11/02/2026
Valentine's Day Special Offer
Feb 14 ရက်နေ့ထိ 1 Question - 1000 mmk နဲ့ Tarot မေးလို့ရကြောင်း ကြေညာရင်း Virgo Energy အကြောင်း ပြောပြပါဦးမယ်။
မနက်ကစောစောစီးစီး Post တစ်ခုဖတ်မိတယ်။
Disney Land မှာ Character လိုသရုပ်ဆောင်ရတဲ့ဝန်ထမ်းတွေရဲ့ လစာကောင်းသလောက် စည်းကမ်းတွေတအားကြပ်တဲ့အကြောင်းရေးထားတာ။
စည်းကမ်းတွေတစ်ချက်ချင်း ဖတ်ရင်းနဲ့ စိတ်သက်သာသလိုတောင်ခံစားရတယ်။
ဖျတ်ခနဲဆို အဲ့တာ Virgo Energy ပဲလို့စဉ်းစားမိလို့ ဒီစာကိုချရေးလိုက်တာပါ။
Virgo တွေရဲ့ Personality Traits 🫣
Analytical, Detail-oriented, Practical, Logical, Organized, Responsible, Reliable, Hardworking, Perfectionist, Service-minded, Observant, Methodical, Disciplined, Reserved, Modest, Loyal, Supportive, Selective, Self-critical, Overthinking, Worry-prone, Health-conscious, Clean-loving, Problem-solver and Quality-focused.
ခွဲခြမ်းစိတ်ဖြာတတ်သော၊ အသေးစိတ်ကို အထူးဂရုစိုက်တတ်သော၊ လက်တွေ့ကျသော၊ အချက်အလက် အခြေပြုသော ၊ စနစ်တကျ စီမံတတ်သော၊ တာဝန်ယူတတ်သော ၊ ယုံကြည်အားထားနိုင်သော၊ အလုပ်ကြိုးစားသော၊ ပြီးပြည့်စုံစေချင်စိတ်ပြင်းထန်သော၊ ဝန်ဆောင်မှုပေးချင်စိတ်ရှိသော၊ အကဲဖြတ်မြင်သာစွာ ကြည့်ရှုတတ်သော၊ လုပ်ငန်းစဉ်အတိုင်း စနစ်တကျလုပ်ကိုင်တတ်သော၊ စည်းကမ်းရှိသော၊ စိတ်ထိန်းသိမ်းထားတတ်သော၊ မိမိကိုယ်ကို မဖော်ပြလွန်းသော၊ သစ္စာရှိသော၊ ထောက်ပံ့ကူညီတတ်သော၊ လူရွေးချယ်တတ်သော၊ ကိုယ့်ကိုယ်ကို အပြစ်တင်လွယ်သော၊ အတွေးများလွန်ကဲတတ်သော၊ စိုးရိမ်ပူပန်လွယ်သော၊ ကျန်းမာရေးကို အလေးထားသော၊ သန့်ရှင်းရေးကို ကြိုက်နှစ်သက်သော၊ ပြဿနာဖြေရှင်းတတ်သော နှင့် အရည်အသွေးကို ဦးစားပေးသော။
အထက်ပါအချက်တွေကြောင့် စည်းကမ်းတင်းကြပ်တဲ့ Community ဟာ Virgo တွေအတွက် စိတ်သက်သာရာရစေပါတယ်။
ဘာလို့လဲဆိုတော့ ဗရမ်းဗတာလုပ်တဲ့သူတွေ ဒဏ်ကို မခံနိုင်လို့ပါ။
နဂိုတည်းက စည်းကမ်းတင်းကြပ်ထားတော့ ပစ်စလက်ခတ် နေတတ်သူတွေလည်း နေလို့မရတော့သလို များသောအားဖြင့်အဲ့လိုလူတွေဟာလည်း ဒီလို Community ကို ရောက်မလာကြတော့ဘူး။
အဲ့တာက Virgo တွေကို သက်တောင့်သက်သာဖြစ်စေပါတယ်။
Virgo တွေကို ဘယ်အရာက Red Flag ဖြစ်စေတာလဲ ? 🚩
12 Sings လုံးမှာ Earth တွေက လွဲလို့ ကျန်တဲ့ Sign တွေက တအားလေးလံမနေကြဘူး။
Earth မှာတောင် Ta**us ဟာ ခေါင်းမာတာလေးရှိပေမယ့် Capricorn နဲ့ Virgo လောက်မဆိုး။ Capricorn ကလည်း ကျစ်တစ်တစ် ရစ်တစ်တစ်ဆိုပေမယ့် Virgo ကိုမမှီ။ ဆိုတော့ ဘဝဆိုတာ မောပန်းလေးလံစရာတွေများတဲ့ထဲ Virgo တွေနဲ့ပတ်သက်ရင် ပေါ့ပေါ့ပါးပါးမရှိကြလို့ လူတွေက စိတ်သက်သာရာ မရကြပါဘူး။
ထို့ကြောင့် Virgo ကင်းစင် ပြုံးပျော်ရွှင်၊ Virgo ကင်းဝေ စိတ်ချမ်းအေး ဖြစ်ကုန်ကြတာ။
အပေါင်းသင်းလုပ်ကြတော့မယ်ဆိုရင်.Moon, Mercury ကိုအဓိက ကြည့် ချစ်သူတော်မယ်ဆိုရင် Venus ပါထည့်ကြည့်။
အရမ်းအဆင်ပြေတဲ့ စုံတွဲတွေ၊ သူငယ်ချင်းအုပ်စုလေးတွေရှိတတ်တယ်။ သူတို့က Moon Mercury, Venus တွေမှာ Compatible ဖြစ်နေတာ။ ရှားရှားပါးပါးတော့ Chart တစ်ခုလုံးကိုက်ညီဖို့ဆိုတာ သိပ်တော့မဖြစ်နိုင်ဘူးလေ။
ဘာလို့ Sun , Rising ကိုမကြည့်ပဲ Moon , Mercury ကြည့်ခိုင်းလဲဆိုတော့ ကိုယ့်ကိုကိုယ်နဲ့ပဲ ဥပမာပေးပါမယ်။ Western Astrology မှာ ကျွန်မက Sun - Libra , Rising - Cancer မို့ Libra လို ချစ်စရာကောင်း၊ ပျော်ရွှင်အောင်လုပ်ပေးတတ်၊ Cancer လိုနွေးထွေး အမေလို ကြင်နာတတ်လို့ လူတော်တော်များများက ပထမဆုံးစတွေ့ဖူးတဲ့အချိန်မှာတင် သဘောကျကြပါတယ်။ (ဆက်ပေါင်းမှငိုချင်ကြတာ 🤪)။
ကျွန်မရဲ့ Moon + Mercury က Virgo တွေပါ။
(အရှည်မပြောတော့ဘူး ဒီလောက်ဆိုသိလိုက်တော့ 🫣) အဲ့ခါကျတော့ Inner Circle ထိဝင်ပြီး အတွင်းကျကျပေါင်းမယ်ဆိုရင် Moon , Mercury တွေက အဓိကအလုပ်လုပ်ပါပြီ။ ချစ်သူဆို Venus Sign ရဲ့ Traits ပါထည့်ပေါင်းပြီးကြည့်ရပါတယ်။
Western Astrology မှာအဲ့လိုမို့ Sidereal မှာကြည့်ရင် Virgo Stellium ပါဖြစ်နေရော Sun+Mercury+Mars -Virgo and Moon-Leo
အဲ Virgo များနေသော်ညား Rising က Gemini ဖြစ်နေလို့ တွေ့လိုက်တာနဲ့ လူချစ်လူခင်ကများတုန်းပါပဲ🤭 ။
Astrology ကိုနားလည်လာပြီးတဲ့နောက်မှာ လူသစ်တွေနဲ့ခင်မင်တော့မယ်ဆို ဒါလေးထည့်ထည့်ပြောရတယ် အတွင်းကျကျပေါင်းမယ်ဆို Virgo Energy နဲ့ပြေလား ပြေရင်ပေါင်း မပြေရင်တော့ အပေါ်ယံလေးပဲရှပ်ပြီးပေါင်းလို့ပဲ 😅။
ခုတလောမှာ Tarotကြည့်ပေးရင်းနဲ့ ကျွန်မက အချိန်ရရင် ရသလို Chart လေးတွေအကြမ်းဖျင်း FoC ကြည့်ပေးဖြစ်တယ်။
အဲ့လိုလေးတွေအဆင်ပြေမပြေသိချင်ရင် တစ်ခါတည်း မေးခွန်းမေးရင် မွေးနေ့၊မွေးရက်၊မွေးချိန်နဲ့ မွေးတဲ့မြို့လေးပါ ထည့်ရေးပေးရင်ပိုအဆင်ပြေပါတယ်။
အမြဲတော့မကြည့်နိုင်ပေါ့နော်။
Birth Chart အတွက်က Package လည်းမဖွင့်ထားပါဘူး။
Reading အတွက် Tarot, Lenormand, Oracle (၃) ခုအတွက်ပဲဖွင့်ထားပါတယ်။
Feb 15 ကစပြီး One on One Counselling, Healing and Mentoring Package တွေအကုန်ပြန်ဖွင့်ပါပြီလို့လည်း သတင်းပါးပါတယ်ရှင်။