ကျန်းမာရေး
ပြဿနာကြုံလာရရင်
- လူကြီးပိုင်း၊ ကိုယ်ဝန်ဆောင်နဲ့ သားသား၊မီးမီးလေးတွေ မလိုအပ်ဘဲ
ဆေးရုံ၊ ဆေးခန်း မသွားချင်ဘူးဆိုရင်
စတဲ့ အခြေအနေတွေမှာ telemedicine/ tele-consultation စတဲ့ online ဝန်ဆောင်မှုများကို ရယူခြင်းအားဖြင့် ကျန်းမာရေး ကုန်ကျစရိတ်များကို များစွာ သက်သာစေမှာ ဖြစ်ပီးတော့ Covid ပိုးကူးစက်ခံရနိုင်ခြေလည်း လျော့နည်းစေမှာပါ။
ခုဆိုရင်တော့ သင့်အိမ် (Thint Aein Healthcare) မှလည်း telemedicine/ tele-consultation စတဲ့ online ကျန်းမာရေး ဝန်ဆောင်မှုများကို စတင်တော့မှာဖြစ်ပြီးတော့ အထူးကု ဆရာဝန်များနဲ့ မိမိအိမ်ကနေပြီးတော့တိုက်ရိုက်ဆွေးနွေးနိုင်အောင် စီစဉ်ထားပါတယ်။
ဆေးရုံ၊ဆေးခန်းသွားရောက် ဆေးကုသမှုခံယူရာမှာ ကုန်ကျမယ့် စရိတ်ထက် သက်သာတဲ့ နှုန်းထားများနဲ့ ဝန်ဆောင်မှုကို ရယူနိုင်မှာ ဖြစ်ပြီး Facebook Messenger, Viber, Mobile Phone စသည်ဖြင့် မိမိ အဆင်ပြေရာ channel များမှ ဝန်ဆောင်မှုကို ရယူနိုင်မှာ ဖြစ်ပါတယ်။
နောက်ပြီး online ဆေးခန်း စတင်တဲ့ အထိမ်းအမှတ်အနေနဲ့ promotion အစီအစဉ် တွေနဲ့ free consultation အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်မယ့် အခွင့်အလမ်း တွေလည်း မကြာမီ ရောက်လာတော့မှာ မလို့ Page ကို Like and Follow လုပ်ထားကြဖို့ မမေ့ပါနဲ့အုန်း ...
သင့်အိမ်
Your Home For Care