Yoga with Dr K

Yoga with Dr K 🧘🏻‍♀️Yoga changes lives🧘🏻‍♀️ Namaste Yogis🙏
I am Dr K, a yoga instructor and also a medical doctor. As far as I know, yoga is not only about Asana (i.e.

My yoga journey started in 2019 and since then I have been practising yoga as it is good for health both physically and mentally. Being a medical doctor, I give great attention to correct alignment and muscle contraction while doing yoga. poses) but also other limbs of yoga, but Asana practice really makes a drastic change to body and mind in a good way. So Let's Do Yoga Now!🕉

မင်္ဂလာပါရှင်🙏
ကျွန်မက ​ယောဂဆရာမ Dr K ပါ။ အ​ထွေ​ထွေ​ရောဂါကု ဆရာဝန်လည်း ဖြစ်ပါတယ်။ ​ယောဂကို ၂၀၁၉က စတင်​လေ့ကျင့်ခဲ့ပြီး ယခုချိန်ထိ ​နေ့စဥ် ​လေ့ကျင့်​နေဆဲပါ။ ​ယောဂ​လေ့ကျင့်တဲ့အခါမှာ ခန္ဓာမှာ မလိုအပ်တဲ့ ဒဏ်​တွေမဖြစ်​အောင် ခန္ဓာကိုယ်အ​နေအထား မှန်ကန်မှု၊ ကြွက်သားညှစ်နည်းမှန်ကန်မှုကို အဓိက ဦးစား​ပေးပြီး ​လေ့ကျင့်ဖြစ်ပါတယ်။ ​​ယောဂရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ခန္ဓာကိုယ် ပုံစံအ​နေအထား (Asana)တွေကို ပုံစံမှန်မှန်ကန်ကန်နဲ့ ပုံမှန် ​လေ့ကျင့်​ပေးသွားရင် စိတ်နဲ့ ခန္ဓာအတွက် အလွန်အကျိုးရှိလာမှာပါ။
​ယောဂကို အခုပဲ စကျင့်လိုက်ရ​အောင်ပါ🕉

Cobra pose မှာ မလျော့တဲ့ ကြွက်သားကတော့ B. ခါးကြွက်သားဖြစ်ပါတယ်။ခါးကြွက်သားဆိုတာမှာ ကျောရိုးတလျှောက်ကို ထိန်းပေးတဲ့ Erect...
05/12/2025

Cobra pose မှာ မလျော့တဲ့ ကြွက်သားကတော့ B. ခါးကြွက်သားဖြစ်ပါတယ်။

ခါးကြွက်သားဆိုတာမှာ ကျောရိုးတလျှောက်ကို ထိန်းပေးတဲ့ Erector spinae ၊ ခါးအောက်ပိုင်း အတွင်းထဲက ကြွက်သား Quadratus lumborum (QL) တွေပါ။

မှတ်ရမှာက Cobra pose သို့မဟုတ် Backbend pose တွေမှာ အရှေ့တကြောလုံးဟာ Stretching ဖြစ်ပြီး၊ အနောက်တကြောလုံးကို ညှစ်ရပါတယ်။

Cobra pose လုပ်ရင် ခါးကြွက်သား မညှစ်ရဘူးဆိုပြီး အမှတ်မှားတတ်ကြပါတယ်။ ဒီပို့စ်ဟာ ကျောရိုးတလျှောက်၊ ခါးဘေးက ကြွက်သားတွေကို ညှစ်ပြီး တင်ပါး၊ Core muscles ညှစ်အားနဲ့ ပေါင်းပြီး လေ့ကျင့်ရမဲ့ပို့စ်ပါ။ လက်ထောက်အားကိုပဲ သုံးပြီး ပို့စ်ကို မလေ့ကျင့်သင့်ပါဘူး။

Backbend လေ့ကျင့်တဲ့အခါမှာလည်း ခါးကော့ဖို့ကိုပဲ အာရုံမစိုက်ပဲ ခန္ဓာရဲ့အရှေ့ခြမ်းကို ဖွင့်ထုတ်၊ ဆွဲဆန့်နိုင်ဖို့ကို အာရုံပိုစိုက်သင့်ပါတယ်။

အောက်ကပုံမှာ Vastus lateralis ပေါင်ရှေ့ကြွက်သားက လွဲရင် ကျန်တဲ့ကြွက်သားတွေအကုန်ညှစ်ရပါတယ်

ေ့လာပါ

အပတ်စဉ် ကြာသပတေးနေ့ရဲ့ Yoga Anatomy Q & A ပါ။ ဒီအပတ် မေးခွန်းလေး ဖြေကြည့်ကြပါဦး😁Cobra pose (Bhujangasana) မြွေဟောက်ပုံစံ...
04/12/2025

အပတ်စဉ် ကြာသပတေးနေ့ရဲ့ Yoga Anatomy Q & A ပါ။ ဒီအပတ် မေးခွန်းလေး ဖြေကြည့်ကြပါဦး😁

Cobra pose (Bhujangasana) မြွေဟောက်ပုံစံမှာ 'မလျော့သော - Stretching မဖြစ်သော' ကြွက်သားကို ရွေးပါ။

A. ဗိုက်ကြွက်သား
B. ခါးကြွက်သား
C. ရင်ဘတ်ကြွက်သား
D. ပေါင်ရှေ့ကြွက်သား

အဖြေကို မနက်ဖြန်မှာ ပြောပြပါမယ်ရှင့် 😍

ေ့လာပါ

Photo credit - internet

💫New Year, New Me ဖြစ်ဖို့နှစ်မကုန်ခင်ထဲက စိတ်နဲ့ကိုယ် ကျန်းမာဖို့ လိုအပ်ပါတယ်။💝ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတ...
01/12/2025

💫New Year, New Me ဖြစ်ဖို့
နှစ်မကုန်ခင်ထဲက စိတ်နဲ့ကိုယ် ကျန်းမာဖို့ လိုအပ်ပါတယ်။

💝ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက် အကောင်းဆုံးလက်ဆောင်ပေးခြင်း တခုကတော့

🧘🏻‍♀️ယောဂလေ့ကျင့်တာပါပဲ။

🍃လှုပ်ရှားမှုတွေကနေ ငြိမ်သက်မှု ရှာဖို့၊ မတည်မြဲခြင်းတွေကနေ တည်ငြိမ်မှုကို ရှာနိုင်ဖို့အတွက်

💻အပြင်သွားစရာမလိုပဲ အိမ်ကနေပဲ လေ့ကျင့်နိုင်တဲ့ Online Yoga Class တွေကို မျှဝေလိုက်ပါတယ်။

___________________________

Unlock Your Practice (All-level)
Instructor - Dr K
ဗုဒ္ဓဟူး၊ သောကြာ ည ၈:၁၅-၉:၁၅
၅ သောင်းကျပ် (၅ ချိန်) / ၁၂ လပိုင်းအတွက်သာ
Start date - 12.12.2025

🪷🪷🪷🪷🪷🪷🪷🪷🪷
Beginner Online Yoga Class
Instructor - Teacher Phyoe
Class 1
စနေ၊ တနင်္ဂနွေ မနက် ၈-၉
၆ သောင်းကျပ် (၈ ချိန်)
Start date - 6.12.2025

Class 2
စနေ၊ တနင်္ဂနွေ ည ၈-၉
၆ သောင်းကျပ် (၈ ချိန်)
Start date - 6.12.2025

🪷🪷🪷🪷🪷🪷🪷🪷🪷
Flow Class (All-level)
Instructor - Teacher Htoo Eaint
တနင်္လာ၊ အင်္ဂါ မနက် ၈-၉
၆ သောင်းကျပ် (၈ ချိန်)
Start date - 8.12.2025

_______________________________

Zoom app နဲ့ တိုက်ရိုက်သင်ကြားမှာဖြစ်ပြီး သင်ထားသမျှကိုလည်း recordings တွေ ကြည့်ပြီး ပြန်လေ့ကျင့်နိုင်မှာဖြစ်လို့ အတန်းပျက်သွားရင်လည်း လေ့ကျင့်မှုပျက်မှာကို စိတ်ပူစရာမရှိပါဘူး

✅ သင်တန်းအပ်ရန် m.me/DoYogaWithDrK ကို နှိပ်ပြီး အပ်နိုင်ပါတယ်။

K ရဲ့ in-person ယောဂအတန်း updated schedule ပါ။Sukha Kula ယောဂစတူဒီယို ဖွင့်လိုက်တဲ့အတွက်   အရင်က သင်ခဲ့တဲ့အတန်းတချို့ကို...
01/12/2025

K ရဲ့ in-person ယောဂအတန်း updated schedule ပါ။

Sukha Kula ယောဂစတူဒီယို ဖွင့်လိုက်တဲ့အတွက် အရင်က သင်ခဲ့တဲ့အတန်းတချို့ကို နားလိုက်ပါတယ်။

K နဲ့ အပြင်မှာ ထိထိမိမိလေ့ကျင့်ချင်တယ်ဆိုရင် K ရဲ့ Yoga Studio ကို လာခဲ့ပါနော်။ Sukha Kula မှာ ရှိနေပါမယ်။

____________________________

SUKHA KULA Yoga Studio
🏠No. 18/B, 1st Floor, Bo Yar Nyunt Street, Yaw Min Gyi Ward, Dagon Township
(One floor up from Easy Mart)
📞 09 89 2021 063
✉️ m.me/DoYogaWithDrK

မနေ့က Front Splits မှာ အဓိက လျှော့ရမဲ့ ကြွက်သားကတော့ ဖြေသူတော်တော်များများ ဖြေတဲ့အတိုင်းပါ။ အဖြေမှန် C ဖြစ်ပါတယ်။ရှေ့၊ န...
28/11/2025

မနေ့က Front Splits မှာ အဓိက လျှော့ရမဲ့ ကြွက်သားကတော့ ဖြေသူတော်တော်များများ ဖြေတဲ့အတိုင်းပါ။ အဖြေမှန် C ဖြစ်ပါတယ်။

ရှေ့၊ နောက် Splits ဆိုတဲ့အတိုင်း ပေါင်ရှေ့၊ ပေါင်နောက် ကြွက်သားတွေကို အဓိကလျှော့ရမှာပါ။

ပေါင်နောက်ကြွက်သား Hamstrings လျှော့နည်းကိုတော့ လေ့ကျင့်သူအများစု သိကြမှာဖြစ်တဲ့အတွက် ဒီ Post မှာ အကျယ်ချဲ့ မရေးတော့ပါဘူးနော်။

Hip flexors လို့ ခေါ်တဲ့ ခြေထောက်ကို ခန္ဓာအရှေ့ဘက်ကို မြှောက်အောင် လုပ်ပေးတဲ့ ကြွက်သားတွေအကြောင်းကို အဓိကထား ပြောပါမယ်။ သူတို့ဟာ ပေါင်ရှေ့မှာရှိတဲ့အတွက် ပေါင်ရှေ့ကြွက်သားလို့ အလွယ်မှတ်နိုင်ပါတယ်။

Hip flexors တွေကို ညှစ်ရင် အရှေ့ဘက်ကို ခြေမြှောက်တာဖြစ်လို့ လျှော့ချင်ရင် ခြေထောက်ကို အနောက်ကို လွှဲပြီး လျှော့ရမှာပါ။ ညှစ်ရင်ဖြစ်တဲ့ လှုပ်ရှားမှုရဲ့ ဆန့်ကျင်ဘက်ပေါ့။

Front splits ခွဲရင် နောက်တင်ပါး မကျတာ၊ တင်ပါးလှန်နေတာဟာ Hip flexors တွေ ကောင်းကောင်း stretch မဖြစ်လို့ပါ။ တင်ပါး ၂ ခု မညီပဲ၊ တင်ပါးလိမ်နေတဲ့ position နဲ့ Splits ကို အတင်းခွဲရင် ပေါင်နောက် Hamstrings မှာ ဒဏ်ဖြစ်တာ များပါတယ်။ Front splits မှာ ဖျာနဲ့ထိဖို့ထက်၊ တင်ပါး ၂ ခုညီဖို့၊ alignment မှန်ဖို့ ဦးစားပေးရမှာပါ။

အဓိက လျှော့ရမဲ့ Hip flexors ၂ ခုကတော့ Psoas muscle နဲ့ Re**us femoris ပါ။ Psoas ကြွက်သားဆိုတာ deep muscle ဖြစ်ပြီး ခန္ဓာရဲ့အတွင်းဆုံးမှာ ရှိတဲ့အတွက် အဲကြွက်သားကို ခံစားနိုင်တဲ့ mind-muscle connection က ခက်ပါတယ်။ နေ့စဉ်လှုပ်ရှားမှုတွေကို Psoas ကို သုံးနေပေမဲ့ သတိမထားမိတာမျိုးပါ။ အောက်က ပုံမှာ ကြည့်လို့ရပါတယ်။

နောက် Hip flexor က Re**us femoris ပေါင်ရှေ့ကြွက်သားပါ။ ခြေထောက်ကို အပေါ်မြှောက်ပြီး ဒူးဆန့်ထုတ်လိုက်ရင် အဲကြွက်သား ညှစ်တာကို ခံစားရမှာပါ။

🌟ကြွက်သားလျော့စေသော ပို့စ်များ🌟
1. For Psoas muscle _ Low lunge (Anjaneyasana)
2. For Re**us femoris _ Quads stretch in lunge position

Front splits မှာ နောက်တင်ပါး မလှန်ချင်ရင် Hip flexors တွေကို Stretching ကောင်းကောင်းလုပ်ပေးပါ။

Injury ကင်းကင်းနဲ့ လေ့ကျင့်နိုင်ကြပါစေရှင်။

Photo credit - internet

ေ့လာပါ

ကြာသပတေးနေ့ရဲ့ Yoga Anatomy Quiz ပြန်လာပါပြီ ✌🏻Front Splits ရှေ့၊နောက် Splits ခွဲတဲ့အခါ အဓိက လျှော့ရမဲ့ကြွက်သားများA. တင...
27/11/2025

ကြာသပတေးနေ့ရဲ့ Yoga Anatomy Quiz ပြန်လာပါပြီ ✌🏻

Front Splits ရှေ့၊နောက် Splits ခွဲတဲ့အခါ အဓိက လျှော့ရမဲ့ကြွက်သားများ

A. တင်ပါး၊ ပေါင်နောက် ကြွက်သားများ
(Glutes, Hamstrings)
B. ပေါင်နောက်၊ ပေါင်တွင်း ကြွက်သားများ
(Hamstrings, Adductors)
C. ပေါင်ရှေ့၊ ပေါင်နောက် ကြွက်သားများ
(Hip flexors, Hamstrings)
D. တင်ပါး၊ ပေါင်တွင်း ကြွက်သားများ
(Glutes, Adductors)

အဖြေကို နက်ဖြန်မှာ ပြောပြပါမယ်ရှင့် 😍

ေ့လာပါ

Yogas - Citta - Vrtti - Nirodhah
26/11/2025

Yogas - Citta - Vrtti - Nirodhah

"Yogas - Citta - Vrtti - Nirodhah" _ Honored to create a space where we quiet the mind together

ယောဂသည် စိတ်၏လှုပ်ရှားမှုများကို တည်ငြိမ်အောင် လေ့ကျင့်ခြင်းဖြစ်သည်🧘🏻‍♀️

#သုခအသိုင်းအဝန်း

SUKHA KULA Yoga Studio
🏠No. 18, 1st Floor, Bo Yar Nyunt Street, Yaw Min Gyi Ward, Dagon Township
(One floor up from Easy Mart)

24/11/2025

လှုပ်ရှားမှုတွေ လုပ်တဲ့အချိန် ဖြစ်တတ်တဲ့ ဗိုက်ကြွက်တက်ရတဲ့ အကြောင်းအရင်းတွေကို ပြောပြထားပါတယ်

Photo credit - internet

K နဲ့ အပြင်အတန်း join ချင်သူတွေအတွက်၊ Sukha Kula Studio အတန်းတွေပါ 🫶🏻
23/11/2025

K နဲ့ အပြင်အတန်း join ချင်သူတွေအတွက်၊ Sukha Kula Studio အတန်းတွေပါ 🫶🏻

Let's flow! New Yoga Class Alertဖိစီးမှုတွေများပြီး မြန်ဆန်တဲ့ နေ့စဉ်ဘဝကို ခဏတာ အရှိန်လျှော့ဖို့ခန္ဓာကိုယ်မှာ သွေးလည်ပတ်...
21/11/2025

Let's flow! New Yoga Class Alert

ဖိစီးမှုတွေများပြီး မြန်ဆန်တဲ့ နေ့စဉ်ဘဝကို ခဏတာ အရှိန်လျှော့ဖို့
ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှု ကောင်းစေဖို့
လှုပ်ရှားမှုတွေ ပိုချောမွတ်စေဖို့
ကြွက်သားတွေ မျှတစေဖို့အတွက်

Yoga with Dr K team က ဆရာမ ထူးအိမ့်ရဲ့ Weekday ယောဂအတန်းသစ်မှာ တပတ် ၂ ရက်ပဲ အချိန်ပေး လေ့ကျင့်ပေးပါနော်။

တပတ်မှာ ၂ နာရီ၊ တလမှာ ၈ နာရီပဲ အချိန်ပေးရုံနဲ့ စိတ်နဲ့ခန္ဓာရဲ့ ပြောင်းလဲမှုကို သိသိသာသာ ခံစားရမှာပါ။
~~~~~~~~~~~~~~~~~~~~~
🍃All-level Flow Yoga Class
👩🏻‍🏫 Instructor - Htoo Eaint

📆Mon, Tue (Start date 1/12/2025)
🕰️ 8:00 - 9:00 AM
💰60,000 Kyats

Zoom app နဲ့ တိုက်ရိုက်သင်ကြားမှာဖြစ်ပြီး သင်ထားသမျှကိုလည်း recordings တွေ ကြည့်ပြီး ပြန်လေ့ကျင့်နိုင်မှာဖြစ်လို့ အတန်းပျက်သွားရင်လည်း လေ့ကျင့်မှုပျက်မှာကို စိတ်ပူစရာမရှိပါဘူး

✅ သင်တန်းအပ်ရန် m.me/DoYogaWithDrK ကို နှိပ်ပြီး အပ်နိုင်ပါတယ်။

21/11/2025

Dropback မှာ ထားရမဲ့ Pelvic tilt (တင်ပဆုံ အရှေ့ သို့ အနောက်ကို တိမ်းစောင်းတဲ့ပုံစံ) ကို သင်ပေးနေတာပါ။

ဆရာက သင်ပြတာကို K က လိုက်လုပ်ပြနဲ့၊ ပျော်ဖို့ကောင်းခဲ့တဲ့ အမှတ်တရတခုပါ။

K ရဲ့ Sukha Kula - သုခအသိုင်းအဝန်း ယောဂစတူဒီယိုကိုဒီဇင်ဘာမှာ စပြီး ဖွင့်သွားမှာပါရှင်။လိပ်စာကတော့.....🏠အမှတ် ၁၈၊ ပထမထပ် ...
19/11/2025

K ရဲ့

Sukha Kula - သုခအသိုင်းအဝန်း ယောဂစတူဒီယိုကို

ဒီဇင်ဘာမှာ စပြီး ဖွင့်သွားမှာပါရှင်။

လိပ်စာကတော့.....

🏠အမှတ် ၁၈၊ ပထမထပ် ၊ ဗိုလ်ရာညွန့်လမ်း၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်ပါ။

အတန်းချိန်တွေကို မကြာခင်ကြေညာပေးသွားမှာမလို့

'Sukha Kula - သုခအသိုင်းအဝန်း' page လေးကို

Like & Follow လုပ်ပေးထားကြပါဦးနော်။

______________________________

We are thrilled to announce that
our Sukha Kula - Yoga Studio will be open at :

🏠No.18, Bo Yar Nyunt Street, Yaw Mi Gyi Ward, Dagon Township, starting from the first week of December.

Class Schedules will be announced soon.

Don’t miss out - Like and Follow our page to stay updated !

#သုခအသိုင်းအဝန်း #ယောဂ

Address

Yangon
11171

Telephone

+959757936477

Website

Alerts

Be the first to know and let us send you an email when Yoga with Dr K posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yoga with Dr K:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category