07/01/2025
ဆီးချိုရောဂါက ဘာကြောင့် အမျိုးသမီးတွေမှာ အဖြစ်များတာလဲ...
✅ လေ့လာတွေ့ရှိချက်များအရ ဆီးချိုသွေးချိုရောဂါဟာ အမျိုးသားများထက် အမျိုးသမီးတွေမှာ ပို၍ အဖြစ်များပါသည်။
◾️ ဒါ့အပြင် ဆီးချို၊ သွေးချိုရောဂါရှိသူ အမျိုးသမီးတွေဟာ ယင်းရောဂါရှိသော အမျိုးသားများထက် လေဖြတ်နိုင်ခြေ သုံးဆခန့် ပိုများနေတတ်ပါသေးသည်။
◾️ အကြောင်းမှာ အမျိုးသမီးများ၏ သွေးကြောဆိုင်ရာလုပ်ဆောင်ချက်များနှင့် သွေးရည်အပျစ်အကျဲ ပြောင်းလဲမှုစနစ်များဟာ အမျိုးသားများလောက် ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်ပါသည်။
◾️ ဒါ့အပြင် အမျိုးသမီးများဟာ အမျိုးသားများထက် ကိုယ်အလေးချိန်လျော့ကျရန် ယေဘုယျအားဖြင့် ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များကို ရွေးချယ်စားသောက်တတ်ကြသော်လည်း ကိုယ်လက်လှုပ်ရှားမှုအပိုင်းမှာတော့ လွန်စွာအားနည်းနေတာကို တွေ့ရပါသည်။
◾️ ဒါကြောင့် အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်ပြုလုပ်သင့်ပြီး ကိုယ်အလေးချိန်မတက်အောင်လည်း ကျန်းမာရေးအသိ သတိတို့ဖြင့် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်သင့်ပါသည်။
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️