ဆန်းသစ်-San Thit Pharmacy

  • Home
  • ဆန်းသစ်-San Thit Pharmacy

ဆန်းသစ်-San Thit Pharmacy Promotion

ဆေးစျေးက တနေ့ထက်တနေ့ တက်တက်နေလို့ ရောင်းရတာအားနာလာတယ်😪 တချို့ဆေးCompanyတွေကလည်းအရောင်းပိတ်ထားတော့လေ လိုသလောက်လဲဆေးကမှာမရ...
27/07/2022

ဆေးစျေးက တနေ့ထက်တနေ့ တက်တက်နေလို့ ရောင်းရတာအားနာလာတယ်😪 တချို့ဆေးCompanyတွေကလည်းအရောင်းပိတ်ထားတော့လေ လိုသလောက်လဲဆေးကမှာမရဘူး😑

😪ဝမ်းမကောင်းလို့ စိတ်မပူရတော့ဘူးပေါ့👍🏥ဆိုင်မှာBi lact အထုပ်လေးတွေရှိတယ်နော်😊
25/06/2022

😪ဝမ်းမကောင်းလို့ စိတ်မပူရတော့ဘူးပေါ့👍
🏥ဆိုင်မှာBi lact အထုပ်လေးတွေရှိတယ်နော်😊

💛နေ့စဥ်ဝမ်းဗိုက်ကျန်းမာရေးအတွက်တော့ 𝐁𝐢-𝐋𝐚𝐜𝐭(ဘိုင်လက်)က အမြဲအဖော်မွန်ကောင်းပါပဲနော်...
💛ဝမ်းဗိုက်ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့
𝐁𝐢-𝐋𝐚𝐜𝐭(ဘိုင်လက်)မှာ
-𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬 (၄)မျိုးနှင့်
-𝐏𝐫𝐞𝐛𝐢𝐨𝐭𝐢𝐜𝐬(၃)မျိုးအထိ စုံလင်ပြည့်ဝစွာပါဝင်ထားပြီး တောင်ကိုရီးယားနိုင်ငံထုတ် အရည်အသွေးမြင့် ပရိုဘိုင်အိုတစ်
နှင့် ပရီဘိုင်အိုတစ် ဖြည့်စွက်စာ (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬 & 𝐏𝐫𝐞𝐛𝐢𝐨𝐭𝐢𝐜𝐬 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭)ဖြစ်ပါတယ်...
💛𝐁𝐢-𝐋𝐚𝐜𝐭(ဘိုင်လက်)ကို
-ဝမ်းပျက်ခြင်း၊
-ဝမ်းချုပ်ခြင်း၊
-ဝမ်းဗိုက်မအီမသာဖြစ်ခြင်းစသည့် အစာအိမ်နှင့်အူလမ်းကြောင်းအခြေအနေများနှင့်ကိုယ်ခံအားစနစ်​အတွက် အမှုန့်အတိုင်းဖြစ်စေ၊ရေအသင့်အတင့်နှင့်ဖျော်ပြီးဖြစ်စေ တစ်နေ့တစ်ထုပ် နေ့စဥ်ပုံမှန်သောက်သုံးပေးနိုင်ပါတယ်...
💛 ဝမ်းဗိုက်ပြဿနာလေးတွေကြောင့် မိမိရဲ့နေ့စဥ်လုပ်ငန်းဆောင်တာတွေ မထိခိုက်ရလေအောင် 𝐁𝐢-𝐋𝐚𝐜𝐭(ဘိုင်လက်)ကိုဆောင်ထားကြရအောင်နော်...
💛 𝐁𝐢-𝐋𝐚𝐜𝐭(ဘိုင်လက်)ကို အမြို့မြို့အနယ်နယ်ရှိဆေးဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင်...
“မိသားစုတိုင်းကိုယ်ခံစွမ်းအားကောင်းမွန်ပြီး အစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာဖို့ 𝐁𝐢-𝐋𝐚𝐜𝐭 (ဘိုင်လက်)ကိုနေ့စဥ်သောက်ကြစို့”



'ပူတယ်ဟေး…….. ပူတယ်’ ဒီရက်ပိုင်း အကြားရဆုံးက ပူတယ်၊ အိုက်တယ်၊ ချွေးတအားထွက်တယ်၊  နောက်ပြီး မူးတယ်၊ ရင်တုန်တယ်၊ အားမရှိဘူ...
28/04/2022

'ပူတယ်ဟေး…….. ပူတယ်’

ဒီရက်ပိုင်း အကြားရဆုံးက ပူတယ်၊ အိုက်တယ်၊ ချွေးတအားထွက်တယ်၊ နောက်ပြီး မူးတယ်၊ ရင်တုန်တယ်၊ အားမရှိဘူးဆိုတာတွေပါ ကြားလာရပြီ ဆိုတော့ အပူရှပ် တာ တွေလဲ ဖြစ်လာနိုင်ပြီမို့ သတိထားသင့်ပါပြီ။ အထူးသဖြင့် အသက်အရွယ်ကြီးတဲ့သူတွေ၊ နာတာရှည် ရောဂါအခံရှိတဲ့သူတွေ၊ ကလေးငယ်တွေ၊ အဝလွန်တဲ့ လူငယ်တွေ၊ နေပူထဲမှာ လုပ်ရတဲ့ သူတွေအနေနဲ့ ဒီအပူချိန်ကို အထူးသတိပြုရမှာပါ။

အရမ်းပူတဲ့ အခါမှာ ခန္ဓာကိုယ်ကနေ ချွေးတွေ ထွက်လာတယ်ဆိုတာက Homoeostasis လို့ခေါ်တဲ့ ဖြစ်စဉ်ကြောင့်ပါ။ ဒီဖြစ်စဉ်ဟာ ခန္ဓာကိုယ်ကို အေးအောင် အပူချိန်တွေ လျှော့ပေးပြီး အပူ အအေး မျှတအောင် လုပ်ပေးပါတယ်။ ဒါပေမယ့် တချို့ အခြေအနေတွေမှာ ချွေးထွက်ရုံနဲ့ မထိန်းချုပ်နိုင်တော့တာတွေ ရှိပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်ရဲ့ အပူချိန်တွေ အဆမတန်တက်လာနိုင်ပြီး ဦးနှောက်သွေးကြောပြတ်တာတွေ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တဲ့ အထိ ဖြစ်နိုင်ပါတယ်။ ဒါကို အပူရှပ်တယ်၊ အပူကြောင့် လေသင်တုန်းဖြတ်တယ် စသဖြင့် ခေါ်ကြပါတယ်။

ခုလို ပူတဲ့အချိန်မှာ ကျန်းမာရေးအတွက် စိုးရိမ်စရာတွေလဲ များတာမို့ ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ပြောပြချင်ပါတယ်။

☀️ ချွေးစုပ်တဲ့ ချည်ထည် ၊ ပွပွယောင်းယောင်းနဲ့ အရောင်ဖျော့တဲ့ အင်္ကျီလေးတွေ ဝတ်ပေးပါ။

☀️ ရေများများသောက်ပေးပါ။ လိုအပ်ရင် ဓါတ်ဆားရေ လဲ သောက်လို့ရပါတယ်။

☀️ အရည်ရွှမ်းတဲ့ ဖရဲသီး၊ လိမ္မော်သီးလို အသီးလေးတွေ စားပေးပါ​။

☀️ ဖြစ်နိုင်မယ်ဆိုရင် အရိပ်ထဲမှာ ၊ လေအေးတိုက်တဲ့နေရာမှာ နေပေးပါ။

☀️ နေပူထဲ ထွက်ဖို့ လိုလာပြီဆိုရင်လဲ ဦးထုပ် ၊ ထီး စတဲ့ အကာကွယ်လေးတွေ ယူပေးပါ​။

☀️နေပြင်းတဲ့နေရာမှာ လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်တာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေ ရှောင်ပါ။

☀️ နေပူထဲကနေ အေးတဲ့ နေရာကို ဝင်တဲ့အခါ သတိထားပေးပါ၊ အပြင်က ပြန်လာရင် ရေချိုးတာ ရေခဲရေသောက်တာတွေ ရှောင်ပေးပါ။

☀️ ဒီရက်ပိုင်း အငန်တို့ အချိုတို့လျှော့စားပေးပါ။ (အထူးသဖြင့် ဆီးချို၊ သွေးတိုး ရှိတဲ့သူတွေ သတိထားပေးပါ)

☀️ လက်သုတ်ချဉ် ၊ ဗိုက်နာနိုင်တဲ့ ဝမ်းလျှောနိုင်တဲ့ အစားအစာလေးတွေ ရှောင်ပေးပါ။

☀️ အရက်ကို လျှော့သောက်ပေးပါ​။

တကယ်လို့ ခန္ဓာကိုယ်အပူချိန်အရမ်းတက်လာတယ် , အဖျား ၁၀၃ ကျော်လာပြီ၊ ချွေးမထွက်ပဲနဲ့ အသားတွေပူပြီး နီနေမယ်၊ နှလုံးခုန်နှုန်းတွေ မြန်နေမယ်၊ ခေါင်းတွေထိုးပြီးကိုက်နေမယ်၊ ခေါင်းမူးမယ်၊ အော့အန်မယ်၊ သတိလစ်မယ် စတဲ့ လက္ခဏာတွေ ဖြစ်ပြီဆိုရင် Heat Stroke ဖြစ်နိုင်တယ်။ အသက်အန္တရယ် စိုးရိမ်ရတာမို့ နီးစပ်ရာ ဆေးခန်းကို သွားသင့်ပါတယ်။

Crd to Pharmacist Noble

05/03/2022

Brand's ငှက်သိုက် သကြားပါတာရော၊ဆီးချိုသမားတွေအတွက် sugar freeသကြားမပါတာရော မှာလို့ရပါတယ်နော်😍

မဂ််လာပါရှင့်😍ဆန်းသစ်ဆေးဆိုင်မှကြိုဆိုပါတယ်ရှင်🙏🚴‍♂ညောင်ကျိုးမှအမျိုးတွေအတွက် အထူးserviceအနေနဲ့ ဆန်းသစ်ဆေးဆိုင်မှာ ဘာပဲဝ...
26/02/2022

မဂ််လာပါရှင့်😍
ဆန်းသစ်ဆေးဆိုင်မှကြိုဆိုပါတယ်ရှင်🙏
🚴‍♂ညောင်ကျိုးမှအမျိုးတွေအတွက် အထူးserviceအနေနဲ့ ဆန်းသစ်ဆေးဆိုင်မှာ ဘာပဲဝယ်ဝယ် ရန်ကုန်ကနေdelivery free(ပို့ဆောင်ခအခမဲ့)အနေနဲ့ပို့ဆောင်ပေးမှာဖြစ်ပါတယ်ရှင့်😊
ဦးအေးဝင်း(ဦးေပါက်ကြီး)+ဒေါ်အေးအေးမြင့် (လှကမ္ဘာ)ကိုတော့ လာယူပေးပါနော် plz🙏
ရန်ကုန်က ကားဆရာဦးသန်းဇော်(09456924337)ကိုလည်း မှာလိုက်လို့ရပါတယ်😊
🏥နိုင်ငံခြားဆေးမျိုးစုံ
🏥ဗမာဆေးမျိုးစုံ
🏥ကလေး၊လူကြီးအဟာရဖြည့်စွက်စာများ
🏥သွေးပေါင်ချိန်စက်၊ဆီးချိုတိုင်းစက်
🏥ကျန်းမာရေးအထောက်အကူပြုပစ္စည်းမျိုးစုံ ကိုစျေးနှုန်းမှန်ကန်စွာဖြင့် 09259905677ကိုတိုက်ရိုက်ဖြစ်စေ Fb CBကဖြစ်စေ လက်လီလက်ကား အိမ်ကနေပဲအလွယ်တကူမေးမြန်းမှာယူလို့ရပါပြီရှင်🎉

05/02/2022

Hello😍
Grovit ကလေးအားဆေး နှစ်မျိုးလုံး ဆိုင်မှာinstockပါရှင့်😊

Hello!အားလုံးပဲ မင်္ဂလာပါရှင့် 😍ယခုလက်ရှိမှာ omicron ရောဂါပိုးတွေ့တာ ပြန်များလာပြီမို့လို့ လူတိုင်းပြန်ပြီး ဂရုစိုက်ကြပါ...
05/02/2022

Hello!
အားလုံးပဲ မင်္ဂလာပါရှင့် 😍

ယခုလက်ရှိမှာ omicron ရောဂါပိုးတွေ့တာ ပြန်များလာပြီမို့လို့ လူတိုင်းပြန်ပြီး ဂရုစိုက်ကြပါဉီးနော် 💕

အိုမီခရွန်လက္ခဏာတွေက

- (၄၈)နာရီအတွင်း လက္ခဏာပြတယ်

(၁) နှာချေမယ် ၊ ပင်ပန်းနွမ်းနယ်မယ် ၊ အားမရှိဖြစ်နေမယ်

(၂) လည်ချောင်းယားမယ် ၊ ချောင်းခြောက်ဆိုးမယ် ၊ နှာစေးမယ်

(၃) ခါးအောက်ပိုင်းနာမယ် ၊ ခေါင်းကိုက်မယ် ၊ ညဘက် ချွေးထွက်များမယ် ၊ ကိုယ်လက်ကိုက်ခဲမယ်

(၄) မစားမသောက်ချင်ဖြစ်လာမယ်

အထက်ပါလက္ခဏာတွေဖြစ်ရင် အများပြည်သူဆိုင်ရာနေရာတွေကို မသွားခြင်းဖြင့် ကူညီပါ

Address


Telephone

+959259905677

Website

Alerts

Be the first to know and let us send you an email when ဆန်းသစ်-San Thit Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram