AUNG JIVA General Clinic

AUNG JIVA General Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AUNG JIVA General Clinic, Medical and health, No. 974, Mahar Bandula Road, 49 Ward, North Dagon, Yangon.

31/01/2024

အင်ပြင်ထတာက သွေးသားကြောင့်လား သွေးမသန့်လို့လား
--------------------------------------------------------
အင်ပြင်ထတာက အရေပြားနဲ့ ဓာတ်မတည့်လို့ ဖြစ်ရတာပါ။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစနစ်ကနေ ထွက် ပေါ်လာတဲ့ Chemicalsတွေ၊ အထူးသဖြင့် histamine ဆိုတဲ့ ဓာတ်ကြောင့် အရေပြားမှာ အင်ပြင် ထတာပါ။
အင်ပြင်ဆိုတာက အရေပြားမှာ ဖောင်းတယ်၊ အရောင်ပြောင်းတယ်၊ ယားယံတယ် . . .ဒါကို အင်ပြင် ထတယ်လို့ ခေါ်ပါတယ်။ အင်ပြင်ထရတဲ့ အကြောင်းရင်းက အဓိကအားဖြင့် ဓာတ်မတည့်လို့ ဖြစ်ရတာပါ။ သွေးသားကြောင့် ဖြစ်တယ်၊ သွေးမသန့်လို့ ဖြစ်တယ် ဆိုတာတွေက လူတွေ သုံးနှုန်းတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။
အင်ပြင်ထတယ်ဆိုတာက အဓိကအားဖြင့် ကိုယ်ရဲ့ ခန္ဓာကိုယ်ထဲကို ဓာတ်မတည့်တဲ့ ပစ္စည်းတစ်ခုခု ရောက်ရှိသွားလို့ ဖြစ်ပါတယ်။ အရေပြားဖြစ်တဲ့အတွက် အရေပြားမှာ ဓာတ်မတည့်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့မိလို့ ဖြစ်ရတာပါ။

အင်ပြင်ထနိုင်စေတဲ့ အကြောင်းရင်းများ
-------------------------------------
◾ အင်းဆက်ပိုးမွှားအကိုက်ခံရလို့ ဖြစ်နိုင်ပါတယ်။
◾ ပန်းဝတ်မှုန့်နဲ့ ထိတွေ့လို့လည်း ဖြစ်နိုင်ပါတယ်။
◾ အိမ်မွှေးတိရစ္ဆာန်ရဲ့ အမှုန်အမွှား၊ အညစ်အကြေးတွေက အရေပြားကို ထိပြီး အခန့်မသင့်ရင် အင်ပြင်ထစေနိုင်ပါတယ်။
◾ အစားအသောက် (ဥပမာ-မြေပဲ)၊ တချို့ဆေးဝါးတွေနဲ့ ဓာတ်မတည့်ရင်လည်း အင်ပြင်ထစေနိုင်ပါ တယ်။
◾ တချို့တွေမှာ တုပ်ကွေးလိုမျိုး ဗိုင်းရပ်စ်ပိုးဝင်တာကြောင့် ဖျားလည်း ဖျားတယ်၊ အရေပြားမှာ အင်ပြင်ထတာလည်း ဖြစ်တတ်ပါတယ်။
◾ စိတ်ဖိစီးမှုများတာ၊ စိတ်ပူပင်သောကများတာတွေကြောင့် ဦးနှောက်ကနေ လှုံ့ဆော်ရင်း histamineထွက်တာတွေ များရာက အရေပြားမှာ အင်ပြင်ထွက် တာလည်း ဖြစ်တတ်ပါတယ်။
ခြုံပြောရရင် အင်ပြင်ထတာက ခန္ဓာကိုယ်အရေပြားနဲ့ ဓာတ်မတည့်တာကို ထိတွေ့မိလို့ ဖြစ်ရတာပါ။

အင်ပြင်ထလာရင် သက်သာအောင် ဘာလုပ်ရမလဲ
---------------------------------
▶ Anti-histamine လို့ ခေါ်တဲ့ ဆေးဝါးတွေ သောက်သုံးရပါမယ်။ (Cetirizine, Chlorphenamine, Loratidine)
▶ ရေခဲဖတ် ကပ်ပေးလို့ရပါတယ်။
▶ အယားသက်သာစေတဲ့ Calamine Lotionလို ဆေးမျိုး လိမ်းလို့ ရပါတယ်။
အဓိကအားဖြင့် ဘာကြောင့် အင်ပြင်ထရသလဲဆိုတဲ့ အကြောင်းရင်းကို ရှာပြီး ရှောင်ဖို့ ဖြစ်ပါတယ်။ ပြီးမှ သက်သာအောင် လိမ်းဆေး၊ သောက်ဆေးတွေ၊ ရေခဲဖတ်ကပ်တာတွေ လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။
◾ ဒေါက်တာမိုးအောင်ကျော်နိုင်
(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ◾

08/01/2024
07/09/2022

ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့
ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..
လူနာဟာ....


ရင်ခေါင်းရောင် ခြင်း
အပူနာဖြစ်၍
ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်

သိုင်းရွိုက်ရောင်မယ်..

လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊
ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

ငယ်ထိပ်ခဲ လာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း

- နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
တင်ပါး ခဲမယ်

ဦး​​ေခါင်း နာဗ်ကြောများ ရောင်ခြင်း

ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်

တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊

ဂုတ်ဆက် ခဲခြင်း

- နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊

လက်ပြင်ရောင်ခြင်း

တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ


အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

တို့ဆောင်ထားသင့်ပါသည်..
Crd/Naing Nyi

@@ #@ #@@@@@ #&-+(/)

အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်

အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။ အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။

သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊ ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။

ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

Ref: Ladbible "Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "

Crd : WL ( ရိုးရာလေး )

24/07/2022

ကြေငြာပါပြီ။ Global health emergency ပါတဲ့။
ရာဂါရှိသူနဲ့ အထိအတွေ့ ကနေကူးပါတယ်။ လေထဲကမကူးပါဘူး။

မျောက်ကျောက် (Monkeypox) ရောဂါလက္ခဏာများ
မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က
(၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁)ရက်ထိအောင်ကြာမြင့်နိုင်ပါတယ်။
ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။
ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ်(lymph nodes)ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်း,အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။
(lymph nodes)ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။
ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာတယ်။
• အနီစက်များဟာခန္ဓာကိုယ်ပေါ်ထက်မျက်နှာ,ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာအရည်ကြည်များ၊ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။
အနာများဟာ တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ ကွာကျလာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးများဟာ ယခင်က
ကာကွယ်ပေးနိုင်သော်လည်း ယခုအခါမှာတော့ အသက် (၄၀) နှင့် (၅၀) နှစ်အောက် ငယ်ရွယ်သူများမှာ ပိုအဖြစ်များပါတယ်။
မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်တယ်။
ရောဂါလက္ခဏာမပေါ်သည့် ပိုးဝင်ခြင်းများ ရှိလားဆိုတာကိုတော့မသိရသေးပါဘူး။မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းဟာ ကလေးငယ်တွေကြားမှာ ပိုမြင့်မားပါတယ်။ မကြာသေးခင်ကအထိတော့
(၃) ရာခိုင်နှုန်းကနေ (၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅) ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါတယ်။ ယခင် ကာကွယ်ဆေးထိုးနှံထားသည့် အမှတ်အသားကတော့ လက်မောင်းပေါ်မှာ အမာရွတ်သေးသေးလေးကို တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ မူလကျောက်ကြီးကာကွယ်ဆေးများဟာ နောက်ထပ်မရနိုင်တော့ပါဘူး။ ကျောက်ကြီးရောဂါနှင့်
မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။
ကြိုတင်ကာကွယ်ခြင်း
မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးများ
စသည့် လေ့လာမှုများကို ပြုလုပ်နေပါပြီ။ တစ်ချို့သော နိုင်ငံများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကဲ့သို့
ကူးစက်မှုအန္တရာယ်များတဲ့သူတွေကို ကာကွယ်ဆေးများ ထိုးနှံပေးနေပါပြီ။
လူအချင်းချင်းကူးစက်မှုကို လျှော့ချနိုင်စေရန်
• မျောက်ကျောက်ရောဂါဖြစ်ပွားလာလျှင် ရောဂါပိုးရှိသူနှင့် အနီးကပ်မနေပါနှင့်။
ကျန်းမာရေးဝန်ထမ်းများဟာ ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။
ယခင်က ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံသူများသာလျှင် လူနာကို စောင့်ရှောက်သင့်ပါတယ်။
ကူးစက်မှု ဖြစ်နိုင်ချေရှိသည့် အရာအားလုံးကို သေချာစောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။
တိရစ္ဆာန်မှတဆင့် လူကို ကူးစက်နိုင်ချေ လျှော့ချခြင်း
•တောရိုင်းတိရစ္ဆာန်များနှင့်ထိတွေ့ခြင်းကိုရှောင်ကြဉ်ရန်။
ဖျားနာနေသော သို့မဟုတ် သေဆုံးပြီးသော အကောင်များကို ကိုင်တွယ်ခြင်း ကို ရှောင်ကြဉ်ရန်။
အသားများအားလုံး မကျက်တကျက် စားသုံးခြင်းကို
ရှောင်ကြဉ်ရပါမယ်။
အသားတွေကို အစာမစားခင်မှာ သေချာကျက်အောင် ချက်ပြုတ်ပါ။
မျောက်ကျောက်ရောဂါနှင့် ကျောက်ကြီးရောဂါအကြား ဆက်စပ်မှုများကျောက်ကြီးရောဂါဟာ အလွယ်တကူကူးစက်နိုင်ပြီး လူနာသေဆုံးနှုန်းက (၃၀) ရာခိုင်နှုန်းထိ ရှိပါတယ်။
(၁၉၈၀) မှာ ကျောက်ကြီးရောဂါကို အမြစ်ဖျက်ချေမှုန်း နိုင်ပြီဟု ကြေညာထားပါတယ်။ ယခုအခါမှာ ကျောက်ကြီးရောဂါကာကွယ်ဆေး မထိုးထားသည့်နေရာများမှာ မျောက်ကျောက်ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်ချေ ပိုများပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အနေဖြင့်
မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သည့် နိုင်ငံများမှာ ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများနှင့် စောင့်ကြည့်နေမှုများကို ကူညီဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ် အကြောင်းအရာများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။
Source — WHO
Credit — OSC Hospital

21/07/2022

Crd #
Moderna vaccine ကို အသက် ၆လ အထက် cap အရောင်ပေါ်လိုက်ပြီး ကလေးတွေ ထိုးလို့ ရမရ ​ပူပန်ကြတဲ့ ဖေဖေမေမေတို့အတွက် ​ဖတ်မိသလောက် sharing လုပ်လိုက်ပါတယ်

✅Red cap with light blue label border color

တစ်လုံးမှာ 5.5 ml or 7.5 ml ပါ ပါတယ်
0.5 ml မှာ 100ug mRNA
တခါမှ vaccine မထိုးဖူးဘဲ moderna စထိုးမယ်ဆို ၁၂ နှစ် အထက် 0.5 ml ထိုးရမှာပါ
booster အတွက် ဆိုရင်တော့0.25ml ပါ

✅Dark blue cap with purple label border
တလုံး မှာ 5.5 ml ပါပါတယ်
0.5 ml မှာ 50 mcg mRNA
6-11year - 0.5ml
12 years above booster - 0.5 ml ပါ

✅Dark blue cap with teal label border color

currently unavailable ပါတဲ့

✅Red blue cap with magenta label border color
6 months - 5 years အတွက်ပါ
တလုံးမှာ 2.5 ml ပါ ပါတယ်
0.25 ml မှာ 25 mcg mRNA
6months to 5 years- 0.25 ml ပါ

❓Red cap ကို ၆လ အထက် ထိုးလို့ရလား

Moderna fact sheet မှာ red cap ကို ၁၂နှစ်အောက်မသုံးဖို့ပြောပါတယ်

reason က dosing error ဖြစ်မှာစိုးလို့ပါတဲ့

ကာကွယ်ဆေးထိုးပေးသူတွေက basic health staff တွေမို့ နားလည်ရလွယ် မှတ်ရလွယ်အောင် ပုလင်းအ​ရောင်အတိုင်း catagories အတိုင်းခွဲလိုက်ရင် ၅နှစ် အထက် 0.5ml ၊ ၅နှစ်အောက် 0.25ml ထိုးလို့ရအောင်ခွဲထားပါတယ်

❗၆နှစ် နဲ့ ၁၂နှစ်ကြားက 0.25 ml ထိုးလိုက်ရတာလွယ်ပေမယ့် ၆လ နဲ့ ၅နှစ်ကြားကိုထိုးမယ်ဆို 0.125ml ပဲထိုးရမလိုဖြစ်နေမှာပါ 0.125 သည် dosing ဘယ်လိုမှ မတိကျတဲ့အတွက် မထိုးသင့်ပါဘူး

❓အဲ့ဒါဆို ၆နှစ်နဲ့ ၁၁နှစ်ကြားဆို ထိုးရမလား

approved မဟုတ်ပေမယ့် တရားဝင်ထိုးပေးနေတဲ့ဆေးတွေကိုရွေးမလား

systemic review သေချာလုပ်ထားပြီး US CDC approved ပေမယ့် ဒီနိုင်ငံမှာ တရားဝင်သွင်းခွင့်မပေးထားတဲ့ဆေးကိုရွေးမလား

မိဘရဲ့ဆုံးဖြတ်ချက်ပါ
တာဝန်ယူမှု တာဝန်ခံမှုကတော့ခုချိန်မှာဘယ်ဆေးပဲထိုးထိုး ကိုယ်တိုင်ပဲ တာဝန်ခံရမှာပါ

ကျမရဲ့ recommandation ကတော့

၅နှစ်အောက် -မထိုးပါနဲ့ဦး doseမှန်ဖို့ ခဲယဥ်းလို့ပါ

၆နှစ် ၁၁နှစ် - ကိုယ့်ကလေးအခြေအနေနဲ့စဥ်းစားပါ
ကျောင်းသွားနေရတဲ့ကလေး/ အိမ်မှာပဲ online class တက်ရတဲ့ကလေး
အိမ်က ​တခြားမိသားစုဝင်တွေရဲ့ ကာကွယ်ဆေးထိုးထားတဲ့အခြေအနေ ပြင်ပနဲ့ အထိအတွေ့များမှု risk

ဒါတွေနဲ့ချိန်ထိုးစဥ်းစားစေချင်ပါတယ်

၁၂နှစ်အထက် - ဆေးရဲ့ cold chain နဲ့ အာနိသင် စိတ်ချရတယ်ဆို ထိုးစေချင်ပါတယ် (sinopharm/sinovax မှ တရားဝင်တယ်ထင်တဲ့သူတွေမပါပါ)
Crd #

Ref
1.Fact sheet for health care provider EUA of Moderna covid 19 vaccine
2.Moderna children update label info.CDC
3. Moderna covid vaccine presentationCrd #

မျောက်ကျောက် (Monkeypox) ရောဂါလက္ခဏာများ မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁)ရက်ထိအောင...
26/05/2022

မျောက်ကျောက် (Monkeypox) ရောဂါလက္ခဏာများ မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က
(၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁)ရက်ထိအောင်ကြာမြင့်နိုင်ပါတယ်။
ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။
ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ်(lymph nodes)ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်း,အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။
(lymph nodes)ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။
ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာတယ်။
• အနီစက်များဟာခန္ဓာကိုယ်ပေါ်ထက်မျက်နှာ​​​​​,ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာအရည်ကြည်များ၊ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်က​​နေထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။
အနာများဟာ တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ ကွာကျလာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးများဟာ ယခင်က
ကာကွယ်ပေးနိုင်သော်လည်း ယခုအခါမှာတော့ အသက် (၄၀) နှင့် (၅၀) နှစ်အောက် ငယ်ရွယ်သူများမှာ ပိုအဖြစ်များပါတယ်။
မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်တယ်။
ရောဂါလက္ခဏာမပေါ်သည့် ပိုးဝင်ခြင်းများ ရှိလားဆိုတာကိုတော့မသိရသေးပါဘူး။မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းဟာ ကလေးငယ်တွေကြားမှာ ပိုမြင့်မားပါတယ်။ မကြာသေးခင်ကအထိတော့
(၃) ရာခိုင်နှုန်းကနေ (၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅) ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါတယ်။ ယခင် ကာကွယ်ဆေးထိုးနှံထားသည့် အမှတ်အသားကတော့ လက်မောင်းပေါ်မှာ အမာရွတ်သေးသေးလေးကို တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ မူလကျောက်ကြီးကာကွယ်ဆေးများဟာ နောက်ထပ်မရနိုင်တော့ပါဘူး။ ကျောက်ကြီးရောဂါနှင့်
မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။
ကြိုတင်ကာကွယ်ခြင်း
မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးများ
စသည့် လေ့လာမှုများကို ပြုလုပ်နေပါပြီ။ တစ်ချို့သော နိုင်ငံများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကဲ့သို့
ကူးစက်မှုအန္တရာယ်များတဲ့သူတွေကို ကာကွယ်ဆေးများ ထိုးနှံပေးနေပါပြီ။
လူအချင်းချင်းကူးစက်မှုကို လျှော့ချနိုင်စေရန်
• မျောက်ကျောက်ရောဂါဖြစ်ပွားလာလျှင် ရောဂါပိုးရှိသူနှင့် အနီးကပ်မနေပါနှင့်။
ကျန်းမာရေးဝန်ထမ်းများဟာ ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။
ယခင်က ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံသူများသာလျှင် လူနာကို စောင့်ရှောက်သင့်ပါတယ်။
ကူးစက်မှု ဖြစ်နိုင်ချေရှိသည့် အရာအားလုံးကို သေချာစောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။
တိရစ္ဆာန်မှတဆင့် လူကို ကူးစက်နိုင်ချေ လျှော့ချခြင်း
•တောရိုင်းတိရစ္ဆာန်များနှင့်ထိတွေ့ခြင်းကိုရှောင်ကြဉ်ရန်။
ဖျားနာနေသော သို့မဟုတ် သေဆုံးပြီးသော အကောင်များကို ကိုင်တွယ်ခြင်း ကို ရှောင်ကြဉ်ရန်။
အသားများအားလုံး မကျက်တကျက် စားသုံးခြင်းကို
ရှောင်ကြဉ်ရပါမယ်။
အသားတွေကို အစာမစားခင်မှာ သေချာကျက်အောင် ချက်ပြုတ်ပါ။
မျောက်ကျောက်ရောဂါနှင့် ကျောက်ကြီးရောဂါအကြား ဆက်စပ်မှုများကျောက်ကြီးရောဂါဟာ အလွယ်တကူကူးစက်နိုင်ပြီး လူနာသေဆုံးနှုန်းက (၃၀) ရာခိုင်နှုန်းထိ ရှိပါတယ်။
(၁၉၈၀) မှာ ကျောက်ကြီးရောဂါကို အမြစ်ဖျက်ချေမှုန်း နိုင်ပြီဟု ကြေညာထားပါတယ်။ ယခုအခါမှာ ကျောက်ကြီးရောဂါကာကွယ်ဆေး မထိုးထားသည့်နေရာများမှာ မျောက်ကျောက်ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်ချေ ပိုများပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အနေဖြင့်
မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သည့် နိုင်ငံများမှာ ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများနှင့် စောင့်ကြည့်နေမှုများကို ကူညီဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ် အကြောင်းအရာများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။
Source — WHO
Credit — OSC Hospital

အားလုံးအတွက်စိုးရိမ်ပါတယ် ။အထူးသ​ဖြင့်ဥမ္မာခင်နဲ့တွေ့ပြီးသူတွေဂရုစိုက်ပြီးနေထိုင်စားသောက်ကြပါနော်အိုမီခရွန်ကသိပ်မပြင်းထန...
17/03/2022

အားလုံးအတွက်စိုးရိမ်ပါတယ် ။
အထူးသ​ဖြင့်ဥမ္မာခင်နဲ့တွေ့ပြီးသူတွေ
ဂရုစိုက်ပြီးနေထိုင်စားသောက်ကြပါနော်
အိုမီခရွန်ကသိပ်မပြင်းထန်ပေမယ့် နောက်ဆက်တွဲပြဿနာက လူကို ပုံမှန်ပြန်မဖြစ်စေနိုင်တာ က ပြဿနာ၊အိုမီခရွန်ဖြစ်ပြီး၊ သက်သာသွားချိန် ပြဿနာသုံးခုကို ရင်ဆိုင်နေရတယ်။

(၁) ဗိုက်ဆာပေမဲ့ ဘာမှစားလို့မရဘူး၊ ဘာစားစားအရသာမရှိ ဘူး ၊မစားချင်ဘူး၊ ဗိုက်ဆာလို့ ထမင်းစားပွဲထိုင်နေပေမဲ့၊တို့ကနန်းဆိတ်ကနန်း ပဲ စားနိုင်တယ်။

(၂) အိပ်မပျော်ဘူး၊ ညဘက်အိပ်ကိုမပျော်ဘူး၊ အတင်းအိပ် ပျော်အောင် အိပ်ပေမဲ့ ကြက်အိပ်ကြက်နိုးပဲ၊ ညအိပ်မပျော်
လို့ နေ့ခင်းအိပ်ရသလား ဆိုတော့လည်း အိပ်ချင်နေပေမဲ့အိပ်မပျော်ပြန်ဘူး၊ အဲ့ဒီအတွက် အလုပ်ထဲမှာတိုင်ပတ်ရော၊
မျက်ရိုးတွေကိုက်၊ ခေါင်းတွေမူးပြီး၊ လူကမအီမသာကြီးဖြစ်နေတယ်။

(၃) အာရုံစိုက်လို့မရဘူး၊ အရမ်းမေ့တတ်လာတယ်၊ အာရုံစိုက်ရမဲ့ကိစ္စတွေမှာ အာရုံစူးစိုက်လို့မရဘူး၊ laptop နဲ့စာရေးရင် ပိုသိသာတယ်၊ မျက်လုံးကမြင်နေတာရယ်၊ လက်ကရိုက်နေ တာရယ်၊ ဦးဏှောက်ရဲ့ထိန်းချုပ်မှုက အရင်က လို ဟာမိုနီ မဖြစ်တော့ဘူး၊ မြင်နေတယ်၊ သိနေတယ်၊ ဒါပေမဲ့တလွဲတွေပဲ လုပ်နေမိတယ်၊ သတိထားလည်းခဏပဲ၊ အာရုံပြန်ပြန့်ပြန့် သွားတယ်၊ အဲ့ဒီအတွက် စိတ်ပိုင်းဆိုင်ရာပင်ပန်းလာတယ်၊ စိတ်ကျချင်သလိုတွေဖြစ်လာတယ်။

(၄) အဖြစ်အများဆုံးက Fatigue (နုံးတာပါ)
🤭 covidလူနာ တွေရဲ့ ၈၇ ရာခိုင်နှုန်း ထိခံစားကြရတယ် ဆိုတော့ တော်တော်ကိုများတဲ့ ပမာဏပါပဲ။

နုံးတယ် ဆိုတာ မခံစားတတ်ဘူး ဆိုရင်

- နည်းနည်းလေးလှုပ်တာနဲ့ပင်ပန်းနေတယ်
- အချိန်ကြာကြာ မတ်တပ်မရပ်နိုင်ဘူး
- ကြာကြာရပ် ရင် ၊ ရုတ်တရက် ထလိုက်ရင် မူးတယ်၊ မျက်စိပြာတယ်
- အာရုံသိပ်မစိုက်နိုင်ဘူး၊ ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုနည်းတယ်
- တစ်ချိန်လုံးအိပ်ချင်နေပြီး အိပ်ချိန်များတယ်
အဲ့ဒါတွေဖြစ်နေတာပါ။

___________
ဘာလို့လဲ ⁉️

အပိုင်း (၂) ပိုင်းရှိပါတယ်

1. Covid Virus ဟာ အရမ်းကိုဆိုးဝါးပြင်းထန်တဲ့ Virus ဖြစ်ပါတယ်

SpO2 ကျတဲ့ ပြင်းထန်တဲ့ ကိုဗစ်ဖြစ်စေ
သာမန်ဖျားနာ၊ ကိုက်ခဲ၊ ချောင်းဆိုးတဲ့ ကိုဗစ်ဖြစ်စေ
ကျွန်တော်တို့ရဲ့ ကိုယ်ခံအားက ရှိရှိသမျှ အင်အားအကုန်သုံးပြီး တိုက်ထားရတဲ့အတွက် စစ်ပန်းနေပါတယ်။
တိုက်ပွဲသေးရင်တောင် ပင်ပန်းနေရတာ
တိုက်ပွဲကြီးတိုက်ပြီး ထားတဲ့ SpO2 ကျတဲ့ လူနာတွေဆိုရင် ဘာစွမ်းအင်မှ မရှိတော့လောက်အောင် နုံးချိ၊ မောပန်းနေပါတယ်။

အဲ့လို ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေကို ***ပြန်ဖြည့်ဖို့လိုအပ်ပါတယ်
စွမ်းအင်မရှိတဲ့ ခန္ဓာကိုယ်ကြီးကို ***အတင်းမခိုင်းစေရပါဘူး

ရေသောက်ရင်၊ ထမင်းစားရင်၊ မျက်နှာသစ်၊ ရေချိုး၊ ဆီးသွား၊ ဝမ်းသွား စတဲ့ နေ့စဉ်လုပ်ငန်းတွေမလုပ်နိုင်သေးတဲ့ လူတွေဟာ
👉 လမ်းလျှောက်တာ၊ လှေကားတက်တာ၊ အိမ်အလုပ် လုပ်တာတွေ ရှောင်ရပါမယ်
(သိထားဖို့က Virus မပျောက်သေးတာ မဟုတ်ပါဘူး ရောဂါက ပျောက်ပါပြီ ၊ ခန္ဓာကိုယ်ကို ပြန်ပြီးပြုစုရမှာပါ)

✳️ အစားဝင်သလောက် စားပေးပါ၊ အစာမကြေတာတွေဖြစ်မှာ စိုးလို့ ပျော့ပျော့ပြောင်းပြောင်းတွေ (စွပ်ပြုတ်၊ဆန်ပြုတ်) စားလို့ အဆင်ပြေလာမှ
(Heavy meals တွေစားပါ)
နည်းနည်း နဲ့ ခဏခဏ စားခြင်းက ရင်ခေါင်းတောင့်တာ သက်သာစေပါတယ်
✳️ ရေများများဆက်သောက်ပေးပါ
✳️ အထိုင် အထ ရိပ်ရိပ် ရိပ်ရိပ်မူးလျှင် တစ်နေ့ဓာတ်ဆားတစ်ဗူးသောက်ပေးပါ (သွေးပေါင်ချိန်ပါ)

✳️ နားဖို့လိုနေလို့ ခန္ဓာကိုယ်က နားခိုင်းနေတာကို နားထောင်ပါ
အနားယူရပါမယ်
- အိပ်ပါ (အခန်းကို မီးပိတ်အိပ်ပါ (ကြောက်တတ်ရင်တော့ သဘောပါ😅)၊ အသံတွေတိတ်နေအောင် စီမံထားပါ၊ အိပ်ခါနီး လျှပ်စစ်ပစ္စည်းတွေမသုံးပါနဲ့)
- မနုံးပဲ လန်းအောင်ဆိုပြီး Stimulant (Coffee, Tea, energy drink) တွေမသောက်ပါနဲ့
- အိပ်ခါနီး အစားတရားလွန်မစားပါနှင့်
- အနားယူတဲ့အချိန်ကြည့်တဲ့ ရုပ်ရှင်တွေဟာ စိတ်အပန်းဖြေစေတာတွေပဲ ကြည့်ပါ (လူသတ်ကားတွေ၊ သရဲကားတွေ၊ မိသားစုထဲပတ်ပြီး "လောင်" နေတဲ့ကားတွေဟာ ) စိတ်ကိုပိုပြီး ပင်ပန်းစေပါတယ်
စိတ်ကိုလည်းအနားပေးပါ
- ဘာလို့ နုံးနေရတာလဲ နှလုံးရောဂါလား
- ရောဂါကပျောက်ပြီး သွေးခဲပြီးသေတတ်တယ်ဆို
- Antibody စစ်တာလည်း မထွက်သေးဘူး
- အကောင်မျိုးကွဲကပေါ်နေပြီ
- 3rd wave က 4th wave နဲ့ ထပ်သွားမယ်ဆို
မဟုတ်တာတွေလျှောက်မတွေးနေပါနဲ့ "အိပ်ပျော်တော့မှာ" မဟုတ်ပါဘူး။

✳️ လေ့ကျင့်ခန်းလုပ်ရပါမယ် (လှုပ်ရှားခုန်ပေါက်တာတွေမဟုတ်ပါဘူး)အသက်ရှူလေ့ကျင့်ခန်း ပဲ လုပ်ရမှာပါ၊ (ပုံမှန်လုပ်နိုင်သလောက်လုပ်ပါ ခိုပြီးမလုပ်ပဲ မနေရင်ရပါပြီ)
နှာခေါင်းကနေ အသက်ပြင်းပြင်းရှူ ပါးစပ်ကနေ တဖြည်းဖြည်းထုတ် ရတာပါ။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Crd
Dr. ဖြိုးဇော်

Address

No. 974, Mahar Bandula Road, 49 Ward, North Dagon
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Website

Alerts

Be the first to know and let us send you an email when AUNG JIVA General Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram