Shwe Myint Mo Clinic & Pharmacy

Shwe Myint Mo Clinic & Pharmacy Clinic & Pharmacy

ရာသီတုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ထိုးလိုသူများ ဆက်သွယ်စာရင်းပေးနိုင်ပါပြီခင်ဗျာFlu Vaccine ထိုးချင်သူများ အသေးစိတ်ကို...
03/05/2024

ရာသီတုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ထိုးလိုသူများ ဆက်သွယ်စာရင်းပေးနိုင်ပါပြီခင်ဗျာ

Flu Vaccine ထိုးချင်သူများ အသေးစိတ်ကို
cb မှာစုံစမ်းနိုင်ပါတယ် ကြိုတင်စာရင်းပေးထားနိုင်ပါတယ် ဆေးကကြိုမှာရတာမို့ပါ
ကျွန်တော်တို့ဆေးခန်းမှာလဲ ကြိုတင်ဆက်သွယ်ပြီး
လာထိုးလို့ရပါတယ်ဗျ

အသက် ၆လနှင့်အထက်ကစပြီး ထိုးလို့ရပါတယ်
တုပ်ကွေးဖြစ်စေသော influenza virus 4 မျိုးကို
ထိုးပြီး ၆ လအတွင်းကာကွယ်ပေးပါတယ်
တုပ်ကွေးအဖြစ်များတဲ့ မိုးရာသီမစခင်အခုလိုအချိန်မှာ
ထိုးထားတာ အသင့်တော်ဆုံးပါ

၉ နှစ်အောက်ကလေးများ (ယခင်နှစ်ကမထိုးဖူးသူ)
အခုမှဆေးစထိုးမည့်ကလေးများ နှစ်ကြိမ်ထိုးရန်လိုအပ်ပါတယ်
ပထမအကြိမ်ဆေးစထိုးပြီး ၄ ပတ်နေရင်
booster dose တစ်လုံးထပ်ထိုးရပါတယ်
“ကလေးများ သွေးလွန်တုပ်ကွေး ကာကွယ်ပေးသော
ဆေးမဟုတ်ပါ”

April လကုန် (သို့) ​May လဆန်း ​လောက် ​ဆေး​ရောက်ပါမည်
1 vaccine injection - 43,000 MMK
​စျေးနှုန်းက​တော့ ​ငွေ​စျေး​ပေါ်မူတည်ပြီးအ​ပြောင်းအလဲရှိနိုင်ပါသည်ခင်ဗျာ

Ph- 09793686623

23/03/2024

Distribution from Shwe Myint Mo Clinic & Pharmacy 💊☀️

မိသားစုတိုင်းအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရန် ‘ရွှေမြင့်မိုရ် ဆေးခန်း နှင့် ဆေးဆိုင်’ ကိုအမြဲသတိရပေးပါနော်။

Shwe Myint Mo Clinic and Pharmacy
The nearest doctor for your family 💕

#ဆေး #လက်ကားပင်ရင်း

"Pinkonaz" is back!💊လူကြီးလူငယ်မရွေး အားလုံးနှစ်သက်အဆင်ပြေကြတဲ့ Pinkonaz အာရုံကြောအားဆေးလေး ကျွန်တော်တို့ရဲ့ "‌ရွှေမြင့်...
20/03/2024

"Pinkonaz" is back!
💊လူကြီးလူငယ်မရွေး အားလုံးနှစ်သက်အဆင်ပြေကြတဲ့ Pinkonaz အာရုံကြောအားဆေးလေး ကျွန်တော်တို့ရဲ့ "‌ရွှေမြင့်မိုရ် ဆေးခန်းနှင့်ဆေးဆိုင်" တွင် ပြန်လည်ရရှိနိုင်ပါပြီခင်ဗျာ
ရှေ့လက ပစ္စည်းပြတ်သွားလို့ လာလာမေးကြတဲ့ ပုံမှန်အားပေးနေကျ customers များလဲ လာရောက်အားပေးနိုင်ပါပြီခင်ဗျာ။

💊Pinkonaz ဆိုတာဘာလဲ သေချာမသိသေးတဲ့ မိတ်ဟောင်းမိတ်သစ် customers များအတွက်လဲ
ဒီ post လေးကို ဖတ်ရှုအားပေးကြပါခင်ဗျ။

🅱️ Pinkonaz ဆိုတာ Vitamin B1, Vitamin B6 နဲ့ Vitamin B12 တို့ အချိုးကျပေါင်းစပ်ပါ၀င်ပြီး ဦးနှောက်အာရုံကြောနှင့် ပတ်သတ်သော လုပ်ငန်းဆောင်တာများကို တိုးတက်ကောင်းမွန်အောင် ထောက်ပံ့ဆောင်ရွက်ပေးတဲ့ ဖြည့်စွက်အားဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။

✅ အသုံးပြုပုံ/အသုံးဝင်ပုံ
• ခြေလက်များ ထုံကျဉ်ခြင်း
• ဆီးချိုရောဂါနှင့် အခြားရောဂါများကြောင့် ဖြစ်တတ်သော အာရုံကြောများ ရောင်ယမ်းနာကျင်ခြင်း
• အာရုံကြောအားနည်းခြင်း
• သွေးအားနည်းပြီး ပင်ပန်းနွမ်းနယ်ခြင်း
• အာရုံစူးစိုက်မှုများကြောင့် ဇတ်ကြောတက်ပြီး မျက်ရိုးများကိုက်ခြင်း
စသည်တို့လျော့ပါးသက်သာစေရန် ဖြည့်စွက်ဆေးအဖြစ် သောက်သုံးနိုင်ပါသည်။

✅ဆေး၏အကျိုးကျေးဇူးများ
• ကိုယ်ခံစွမ်းအား ကောင်းမွန်စေခြင်း
• စိတ်ကြည်လင် လန်းဆန်းစေခြင်း
• မှတ်ဉာဏ်တိုးတက်စေခြင်း နှင့်
• သွေးနီဥထုတ်ခြင်းကို အားပေးခြင်း

💯သောက်သုံးရန်အညွှန်း
တစ်ခါသောက်လျှင် တစ်လုံးနှင့် တစ်ရက်လျှင် ၂ ကြိမ်မှ ၃ ကြိမ်ထိ သောက်သုံးနိုင်ပြီး
ဆရာဝန်ညွှန်ကြားချက်ဖြင့်လဲ သောက်သုံးနိုင်ပါသည်။
ပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများသောက်သုံးရန်မသင့်ပါ။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးပါ။

🚫ဘေးထွက်ဆိုးကျိုး
Pinkonaz ကိုသောက်သုံးခြင်းဖြင့် ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိပါ။
အကယ်၍ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဝမ်းချုပ်ခြင်းစသည်တို့ဖြစ်ပါက ဆေးသောက်ခြင်းကို ရပ်ပြီး သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

မိသားစုရဲ့ အခြေခံကျတဲ့ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ‘ရွှေမြင့်မိုရ် ဆေးခန်း နဲ့ ဆေးဆိုင်’ လေးကိုသတိရပေးပါနော်။

Shwe Myint Mo Clinic and Pharmacy
The nearest doctor for your family💕

Let me take you through our ‘Shwe Myint Mo Clinic & Pharmacy’ 🩺💊🏥သင်တို့ မိသားစုကို ကျန်းမာရေး စောင့်ရှောက်မှုများပေးနို...
19/03/2024

Let me take you through our
‘Shwe Myint Mo Clinic & Pharmacy’ 🩺💊🏥

သင်တို့ မိသားစုကို ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်မဲ့ ‘ရွှေမြင့်မိုရ် ဆေးခန်း နဲ့ ဆေးဆိုင်’ လေးကို အလည်ခေါ်သွားပါရစေနော်။ 💕

📍အသွားအလာလွယ်ကူတဲ့ သံလမ်းမှတ်တိုင်၊ လေးထောင့်ကန်လမ်းမကြီးပေါ်၊ တာမွေ မြို့နယ်မှာတည်ရှိပါတယ်၊

🏥ကျယ်ဝန်းသန့်ရှင်းတဲ့ အနေအထားလေးလဲရှိပါတယ်၊

🩺အတွေ့အကြုံရှိတဲ့ ဆရာဝန် ကိုယ်တိုင် စောင့်ရှောက်မှုပေးနေပြီးတော့ လိုအပ်ပါက ကျွမ်းကျင်ကြင်နာသော သမားတော်ကြီးတို့နဲ့လဲ ချိတ်ဆက်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပါပြီ၊

💊ဆေးဆိုင်လေးလဲရှိတာမလို့ လိုအပ်တဲ့ မြန်မာဆေး အဂ်လိပ်ဆေးမျိုးစုံကိုလဲ ဝယ်ယူရရှိနိုင်ပါတယ်နော်။

မိသားစုရဲ့ အခြေခံကျတဲ့ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ‘ရွှေမြင့်မိုရ် ဆေးခန်း နဲ့ ဆေးဆိုင်’ ကိုသတိရပေးပါနော်။

Shwe Myint Mo Clinic and Pharmacy
The nearest doctor for your family💕

တနေ့ထက်တနေ့ ပိုပူလာတဲ့ နွေရာသီ ကိုရောက်ရှိလို့လာခဲ့ပါပြီ။ Heat Stroke အပူလျှပ်ခြင်း မဖြစ်ရလေအောင် အထူးဂရုစိုက်ဖို့  မှာပ...
18/03/2024

တနေ့ထက်တနေ့ ပိုပူလာတဲ့ နွေရာသီ ကိုရောက်ရှိလို့လာခဲ့ပါပြီ။

Heat Stroke အပူလျှပ်ခြင်း မဖြစ်ရလေအောင် အထူးဂရုစိုက်ဖို့ မှာပါရစေရှင့်။

ဒီလိုပူပြင်းတဲ့နွေရာသီမှာ ဆောင်ရန် ရှောင်ရန် Tips လေးတွေကိုပြောပြပေးသွားပါမယ်ရှင်။

🧴ကျားမ မရွေး Suncream လိမ်းပါ။
🧢🌂အပြင်ထွက်ရင် ထီး ဦးထုတ် ဆောင်းပါ။
💦 Stay hydrated ရေသောက်ပါ။
🧃🍉 အရည်ရွှန်းသောအသီး’ အသီးဖျော်ရည် တို့စားပါ သောက်ပါ’
ရေ နှင့် ဓာတ်ဆား မဆုံးရှုံးရလေအောင် သတိထားဖို့ ထပ်လောင်းမှာကြားလိုက်ပါရစေနော်။

မိသားစုတိုင်းအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရန် ‘ရွှေမြင့်မိုရ် ဆေးခန်း နှင့် ဆေးဆိုင်’ ကိုအမြဲသတိရပေးပါနော်။

Shwe Myint Mo Clinic and Pharmacy
The nearest doctor for your family 💕

ကုန်နေသော နန်းပါသျှံနံ့သာဖြူအမွှေးတိုင်နှင့်ကရမက်အမွှေးတိုင်များ ပြန်လည်ရောက်ရှိပါပြီခင်ဗျာယခင်စျေးနှုန်းအတိုင်း အပြောင်...
12/07/2023

ကုန်နေသော နန်းပါသျှံနံ့သာဖြူအမွှေးတိုင်နှင့်
ကရမက်အမွှေးတိုင်များ ပြန်လည်ရောက်ရှိပါပြီခင်ဗျာ
ယခင်စျေးနှုန်းအတိုင်း အပြောင်းအလဲမရှိပါခင်ဗျာ

နံ့သာဖြူအမွှေးတိုင် (၅၀ပါ)- ၃၈၀၀ ကျပ်
ကရမက်အမွှေးတိုင် (၅၀ပါ)- ၁၅၀၀ ကျပ်

Ph - 095142577

ရွှေမြင့်မိုရ်ဆေးခန်းနှင့်ဆေးဆိုင်အတွက် ဆေးအရောင်းနှင့်ဆေးခန်းအကူ အမျိုးသမီးတစ်ဦးအလိုရှိသည်- ဆေးဝါးကျွမ်းကျင်သင်တန်းဆင်း...
20/05/2023

ရွှေမြင့်မိုရ်ဆေးခန်းနှင့်ဆေးဆိုင်အတွက်
ဆေးအရောင်းနှင့်ဆေးခန်းအကူ အမျိုးသမီးတစ်ဦးအလိုရှိသည်

- ဆေးဝါးကျွမ်းကျင်သင်တန်းဆင်းလက်မှတ်ရှိသူ
- အသက် ၂၀ နှင့်အထက်
- ဆေးဆိုင်လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်
-ဆေးဝါးများအားနားလည်သိရှိ၍ ဆေးအဝင်အထွက်စာရင်းများအား ကျွမ်းကျင်ပိုင်နိုင်စွာလုပ်ကိုင်နိုင်ရမည်
-စာရင်းဇယားကျွမ်းကျင်ပိုင်နိုင်ပြီး ငွေကြေးကိုင်တွယ်မှုအပိုင်းကို တာဝန်ယူဆောင်ရွက်နိုင်ရမည်
- English 4 skill အသင့်အတင့်ရှိသူ
- Computer basic, Microsoft office အသင့်အတင့်သုံးပြုနိုင်သူ
- လူမှုဆက်ဆံရေးကောင်းမွန်ပြီး ရေရှည်လက်တွဲလုပ်ကိုင်လိုသူဖြစ်ရမည်
- ၂ ပတ်လျှင် ၁ ရက်ပိတ်ရက်ရှိမည်
- တာမွေမြို့နယ်နှင့်အနီးတစ်ဝိုက်နေထိုင်သူ ဦးစားပေးမည်

Salary - ညှိုနှိုင်း
Viber no +9595142577 သို့ CV form ပို့၍လျှောက်ထားနိုင်ပါသည်

ခဏခဏအမေးများတဲ့ 🔺နန်းပါသျှံ နံ့သာပေါင်းခံရည် spray ဘူးလေးတွေInstock ပြန်ရပါပြီခင်ဗျာ🔺ရှေ့ရက်က ကုန်နေလို့ မဝယ်လိုက်ရတဲ့ c...
27/11/2022

ခဏခဏအမေးများတဲ့
🔺နန်းပါသျှံ နံ့သာပေါင်းခံရည် spray ဘူးလေးတွေ
Instock ပြန်ရပါပြီခင်ဗျာ🔺
ရှေ့ရက်က ကုန်နေလို့ မဝယ်လိုက်ရတဲ့
customers များလဲ ပြန်လည်ဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ
တာမွေ သင်္ဃန်းကျွန်း သုဝဏ္ဏ ရန်ကင်းမြို့နယ်အနီးတဝိုက်အတွက်
နန်းပါသျှံ organic ထုတ်ကုန်အစုံကို
ပင်ရင်းစျေးအတိုင်း မှာယူအားပေးနိုင်ပါပြီခင်ဗျာ
မြို့တွင်း နယ်ဝေး အကုန် Deli အပ်ပေးပါတယ်
KBZ Pay နဲ့လက်ခံပါတယ်ခင်ဗျ

ဆက်သွယ်ဝယ်ယူရန်

ရွှေမြင့်မိုရ်ဆေးခန်းနှင့်ဆေးဆိုင်
အခန်း ၀၀၂၊ မြေညီထပ်၊ မင်းရဲကျော်စွာအိမ်ယာ၊ လေးထောင့်ကန်လမ်းမကြီး (သံလမ်းမှတ်တိုင်)၊ တာမွေကလေးရပ်ကွက်၊ တာမွေမြို့နယ်။
📞- 095142577, 09793686623

2022 January တွင် စတင်ဖွင့်လစ်မည့်ရွှေမြင့်မိုရ်ဆေးခန်းနှင့်ဆေးဆိုင်အတွက် 💊Pharmacist Aid အမျိုးသမီးတစ်ဦးအလိုရှိသည်- ဆေး...
19/12/2021

2022 January တွင် စတင်ဖွင့်လစ်မည့်
ရွှေမြင့်မိုရ်ဆေးခန်းနှင့်ဆေးဆိုင်အတွက်
💊Pharmacist Aid အမျိုးသမီးတစ်ဦးအလိုရှိသည်

- ဆေးဝါးကျွမ်းကျင်သင်တန်းဆင်းလက်မှတ်ရှိသူ
- အသက် ၂၁ နှင့်အထက်
- ဆေးဆိုင်လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်
-ဆေးဝါးများအားနားလည်သိရှိ၍ ဆေးအဝင်အထွက်စာရင်းများအား ကျွမ်းကျင်ပိုင်နိုင်စွာလုပ်ကိုင်နိုင်ရမည်
-စာရင်းဇယားကျွမ်းကျင်ပိုင်နိုင်ပြီး ငွေကြေးကိုင်တွယ်မှုအပိုင်းကို တာဝန်ယူဆောင်ရွက်နိုင်ရမည်
- English 4 skill အသင့်အတင့်ရှိသူ
- Computer basic, Microsoft office အသင့်အတင့်သုံးပြုနိုင်သူ
- လူမှုဆက်ဆံရေးကောင်းမွန်ပြီး ရေရှည်လက်တွဲလုပ်ကိုင်လိုသူဖြစ်ရမည်
- ၁ ပတ်လျှင် ၁ ရက်ပိတ်ရက်ရှိမည်
- တာမွေမြို့နယ်နှင့်အနီးတစ်ဝိုက်နေထိုင်သူ ဦးစားပေးမည်

Salary - ညှိုနှိုင်း
စိတ်ဝင်စားပါက - shwemyintmopharmcy1122@gmail.com or Viber no +9595142577 သို့ CV form ပို့၍လျှောက်ထားနိုင်ပါသည်

Address

No. A3, Room 002, Min Ye Kyaw Swar Housing, Lay Daung Kan Road
Yangon
11211

Telephone

+959793686623

Website

Alerts

Be the first to know and let us send you an email when Shwe Myint Mo Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Myint Mo Clinic & Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram