28/10/2022
မျိုးဆက်ပွါးကျန်းမာရေးအသိနှင့် သားဆက်ခြားခြင်းအကြောင်း (၆)
အခုအပိုင်းမှာတော့ LARCs ထဲကပဲ သားအိမ်ထဲထည့်ရတဲ့ progesterone ဟော်မုန်းပါတဲ့ ပစ္စည်းတွေအကြောင်း ပြောပါမယ်။
ဒီနိုင်ငံကလူတွေနဲ့တော့ အတော်စိမ်းနေဦးမယ့်ပစ္စည်းလေးတွေပါ။ ဒီမှာထည့်လေ့ရှိတာက copper ပါတဲ့ သားအိမ်တွင်းထည့်ပစ္စည်းတွေပါ။ copper intrauterine device (Cu-IUD) လို့ ခေါ်ပါတယ်။ အခုက ဟော်မုန်းပါတဲ့ intrauterine system (IUS) တွေပါ။
👉Levonorgestrel intrauterine system (LNG-IUS) လို့လည်း ခေါ်ပါတယ်👈
Levonorgestrel ဆိုတဲ့ progesteroneဟော်မုန်းအမျိုးအစား ပါဝင်လို့ပါ။
Mirena, Jaydess, Skyla, Levosert အစရှိတဲ့နာမည်တွေနဲ့ လာပါတယ်။ ဟော်မုန်းပါဝင်မှု ပမာဏအနည်းအများအပေါ်မူတည်ပြီး ၃နှစ်ကနေ ၅နှစ်အထိ ခံပါတယ်။
❓ဘယ်လိုအလုပ်လုပ်သလဲ
- သားအိမ်နံရံကိုဟော်မုန်းအာနိသင် တိုက်ရိုက်သက်ရောက်စေပြီး ပါးစေတယ်( ကိုယ်ဝန်ကပ်ဖို့ မသင့်တော်တဲ့အခြေအနေဖြစ်အောင် လုပ်ဆောင်ထားတယ်)
- သားအိမ်ခေါင်းအချွဲကို ပျစ်စေပြီး သုတ်ပိုးမဖြတ်နိုင်အောင် တားပေးတယ်
- မျိုးဥကြွေတာကိုတော့ မတားပေးနိုင်ပါဘူး
✅ တစ်ခုချင်းစီရဲ့ထူးခြားချက်/ကွာခြားချက် လေးတွေကို နည်းနည်းလေး ကြည့်ရအောင်
👉Mirena
- ဟော်မုန်း 52mg ပါဝင်တယ်
- ၅နှစ်သက်တမ်းရှိတယ်
- ရာသီသွေးဆင်းများတာအတွက် ကုသမှုအနေနဲ့ အသုံးဝင်တယ်(သားအိမ်အတွင်းထည့်အပြီး ၁ နှစ်အကြာမှာ သွေးဆင်းတဲ့ပမာဏကို ၉၀ရာခိုင်နှုန်းတောင် လျှော့နည်းစေပါတယ်)
- ရာသီသွေးဆင်းချိန်မှာ ကိုက်ခဲတာတွေကို သက်သာစေတယ်
- သားအိမ်နံရံအတွင်းသား နေရာလွဲမှားတည်ရှိမှု(endometriosis, adenomyosis) ကြောင့် ရာသီလာချိန်ကိုက်ခဲမှုတွေကိုလည်း သက်သာစေတယ်
- သားအိမ်နံရံအတွင်းသား ပုံမမှန်ပွါးတာ(endometrial hyperplasia) ကိုလည်း မဖြစ်အောင် တားဆီးပေးတယ်
👉Levosert
- ဟော်မုန်း52mg ပါတယ်
- ၃နှစ်သက်တမ်းရှိတယ်
- ရာသီသွေးဆင်းများတာအတွက် ကုသမှုအနေနဲ့ အသုံးဝင်တယ်
- mirena လိုပဲ ကိုက်ခဲတာတွေကို သက်သာစေတယ်
- endometrial hyperplasia ကိုတားဖို့အတွက်တော့ သုံးခွင့်မပြုထားဘူး
👉Jaydess/Skyla
- ဟော်မုန်း13.5mg ပါတယ်
- ၃နှစ်သက်တမ်းရှိတယ်
- အရွယ်အစားပိုသေးတဲ့အတွက် အသက်အရွယ်ငယ်တဲ့သူ၊ ကိုယ်ဝန်မဆောင်ဖူးသူတွေအတွက် ပိုသင့်တော်တယ်
- သွေးဆင်းများတာအတွက်ရော endometrial hyperplasia ကိုကာကွယ်ဖို့အတွက်ရော သုံးဖို့ခွင့်မပြုထားပါဘူး
📝 ဘယ်လိုထည့်ရတာလဲ၊ ဘာတွေ ထပ်သိဖို့လိုမလဲ
- သားအိမ်အတွင်းထည့်ရတာဖြစ်ပါတယ်၊ ဒါကြောင့် ကျွမ်းကျင်တဲ့သူ ထည့်ပေးတာဖြစ်ဖို့ လိုပါတယ်
- ဆေးရုံတက်စရာမလိုပါဘူး၊ ပြင်ပလူနာအနေနဲ့ ထည့်လို့ရပါတယ်၊ ကြာချိန်က မိနစ်ပိုင်းပဲ ရှိပါတယ်။
- ရာသီစက်ဝန်းရဲ့ ဘယ်အချိန်မှာမဆို ထည့်လို့ရပါတယ်
- ထည့်တဲ့အချိန်မှာ အနည်းငယ်နာကျင်တာ ရှိနိုင်ပါတယ်။ မူးမေ့တဲ့အထိ ဖြစ်တတ်တာမျိုးက ၁၀၀၀ မှာ ၂ယောက်ကနေ ၁၀၀မှာ ၂ယောက် လောက်အထိ ဖြစ်နိုင်ပါတယ်။
- မမျိုးပွါးအင်္ဂါလမ်းကြောင်းမှာ ပိုးဝင်ထားနိုင်တဲ့သူတွေမှာဆိုရင်တော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပိုးသတ်ဆေးပေးထားဖို့ လိုနိုင်ပါတယ်။ ပိုးဝင်ထားခြင်းရှိမရှိ ကြိုတင်စစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
- သားအိမ်ထဲ ပစ္စည်းထည့်ထားရင်းနဲ့ ပိုးဝင်တဲ့လက္ခဏာရှိလာရင်လည်း ချက်ချင်းပြန်ထုတ်စရာမလိုပါဘူး၊ ၃ရက်လောက် ပိုးသတ်ဆေးသောက်ပြီး လက္ခဏာမသက်သာမှ ပြန်ထုတ်ဖို့လိုမှာပါ။
- ပြန်ထုတ်ရတယ်ဆိုရင်တော့ (မထုတ်ခင်ရက်ပိုင်းမှာ အမျိုးသားနဲ့လည်း အတူနေထားတယ်ဆိုရင်တော့) အရေးပေါ်သန္ဓေတားဆေးသုံးဖို့လိုနိုင်ပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ရပါမယ်။
- သားအိမ်အတွင်းပစ္စည်းထည့်တဲ့သူ အယောက်၂၀မှာ ၁ယောက်လောက်က ရာသီလာချိန်မှာ သူ့အလိုလို ပြန်ထွက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးက ထည့်အပြီး ပထမ ၃လအတွင်းမှာပါ။
- အဲ့တာကြောင့် ရာသီလာချိန်အပြီးတိုင်းမှာ သားအိမ်ခေါင်းအဝမှာ ချန်ထားခဲ့တဲ့ ကြိုးစလေးကို ပြန်စမ်းတဲ့အကျင့်ကလေး လုပ်ထားရင် ပိုကောင်းပါတယ်။
- ကြိုးစ စမ်းမမိတော့ရင် - ပစ္စည်းက ထွက်သွားတာဖြစ်နိုင်သလို အပေါ်ဘက်ကိုပိုရောက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ တခါတလေ ကြိုးစက ရှိနေပေမယ့် ကိုယ်က စမ်းမမိတာလည်း ဖြစ်တတ်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စမ်းမမိရင်တော့ ဆရာဝန်နဲ့ ပြန်ပြတာအကောင်းဆုံးပါပဲ။
- အများစု ကြောက်ကြတဲ့အချက်တစ်ခုက သားအိမ်ထဲ ပစ္စည်းထည့်တာဆိုတော့ သားအိမ်ပေါက်မှာ တခြားနေရာတွေ လျှောက်သွားမှာကိုပဲ။ အဲ့တာက တွေ့ရတာ အရမ်းနည်းပါတယ်။ ထည့်တဲ့သူ ၁၀၀၀ မှာမှ ၂ ယောက်လောက်ပဲ ဖြစ်နိုင်တာပါ။
- သားအိမ်ပြင်ပသန္ဓေတည်တာက သားအိမ်ထဲ ပစ္စည်းထည့်ထားတဲ့သူ အယောက် ၁၀၀မှာ တစ်နှစ်အတွင်းဖြစ်နိုင်ခြေ 0.02ပဲ ရှိပါတယ်။ (၁၀၀၀၀ မှာမှ ၂ယောက်လောက်ပေါ့)။ ဘာမှာမသုံးတဲ့သူ အယောက် ၁၀၀မှာဆိုရင်တော့ 0.3-0.5 (အယောက် ၁၀၀၀၀ မှာဆို ၃၀-၅၀ ) အထိ ဖြစ်နိုင်ခြေ ရှိပါတယ်တဲ့။ ဒါပေမယ့် သားအိမ်ထဲပစ္စည်းထည့်ထားရင်း ကိုယ်ဝန်ရှိရင်တော့ သားအိမ်ပြင်ပသန္ဓေတည်တာဖြစ်ဖို့များတဲ့အတွက် အမြန်ဆုံးပြပြီး ultrasound ရိုက်ဖို့ လိုပါလိမ့်မယ်။
- ပစ္စည်းထည့်ထားရင်း ကိုယ်ဝန်ရှိသွားရင်ကော - အရင်ဆုံး သားအိမ်ပြင်ပသန္ဓေမဟုတ်ကြောင်း အရင် သေချာအောင်လုပ်ရပါမယ်။ တကယ်လို့ ပစ္စည်းက ထွက်ကျသွားလိုကိုယ်ဝန်ရှိသွားတာမျိုးဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ သားအိမ်ထဲမှာ ပစ္စည်းရှိလျက်နဲ့ ကိုယ်ဝန်ရှိသွားတာဆိုရင်တော့ ကိုယ်ဝန် (၁၂)ပတ်မတိုင်ခင် ပစ္စည်းကို ပြန်ထုတ်ရပါမယ်။ ပစ္စည်းပြန်ထုတ်တာက ကိုယ်ဝန်ပျက်ကျနိုင်ခြေ အနည်းငယ်ရှိပေမယ့် မထုတ်ပဲ ဆက်ထားထားရင် ပိုးဝင်တာ၊ လမစေ့ပဲ မွေးတာ၊ လ မနုမရင့်အချိန် (၅လ ၆လလောက်)ရောက်မှ ပျက်ကျနိုင်တာ စတဲ့ အန္တရာယ်တွေက ပိုပြီးများတဲ့အတွက် ထုတ်တာက ပိုကောင်းပါတယ်။
👍ကောင်းတဲ့အချက်။
- နှစ်ရှည်ခံတယ်၊ အဲ့တော့ မေ့မှာ စိတ်ပူစရာမလိုတော့ဘူးပေါ့
- အသက် ၄၅နှစ်နောက်မှထည့်ဖြစ်ရင်တော့ သွေးဆုံးချိန်အထိ သုံးလို့ရပါတယ်(Mirena)
- ပြန်ထုတ်ပြီးတာနဲ့ ချက်ချင်း ကိုယ်ဝန်ပြန်ရနိုင်ပါတယ်
- ကိုယ်ဝန်ရသွားနိုင်ခြေက