Dr.Hiro

Dr.Hiro Aesthetic Dental Clinic

Dr.Hiro မှာ လှပတဲ့အပြုံးသစ်တစ်ခု ပိုင်ဆိုင်ဖို့... "လှချင်တဲ့စိတ်" တစ်ခုတည်းရှိရင် လုံလောက်ပါပြီ! ✨သွားညှိ (Braces) တပ်ဖ...
01/04/2026

Dr.Hiro မှာ လှပတဲ့အပြုံးသစ်တစ်ခု ပိုင်ဆိုင်ဖို့... "လှချင်တဲ့စိတ်" တစ်ခုတည်းရှိရင် လုံလောက်ပါပြီ! ✨

သွားညှိ (Braces) တပ်ဖို့ အချိန်ဆွဲနေတုန်းလား? သွားမညီလို့ ပြုံးရမှာ ဝန်လေးနေတာတွေကို ဒီ ဧပြီလမှာ အပြီးတိုင် နှုတ်ဆက်လိုက်ရအောင်နော်

ဘာလို့လဲဆိုတော့.. သွားညှိဖို့ ဆုံးဖြတ်ထားသူတွေအတွက်…📣

Dr.Hiro Dental Clinic မှာ ✅ သွားညှိကုသမှု (Braces Treatment) အားလုံးအတွက် ဧပြီလ တစ်လလုံး (၄) သိန်းကျပ်မှ စတင်ပြီး လျှော့စျေးရရှိနိုင်မယ့် အထူးအခွင့်အရေးကြီး လာပြီမို့လို့ပါပဲ! 💸
✅ မိမိရွေးချယ်တဲ့ အမျိုးအစားပေါ်မူတည်ပြီး အနိမ့်ဆုံး (၄) သိန်းကျပ်ကနေ အထူးလျှော့စျေး ရရှိမှာဖြစ်ပြီး !
✅ ကနဦး ပေးချေမှု ၁၀% ရှိရုံနဲ့ သွားညှိကုသမှုကို ချက်ချင်း စတင်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် Dr.HiRO မှာ သွားညှိဖို့ တခြားဘာမှမလိုပါဘူး။ "လှပတဲ့ အပြုံးပိုင်ရှင်လေး ဖြစ်ချင်တဲ့ စိတ်ဆန္ဒလေး" တစ်ခုပဲ လိုအပ်ပါတယ်။ ဒါ့အပြင် သွားညှိကုသပေးမယ့် ဆရာဝန်ကိုယ်တိုင် သေချာဆွေးနွေးပေးပြီး တိကျသေချာတဲ့ Record မှတ်တမ်းများလည်း စနစ်တကျ ထားရှိပေးသွားမှာဖြစ်ပါတယ်ရှင်။ 👩‍⚕️🦷

ဒါကြောင့် Dr.Hiro Dental Clinic မှာ သွားညှိဖို့ ဘာမှမလိုပါဘူး။ "လှပတဲ့ အပြုံးပိုင်ရှင်လေး ဖြစ်ချင်တဲ့ စိတ်ဆန္ဒလေး" တစ်ခုပဲ လိုအပ်ပါတယ်နော်… ကျန်တာတွေကိုတော့ Dr.Hiro ရဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေက အထူးတာဝန်ယူပေးသွားမှာပါ။ 👩‍⚕️🦷

🌟 Dr.Hiro မှာ သွားညှိကုသမှုယူသင့်တဲ့ အကြောင်းအရင်းတွေက -
✔️ သွားပုံစံ မမှန်တာတွေ၊ သွားကျဲတာ၊ သွားရှေ့ထွက်နေတာတွေကို စနစ်တကျ ပြုပြင်ပေးခြင်း။
✔️ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ သက်တောင့်သက်သာ ရှိစေမည့် ကုသမှု။
✔️ တစ်ဦးချင်းစီအတွက် အသင့်တော်ဆုံး ဖြစ်မည့် ကုသမှုအစီအစဉ်များကို အသေးစိတ် ညှိနှိုင်းပေးခြင်း။

ကဲ... အနည်းဆုံး (၄) သိန်းကျပ်က စရမဲ့ အထူးလျှော့စျေးကြီးနဲ့အတူ ယုံကြည်မှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့ ပြုံးနိုင်ဖို့ Dr.HiRO မှာ အခုပဲ စာရင်းပေးလိုက်ရအောင်နော်။ 🌸

🗓️ Promotion ကာလ: ဧပြီလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အထိသာ။
⚠️ လူအရေအတွက် ကန့်သတ်ထားတာဖြစ်လို့ ကြိုတင်ဖုန်းဆက်ပြီး Appointment ပေးဖို့ မမေ့ပါနဲ့နော်

Dr.HiRo Aesthetic Dental Clinic
အမှတ်(၅၅)ဘီ/ ပထမထပ်၊ သံသုမာလမ်း၊
တောင်ဥက္ကလာ (၇)ရပ်ကွက်၊ မြင်သာစျေးမှတ်တိုင်
အနီး(တက်လမ်းဆေးရုံဘေး)။
09770709500 , 09952078980

#

သွားညှိရင်ကောင်းမလား၊ သွားညှိချင်လိုက်တာ လို့တွေးနေပြီလား။❓သွားညှိဖို့ဆို ဒါလေးတွေ သိထားပြီလား။? ✅ ကိုယ်နဲ့ကိုက်ညီမဲ့ Br...
30/03/2026

သွားညှိရင်ကောင်းမလား၊ သွားညှိချင်လိုက်တာ လို့တွေးနေပြီလား။❓

သွားညှိဖို့ဆို ဒါလေးတွေ သိထားပြီလား။?

✅ ကိုယ်နဲ့ကိုက်ညီမဲ့ Braces အမျိုးအစားကိုရွေးချယ်ရမယ်။
Dr.HiRO မှာဆိုရင် Braces အမျိုးအစားက Traditional, Self-ligation, Tomy(Japan), Damon(USA) ဆိုပြီး ရွေးချယ်စရာ (4) မျိုးရှိပါတယ်။

: Traditional Braces - လူသိများပြီး ထိရောက်မှုရှိတဲ့ ကုနကျစရိတ်နည်းတဲ့အမျိုးအစား
: Self-ligation Braces - သွားဖိအားသက်သာပြီး ကုသချိန်မြန်ဆန်တဲ့အမျိုးအစား
: Tomy (Japan) - ဂျပန်နည်းပညာအရ အရည်အသွေးမြင့်မားတဲ့ Braces
: Damon (USA) - နာကျင်မှုအနည်းဆုံးနဲ့ သွားကို လှပသပ်ရပ်စေတဲ့ နာမည်ကြီးအမျိုးအစား

✅ X-ray ရိုက်ပြီး သွားအခြေအနေကို သေချာစစ်ဆေးရပါမယ်။
အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်တဲ့ သွားမြစ်၊ မေးရိုးနဲ့သွားဆက်စပ်ပုံစတာတွေကို သေချာစစ်ဆေးပေးပါတယ်။

✅ နာကျင်မှုမရှိဘဲ စနစ်တကျ တပ်ဆင်ပေးတယ်။
သွားမှာကပ်တာဖြစ်လို့ ထုံဆေးမလို နာကျင်မှုမရှိဘဲ တပ်ဆင်နိုင်ပါတယ်။

ဒီအချက်လေးတွေရဲ့ အသေးစိတ်ကို ပုံလေးတွေနဲ့ ရေးပေးထားတာမို့ တစ်ပုံချင်းစီ ဖတ်ပေးပါ။

ညီညာလှပတဲ့သွားတွေပိုင်ဆိုင်ပြီး ယုံကြည်မှုရှိရှိ ပြုံးနိုင်ဖို့ Dr.HiRO မှာအခုပဲ Appointment ရယူလိုက်ပါ။

Dr.HiRO Aesthetic Dental Clinic

☎ 09770709500
☎️ 09952078980

⏱ ဆေးခန်းဖွင့်ချိန်- မနက် ၉:၃၀ မှ ည ၇ နာရီအထိ

🏩အမှတ်(၅၅)ဘီ/ ပထမထပ်၊ သံသုမာလမ်း၊ တောင်ဥက္ကလာ (၇)ရပ်ကွက်၊ မြင်သာစျေးမှတ်တိုင်အနီး (တက်လမ်းဆေးရုံဘေး)။

သွားနဲ့ခံတွင်းကျန်းမာရေးဟာ လူတစ်ယောက်ရဲ့ ယုံကြည်မှုအတွက် တော်တော်လေး အရေးပါတယ်ဆိုတာ ငြင်းလို့မရပါဘူး။ သွားညှိတယ်ဆိုတာက အ...
21/03/2026

သွားနဲ့ခံတွင်းကျန်းမာရေးဟာ လူတစ်ယောက်ရဲ့ ယုံကြည်မှု

အတွက် တော်တော်လေး အရေးပါတယ်ဆိုတာ ငြင်းလို့မရ

ပါဘူး။ သွားညှိတယ်ဆိုတာက အလှအပအတွက်တင်မက

ဘဲ ရေရှည်မှာ သွားနဲ့သွားဖုံး ကျန်းမာရေးအတွက်လည်း

အရေးကြီးပါတယ်။

ဒါကြောင့် ဘယ်လိုလူမျိုးတွေ သွားညှိကုသမှု (Braces/

Orthodontic Treatment)ခံယူသင့်သလဲဆိုတာကို Dr.HiRo

က ပြောပြပေးသွားမှာဖြစ်ပါတယ်။

🦷 သွားညှိဖို့ လိုအပ်နေပြီဆိုတာကို ဖော်ပြနေတဲ့ အချက်

(၅) ချက်

"သွားလေးတွေ ညီနေမှ ပြုံးလိုက်တိုင်း ယုံကြည်မှုရှိမှာပါ"

လို့ လူတိုင်းတွေးဖူးကြမှာပါ။ ဒါပေမဲ့ သွားညှိတယ်ဆိုတာ

သွားလှဖို့သက်သက်ပဲလား? မဟုတ်ပါဘူး။ အောက်ပါ

အချက်တွေထဲက တစ်ခုခု ခံစားနေရပြီဆိုရင်တော့ သင်ဟာ

သွားညှိကုသမှု ခံယူဖို့ လိုအပ်နေသူတစ်ယောက် ဖြစ်နိုင်ပါ

တယ်။

၁။ သွားများ ထပ်နေခြင်း သို့မဟုတ် ကျပ်နေခြင်း (Crowding)

သွားတွေက တစ်ခုနဲ့တစ်ခု ထပ်နေတဲ့အခါ သွားတိုက်ရ

ခက်ခဲပြီး သွားကြားထဲက အညစ်အကြေးတွေကို သေချာ

မရှင်းလင်းနိုင်ပါဘူး။ ဒါက ရေရှည်မှာ သွားပိုးစားခြင်း နဲ့

သွားဖုံးရောဂါ ဖြစ်ပွားမှုကို ပိုများစေပါတယ်။

၂။ သွားများ ကျဲနေခြင်း (Spacing)

သွားကြားထဲမှာ ဟာကွက်တွေ ရှိနေတဲ့အခါ

အစားအသောက်တွေ ညပ်တတ်ပြီး သွားဖုံးကို ထိခိုက်စေ

နိုင်ပါတယ်။ ဒါ့အပြင် စကားပြောတဲ့အခါမှာလည်း

အသံထွက် မပီသတာမျိုးတွေ ဖြစ်တတ်ပါတယ်။

၃။ သွားအပေါ်အောက် မကိုက်ညီခြင်း (Bite Issues)

• Overbite: အပေါ်သွားများက အောက်သွားများထက်

အလွန်အမင်း ရှေ့ထွက်နေခြင်း။

• Underbite: အောက်သွားများက အပေါ်သွားများထက်

ရှေ့ကို ရောက်နေခြင်း။

• Cross bite: အပေါ်သွားနဲ့ အောက်သွား စိလိုက်တဲ့အခါ

ကန့်လန့်ဖြတ် ဖြစ်နေခြင်း။
Open bite: အပေါ်သွားနဲ့ အောက်သွားများ မထိပဲ ဟနေ

ခြင်း။

ဒီလိုပြဿနာတွေဟာ အစားအစာ ဝါးရခက်ခဲစေရုံတင်မက

ဘဲ မေးရိုးနာကျင်မှုကိုပါ ဖြစ်စေနိုင်ပါတယ်။

၄။ မေးရိုးပုံစံ မမှန်ခြင်းနှင့် အသံထွက်ခြင်း

ပါးစပ်ဟလိုက်၊ ပိတ်လိုက်တဲ့အခါ မေးရိုးက အသံမြည်တာ

မျိုး ဒါမှမဟုတ် မေးရိုးအနေအထား တစ်စောင်းဖြစ်နေတာ

မျိုး ရှိရင် သွားညှိကုသမှုနဲ့ ပုံစံပြန်မှန်အောင် ပြုပြင်သင့်ပါ

တယ်။

၅။ ပြုံးရမှာ ဝန်လေးနေခြင်း (Self-Confidence)

သွားအနေအထားကြောင့် လူကြားထဲမှာ စကားပြောရမှာ၊

ပြုံးရမှာကို စိုးရိမ်နေရတယ်ဆိုရင်တော့ ဒါဟာ သင့်ရဲ့

စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုအတွက် သွားညှိဖို့ အကောင်း

ဆုံး အကြောင်းပြချက်ပါပဲ။

💡 ဘာကြောင့် ကျွန်ုပ်တို့ Dr.HiRo မှာ သွားညှိသင့်တာလဲ?

• ကျွမ်းကျင်တဲ့ သွားညှကုသမှုဆိုင်ရာ အထူးကု

ဆရာဝန်များ ကိုယ်တိုင် တိုင်ပင်ဆွေးနွေးပေးခြင်း။

• ခေတ်မီစက်ကိရိယာများဖြင့် သေချာစစ်ဆေးပေးခြင်း။

• လူနာတစ်ဦးချင်းစီရဲ့ သွားအနေအထားပေါ်မူတည်ပြီး

အကောင်းဆုံး Treatment Plan ချမှတ်ပေးခြင်း။

"လှပတဲ့အပြုံးက သင့်ရဲ့ အဖိုးတန်ဆုံး လက်ဝတ်ရတနာပါ"

Dr.HiRo Aesthetic Dental Clinic

🏩အမှတ်(၅၅)ဘီ/ ပထမထပ်၊ သံသုမာလမ်း၊

တောင်ဥက္ကလာ (၇)ရပ်ကွက်၊ မြင်သာစျေးမှတ်တိုင်

အနီး(တက်လမ်းဆေးရုံဘေး)။

📞 09770709500
📞 09952078980

ဆေးခန်းဖွင့်ချိန်- မနက် ၉:၃၀ မှ ည ၇ နာရီအထိ


လူတစ်ယောက်ရဲ့ ပထမဆုံး အထင်ကြီးစေနိုင်မှုကို သူ့ရဲ့ “အပြုံး” က ဆုံးဖြတ်ပေးပါတယ်။သင့်ရဲ့ သွားတွေ ကျန်းမာနေရုံတင်မကပဲ ကြည့်...
20/03/2026

လူတစ်ယောက်ရဲ့ ပထမဆုံး အထင်ကြီးစေနိုင်မှုကို သူ့ရဲ့

“အပြုံး” က ဆုံးဖြတ်ပေးပါတယ်။

သင့်ရဲ့ သွားတွေ ကျန်းမာနေရုံတင်မကပဲ ကြည့်လိုက်တာနဲ့

စွဲဆောင်မှုရှိပြီး ယုံကြည်မှုအပြည့်နဲ့ ပြုံးနိုင်ဖို့ဆိုတာ အရမ်း

အရေးကြီးပါတယ်။ ယုံကြည်မှူတွေ ပိုမို ခိုင်မာလာစေဖို့

Dr.HiRo Aesthetic Dental Clinic ကို တောင်ဥက္ကလာပ

မြို့နယ်၊သံသုမာလမ်းမကြီးပေါ် (တက်လမ်းဆေးရုံအနီး)

မှာဖွင့်လှစ်ထားပါတယ်။

ကျွန်တော်တို့ Dr.HiRO Aesthetic Dental Clinic မှာ…

သွားကျန်းမာရေးသာမက မျက်နှာတည်ဆောက်ပုံနဲ့

အလိုက်ဖက်ဆုံး အပြုံး(Smile Design) တွေဖြစ်အောင်

ဖန်တီးပေးခြင်း။

အတွေ့ကြုံရှိ ကျွမ်းကျင်တဲ့ သွားနှင့်ခံတွင်းဆရာဝန်များ

မှ ခေတ်မှီနည်းပညာများကိုအသုံးပြုပြီး

နာကျင်မှုမရှိဘဲ ကုသမှုပေးခြင်း။

စိတ်အေးချမ်းသာယာစွာ ကုသမှုခံယူနိုင်ဖို့ သန့်ရှင်း

သပ်ရပ်ပြီး ပိုးသတ်ထားတဲ့ တခါသုံးပစ္စည်းများကို

အသုံးပြုထားသော သွားနှင့်ခံတွင်းဆေးခန်းဖြစ်ခြင်းတို့

ကြောင့်

အခုပဲ Dr.HiRO မှာသင့်ရဲ့ အပြုံးအတွက် ဆွေးနွေး

တိုင်ပင်လိုက်ပါ။ကြိုတင်ဖုန်းဆက်ပြီး Appointment ယူ

နိုင်ပါပြီ။

Dr.HiRo Aesthetic Dental Clinic

🏩အမှတ်(၅၅)ဘီ/ ပထမထပ်၊ သံသုမာလမ်း၊

တောင်ဥက္ကလာ (၇)ရပ်ကွက်၊ မြင်သာစျေးမှတ်တိုင်

အနီး(တက်လမ်းဆေးရုံဘေး)။

📞09770709500

ဆေးခန်းဖွင့်ချိန်- မနက် ၉:၃၀ မှ ည ၇ နာရီအထိ


Address

No. (55/B), First Floor, Than Thu Mar Road, (7) Ward, Near Myin Thar Zay Bus Stop, South Oakkalapa Township.
Yangon

Website

Alerts

Be the first to know and let us send you an email when Dr.Hiro posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share