Linn Medical Care

Linn Medical Care Provide all type of health services

💉💉💉ယနေ့မှာတော့ ရာသီအကူးအပြောင်းနဲ့မိုးဦးကျကာလမှာ ဖြစ်ပေါ်တတ်တဲ့  #ရာသီတုပ်ကွေးအကြောင်းနဲ့   #ကာကွယ်ရန် နည်းလမ်းများကို ဗ...
21/05/2025

💉💉💉ယနေ့မှာတော့ ရာသီအကူးအပြောင်းနဲ့မိုးဦးကျကာလမှာ ဖြစ်ပေါ်တတ်တဲ့ #ရာသီတုပ်ကွေးအကြောင်းနဲ့ #ကာကွယ်ရန် နည်းလမ်းများကို ဗဟုသုတ မျှဝေပေးပါမယ်ရှင့်

✅ရာသီတုပ်ကွေး (Influenza) ဆိုတာ အသက်ရှုလမ်းကြောင်းကနေတဆင့် ရောဂါဖြစ်စေတဲ့ virus ပိုးဝင်ရောက်လာရာမှ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။

✅လက္ခဏာတွေကတော့ အဖျားကြီးခြင်း၊ပင်းပန်းနွမ်းနယ်ခြင်း၊ကြွက်သားနာကျင်ကိုက်ခဲခြင်း၊နှာစေးခြင်း၊လည်ပင်းနာခြင်းမှ စပြီး အသက်အရွယ်ကြီးသူများ ၊ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ၊ကိုယ်ခံအားနည်းသူများနှင့် ရောဂါအခံရှိသူများမှာ နမိုးနီးယားအဆုပ်ယောင်ရောဂါလိုမျိုး ပြင်းထန်တဲ့ နောက်ဆက်တွဲလက္ခဏာတွေဝင်လာပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။

✅ဒါဆိုရာသီတုပ်ကွေးကို ကြိုတင်ကာကွယ်ဖို့ ဘာတွေလုပ်ဆောင်ရမလဲ?

🔺ရာသီတုပ်ကွေးကာကွယ်ရန်အတွက် လက်ကို ပုံမှန်ဆေးရန်၊လူနေထူထပ်သောနေရာများကို တတ်နိုင်သမျှရှောင်ရှားရန်၊ နှာခေါင်းစည်းတပ်ဆင်ရန်၊ နှာစေးချောင်းဆိုးနေလျှင် ပုဝါနှင့်အုပ်ပြီးဆိုးရန် တို့အပြင် #ရာသီတုပ်ကွေးကာကွယ်ဆေး (Flu vaccine) ထိုးခြင်းကိုလည်း လုပ်ဆောင်သင့်ပါတယ်။

🔺ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးခြင်းအားဖြင့် တုပ်ကွေးရောဂါကို ခုခံကာကွယ်ပေးမယ့် ကိုယ်ခံအားများကောင်းမွန်လာပြီး ပြင်းထန်နောက်ဆက်တွဲလက္ခဏာတွေကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ရှင်။

✅ဘယ်လိုလူတွေ တုပ်ကွေးကာကွယ်ဆေးထိုးသင့်လဲ??

🔺အဓိကအားဖြင့် သက်ကြီးရွယ်အိုများ၊အသက်ခြောက်လအထက် ကလေးငယ်များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကိုယ်ခံအားနည်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ကျန်းမာရေးဝန်ထမ်းများ ဦးစားပေးထိုးနိုင်သည့်အပြင် သာမာန်လူကြီးများလဲ ရောဂါကာကွယ်ဖို့ထိုးနှံနိုင်ပါတယ်။



✅လင်းအထွေထွေရောဂါကုဆေးခန်း 🏥 မှာ အဖြစ်များတဲ့ Influenza strain လေးမျိုးဖြစ်တဲ့ - A/Victoria (H1N1) ,A/Croatia (H3N2), B ( Austria ) , B(Phuket) ဆိုတဲ့ တုပ်ကွေးရောဂါပိုးတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ “💉💉💉 Influvac Tetra Influenza Vaccine 2025 လေးမျိုးစပ်ရာသီတုပ်ကွေးကာကွယ်ဆေး” လေးကို ဈေးသက်သက်သာသာဖြင့် ထိုးနှံ ဖို့အတွက်စာရင်းပေးသွင်းလို့ရပါပြီရှင့်။

☝️Cold chain နှင့် ဆေးအရည် အသွေးကိုကောင်းမွန်မှုကို အာမခံနိုင်ပါတယ်ရှင့်။ကျွမ်းကျင်တဲ့ ဆရာဝန်တွေကိုယ်တိုင်ထိုးပေးမှာဆိုတော့ အထူးစိတ်ချရပြီပေါ့။
အပြင်ထွက်ဖို့ခက်ခဲနေသူများ , လူကြီးသူမများအတွက် 🏡အိမ်တိုင်ရာရောက် ကာကွယ် ဆေးထိုး နှံပေးခြင်းဖြစ်သဖြင့် ပိုမိုအဆင် ပြေ ကြောင်း သတင်းကောင်းပါးပါရစေရနော်။

☝️Company များ , အဖွဲ့ အစည်း များ မှ ဆေး ထိုး ချင်သူများအတွက် လည်းဝန်ဆောင်မှုတွေရှိပါသေးတယ်ရှင့်။
☝️အသေးစိတ်သိရှိရန် နှင့် စာရင်းပေးသွင်း လိုပါက Page chatbox သို့မဟုတ် 09757345845 ကနေဆက်သွယ်ပြီး သိလိုသမျှကိုမေးမြန်းနိုင်ပါတယ်ရှင်။

ပြည်သူအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာနိုင်ကြပါစေ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Linn Medical Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram