Wai Yan Lin Pharmacy at Clinic

Wai Yan Lin Pharmacy at Clinic ဆေးဝါးမျိုးစုံ

30/08/2022
11/08/2022

လမ်းလျှောက်တာများရင် ကလေးစောမွေးနိုင်ပါသလား
---၊ ဒေါက်တာအေးသီတာအုန်း (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)၊---
▶ လမ်းလျှောက်တာများရင် ကလေးစောမွေးတတ်တယ်ဆိုတာ ဟုတ်ပါသလား ဆရာမ။
လမ်းလျှောက်တယ်ဆိုတာ ကျန်းမာရေးအရ လမ်းလျှောက်တာ ရှိသလို အလုပ်တွေကို မနားမနေ လုပ်ရလို့ လမ်းလျှောက်တာဆိုပြီးလည်း ရှိပါတယ်။
ကျန်းမာရေးအရ ထမင်းစားပြီး လမ်းလျှောက်တယ်၊ အစာကြေအောင်၊ သွေးလှည့်ပတ်မှုကောင်း အောင် လမ်းလျှောက်တယ်ဆိုရင် ဒါက ကိုယ်ဝန်ဆောင်မိခင်အတွက် ကောင်းပါတယ်။ ကျန်းမာရေး နဲ့ ညီညွတ်ပါတယ်။ ဒီလို လမ်းလျှောက်တာနဲ့တော့ ကလေးစောပြီး မွေးတာ မရှိပါဘူး။
ဒါပေမဲ့ ကိုယ်က ကိုယ်ဝန်လရင့်တဲ့အထိ အလုပ်တွေကို ပင်ပင်ပန်းပန်းလုပ်ရတယ်၊ လမ်းတွေကို မရပ်မနား လျှောက်ရတယ်၊ နားနားနေနေ မနေရဘူး၊ ပင်ပန်းတဲ့ ကိုယ်ဝန်ဆိုရင်တော့ ကလေးစောမွေးသွားနိုင်တာမျိုးတော့ ဆရာမအတွေ့အကြုံအရ တွေ့ဖူးပါတယ်။ စာထဲမှာတော့ လမ်းလျှောက်တာကြောင့် ကလေးစောမွေးတယ်ဆိုတာမျိုး မရှိပါဘူး။

28/07/2022


#ဆီးချို_နှင့်_နံပါတ်များ

👉 "ဆီးချို ဖောက်တာ ၁၆၀ တဲ့ ဆီးချိုရှိနေပြီလားမသိဘူး"

"ကျွန်မတော့ မနက်ဘာမှမစားခင် ဖောက်တာ ၁၁၀ တဲ့ ဆီးချိုဖြစ်နေတာလား မသိပါဘူး"

စတဲ့ စတဲ့ မေးခွန်းတွေဟာ အမေးများကြတဲ့ မေးခွန်းတွေဖြစ်ပါတယ်။

👨‍⚕️ ဒီမေးခွန်းတွေ အတွက်ကို ကျွန်တော်တို့ ဒီနေ့မှာ ကမ္ဘာ့ဆီးချို အဖွဲ့အစည်းကြီးတွေကနေ သတ်မှတ်ထားတဲ့ ဆီးချိုနဲ့ ဆိုင်တဲ့ နံပါတ်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

👨‍⚕️ နံပါတ်တွေမပြောခင် အရင်ဆုံး သိထားရမယ့် အခေါ်အဝေါ် ၂ ခုရှိပါတယ်။ အဲ့ဒါကတော့

✅ အကြိုဆီးချို အဆင့် (PreDiabetes) ဆိုတာရယ်
✅ HbA1c ဆိုတာရယ်ပါ။

✅ #အကြိုဆီးချိုအဆင့် (PreDiabetes)

အရင့်အရင်တုန်းက ဆီးချိုကို ရှိတာနဲ့ မရှိတာဆိုပြီး ၂ မျိုးပဲခွဲကြပေမယ့် အခုနောက်ပိုင်းမှာ ဆီးချို ရှိတာ နဲ့ မရှိတာ ကြားထဲမှာ #အကြိုဆီးချိုအဆင့် ဆိုတာကို ထည့်လာကြပါတယ်။ ဘာလို့ထည့်တာလဲ?

👉 ၂ ချက်ကြောင့်ပါ။

(က) အကြို ဆီးချို အဆင့်ရောက်လာတဲ့ သူတွေဟာ ပုံမှန် ဆီးချို လုံးဝမရှိသူတွေထက် တကယ့် ဆီးချိုရောဂါ စစ်စစ်ဘက်ကို #ကူးနိုင်ချေပိုများ ပါတယ်။ အဲ့ဒီတော့ ပုံမှန်ထက် ပိုပြီး သွေးတွင်းအချိုဓာတ်ကို စစ်ဆေးနေဖို့လိုပါတယ်။

(ခ) အကြိုဆီးချိုအဆင့် ကနေ ဆီးချိုရောဂါ စစ်စစ်ဘက်ကို ကူးမယ့် အရိပ်အယောင်မြင်တာနဲ့ကို #ဆီးချိုဆေးကြိုစ ချင်လို့ပါ။ ဆေးစောစောစခြင်းဟာ ဆီးချိုကြောင့်ဖြစ်တဲ့ သွေးကြောပြဿနာ အာရုံကြောပြဿနာ တွေကို အတော်အတန်တားဆီးနိုင်လို့ဖြစ်ပါတယ်။

✅ HbA1c (Glycated Hemoglobin)

👉 လက်ထိပ်ကနေ အပ်ကလေးနဲ့ ဖောက်ပြီး ဆီးချိုဖောက်တာဟာ တစ်ခါတစ်လေမှာ သွေးတွင်းရဲ့ အချိုဓာတ်အမှန်ကို မပြတတ်ပါဘူး။

ဥပမာ ဆီးချိုမဖောက်ခင် ကပ်လျက်အချိန်မှာမှ အချိုများတဲ့ အစားအသောက်တွေ စားထားရင် ပုံမှန်ထက် တက်နေနိုင်သလို 📈

အရင်က အချိုအလွန်အမင်းစားထားပြီး ဆီးချိုဖောက်မယ့်ရက် မတိုင်ခင် ရက်တွေမှာမှ အစားရှောင်လိုက်ရင် ပြရမယ့်ပမာဏထက် နည်းနေတတ်ပါတယ်။ 📉

👉 အဲ့အတွက် ဒီ ကိုသုံးရတာဖြစ်ပါတယ်။ ဒီ စစ်တဲ့နည်းဟာ လောလောလတ်လတ် သွေးတွင်းအချိုဓာတ်ကို ပြတာမဟုတ်ဘဲ

လွန်ခဲ့တဲ့ ၁ လ ၂ လ အတွင်းက သွေးတွင်းမှာရှိနေတဲ့ အချိုဓာတ်ကိုပြတာဖြစ်တဲ့အတွက်ကြောင့်

ဆီးချိုရောဂါ စောင့်ကြည့်မှု နဲ့ ကုသမှုအတွက် ပိုအသုံးဝင်ပါတယ်။
❗(သွေးနဲ့ပတ်သက်တဲ့ ရောဂါရှိသူတွေမှာတော့ ဒီ HbA1c က လွဲမှားမှု တွေရှိတတ်ပါတယ်။ စာကြွင်း)

👨‍⚕️ #နံပါတ်များ

ဒီ အခေါ်အဝေါ် ၂ ခုကို ရင်းနှီးသွားပြီဆိုရင် နံပါတ်လေးတွေ ပြောကြမယ်ခင်ဗျာ။

✅ ပုံမှန်သွေးတွင်းအချိုဓာတ် (ဆီးချိုမရှိသေး)

အစာမစားခင် သွေးတွင်းအချိုဓာတ် - ၉၉ နှင့်အောက်
(အနည်းဆုံး ၈ နာရီခန့် အစာမစားထားရပါ။)
အစာစားပြီး ၂ နာရီအကြာ - ၁၄၀ နှင့် အောက်
HbA1c - ၅.၇% နှင့်အောက်

✅ ဆီးချို အကြို အဆင့် (PreDiabetes)

အစာမစားခင် သွေးတွင်းအချိုဓာတ် - ၁၀၀ နှင့် ၁၂၅ ကြား
အစာစားပြီး ၂ နာရီအကြာ - ၁၄၁ နှင့် ၁၉၉ ကြား
HbA1c - ၅.၇% နှင့် ၆.၄% ကြား

✅ ဆီးချိုရောဂါ (Diabetes)

အစာမစားခင် သွေးတွင်းအချိုဓာတ် - ၁၂၆ နှင့်အထက်
အစာအစားပြီး ၂ နာရီအကြာ - ၂၀၀ နှင့် အထက်
HbA1c - ၆.၅% နှင့်အထက်

ဘယ်အချိန်ပဲဖောက်ဖောက် ဆီးချို ၂၀၀ ကျော်ပြီး ဆီးချို၏ လက္ခဏာများလည်း တွဲရှိနေရင် ဆီးချိုရောဂါရှိနေပြီလို့ သတ်မှတ်ပါတယ်။

❗❗ဆီးချို၏ လက္ခဏာများ

👉 ဆီးခဏခဏသွားခြင်း
👉 ညပိုင်းတွင် အိပ်နေရာမှ ထ၍ ဆီးခဏခဏသွားရခြင်း
👉 အာခြောက်၍ ရေခဏခဏငတ်ခြင်း
👉 ခဏခဏဗိုက်ဆာခြင်း
👉 ပိန်ကျသွားခြင်း
👉 နုန်းနေခြင်း

👨‍⚕️ သွေးတွင်းအချိုဓာတ် သာမန်ဖြစ်နေသူများလည်း မိမိရဲ့ မိဘ အဖိုးအဖွား ညီအစ်ကိုမောင်နှမ ထဲ ဆီးချိုရှိတာ (သို့) မိမိမှာ သွေးတိုးရောဂါ နှင့် သွေးတွင်းအဆီဓာတ်များတဲ့ရောဂါ တို့ရှိလျှင် တစ်နှစ်ကို တစ်ကြိမ်မှ ၂ ကြိမ်ခန့် ဆီးချိုရှိမရှိ စစ်သင့်ပါတယ်။

ဆီးချို အကြိုအဆင့်နှင့် ဆီးချိုရောဂါရှိသူများကတော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း စစ်သင့်ပါတယ်။

(Reference - American Diabetes Association and Centre of Disease Control)

19/07/2022

အဖိုးအဖွားပြုစုစောင့်ရှောက်ဖို့လိုအပ်ရင်ဆက်သွယ်ပေးပါ သူနာပြုအကူ ဆရာမများရှိပါတယ် ဆေးဝါးကျွမ်းကျင်တတ်ထားသောဆရာမလေးများလည်းရှိပါသည် ☎09755764405☎09669920739

08/06/2022

📌 အကူသူနာပြု ဝန်ဆောင်မှုလုပ်ငန်း

- သူနာပြုအကူသင်တန်း လက်မှတ် ရရှိပြီးသူများ

- အလုပ်အကိုင်ရရှိနိုင်စေရန်

💁🏻‍♀️ အောင်ချမ်းငြိမ်း(Health Care Assistant Tranning Center) မှ ဆောင်ရွက်ပေးပါသည်။

=====

ဆက်သွယ်ရန်ဖုန်းနံပါတ်

📞 09261410017
📞 09950171973
📞 09686010506
📞 09956680270
📞 095115304

Address

တိုက်(၁)၊အခန်း(၀၀၃)၊ကနောင်အိမ်ယာ၊ကနောင်မင်းသားကြီးလမ်း. ၈၉ရပ်ကွက် ဒဂုံဆိပ်ကမ်း မြို့နယ်
Yangon
130211

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959755764405

Website

Alerts

Be the first to know and let us send you an email when Wai Yan Lin Pharmacy at Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram