Sisudatu Tarot & Energy Healing

Sisudatu Tarot & Energy Healing A compassionate guide helping others reconnect with themselves. (Tarot, Lenormand, Oracle)Reader, Cartomancer, Healer, Animal Empath and Conservationist.
(1)

🔔🎈December 2025 General Tarot Reading ❄️ 🎀🎄
01/12/2025

🔔🎈December 2025 General Tarot Reading ❄️ 🎀🎄

❄️🎄🌟 Happy December! May your last chapter of 2025 be gentle, magical, and full of blessings.🎈✨🎄🎀♥️ညကျရင် Dec တစ်လစာဟောက...
01/12/2025

❄️🎄🌟 Happy December! May your last chapter of 2025 be gentle, magical, and full of blessings.🎈✨🎄🎀♥️

ညကျရင် Dec တစ်လစာဟောကိန်း Pile Reading လေးတင်ပေးမယ်ရှင့် ❤️ ❄️ 🎄✨

လိုင်းတွေကအတော်မကောင်းလို့ Telegram မှာပဲ ပိုစ်လေးတွေတင်ဖြစ်ဦးမယ်ရှင့် ။Dec မှာ ဆက်လုပ်မယ့် Spiritual Practice လေးတွေလည်...
27/11/2025

လိုင်းတွေကအတော်မကောင်းလို့ Telegram မှာပဲ ပိုစ်လေးတွေတင်ဖြစ်ဦးမယ်ရှင့် ။

Dec မှာ ဆက်လုပ်မယ့် Spiritual Practice လေးတွေလည်း Telegram မှာပဲတင်ပေးပါဦးမယ်နော်။

fb တက်ရတာ အတော်အဆင်မပြေဘူးဖြစ်နေလို့ပါ။

Reading လေးတွေလည်း 👇ဒီကနေ ဆက်သွယ်ပြီးမေးပေးနော်။

https://t.me/sisudatutarotandenergyhealing

20/11/2025

ထွေထူးမဟုတ်ပါဘူး စကားလေးပြောရင်း Card လေးတွေပြချင်လို့ပါ။ 🫶

ဒီနေ့ Deck အသစ်လေးရောက်လို့ Reading လုပ်ဖြစ်ပါတယ်။ ယခုပိုစ်အား မြင်ရသူများအတွက်ပါ။ 🌟 Six of Cups 🌟- Ex နဲ့အဆက်သွယ်ပြန်ရပ...
18/11/2025

ဒီနေ့ Deck အသစ်လေးရောက်လို့ Reading လုပ်ဖြစ်ပါတယ်။ ယခုပိုစ်အား မြင်ရသူများအတွက်ပါ။

🌟 Six of Cups 🌟

- Ex နဲ့အဆက်သွယ်ပြန်ရပါမယ်။ ကောင်းခြင်း၊ဆိုးခြင်း ကိစ္စဟောင်းများ ပြန်လည် ပေါ်ပေါက်တတ်ပါတယ်။ အနေအထိုင်သိုသိပ်နေပါက အဆင်ပြေပါမယ်။

🌟 The Empress 🌟

- စီးပွားရေး၊ အလုပ်ကိုင်ရေး ၊ ဝန်ထမ်းရေးရာ၊ ပေါင်းသင်းဆက်ဆံမှုများတွင် အထူးအလေးပေး ဂရုစိုက်ခြင်းကို ခံရပါမယ်။ ကိုယ့်စကားတစ်ခွန်းဆို တစ်ခွန်း အောင်မယ့်ကာလဖြစ်ပါတယ်။

🌟 Ace of Cups 🌟

- ရပ်တန့်နေသော ပညာရေး၊ စီးပွားရေးများ မကြာခင်မှာ ပြန်လည်စတင်နိုင်ပါမယ်။

12/11/2025

အိမ်နားမှာ ပိုင်ရှင်မဲ့ကြောင်လေးတွေ (၇)ကောင်ရှိတယ်။

မွေးထားတာမဟုတ်ပေမယ့် အစာလေးတွေကျွေးဖြစ်ပါတယ်။

နေ့ရက်တိုင်းကို အလဟဿ အကုန်မခံပါဘူး။

ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရဖို့ အမြဲကြိုးစားနေထိုင်ပါတယ်။

အလှူခံရင်၊ ပိုက်ဆံလာ​တောင်းရင် လှူရတယ် ဆိုတဲ့ ပိုစ်မှာ ညီမလေးတစ်ယောက်ကမေးတယ်။ 🍁"လှူတာနည်းလို့ ဆဲသွားရင်ရော ဘယ်လိုလုပ်ရမလ...
07/11/2025

အလှူခံရင်၊ ပိုက်ဆံလာ​တောင်းရင် လှူရတယ် ဆိုတဲ့ ပိုစ်မှာ ညီမလေးတစ်ယောက်ကမေးတယ်။ 🍁

"လှူတာနည်းလို့ ဆဲသွားရင်ရော ဘယ်လိုလုပ်ရမလဲရှင့်" တဲ့ ။ 🍁

အဲ့ပိုစ်ရေးနေစဉ်ကတည်းက အဲ့ပြဿနာကိုလည်းစဉ်းစားမိသလို ဒီလိုလူတွေကို မလှူသင့်ဘူးဆိုတဲ့ အမြင်လည်း ရှိနိုင်တာကို ကြိုစဉ်းစားမိပါတယ်။
(ခုထိတော့ မလှူသင့်ဘူး လာပြောသူမရှိပါဘူး။ ရှိရင်လည်း it's up to you ပါရှင့် လူတိုင်းရဲ့ အမြင်နဲ့ ဆန္ဒတိုင်းကို လေးစားပါတယ်။)
ကျွန်မရဲ့ လက်စွဲ ဆောင်ပုဒ်ကိုက "ကိိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်ဖြစ်ကိုယ်ခံ" မို့လို့ပါ။ 🍁

အဲ့ညီမလေးမေးခွန်းကို ဖြေပေးရရင်

Option (1) Skip လုပ်လိုက်ပါ။ ဒီတိုင်းကျော်သွားပြီး လျစ်လျူရှုလိုက်ပါ။ 🍁

Option (2) ပတ်ဝန်းကျင်အခြေအနေ၊ အနေထားတွေကိုကြည့်ပြီး တုံ့ပြန်သင့်ရင် တုံ့ပြန်ပါ။ 🍁

သူတော်ကောင်းတရားနဲ့အညီ သည်းခံပါ၊ နားလည်ပါ၊ခွင့်လွှတ်ပါဆိုတာတွေကို ကျွန်မက အမြဲအကြံမပေးဖြစ်ပါဘူး။
ဘာဖြစ်လို့လဲဆိုရင် လူတောထဲမှာ တအားဖြူစင်ပြီးနေဖို့ အဆင်မပြေပါဘူး။
စိတ်ကိုပဲဖြူအောင်ထားလို့ရပါတယ်။
လူကတော့ မာမာပြောရမယ့်နေရာ မာမာပြောရပါတယ်၊ ပျော့ရမယ့်နေရာပျော့ရတယ်။ 🍁

Social Issue တွေမှာကျ သင်္ချာတွက်သလို 1+1 = 2 ဆိုပြီး လှေနံဓားထစ် မှတ်ထားလို့မရပါဘူး။
Case ချင်းဆင်တူရင် တောင် အသေးစိတ်သုံးသပ်လိုက်ရင် ဖြေရှင်းပုံကွာသွားရတာမျိုးလည်းရှိပါတယ်။ 🍁

ဒါကြောင့်မို့ ကိိုယ့်နဲ့ကိုက်ညီမယ့် အဆင်ပြေမယ့်ဖြေရှင်းနည်းကို ဉာဏ်နဲ့ယှဉ်တွေး စဉ်းစားချင့်ချိန်ပြီး ဆောင်ရွက်ပါလို့ ဖြေချင်ပါတယ်ရှင့်။ 🍁

Telegram မှာလည်း အသေးစိတ် အသံဖိုင်နဲ့ ရှင်းပြတာလေးတင်ပေးပါဦးမယ်။ 🍁

တစ်လက်စတည်း "Sisudatu Soul Growth Sanctuary" Group လေးကို ဒီတစ်လ နားနေတဲ့ချိန် ပိုစ်တင်လို့ရအောင် ဖွင့်ပေးထားပါမယ်။
စိတ်ပင်ပန်းလို့ရင်ဖွင့်ချင်တာဖြစ်ဖြစ်၊ ပြဿနာတွေ တိုင်ပင်ချင်တာဖြစ်ဖြစ်၊ Spiritual နဲ့ပတ်သက်ပြီး မေးချင်တာတွေရှိရင်ပဲဖြစ်ဖြစ် ပိုစ်တင်မေးလို့ရအောင် ဖွင့်ပေးထားမှာပါ။
ဘာ rules မှ မထားပါဘူး ယဉ်ကျေးစွာဆွေးနွေးဖေးမ အဖြေပေးဖို့ပဲ မေတ္တာရပ်ခံပါတယ်။ 🍁

Spiritual မှာ အယူအဆလေးတစ်ခုရှိပါတယ်။ အလှူခံပုဂ္ဂိုလ်များ၊ သူဖုန်းစားများနဲ့ပတ်သက်တဲ့အကြောင်းအရာပါ။ ကားမောင်းရင်းဖြစ်စေ၊ ...
06/11/2025

Spiritual မှာ အယူအဆလေးတစ်ခုရှိပါတယ်။

အလှူခံပုဂ္ဂိုလ်များ၊ သူဖုန်းစားများနဲ့ပတ်သက်တဲ့အကြောင်းအရာပါ။

ကားမောင်းရင်းဖြစ်စေ၊ လမ်းသွားရင်းဖြစ်စေ၊ အိမ်မှာနေရင်းပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကလာရောက်အလှူခံရင် နည်းသည်များသည်ဖြစ်စေ လှူရပါတယ်။

အတိတ်ဘဝက ပါလာတဲ့ ကိုယ့်ရဲ့ ကံကြွေးကို ဆပ်ခွင့်ကြုံတာမျိုးပါ။ (ကိုယ်ဆပ်ရမယ့်အကြွေးကို လာတောင်းတာဆိုရင်လည်းမမှားပါဘူး၊ လာရောက်တောင်းခံတဲ့ ပုဂ္ဂိုလ်က အတိတ်ဘဝက အကြွေးရှင်လို့ မဆိုလိုပါ၊ ကိုယ်ဆပ်ရမယ့်အကြွေးကို တစ်နည်းတစ်ဖုံနဲ့ ဆပ်ခွင့်ရတာမျိုးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။)
တစ်ခါတရံမှာ ဝိဇ္ဇာကဲ့သို့သော အထက်ပုဂ္ဂိုလ်များက Level test လာစစ်တာမျိုးလို့လည်း ယူဆကြတာရှိပါတယ်။

ကျွန်မ ယခင်က အလှူခံပုဂ္ဂိုလ်အရမ်းရွေးပါတယ်။
ကလေးပိုက်ပြီးတောင်းတာ၊ သန်သန်မာမာအမျိုးသားများဆို မလှူပါဘူး။
မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုများသာလှူပါတယ်။
သီလရှင်ဆိုရင်တောင်မှ ကိုယ်ကလေးဘဝကတည်းက လှူနေကျ သီလရှင်များသာလှူပါတယ်။
ကျန်တာတော့ ရံဖန်ရံခါလှူဖြစ်ပါတယ်။
တကူးတကကြီး ထွက်လှူတာမျိုးမရှိပါဘူး။

ဒါပေမယ့် အခု ကျွန်မ အကြွေအိတ်လေးသီးသန့်ထားပြီး လှူပါတယ်။
ခေါ်ပြီးလာယူဦးလို့ ပေးတာမျိုးမဟုတ်ပဲ ကိုယ်မသိတဲ့ တစ်စုံတ​ယောက်က ကိုယ့်ဆီကို တန်းတန်းမတ်မတ်လာပြီး အလှူခံရင်၊ တောင်းရင် ပေးဖြစ်ပါတယ်။

ဒီလိုလှူတန်းခြင်းက မိမိရဲ့ Money Block ကိုလည်း ဖြေရာရောက်ပြီး Abundance Energy ကိုလည်း Attract လုပ်ရာရောက်ပါတယ်။
"Merit Record" ကုသိုလ်မှတ်တမ်းမှာလည်း ဒီလှူတန်းမှုလေးတွေကို မှတ်တမ်းတင်ရေးသားလို့ရပါတယ်။

Pile Reading မလုပ်ပေးဖြစ်တာ အရမ်းကိုကြာနေလို့ "Nov လမှာ ဘာတွေကြုံတွေရမလဲ" ဆိုတဲ့ အဟောလေးရေးပေးထားပါတယ်။
05/11/2025

Pile Reading မလုပ်ပေးဖြစ်တာ အရမ်းကိုကြာနေလို့ "Nov လမှာ ဘာတွေကြုံတွေရမလဲ" ဆိုတဲ့ အဟောလေးရေးပေးထားပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ ရပ်ကွက် နိဗ္ဗာန်ဈေး အလှူ ကုသိုလ်လေးပါ။ ကြက်ဥကဒ် -၁၁၀ ဆီ (၂၀)သားဘူး - ၁၁၀ ကုသိုလ်ပြုခဲ့ပါတယ်။ ပြုသ...
04/11/2025

တန်ဆောင်မုန်းလပြည့်နေ့ ရပ်ကွက် နိဗ္ဗာန်ဈေး အလှူ ကုသိုလ်လေးပါ။

ကြက်ဥကဒ် -၁၁၀
ဆီ (၂၀)သားဘူး - ၁၁၀
ကုသိုလ်ပြုခဲ့ပါတယ်။

ပြုသမျှကုသိုလ် အစုစုအား အမျှပေးဝေပါတယ်။
🫶🙏🫶

သာယာချမ်းမြသော တန်ဆောင်တိုင်ပွဲတော် အခါသမယလေးဖြစ်ကြပါစေရှင် 🫶🙏🫶🌕 Full Moon Wish 🌕“Under this glowing full moon, may your...
04/11/2025

သာယာချမ်းမြသော တန်ဆောင်တိုင်ပွဲတော် အခါသမယလေးဖြစ်ကြပါစေရှင် 🫶🙏🫶

🌕 Full Moon Wish 🌕

“Under this glowing full moon, may your heart be calm and your spirit light.
May every flame that rises to the sky carry prayers of love, healing, and new beginnings.
Let go of what no longer shines, and welcome what is meant to bloom.
May peace surround your path, joy fill your days, and kindness guide your steps.
As the moon watches from above, may all beings find warmth, harmony, and light.”

01/11/2025

Aug လကတည်းက အလုပ်အရမ်းများသွားပြီး Oct ကအရှုပ်ဆုံးလဖြစ်ခဲ့ ပြဿနာတွေလည်းရှင်းရတော့ အမောတွေဆို့နေလို့ ပိုစ်တင်လေးတွေလည်း ကျဲသွားတာပါ။

Nov မှ နည်းနည်းလေး Settle ဖြစ်ဖို့ပြန်ကြိုးစားရမှာမို့ နားချင်လို့ Request လုပ်တာပါ။

" Merit Record " ပြီးရင် နောက်ကျန်တဲ့ Topic (၂)ခုက Guided Meditation လေးတွေဖြစ်နေတော့ ကြားထဲမှာ (၁)လ နားပြီး 1st Dec to 14th Dec ထိ (၂) ပတ်မှာ ဆက်လုပ်လိုက်ပါမယ်။

ဒါပြီးရင် New Year Resolution လုပ်ပြီး 2026 ကိုကြိုကြတာပေါ့ရှင်။

ဘာလိုလိုနဲ့ နှစ်ကုန်ဖို့ (၂)လပဲလိုတော့တယ်ကွယ်။

Time flies so fast ပါ။

တစ်နှစ်တစ်နှစ်ကလည်း ရုန်းကန်လှုပ်ရှားရင်း အချိန်တွေကုန်တာမြန်လိုက်တာနော်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+66970813634

Website

Alerts

Be the first to know and let us send you an email when Sisudatu Tarot & Energy Healing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram