Tyron 's Talking Therapy

Tyron 's Talking Therapy Coaching /Guidance & Counseling /
Psychosocial Supports

စဥ်းစားဆင်ခြင်ရတာခက်တယ်။ ဒါကြောင့် လူအများစုက သူများကို ဆုံးဖြတ်အပြစ်တင်တာတွေ လုပ်ကြတယ်။(စိတ်ကုပညာရှင် ကားလ် ယွန်း Carl ...
18/10/2025

စဥ်းစားဆင်ခြင်ရတာခက်တယ်။
ဒါကြောင့် လူအများစုက သူများကို ဆုံးဖြတ်အပြစ်တင်တာတွေ လုပ်ကြတယ်။

(စိတ်ကုပညာရှင် ကားလ် ယွန်း Carl G Jung)

"I am guided throughout this day in making the right choices. I desire only that which is for my highest good." 🦜Tyron '...
16/10/2025

"I am guided throughout this day in making the right choices. I desire only that which is for my highest good." 🦜
Tyron 's Talking Therapy

ကိုယ် ရထားမှားစီးမိနေတာကို သိတဲ့အခါ အနီးဆုံးဘူတာမှာပဲ ပြန်ဆင်းဖို့ မနှေးနဲ့။ ကြာကြာစီးလေ ကိုယ်သွားရမယ့်နေရာနဲ့ ဝေးလေပဲ။ ...
15/10/2025

ကိုယ် ရထားမှားစီးမိနေတာကို သိတဲ့အခါ အနီးဆုံးဘူတာမှာပဲ ပြန်ဆင်းဖို့ မနှေးနဲ့။ ကြာကြာစီးလေ ကိုယ်သွားရမယ့်နေရာနဲ့ ဝေးလေပဲ။ ပြန်လှည့်ဖို့ခရီးဟာ ပို ပင်ပန်းမယ်၊ ပို စရိတ်ကြီးမယ်။

ဒါက ရထားအကြောင်းကိုသာပြောတာ မဟုတ်ဘူး။ ဘဝအကြောင်းကိုပါပြောချင်တာ။ မှားတဲ့လမ်းကြောင်းပေါ်ရောက်နေတယ်ဆိုရင် - ဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ အလုပ်အကိုင်မှာပဲဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်တစ်ခုခုမှာပဲဖြစ်ဖြစ် - စောစောသိအောင်လုပ်ပြီး ပြန်ဆင်းရဲတဲ့ သတ္တိရှိဖို့လိုတယ်။ သင် အမှန်တကယ် ရောက်ချင်တဲ့နေရာကို ပြန်သွားဖို့ အခုအမြန်ဆုံး နောက်ပြန်လှည့်လေ ပိုလွယ်လေပဲ။

When you find yourself on the wrong train, don't hesitate to get off at the very first stop. The longer you stay on, the further you'll drift from where you're meant to be, and the journey back will only grow more difficult and expensive.

But this isn’t just about a train. It’s about life. When you're headed in the wrong direction—be it in a relationship, a career, or a choice you've made—recognize it early and have the courage to get off. The sooner you turn around, the easier it will be to find your way back to where you truly want to be.

English text crd - Worth Sharing

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Today, affirm with me: "I enjoy offering encouragement and compliments to others." 🌷Tyron 's Talking Therapy
15/10/2025

Today, affirm with me: "I enjoy offering encouragement and compliments to others." 🌷
Tyron 's Talking Therapy

ဒီမနက် သွားတဲ့လမ်းမှာ ကားတစ်စီးနောက်ကနေ ကျွန်တော် လိုက်ခဲ့တယ်။ အဲဒီကားရဲ့ နောက်မှာ ဆိုင်းဘုတ်တစ်ခု ချိတ်ထားတယ်၊ အဲဒီမှာ ...
15/10/2025

ဒီမနက် သွားတဲ့လမ်းမှာ ကားတစ်စီးနောက်ကနေ ကျွန်တော် လိုက်ခဲ့တယ်။
အဲဒီကားရဲ့ နောက်မှာ ဆိုင်းဘုတ်တစ်ခု ချိတ်ထားတယ်၊ အဲဒီမှာ ရေးထားတာက-

"ကား မောင်းသင်နေဆဲ။ အနှောင့်အယှက်အတွက် ခွင့်လွှတ်ပါ"

ဒီအချက်ကို သိလိုက်ရတော့ ကျွန်တော် ကားက ဖြည်းဖြည်းလေး မောင်းတာ၊ ရုတ်တရက် ဆောင့်ဆောင့်ပြီး ထွက်သွားတာမျိုးတွေမှာတောင် စိတ်ရှည်လက်ရှည် ထားနိုင်ခဲ့တယ်။

တကယ်တမ်းဆိုရင် သင်ယူနေတဲ့သူတစ်ယောက်အတွက် သူ မောင်းတာ တော်တော်လေး ကောင်းနေသေးတယ်။

ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိတယ်။

"ဒီဆိုင်းဘုတ်ကို မတွေ့ခဲ့ရရင်ရော... ငါ အဲဒီလောက် စိတ်ရှည်ပါ့မလား"

ဖြစ်နိုင်ခြေကတော့ စိတ် မရှည်နိုင်ဘူး။

အဲဒီအတွေးက ကျွန်တော့်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားစေတယ်။

ဘာလို့လဲဆိုတော့ အမှန်တရားက လူအများစုဟာ သူတို့ ဘာတွေ ဖြတ်သန်းနေရလဲဆိုတာကို ရှင်းပြထားတဲ့ ဆိုင်းဘုတ်တွေ ဝတ်ဆင်ထားတာ မရှိဘူး။ ကျွန်တော်တို့ဟာ ဒီလို စာသားတွေကို ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူး။

"ကွာရှင်းဖို့ ကြိုးစားနေတယ်"
"ကလေး ဆုံးရှုံးခဲ့ရတယ်"
"စိတ်ဓာတ်ကျနေတယ်"
“မိသားစုပြိုကွဲသွားတယ်
“ပိုင်ဆိုင်သမျှတွေ ဆုံးရှံုးကုန်တယ်
“ကင်ဆာ ရောဂါရှာဖွေတွေ့ရှိထားတာ မကြာသေးဘူး"
“နောက်၆လောက်ပဲနေရတော့မယ်
“အိမ်မရှိတော့ဘူး
“ကိုယ်လက်အဂ်ါမစုံတော့ဘူး စသည် စသည်ပေါ့ဗျာ

လူတွေရဲ့ ရုန်းကန်နေရမှုတွေကို စာနဲ့ ရေးထားတာ မြင်ရမယ်ဆိုရင်၊ ကျွန်တော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ပိုပြီး နူးညံ့သိမ်မွေ့စွာ ဆက်ဆံကြမှာ သေချာတယ်။
ဒါပေမဲ့ ကြင်နာမှုပြဖို့အတွက် ကျွန်တော်တို့ ဆိုင်းဘုတ်တစ်ခု မလိုအပ်သင့်ပါဘူး။

တွေ့ဆုံရတဲ့ လူတိုင်းဟာ ကိုယ် မမြင်နိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုခု ကို ထမ်းပိုးထားကြတာချည်းပါပဲ။
ဒါကြောင့်... စိတ်ရှည်သည်းခံမှုကို ရွေးချယ်ကြပါစို့။
ချစ်ခင်စောင့်ရှောက်မှုကို ရွေးချယ်ကြပါစို့။

ချစ်ခြင်းမေတ္တာကို ရွေးချယ်ကြပါစို့—ကျွန်တော်တို့ကို အဲဒီလို လုပ်ခိုင်းနေတဲ့ ဆိုင်းဘုတ် မရှိသည့်တိုင်အောင်ပေါ့။

Tyron 's Talking Therapy

စည်းစိမ်ဆိုတာ ဘာလဲ။ စည်းစိမ်ဆိုတာ ရှားပါးတယ်၊ စျေးကြီးတယ်၊ လူတိုင်းမရနိုင်ဘူးဆိုပြီး သူတို့က ကျွန်တော်တို့ကို ယုံကြည်စေခ...
14/10/2025

စည်းစိမ်ဆိုတာ ဘာလဲ။

စည်းစိမ်ဆိုတာ ရှားပါးတယ်၊ စျေးကြီးတယ်၊ လူတိုင်းမရနိုင်ဘူးဆိုပြီး သူတို့က ကျွန်တော်တို့ကို ယုံကြည်စေခဲ့တယ်။ ရဖို့ခက်တဲ့ အရာတွေပေါ့။

စည်းစိမ်ဆိုတာ အရင် ရှိနေတုန်းက တန်ဖိုးမသိခဲ့တဲ့ သေးသေးလေးတွေဆိုတာကို အခုတော့ ကျွန်တော်တို့ သိကြပြီ။။ အခု မရှိတော့မှ ဒါတွေကို ပြန်တမ်းတနေကြတယ်။

စည်းစိမ်ဆိုတာ ကျန်းမာနေတာပဲ။
စည်းစိမ်ဆိုတာ ဆေးရုံထဲ ခြေမချရတာပဲ။
စည်းစိမ်ဆိုတာ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်နိုင်တာပဲ။
စည်းစိမ်ဆိုတာ လမ်းပေါ်ထွက်ပြီး မျက်နှာဖုံးမပါဘဲ အသက်ရှူနိုင်တာပဲ။
စည်းစိမ်ဆိုတာ မိသားစုအားလုံး၊ သူငယ်ချင်းတွေအားလုံးနဲ့ တွေ့ဆုံနိုင်တာပဲ။
စည်းစိမ်ဆိုတာ သူတို့ရဲ့အကြည့်တွေပဲ။
အပြုံးတွေက စည်းစိမ်ပဲ။
စည်းစိမ်ဆိုတာ အပွေ့တွေ၊ အနမ်းတွေပဲ။
စည်းစိမ်ဆိုတာ နေထွက်လာတိုင်းကို ခံစားနိုင်တာပဲ။
စည်းစိမ်ဆိုတာ ချစ်နိုင်တာ၊ အသက်ရှင်နိုင်တာရဲ့ အခွင့်အရေးပဲ။

ဒါတွေအားလုံးက စည်းစိမ်တွေပဲ။ ကျွန်တော်တို့ မသိခဲ့ကြဘူး။

ကောင်းချီးမင်္ဂလာ ပြည့်ပါစေ။
ကျေးဇူးတရားရှိပါစေ။

What is Luxury?

They made us believe that luxury was the rare, the expensive,
the exclusive. Everything that seemed unobtainable.

Now we realize that luxury is those little things we didnt know how to value when we had them, and now that they're gone, we miss them so much.

Luxury is being healthy.
Luxury is not stepping into a hospital.
Luxury is being able to walk along the seashore.
Luxury is going out on the streets and breathing without a mask.
Luxury is meeting with your whole family, all your friends.
Luxury is their looks.
Smiles are Luxury.
Luxury is hugs and kisses.
Luxury is enjoying every sunrise.
Luxury is the privilege of loving and being alive.

All this is luxury and we didn't know.

Stay blessed. Stay grateful.

English text - Anon
Picture crd - Pixabay

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

"I smile at my reflection in mirrors. I am comfortable looking at myself." 🪞Tyron 's Talking Therapy
14/10/2025

"I smile at my reflection in mirrors. I am comfortable looking at myself." 🪞
Tyron 's Talking Therapy

"Harmony surrounds me. All is well in my world." 🐬Repeat this affirmation throughout the day.🩵Tyron 's Talking Therapy
13/10/2025

"Harmony surrounds me. All is well in my world." 🐬

Repeat this affirmation throughout the day.🩵
Tyron 's Talking Therapy

အမုန်းစ်ိတ်အစွဲနဲ့အကြမ်းဖက် ရန်လိုမှုအပြုအမူများလျော့ပါရေးအထင်ကရ ဆရာတော်ကြီးတပါး ရွာတစ်ရွာမှာ တရားပွဲလုပ်နေတုန်း ဓါးပြတွ...
13/10/2025

အမုန်းစ်ိတ်အစွဲနဲ့အကြမ်းဖက်
ရန်လိုမှုအပြုအမူများလျော့ပါရေး

အထင်ကရ ဆရာတော်ကြီးတပါး ရွာတစ်ရွာမှာ တရားပွဲ
လုပ်နေတုန်း ဓါးပြတွေဝင်လာ ဓားပြတိုက်သတဲ့။
ဓားပြတွေက"ဟေ့ ...တစ်ယောက်မှမလှုပ်နဲ့ အားလုံးမြေပြင်ပေါ်မှာပြားပြား မှောက်နေကြစမ်း"ဆိုလို့ ဆရာတော်ကြီးလည်း တရားဟောစဉ်ပေါ်က ဆင်းပြီး မြေပြင်မှာ ပြားပြားမှောက်ဝပ်နေရသတဲ့။ ဓားပြတွေထွက်သွားတော့ ဒကာ ဒကာမတွေက "အရှင်ဘုရား ဓားပြတွေကို တရား ဟောလိုက်ပါတော့လားဘုရား အကျွတ်တရားရသွားအေင်လို့" လို့လျောက်သတဲ့။
ဒီတော့ ဆရာတော်ကြီးက
“ဟဲ့ ဓားပြကို တရားသွားဟောလို့ ဘယ်ရမှာတုံး။
ငါ့ကိုသတ်သွားမှာပေါ့ ဟဲ့"လို့ဆိုသတဲ့။

ကျွန်တော်တို့တွေဟာ "ရန်လိုအကြမ်းဖက်သတ်ဖြတ်မှုတွေမကောင်းဘူး အဓိကရုန်းတွေ ပဋိပက္ခတွေဟာမကောင်းဘူး စစ်ပွဲတွေမကောင်းဘူး လောကငရဲတွေပဲ"စသည့်ဖြင့်လူအများကို လက်ခံယုံကြည်သွားအောင်ဟောပြောလို့ရတယ်။ ဒါပေမယ့် ဒီလိုကျိုးကြောင်းပြ ဟောပြောရုံသက်သက်နဲ့တော့အကြမ်းဖက်သတ်ဖြတ်မှုတွေ သိသိသာသာလျော့မသွားဘူးခင်ဗျ။ အကြမ်းဖက်ရန်လိုမှုဟာ လူတွေအတွက် မကောင်းဘူးလို့ ယုံကြည်စေရင်တောင် မိမိအတွက် မကောင်းဘူးလို့မယုံကြည်သေးတဲ့လူတွေ ရှိနေသေးသ၍ လုပ်နေကြဦးမှာပဲဗျ။ ဆရာတော်ကြီး မိန့်သလို တရားဟောလို့မရတဲ့ ဓားပြလို
လူတွေကရှိသေးတာကလား။

လူများစွာကို အကျိုးအကြောင်းဆီလျှော်တဲ့ ဟောပြောမှု သက်သက်နဲ့ ဆွဲဆောင်လို့ မရဘူးဆိုတာ အရစ်တိုတယ်ကလည်းဟိုလွန်ခဲတဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်လောက် ကတည်းကသိမြင်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ကလေးငယ်တွေကို ငယ်ငယ်ကတည်းက အကြမ်းဖက်ရန်လိုတာမကောင်းမှန်းသိအောင် သင်ပြပေးနေရဦးမှာပါပဲ။ ဆုပေးဒဏ်ပေးစနစ်တွေနဲ့
ပဲ့ပြင် ပေးနေရဦးမှာပါပဲ။

ဒေါက်တာမြင့်လွင်(စ်ိတ်ပညာ)

Today's affirmation: "I now release the ties that bind me. I am free!" 🍃Tyron 's Talking Therapy
12/10/2025

Today's affirmation: "I now release the ties that bind me. I am free!" 🍃
Tyron 's Talking Therapy

ခရစ်ယာန်ဘာသာရှုထောင့်မှ စိတ်ကျန်းမာရေးစောင့်ရှောက်ဖို့ အချက် (၁၀) ချက်၁။ ဆုတောင်းခြင်းဖြင့် ငြိမ်သက်ခြင်းကို ရှာပါ။စိုးရ...
12/10/2025

ခရစ်ယာန်ဘာသာရှုထောင့်မှ စိတ်ကျန်းမာရေးစောင့်ရှောက်ဖို့ အချက် (၁၀) ချက်

၁။ ဆုတောင်းခြင်းဖြင့် ငြိမ်သက်ခြင်းကို ရှာပါ။

စိုးရိမ်ပူပန်မှုတိုင်းကိုဘုရားသခင်အား ဆုတောင်းခြင်း၊ ကျေးဇူးတင်ခြင်းဖြင့် သိကြားလိုက်ပါ။ ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် နားလည်ခြင်းအားလုံးကို ကျော်လွန်၍ သင်၏စိတ်နှလုံးနှင့် အတွေးအမြင်များကို ခရစ်တော်၌ စောင့်ရှောက်မည်ဖြစ်သည် (ဖိလိပ္ဋိ ၄:၆-၇)။

၂။ သမ္မာကျမ်းစာကို နေ့စဉ်မှီဝဲပါ။

ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်၏စိတ်နှလုံးအတွက် မီးရှူးတန်ဆော၊ လမ်းခရီးဖြစ်သည်။ ယုံကြည်ခြင်းသည် ကြားနာခြင်းမှ၊ ကြားနာခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်သည် (ရောမ ၁၀:၁၇)။ ဘုရားစကားတော်ကို နေ့စဉ်ဖတ်ရှု့ဆင်ခြင်ခြင်းဖြင့် မျှော်လင့်ခြင်းနှင့် ငြိမ်သက်ခြင်းကို တိုးပွားစေပါသည်။

၃။ အသင်းတော်အသိုင်းအဝိုင်းနှင့် ဆက်သွယ်ပါ။

တစ်ယောက်တည်းမနေပါနှင့်။ ညီအစ်ကိုမောင်နှမများနှင့် ဝိုင်းဝန်းဆက်ဆံပါ။ ဝမ်းမြောက်ခြင်းနှင့် ငိုကြွေးခြင်း၊ အတူရှိကြပါ (ရောမ ၁၂:၁၅)။ အသင်းတော်သည် ဘုရားသခင်၏ မိသားစုဖြစ်ပြီး ခွန်အားပေးမှု၊ အားပေးမှုနှင့် ဆုတောင်းမှုများ ရရှိရာ နေရာဖြစ်သည်။

၄။ ကျေးဇူးတင်ခြင်းဖြင့် နေပါ။

ကျေးဇူးတင်ခြင်းဖြင့်ဘုရားသခင်ထံ ချဉ်းကပ်ပါ။ ကျေးဇူးတင်စရာများကို ရှာဖွေရေးမှတ်တမ်းတင်ပါ (၁ သက် ၅:၁၈)။ ကျေးဇူးတင်ခြင်းသည် သင်၏အာရုံစိုက်မှုကို ပြဿနာမှ ကျေးဇူးတော်ပေါ်သို့ ပြောင်းလဲစေပြီး စိတ်ကျန်းမာရေးကို ကောင်းမွန်စေသည်။

၅။ ခွင့်လွှတ်ခြင်းကို ကျင့်သုံးပါ။

အခြားသူများကိုခွင့်လွှတ်ခြင်းသည် သင့်အတွက် လွတ်မြောက်ခြင်းဖြစ်သည်။ ခရစ်တော်သည် သင်၏အပြစ်များကို ခွင့်လွှတ်သကဲ့သို့၊ သင်သည်လည်း အခြားသူများကို ခွင့်လွှတ်ပါ (ကော ၃:၁၃)။ မခွင့်လွှတ်နိုင်ခြင်းသည် စိတ်ဒဏ်ရာကို နက်ရှိုင်းစေပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေသည်။



၆။ ဝန်ထုပ်များကို ဘုရားအားထားပါ။

သင်၏စိုးရိမ်ပူပန်မှုအားလုံးကိုဘုရားသခင်အားထားလိုက်ပါ။ သူသည် သင်၏အကြောင်းကို ဂရုစိုက်တော်မူသည် (၁ ပေ ၅:၇)။ သင်တစ်ယောက်တည်း မထမ်းဆောင်နိုင်သော ဝန်ထုပ်များကို ကျေးဇူးတော်အားဖြင့် သူ့ထံ လွှဲအပ်ပါ။

၇။ အနားယူခြင်းနှင့် အိပ်စက်ခြင်းကို အရေးထားပါ။

ဘုရားသခင်ပင်ဖန်ဆင်းပြီးနောက် အနားယူတော်မူသည်။ သင်၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းဖြစ်ပြီး အနားယူမှု လိုအပ်သည် (ထွက် ၂၀:၈-၁၀)။ လုံလောက်သော အိပ်စက်ခြင်းနှင့် အနားယူခြင်းသည် စိတ်ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။

၈။ အကူအညီတောင်းခံရန် ဝန်မလေးပါနှင့်။

စိတ်ဒဏ်ရာ၊စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျခြင်းစသည့် ပြဿနာများအတွက် ပရော်ဖက်ရှင်နယ် အကူအညီ (စိတ်ရောဂါကုဆရာဝန်၊ ​ကောင်ဆယ်လာ ) ရှာဖွေပါ။ ဉာဏ်ပညာရှိသူများထံမှ အကြံဉာဏ်ရယူခြင်းသည် ပညာရှိသော အမှုဖြစ်သည် (သုတ္တံ ၁၁:၁၄)။

၉။ ဝန်ခံပြောဆိုဆက်ဆံပါ။

သင်၏ခံစားချက်များနှင့်ကြုံတွေ့နေရသည်များကို ယုံကြည်စိတ်ချရသော ညီအစ်ကိုမောင်နှမများအား ဝန်ခံပြောဆိုပါ (ယာကုပ် ၅:၁၆)။ တစ်ယောက်တည်း ရင်ဆိုင်မထားပါနှင့်။ အသင်းတော်အသိုင်းအဝိုင်းသည် ဝန်ထုပ်များကို အတူတကွ သယ်ဆောင်ရန် ဖြစ်သည်။

၁၀။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အာရုံပြုပါ။

မည်သည့်အရာကမှသင့်အား ဘုရားသခင်၏ချစ်ခြင်းမေတ္တာမှ ခွဲခြား၍မရပါ (ရောမ ၈:၃၈-၃၉)။ သင်သည် အချစ်တော်ခံ သားသမီးဖြစ်ကြောင်း၊ သင်၏တန်ဖိုးသည် ဘုရားသခင်ထံမှလာကြောင်း မမေ့ပါနှင့်။ ဤအချက်ကို သိနားလည်ခြင်းသည် စိတ်ကျန်းမာရေး၏ ခိုင်မာသော အခြေခံဖြစ်သည်။

သတိပြုရန်:

ဤအချက်များသည် ဘာသာရေးအမြင်၊ လူမှုရေးအကူအညီနှင့် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ ပေါင်းစပ်ထားခြင်းဖြစ်သည်။ စိတ်ကျန်းမာရေး ပြဿနာများကို ဂရုတစိုက် ကုသမှုခံယူရန် လိုအပ်ပါသည်။

လိုအပ်ပါက ကျွမ်းကျင်သူများ၏ အကူအညီကို အမြဲတမ်း ရယူပါ။

Tyron 's Talking Therapy

Address

Yangon

Telephone

+959254470824

Website

Alerts

Be the first to know and let us send you an email when Tyron 's Talking Therapy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram