Right Medical & Onco Centre

Right Medical & Onco Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Right Medical & Onco Centre, Medical Center, No. (2-01, 2-04), Tower A, Diamond Condo, Pyay Road, Kamayut Tsp, Yangon.

22/12/2022
03/08/2022

Right ဓါတ်ခွဲခန်းများတွင် ဝမ်းစစ်​ဆေးလိုပါက ​ဆက်သွယ်ပါ။ (FIT - F***l Immunochemical Test)

ရွှေ​ရောင်နှင်းဆီမှ အထူး​လျှော့​​​စျေးဖြင့် စစ်​ဆေးခွင့်ကူပွန် ရယူ စစ်​ဆေးပါ။

(မှတ်ချက်။ လူဦး​ရေကန့်သတ်ထားပါသည်)။
(၁-၈-၂၀၂၂ မှ ၃၁-၈-၂၀၂၂ထိ)

ရန်ကုန်မြို့ ရှိ Right Laboratory ၏ လိပ်စာများ
၁။ လမ်းမတော်မြို့နယ် - ၁၅၈၊ အနော်ရထာလမ်း၊ ၁၆လမ်း။
ဖုန်း ၀၁-၂၂၄၉၅၅၊ ၀၁-၂၂၂၄၈၄၊ ၀၉-၇၈၄၁၁၁၈၈၂။

၂။ ပန်းဘဲတန်းမြို့နယ် - ၃၈၀၊ ရွှေဘုံသာလမ်း (အထက်)၊ ယာဆင်မျက်မှန်ဆိုင်ဘေး။
ဖုန်း ၀၁-၃၇၈၄၂၉

၃။ ကမာရွတ်မြို့နယ် - အခန်း (၂၀၂)၊ တိုက် (A)၊ ဒိုင်းမွန်းကွန်ဒို၊ ပြည်လမ်း၊
ဖုန်း ၀၁-၅၀၁၃၈၁၊ ၀၉-၂၆၃၁၅၀၀၃၀၇

၄။ အင်းစိန်မြို့နယ် - (၁၄)၊ လမ်းသစ်လမ်း၊ အင်းစိန်ပန်ခြံအနီး၊ ဖုန်း - ၀၁-၃၆၄၄၄၇၅၊ ၀၁-၃၆၄၂၂၉၆

၅။ သဃ်န်းကျွန်းမြို့နယ် - (၉)၊ ကျိုက္ကဆံ ဘုရားလမ်း၊ စံပြဆေးရုံကြီးအနီး၊ ဖုန်း ၀၁-၈၅၆၁၃၀၉

၆။ မြောက်ဥက္ကလာပမြို့နယ် - (၂၄၈)၊ ခေမာသီလမ်း၊ သီတာဆောင်ရှေ့၊ ဖုန်း ၀၁-၉၆၉၀၁၆၄၊ ၀၉-၂၆၃၄၅၃၈၀၂

03/08/2022

"သြဂုတ်လ တစ်လလုံးမို့-
​ဖြေး​​​ဖြေး စဥ်းစား တိုင်ပင် စစ်​ဆေးကြပါလို့"

အများပြည်သူအကျိုးအတွက်
ပူး​ပေါင်းပါဝင်ပံ့ပိုးပါ​သောဓါတ်ခွဲခန်းကြီးအားလုံးကို​​ဖောင်​ဒေးရှင်းအမှု​ဆောင်အဖွဲ့မှ​အထူးကျေးဇူးတင်ရှိပါသည်။

မှတ်ချက်။
၁။ အသက် (၄၅-၇၅)နှစ်သည်နိုင်ငံတကာအသိအမှတ်ပြုအသက်အပိုင်းအခြားဖြစ်ပါသည်။ (အသက်အကျုံးမဝင်သူတစ်ဦးသည် မိမိတွင်ဖြစ်နိုင်​​ခြေပိုများသည့်အ​နေအထားရှိပါက၊ ဆရာဝန်နှင့်တိုင်ပင်ပြီး စစ်​ဆေးရန်လိုအပ်ပါက စစ်​ဆေးသင့်သည့် အ​ထောက်အထားတစ်ခုခုကို ဖော်ပြပါ Viber အမှတ်သို့ စာပို့ဆက်သွယ်ပါ။)
၂။ မိမိအတွက် စစ်​ဆေးရန် အဆင်​ပြေ​မည့် ဓါတ်ခွဲခန်းတစ်ခုခုသို့ တိုက်ရိုက်ဖုန်းဆက်သွယ်၍ ကုန်ကျမည့်စရိတ်ကို ​မေးမြန်း​စေလိုပါသည်။
၃။ ​​ရွှေ​ရောင်နှင်းဆီကင်ဆာ​ဖောင်​ဒေးရှင်းအ​နေဖြင့် ဤအစီအစဥ်အတွက် ပူး​ပေါင်းကူညီသည့်​ဆေးရုံ၊ဓါတ်ခွဲခန်းများမှ မည်သည့်အကျိုးအမြတ်မျှရယူခြင်းမရှိပါ။
(Disclosure of Interest- NIL)

ဘာကြောင့်ဆီးကျိတ်ကင်ဆာဖြစ်တာလဲ?ဆီးကျိတ်ကင်ဆာရှိ/မရှိဘယ်လိုသိနိုင်မလဲ?ဆီးကျိတ်ဆိုတာဟာ အမျိုးသားများအတွက် Male Fertility မ...
20/06/2022

ဘာကြောင့်ဆီးကျိတ်ကင်ဆာဖြစ်တာလဲ?
ဆီးကျိတ်ကင်ဆာရှိ/မရှိဘယ်လိုသိနိုင်မလဲ?

ဆီးကျိတ်ဆိုတာဟာ အမျိုးသားများအတွက် Male Fertility မျိုးပွားမှုအတွက် အရေးပါသောကိုယ်တွင်းအင်္ဂါတခုဖြစ်ပါတယ်။
ဆီးကျိတ်ရောဂါများအနက်
- BPH (Benign Prostatic Hyperplasia) ဟုခေါ်သော ဆီးကျိတ်ကြီးခြင်း
-Prostatistis ဆီးကျိတ်ရောင်ခြင်းနှင့် -Prostate Cancer ဆီးကျိတ်ကင်ဆာ တို့အဖြစ်များကြပါတယ်။

❗အသက်အရွယ်ကြီးသောအမျိုးသားများရဲ့ ၈၀% တွင် BPH ဖြစ်တတ်ပြီး BPH ရှိသူများတွင် Testosterone Hormone လျော့နည်းခြင်းကြောင့် Male Infertility ပြဿနာပါရှိနေတတ်ကြပါတယ်။

Prostate Specific Antigen (PSA) သည် ဆီးကျိတ်အတွင်းရှိ ပရိုတင်းတစ်မျိုးဖြစ်ပြီး သွေးထဲတွင် Total PSA နှင့် Free PSA ပုံစံနှစ်မျိုးဖြင့် စစ်ဆေးနိုင်သည်။PSA စစ်ဆေးမှုသည် ဆီးကျိတ်ကင်ဆာကို စစ်ဆေးရန်နှင့် စောင့်ကြည့်ရန် ဖြစ်ပါသည်။ အသက်အရွယ်ကြီး၍ BPH လက္ခဏာခံစားနေရသောအမျိုးသားများ၊ ဆီးကျိတ်ကင်ဆာဖြစ်ဖူးသော မိသားစုရာဇဝင်ရှိသူများသည် PSA ကို စစ်ဆေးကြည့်သင့်ပါသည်။
ဆီးကျိတ်ကင်ဆာ၏ လက္ခဏာများမှာ
၁။ ဆီးသွားရာတွင် အစ ခက်ခြင်း၊
၂။ ဆီးလုံးသေးခြင်း၊ ဆီးသွားရာတွင် ရပ်လိုက်သွားလိုက်ဖြစ်ခြင်း၊
၃။ ဆီးသွားရာတွင် ညှစ်၍သွားရခြင်း၊ မကြာခဏ ဆီးသွားလိုခြင်း၊
၄။ ညဘက်တွင် ဆီးခဏခဏ သွားရခြင်း၊
၅။ ဆီးမထိန်းနိုင်ခြင်း၊
၆။ ဆီးကျန်သည်ဟု ခံစားရခြင်း၊
၇။ ဆီးတွင်သွေးပါခြင်း တို့ဖြစ်ပါတယ်။

အမှန်ကန်ဆုံးကင်ဆာအထူးကုဆေးခန်း( Right Medical & Onco care centre)တွင် အမျိုးသားများအတွက် ဆီးကျိတ် ကင်ဆာရှိ/မရှိကို Prostate Specific Antigen(PSA)စစ်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ကင်ဆာအထူးကုဆရာဝန်ကြီးများနှင့် ပြသခြင်း၊ ကင်ဆာဆေးသွင်းခြင်းများကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

RIGHT Medical and Onco Care Centre
🕗 နေ့စဉ် နံနက် ၈းဝ၀ နာရီမှ ည ၈းဝ၀ နာရီအထိ
🏠 အခန်း (၀၂-၀၁) နှင့် (၀၂-၀၄)၊ တိုက်(A)၊ Diamond condo၊ ပြည်လမ်း၊ ရန်ကုန်မြို့။
☎️ ဖုန်း - ၀၉-၂၆၃၁၅၀၃၀၄၊ ၀၉-၂၆၃၁၅၀၃၀၇

ပထမဆုံးအချိန် ကင်ဆာဆေးမသွင်းမီ သိထားသင့်သော အချက် (၈) ချက် 💡💡    ကင်ဆာဆေး ပထမဆုံးအကြိမ် စသွင်းတော့မယ့် လူနာများအတွက် စိတ...
17/06/2022

ပထမဆုံးအချိန် ကင်ဆာဆေးမသွင်းမီ သိထားသင့်သော အချက် (၈) ချက် 💡💡

ကင်ဆာဆေး ပထမဆုံးအကြိမ် စသွင်းတော့မယ့် လူနာများအတွက် စိတ်ပူပန်တာ သိချင်တာတွေ ရှိကြတာ ပုံမှန်ပဲ ဖြစ်ပါတယ် ။ ဒီအတွက် မလိုအပ်ပဲ စိတ်ပူပန်ရတာတွေ လျော့​ကျအောင် ဒီဆောင်းပါးလေးမှာ ဆောင်ရန် ရှောင်ရန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။🙌🙌
၁။ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုသွင်းရမှာလဲ။🏥
ကင်ဆာဆေးသွင်းရာမှာ ကင်ဆာဆဲလ်တွေကို တားဆီးပေးတဲ့ ဆေးအပြင် ကင်ဆာဆေးကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများကို သက်သာစေတဲ့ ဆေးဝါးများကိုလည်း ထည့်သွင်းပြင်ဆင်လေ့ရှိပါတယ်။
တချို့ဆေးတွေက မိနစ်ပိုင်းအတွင်း သွင်းလို့ပြီးပေမယ့် တချို့ဆေးတွေကတော့ နာရီနှင့် ယချီပြီး ကြာမြင့်နိုင်ပါတယ် ။ ဒါကြောင့် ကင်ဆာဆေးသွင်းတော့မယ်ဆိုရင် မိမိ သွင်းမယ့်ဆေးက ဘာအမျိုးအစားလည်း၊ ဘယ်လောက်ကြာမလဲ၊ ဘာတွေခံစားရနိုင်လဲ၊ ဘယ်လိုအခြေအနေမျိုးဆို အရေးပေါ်ကုသမှုခံယူရမလဲ ဆိုတာတွေကို ကြိုမေးထားသင့်ပါတယ်။

၂။အဖော် ခေါ်ထားပါ👭👫
ကင်ဆာဆေးသွင်းမှုများဟာ အချိန်ကာလာကြာညောင်းပြီးတစ်ခါ​တစ်လေမှာ မအီမသာခံစားရတာမျိုးတွေ ရှိနိုင်တဲ့အတွက် မိမိကိုယ် စိတ်ရောကိုယ်ပါ အားပေးနိုင်မယ့်၊ အဖော်ပြုပေးနိုင်မယ့် မိသားစု ၊ မိတ်​ဆွေ၊ ချစ်သူ တစ်ဦးဦးကို အနားမှာ ခေါ်ထားသင့်ပါတယ်။
၃။ရေများ​များသောက်ပါ🥛💧
ကင်ဆာဆေးများဟာ ခန္ဓာကိုယ်မှ ရေဓာတ်အများအပြားကို ဆုံးရှုံးစေတဲ့အတွက် ရေများများသောက်ပေးဖို့လိုပါတယ်။ ရေများများသောက်ခြင်းအားဖြင့် ရေဓာတ်ပြန်လည်းဖြည့်တင်းပေးရုံသာမက ဘေးထွက်ဆိုးကျိုးများဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နှုံးနယ်ခြင်းများကိုပါသက်သာစေပါတယ်။ ခြွင်းချက်အနေနှင့် နှလုံးရောဂါ သို့ ကျောက်ကပ်ရောဂါရှိသူများအနေနှင့် မျမိသက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ လိုအပ်သလောက် ရေပမာဏကို သောက်သုံးသင့်ပါတယ်။
၄။ အစာအများကြီးမစားပါနှင့်🍝🍜🚫
ဆေးမသွင်း နာရီပိုင်းအလိုမှာ အမျှင်ဓာတ်များပြီး ကြေညက်လွယ်တဲ့ အစာနည်းနည်းကို စားပေးပါ။ ကင်ဆာဆေးများဟာ အူရဲ့ လှုပ်ရှားမှုများကို နှေးကွေးစေတဲ့အတွက် အစာများဟာ သင့်ခန္ဓာကိုယ်ထဲမှာ ပု့မှန်ထက် အချိန်ပိုမိုကြာမြင့်စွာ ရှိနေမှာ ဖြစ်ပါတယ်။ အမျှင်ဓာတ်များပြီး ကြေညက်လွယ်တဲ့ အစာများကို စားထားခြင်းဖြင့် မူးဝေ၊ အော့အန်ခြင်းနှင့် ဝမ်းချုပ်ခြင်းများကို တတ်နိုင်သလောက် လျော့နည်းစေမှာ ဖြစ်ပါတယ်။
၅။ကောင်းစွာ အနားယူပါ💤🛌
ပထမဆုံးအကြိမ် ကင်ဆာဆေးသွင်းမှု ခံယူသူများအနေနှင့် ပင်ပန်းနှုံးနယ်ခြင်းကို အများဆုံး ခံစားရတတ်ပါတယ်။ ပုံမှန် အလုပ်ပင်ပန်းတာမျိုးနှင့် မတူပဲ အိပ်စက်ယုံနှင့် မသက်သာနိုင်တဲ့အတွက် ရက်အနည်းငယ်လောက် အချိန်ယူပြီး ကောင်းစွားအနားယူသင့်ပါတယ်။ မှတ်သားထားရမှာကတော့ အဆိုပါ ဘေးထွက်ဆိုးကျိုးများဟာ ခေတ္တသာ ခံစားရမှာဖြစ်ပြီး မကြာခင်ပြန်လည်သက်သာသွားမှာဖြစ်ပါတယ်။
၆။ ဆေးမသွင်း​မီတိုင်း သွေးစစ်ရပါမယ်💉🌡
ကင်ဆာဆေးများအတွက် ခံနိုင်ရည်ရှိမရှိ သိရှိရန်နှင့် လိုအပ်ချက်များရှိပါက ကုသရန် သွေးစစ်ခြင်းများကို ပြုလုပ်ရပါမယ်။ သွေးအ​ဖြေများအပေါ် မူတည်ပြီး ဆရာဝန်ကြီးများမှ သက်ဆိုင်ရာကုသမှာများနှင့် နောက်ထပ် ဆေးသွင်းရန် ရက်ချိန်များကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
၇။ ဆေးသွင်းပြီးပါက ဆေးများ ဆက်သောက်ရပါမယ်💊💊
ဆေးသွင်းခြင်းပြီးပါက ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရန်နှင့် အားအင် ပြန်လည်ဖြည့်တင်းရန်အတွက် လိုအပ်သော ဆေးဝါးများကို ဆရာဝန်ကြီးများက ညွှန်ကြားပေးမှာ ဖြစ်ပြီး ညွှန်ကြားထားတဲ့ အတိုင်း မပြတ်မကွက် သောက်သုံးရမှာ ဖြစ်ပါတယ်။
၈။ မိမိကိုယ်ကို စမ်းစစ်ခြင်း🌡👦
ကင်ဆာဆေးသွင်းရာမှ ရရှိနိုင်သော ဘေးထွက်ဆိုးကျိုးများဖြစ်တဲ့ မူးဝေအော့အန်​ခြင်း၊ ဖျားနာခြင်း၊ ဝမ်းသွားခြင်း၊ အနီစက်ထွက်ခြင်း၊ ဆေးသွင်းထားသည့် နေရာအနီးတစ်ဝိုက်တွင် နာကျင်ယောင်ယမ်းခြင်းများရှိပါက သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူများကို အကြောင်းကြားရပါမယ်။ မိမိအိမ်သို့ ပြန်ရောက်သွားသောအခါတွင်လည်း အဆိုပါ လက္ခဏာများခံစားရသလား၊ ခံစားသလားရပါက အကြိမ်မည်မျှခံစားရသလဲ ဆိုတာတွေကိုလည်း မှတ်သားထားခြင်းအားဖြင့် နောက်တစ်ခါ ဆေးကုသမှုခံယူရာတွင် များစွာ အထောက်အပံ ဖြစ်နိုင်ပါတယ်။

✅✅ကင်ဆာ​ဆေးသွင်းခြင်းကို Right Onco centre မှာ ပြုလုပ်နိုင်ပြီ ဖြစ်ပြီး သင့်အတွက် အကောင်းဆုံး ဝန်ဆောင်မှု၊ အနွေးထွေးဆုံး စောင့်ရှောက်မှုတွေကို တစ်နေရာတည်း ရရှိနိုင်ပြီ ။

ကင်ဆာရောဂါကို အောင်မြင်စွာကျော်လွှားနိုင်ကြပါစေ။ 🍀🍀🍀

📣 "ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် RIGHT Medical and Onco Care Centre ကို ၂၇.၅.၂၀၂၂ တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်...
04/06/2022

📣 "ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် RIGHT Medical and Onco Care Centre ကို ၂၇.၅.၂၀၂၂ တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။ "📣

✅ RIGHT Medical and Onco Care Centre တွင်
🔸ကင်ဆာအထူးကုသမားတော်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကုသနိုင်ခြင်း
🔸နေ့ချင်းပြန် ကင်ဆာဆေးသွင်းခြင်း
🔸လိုအပ်သော သွေးစစ်ဆေးမှု၊ ဓါတ်မှန်၊ Ultrasound၊ ECG များကို တစ်နေရာတည်းတွင် စစ်ဆေးနိုင်ခြင်း စသည့်ဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

🔔ကင်ဆာဆေးသွင်းရာတွင်
✅ နိုင်ငံတကာအဆင့်မှီ Isolator များဖြင့် ဆေးဖျော်ခြင်း
✅ဆေးသွင်းရာတွင် တိကျမှုရှိစေရန် Infusion pump များဖြင့် ဆေးသွင်းနိုင်ခြင်း
✅ကျွမ်းကျင်ဆရာဝန်၊ ဆရာမများမှ အချိန်ပြည့် စောင့်ရှောက်မှုပေးနိုင်ခြင်း
✅Covid 19 ကာကွယ်နိုင်ရန် ချမှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ဆေးသွင်းခန်းများအား ပြင်ဆင်ထားခြင်း များကို ပြင်ဆင်ပေးထားသည့်အတွက် customer များ စိတ်ကျေနပ်မှု အပြည့်အဝရရှိနိုင်မှာ ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

RIGHT Medical and Onco Care Centre
🕗 နေ့စဉ် နံနက် ၈းဝ၀ နာရီမှ ည ၈းဝ၀ နာရီအထိ
🏠 အခန်း (၀၂-၀၁) နှင့် (၀၂-၀၄)၊ တိုက်(A)၊ Diamond condo၊ ပြည်လမ်း၊ ရန်ကုန်မြို့။
☎️ ဖုန်း - ၀၉-၂၆၃၁၅၀၃၀၄၊ ၀၉-၂၆၃၁၅၀၃၀၇

03/01/2021

မင်္ဂလာပါ

✅Right Laboratory and Health screen page ကနေHome Service medical check-up appointment လေးတွေ ရယူကြရအောင်။✅
===================================

✅Covid-19 ကူးစက်မှုဖြစ်ပွားနေမှုများဆက်တိုက်ဆိုသလိုဖြစ်ပွားနေမှုအလျောက် မိမိကျန်းမာရေးစစ်ဆေးမှုအတွက်ဆေးရုံ/ဆေးခန်းသွားဖိုဝန်လေးနေသူများအတွက် Right labရဲ့ အိမ်တိုင်ယာရောက် သွေးဖောက်ပေးမှု (home service) အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်️

✅လူကြီးမင်းတို့ရဲ့ကျန်းမာရေးဝန်ဆောင်မှုများဖြစ်အိမ်တိုင်ရာရောက်သွေးဖောက်စစ်ဆေးပေးခြင်းအပြင်၊ ECG နှင့် Door to door result delivery Service စသည်ဖြင့် အခြားသောဝန်ဆောင်မှုများစွာပါရှိမှာဖြစ်သလိုအချိန်ကုန်လည်းသက်သာစေမှာပါ

✅Covid-19ကာလအိမ်တိုင်ရာရောက်ကျန်းမာရေးလာစစ်ဆေးပေးမယ့်ဝန်ထမ်းကရောဘယ်လိုလာမှာလည်း?
ကျွန်တော်တို့ရဲ့ Right Laboratory ဝန်ထမ်းများအနေနဲ့home serviceဝန်ဆောင်မှုအတွက်လာရောက်စဉ်Level-2 တဲ့PPEဝတ်စုံများဝတ်ဆင်ထားမည်ဖြစ်ပါတယ်။

✅ရောက်ရှိရန်ကြာချိန်မှာလည်း၁နာရီအတွင်း(သို့မဟုတ်)ခရီးအဝေးကာလပေါ်မှာမူတည်ပြီးရောက်ရှိမယ့်အချိန်လေးတော့အပြောင်းအလဲလေးအနည်းငယ်ရှိပါတယ်🚗️

✅အချိန်တိုတောင်းစွာနဲ့တိကျမှန်ကန်မှုရှိတဲ့ရလဒ်များကိုလည်းလူကြီးမင်းတို့ရဲ့Viber, Facebook Messenger သို့မဟုတ် Email ကနေတစ်ဆင့်အမြန်ဆုံးပေးပို့ပေးမှာဖြစ်လို့ပါတယ်🤷🏼‍♂️

✅ယခု Home serviceကိုတော့အမြို့မြို့အနယ်နယ်မှာရှိတဲ့Right labဓာတ်ခွဲခန်းများရှိတဲ့မြို့နယ်များမှာရရှိမှာဖြစ်ပါတယ်။

✅မိမိတို့Right labရဲ့Home serviceအကြောင်းလေးကို အသေးစိတ်ပိုမိုသိရှိလိုပါက လူကြီးမင်းတို့အနေဖြင့် Facebook messengerမှ သော်လည်းကောင်း အောက်ပါဖုန်းနံပါတ်နှင့်လိပ်စာများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်

All Addresses

ရန်ကုန်မြို့

✅လမ်းမတော်မြို့နယ်
၁၅၈၊အနော်ရထာလမ်း၊၁၆လမ်းထိပ်။
01224955,
01222484

✅အင်းစိန်မြို့နယ်
၁၄၊လမ်းသစ်လမ်း။
01644475

✅မြောက်ဥက္ကလာပမြို့နယ်
၄၉၃၊ခေမာသီလမ်းမကြီး၊မေဓာဝီလမ်း နှင့် ခေမာသီလမ်းဆုံအနီး။
019692318,0933075479

✅မြောက်ဥက္ကလာပမြို့နယ်
၂၄၈၊မြေညီထပ်(ဂ)ရပ်ကွက်၊ ခေမာသီလမ်းမကြီး၊ဆေးတက္ကသိုလ်၂ ရှေ့ ။
(မြောက်ဥက္ကလာပဆေးရုံကြီး သီတာဆောင်ရှေ့)။
019690164,09263453802

✅သင်္ဃန်းကျွန်းမြို့နယ်
၉၊ကျိုက္ကဆံဘုရားလမ်း၊စံပြဆေးရုံအနီး။
018561309

✅ပန်းဘဲတန်းမြို့နယ်
၃၈၀၊ရွှေဘုံသာလမ်း(အထက်)၊ ယာဆင်မျက်မှန်ဆိုင်ဘေး။
01378429

✅ကမာရွတ်မြို့နယ်
(၀၂-၀၁) နှင့် (၀၂-၀၄)၊တိုက်(A)၊ ဒိုင်းမွန်းကွန်ဒို၊ပြည်လမ်း၊မေတ္တာဦးဆေးရုံကြီးအနီး။
09263150304,09263150307

မန ္တလေးမြို့

✅ ချမ်းအေးသာစံမြို့နယ်။
၁၊ ၇၇လမ်း၊ (၂၉လမ်း နှင့် ၃၀လမ်းကြား)၊ မန ္တလေးပြည်သူ့ဆေးရုံကြီးအနီး၊မန ္တလေးမြို့။
ဖုန်း - 02-4031249

✅ မြနန္ဒာဆေးရုံ။
ဆ-၁၉၊ ကျွဲဆည်ကန် (ဂ)လမ်း၊ ရန်ကုန်- မန ္တလေးလမ်းမကြီးအနောက်ဘက်ခြမ်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန ္တလေးမြို့။
ဖုန်း - 02-70791

✅ မွန်မြတ် အထူးကုဆေးခန်း။
အမှတ် (၁၀၆/၁၀၉)၊ ၇၇ လမ်း၊ ၂၇ လမ်း နှင့် ၂၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန ္တလေးမြို့။
ဖုန်း - 02-72268, 02-4031081

နေပြည်တော်

✅ ပျဉ်းမနား။
၁၃/၅၃၊ ဗိုလ်တာရာလမ်း၊ မကျီးတောရပ်၊ ရန်အောင် (၁) ရပ်ကွက်၊ ပျဉ်းမနားမြို့။
ဖုန်း - 067-24638

✅ သပြေကုန်း။
၄၃၂၊ သပြေကုန်းစျေးလမ်း (ပိတောက်လမ်း)၊ နေပြည်တော်
ဖုန်း - 067-414715

✅ ဥတ္တရသီရိ။
သဲကုန်း (၂) လမ်း၊ သစ်ဝင်တိုင်ရပ်ကွက်၊ နေပြည်တော်။
ဖုန်း - 09-4577 33638, 09 4577 33639

ပြင်ဦးလွင်မြို့

✅ ဆိုင်ခန်းအမှတ် (၅/၆)၊ မော်ဒန်တိုက်တန်း၊
စျေးကြီးလမ်းနှင့် ရွှေဘိုလမ်းထောင့်၊
ပြည်သူ့ဆေးရုံကြီးအနီး။
ဖုန်း - 085-2028171, 09-424267392

✅ မွန်မြတ်အထူးကုဆေးခန်း
ဆိုင်ခန်းအမှတ် (၃/၄)
မော်ဒန်တိုက်တန်း၊
စျေးကြီးလမ်းနှင့် ရွှေဘိုလမ်းထောင့်၊
ပြည်သူ့ဆေးရုံကြီးအနီး။
ဖုန်း - 09-259883752

မကွေးမြို့

✅ အမှတ် (၂၁၈)၊ ၁၇လမ်း၊ ရွာသစ်ရပ်ကွက်၊ မကွေးဆေးရုံကြီးအနီး။
ဖုန်း - 063-26869

မုံရွာမြို့

✅ ဗိုလ်ချုပ်လမ်း ၊ အခန်း40-41 ရဲတိုက်တန်း ၊ မုံရွာမြို့
Ph- 09423194081

မော်လမြိုင်မြို့

✅ အမှတ် (၃၉၁)၊ အောက်လမ်းမကြီး၊ မရမ်းကုန်းရပ်ကွက်၊ မော်လမြိုင်မြို့။
ဖုန်း - 057-22703

မြောင်းမြမြို့

✅ အမှတ် (၁၂၆)၊ ဦးဘချိုလမ်း၊ ရှမ်းကုန်းကျောင်းထိပ်၊ မြောင်းမြမြို့။
ဖုန်း - 042-71440

တောင်ကြီးမြို့

✅ အမှတ် (၆)၊ YMCA တိုက်တန်း၊ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ မြို့မတောင်ရပ်ကွက်၊ တောင်ကြီးမြို့။
ဖုန်း - 09-954031249, 09-953131249

✅ အမှတ် (စ/၂၃၄)၊ နမ (၇)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ စဝ်စံထွန်းရပ်ကွက်၊ တောင်ကြီးမြို့။
ဖုန်း - 09-789123364

လွိုင်ကော်မြို့

✅အမှတ် (၁၅၅)|သုခ လမ်း |အုပ်ချုပ်ရေးမှူးရုံးအနီး |မင်းစုရပ်ကွက် |လွိုင်ကော်မြို့ |
ဖုန်း . 09404756750, 09400255997

ပြည်မြို့ .

✅ အမှတ် (၃၇၃)၊ ဗိုလ်ချုပ်လမ်း ၊ မူယာပင်ရပ်ကွက်၊ပြည့်သူ့ဆေးရုံကြီးအနီး၊ ပြည်မြို့
ဖုန်း 09770286992, 09770286993

24/12/2020

Wishing you a Merry Christmas.🎄🎁
Right Medical Centre

Handmade Christmas Decoration with recycled materials.

22/12/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၂-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

Address

No. (2-01, 2-04), Tower A, Diamond Condo, Pyay Road, Kamayut Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when Right Medical & Onco Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category