29/03/2023
🌟ဒါကတော့ နည်းနည်းကြမ်းပြီ🌟
Yangon Book Plaza 6 နှစ်ပြည့်စာအုပ်ပွဲတော်မှာ
ရှိသမျှ စာအုပ်တိုင်းကို
မူရင်းစျေးနဲ့ လုံးဝရောင်းမှာ မဟုတ်ပါဘူး။
စာအုပ်တိုက်၂၄ တိုက်ကနေ
တိုက်လုံးကျွတ် ၂၀%
စာအုပ်တိုက် ၆ တိုက်က
တိုက်လုံးကျွတ် ၁၅%
လျှော့ပေးမှာဖြစ်ပြီး
ကျန်စာအုပ်အားလုံးကို ၁၀%
လျှော့မှာဖြစ်တာကြောင့်
ဘာစာအုပ်ဝယ်ဝယ် တန်ပါတယ်။
ဒီထက်ပိုတန်တာကတော့
ဧပြီ ၁၊၂၊၃ ပွဲတော်ကာလအတွင်း
Yangon Book Plaza ထဲမှာ
Ninja Van ရဲ့ ကောင်တာတစ်ခုရှိပါလိမ့်မယ်။
✅နယ်က သူငယ်ချင်း မိတ်ဆွေတွေရဲ့
လူကြုံစာအုပ်အမှာတွေပဲ ဖြစ်ဖြစ်
✅ရန်ကုန်က သူငယ်ချင်းတွေဆီ
လက်ဆောင်ပို့ပေးချင်ရင်ပဲ ဖြစ်ဖြစ်
✅စာအုပ်တွေ အများကြီးဝယ်ပြီး
အိမ်ကို အလေးကြီး ပြန်မသယ်ချင်ရင်ပဲ ဖြစ်ဖြစ်
✅စာကြည့်တိုက်တွေအတွက်
ဝယ်လှုဖို့ပဲဖြစ်ဖြစ်
စာအုပ်တွေမွှေနှောက်ဝယ်ပြီးရင်
စာအုပ်တွေကို ထားခဲ့လို့ရပါတယ်။
Ninja Van ကနေ တာဝန်ယူပြီး
ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
Ninja Van ရောက်ရှိတဲ့
မြန်မာတစ်ပြည်လုံးက မြို့များ
အားလုံးကို ပို့ခ
❤️Free ❤️ပါတဲ့ဗျာ။
တစ်အုပ်ပဲမှာမှာ
အုပ် တစ်ရာပဲ မှာမှာ
ပို့ခ အခမဲ့ ဖြစ်ပါတယ်။
တစ်ခုပါပဲ။
ဝန်ထမ်းအကန့်အသတ်ရှိတာကြောင့်
အွန်လိုင်းကနေ အမှာ လက်မခံနိုင်တာခွင့်လွှတ်ပါ။
YBP ကို လူကိုယ်တိုင်လာရောက်ဖို့
အခက်အခဲရှိသူများအတွက်
လူကြုံတစ်ယောက်ယောက်ကို
အကူအညီတောင်းပြီး စာအုပ်ဝယ်ခိုင်းတာမျိုး
လုပ်ဖို့ အကြံပြုလိုပါတယ်။
April 1-2-3 မှာ
စာအုပ်ဝယ်ကြမယ်😍
လိပ်စာကတော့
Yangon Book Plaza
ငါးလွှာ၊ သံစျေး၊ လမ်းမတော်
(၁၇ လမ်း သံစျေး ဝင်ပေါက်မှာ သီးသန့်ဓာတ်လှေကားရှိပါတယ်)