Arr Marn အားမာန်

Arr Marn အားမာန် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Arr Marn အားမာန်, Pharmacy / Drugstore, ၂၆/၁၊R001၊သုမင်္ဂလာအိမ်ရာ၊(ခချီးယားမှတ်တိုင်အနီး) လေးဒေါင့်ကန်လမ်း၊သင်္ဃန်းကျွန်းမြို့နယ်။, Yangon.

05/07/2023
ဖျားနာပြီဆိုရင် ဘာကြောင့်ခေါင်းကိုက်ရတာလဲ?ရာသီတုပ်ကွေးဖြစ်ခြင်းဟာ ဗိုင်းရပ်စ်ပိုးမွှားတွေကြောင့် ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပ...
12/05/2023

ဖျားနာပြီဆိုရင် ဘာကြောင့်ခေါင်းကိုက်ရတာလဲ?

ရာသီတုပ်ကွေးဖြစ်ခြင်းဟာ ဗိုင်းရပ်စ်ပိုးမွှားတွေကြောင့် ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်တဲ့အခါ သင့်ရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ နှာခေါင်းနဲ့ လည်ချောင်းကို ရောင်ရမ်းမှုဖြစ်စေပြီး ထိုကဲ့သို့ နှာစေးချောင်းဆိုးခြင်းက ခေါင်းကိုက်ဝေဒနာကိုဖြစ်စေတာပါ။

ဒီလိုခေါင်းကိုက်ဖျားနာဝေဒနာကို ကြုံတွေ့ရပြီဆိုတာနဲ့ သင်ရော သင်ချစ်ရတဲ့သူတွေအတွက်ပါ မရှိမဖြစ်ဆောင်ထားသင့်တာကတော့ ယုံကြည်စိတ်ချရဆုံးနဲ့ အမြန်ဆုံး သက်သာစေတဲ့ ဘိုင်အိုဂျက်ဆစ် နံပါတ်တစ်ပါပဲ။ 💙

ကိုယ့်ကိုချစ်ပြီး သူတို့ကိုချစ်၊
ဘိုင်အိုဂျက်ဆစ် နံပါတ်တစ်!

ရင်တုန်တာလား၊ ရင်ခုန်တာလား . . .နှလုံးခုန်မမှန်ဖြစ်လာပြီဆိုရင် ရင်တုန်တာလား၊ ရင်ခုန်တာလားဆိုပြီး ဝေခွဲမရဖြစ်ကြရပါတယ်။ ပြ...
18/03/2023

ရင်တုန်တာလား၊ ရင်ခုန်တာလား . . .

နှလုံးခုန်မမှန်ဖြစ်လာပြီဆိုရင် ရင်တုန်တာလား၊ ရင်ခုန်တာလားဆိုပြီး ဝေခွဲမရဖြစ်ကြရပါတယ်။ ပြင်းထန်တဲ့ လှုပ်ရှားမှု လုပ်တာ၊ စိတ်လှုပ်ရှားသွားတာ၊ ကော်ဖီအသောက်များတာ၊ အိပ်ရေးပျက်တာ စတဲ့ အကြောင်းတွေကြောင့် ရင်ခုန်တတ်ပါတယ်။ ရင်တုန်ရတဲ့ အကြောင်းအသေးစိတ်ကိုတော့ ဆက်လက်ရှင်းပြပေးသွားပါ့မယ်။
ရင်တုန်ခြင်းဆိုတာ နှလုံးခုန်သံကို နားနေချိန်မှာတောင် သိရှိခံစားနေရတာမျိုးပါ။ ယေဘုယျအားဖြင့် ရင်တုန်တာက နေထိုင်စားသောက်တဲ့ ပုံစံမမှန်လို့ ဖြစ်တတ်ပေမယ့် နှလုံးကျန်းမာရေးပြဿနာတချို့ရဲ့ လက္ခဏာတစ်ရပ်အနေနဲ့လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။

ရင်တုန်ခြင်းကို အားပေးတဲ့ အကြောင်းရင်းများ
- စိတ်လှုပ်ရှားမှုများခြင်း၊ စိတ်ဖိစီးမှုများခြင်း
- ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်း
- တချို့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး ခံရခြင်း
-ဆေးလိပ်၊ အရက်၊ ကဖင်း သုံးစွဲမှုများခြင်း
- သွေးအားနည်းခြင်း၊ ရာသီသွေးဆင်းများခြင်း
- အသက်ကြီးခြင်း
- ကိုယ်ဝန်ရှိခြင်း
- သွေးတွင်း သကြားဓာတ်နည်းခြင်း
- လည်ပင်းကြီးဟော်မုန်းများခြင်း
- စိတ်ဓာတ်ကျခြင်း၊ ဖျားခြင်း
- နှလုံးသွေးကြောရောဂါ၊ နှလုံးကြွက်သားအား နည်းခြင်းတို့လိုမျိုး နှလုံးကျန်းမာရေးပြဿနာရှိခြင်း စတဲ့ အကြောင်းတွေက ရင်တုန်ဖို့ အားပေးပါတယ်။

ရင်တုန်ခြင်း သက်သာစေဖို့
ရင်တုန်ခြင်း သက်သာစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကတော့-
(၁) စိတ်ဖိစီးမှု၊ စိုးရိမ်စိတ် လျှော့ချပါ။
(၂) ကဖင်း၊ အရက် ရှောင်ပါ။
(၃) ပေါ့ပါးတဲ့ လေ့ကျင့်ခန်းလုပ်ပါ။
(၄) သွေးအားနည်းနေရင် သံဓာတ်၊ ဖောလစ်အက်စစ်ပါတဲ့ အစားအသောက်တွေ စားပေးပါ။
(၅) သောက်နေတဲ့ ဆေးဝါးတွေကို ဆန်းစစ်ကြည့်ပါ။ ဆရာဝန်နဲ့ ပြန်ပြပြီး လိုအပ်ရင် ဆေးကို ပြောင်းတာမျိုး လုပ်ပါ။
(၆) အစာအာဟာရကို မျှတအောင် စားပေးပါ။
(၇) အလုပ်ကို နားနားနေနေ လုပ်ပြီး အိပ်ရေး ဝ၀အိပ်ပါ။
(၈) တရားထိုင်၊ တရားမှတ်ပါ။
(၉) နှလုံးအားဆေးProcard သောက်ပါ။

ရင်တုန်ခြင်းအတွက် စစ်ဆေးသင့်တဲ့ အခြေအနေ

- မကြာခဏဆိုသလို ရင်တုန်နေရင်၊
- ပြင်းထန်တဲ့ ရင်တုန်ခြင်း ခံစားရရင်
- ရင်တုန်ခြင်းနဲ့အတူ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝဖြစ်ခြင်း၊ ခေါင်းမူးခြင်း၊ သတိလစ်ချင်သလိုလို ခံစားရခြင်း၊ ချွေးထွက်များခြင်း စတာတွေ ခံစားရရင် ဆရာဝန်နဲ့ တွေ့ဆုံပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။
-
‘‘ချမ်းမြေ့သာယာ၊ နှလုံးကျန်းမာ ပရိုကဒ်ဖြင့် ကာကွယ်ပါ’’

Ferrovit လေဒီတို့ရေရာသီဓမ္မတာလာချိန်မှာ သံဓာတ်ပြည့်ဝနေအောင် သေသေချာချာ ဂရုမစိုက်မိတဲ့အခါ သံဓာတ်နှစ်ဆ ဆုံးရှုံးနိုင်ပါတယ်...
18/03/2023

Ferrovit လေဒီတို့ရေ
ရာသီဓမ္မတာလာချိန်မှာ သံဓာတ်ပြည့်ဝနေအောင် သေသေချာချာ ဂရုမစိုက်မိတဲ့အခါ သံဓာတ်နှစ်ဆ ဆုံးရှုံးနိုင်ပါတယ်နော်။

ဒါကြောင့် ကိုယ့်ရဲ့ ဓမ္မတာလာချိန် မရှိမဖြစ်လေးတွေထဲမှာ Ferrovit ကို ထည့်ထားဖို့လည်း မမေ့နဲ့နော်။ နေ့စဉ်သံဓာတ်ကိုလည်း Ferrovit နဲ့အတူ မြှင့်တင်လိုက်ရအောင်။

ကျန်းမာလှပတဲ့ နေ့ရက်တွေအတွက် မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၂၅) နှစ်ကျော်ကြာအောင် ရပ်တည်နေတဲ့ Ferrovit

ကျန်းမာလှပဦးဆောင်ကြ ဖယ်ရိုဗစ် အမျိုးသမီးဘဝ

ှင့်နေ့စဉ်သံဓာတ်မြှင့်
#သံဓာတ်အားဖြည့်ဆေး

06/09/2022

ဈေးဝယ်လာရင် ၆ပေ ခွာပြီးဈေးပြောရတယ် ဆေးဈေးနှုန်းတွေကြားပြီးပါးရိုက်ခံရမှာစိုးလို့
😁😁😁😁

Arr Marn မှာတော့ အဲ့လို မညှပ်ပေးပါဘူးနော် 😂😂
21/07/2022

Arr Marn မှာတော့ အဲ့လို မညှပ်ပေးပါဘူးနော် 😂😂

အလားတူ .. ဆေးဝါးများဝယ်ယူခြင်း ဒီနေ့ ကိုယ်သောက်သုံးနေကျ ဆေးဝါးများ ဝယ်ယူရန် အခက်အခဲဖြစ်လာရင် … ရွေးချယ်ဖို့ နည်းလမ်းလေး ...
20/07/2022

အလားတူ .. ဆေးဝါးများဝယ်ယူခြင်း

ဒီနေ့ ကိုယ်သောက်သုံးနေကျ ဆေးဝါးများ ဝယ်ယူရန် အခက်အခဲဖြစ်လာရင် … ရွေးချယ်ဖို့ နည်းလမ်းလေး ပါ ..

ဆေးဝါးများကို …
ကုန်အမှတ်တံဆိပ် (Brand name) နဲ့ မှတ်ထားကြပါတယ် ..
တစ်ချို့က အဂ်လိပ် လို မခေါ်တတ်တော့ …. ဆေးကဒ်ပြား အရောင် … ဘူးခွံမှာပါသော .. ပုံ များကို မိမိ အရပ်အခေါ်အဝေါ်နဲ့ မှတ်ထားပါတယ် …
ဘယ်လိုပဲ ဖြစ်ဖြစ် …. အလားတူ ဆေးဝါးကို အောက်ပါအချက်တွေနဲ့ တိုက်ပြီး ရှာဖွေနိုင်ပါတယ် ..

၁။ ကိုယ်သောက်နေကျ ဆေးဝါးရဲ့ ဘူးခွံ (သို့) ပုလင်း (သို့) ဆေးကဒ်ပြား ပေါ်မှာ … ဆေးရဲ့ မျိုးရင်းအမည် (Generic name) ကိုရှာပါ …
ဥပမာ။ ။ အဖျား, ခေါင်းကိုက်ရင် သုံးတဲ့ … ဆေးရဲ့ မျိုးရင်းအမည် (Generic name) က ပါရာစီတမော …. ဆိုရင် ဘယ်ကုန်အမှတ်တံဆိပ်(Brand) မဆို သုံးနိုင်ပါတယ်

၂။ ဆေးရဲ့ ပါဝင်မှု အလေးချိန် တူညီရပါမယ် (ဥပမာ။ ။ ပါရာစီတမော ၅၀၀ မီလီဂရမ်) ဆိုရင် အလားတူ ဆေးရဲ့ ပါဝင်မှုအလေးချိန် … ပါရာစီတမော ၅၀၀ မီလီဂရမ် တူရပါမယ်

၃။ ဆေးပြား (Tablet) ဖြစ်ဖြစ် , ဆေးတောင့် (capsule) ဖြစ်ဖြစ် ဆေးရဲ့ မျိုးရိုး အမည် (Generic) နဲ့ ဆေးပါဝင်မှု အလေးချိန် (မီလီဂရမ် / မိုက်ကရိုဂရမ်) တူရပါမယ် …

၎။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးငှာန (FDA) ရဲ့ ဆေးဝါး မှတ်ပုံတင်အမှတ် ရှိရပါမယ်

၅။ ဆေးဝါးရဲ့ သက်တမ်း (Expired date) ကို စစ်ပါ … သက်တမ်းကုန်ဆုံးသော ဆေးဝါးများ မသုံးသင့်ပါ

၆။ တစ်ချို့ဆေးတွေက … ဆေးတစ်မျိုးထက်ပါဝင် ပေါင်းစပ်ထားတာတွေရှိပါတယ်
အတတ်နိုင်ဆုံး … မိမိသောက်နေကျ ဆေးရဲ့ မျိုးရိုးအမည် (generic name) နဲ့ ဆေးပါဝင်မှု အလေးချိန် (မီလီဂရမ်, မိုက်ကရိုဂရမ် )…နဲ့ အခြားသော ဆေးများပေါင်းစပ်ပါဝင်မှု ကို အတိအကျ စစ်ဆေးပြီး … အလားတူ ဆေးကို ရွေးချယ်နိုင်ပါတယ် ….

သတိပြုဖို့ က… ဆေးဝါးတစ်ချို့မှာ ဆေးနာမည် တစ်ခုနဲ့တစ်ခု … ဆေးဝါးကုန်အမှတ်တံဆိပ်အမည် (Brand name) အသံထွက် တူပြီး … ဆေးမှာပါဝင်တဲ့ မျိုးရင်း (Generic name) မတူရင် အန္တာရယ် ရှိပါတယ် ….

မိမိအနီးအနားရှိ … ဆေးဝါးကျွမ်းကျင်သူ , ဆရာဝန်, ကျန်းမာရေး ဝန်ထမ်းများ ကို မေးမြန်းပါ …

13/07/2022

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၎။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၎။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၎။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။
၎။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၎။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၎။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

Biogesis for Kids မှာ အရည်အသွေးမြင့် ပါရာစီတမောပါဝင်လို့ ကလေးငယ်တွေ ☔️🌧 မိုးရာသီမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး၊ အအေးမိ၊ဖျ...
03/07/2022

Biogesis for Kids မှာ အရည်အသွေးမြင့် ပါရာစီတမောပါဝင်လို့ ကလေးငယ်တွေ ☔️🌧 မိုးရာသီမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး၊ အအေးမိ၊ဖျားနာ၊ကိုက်ခဲ ဝေဒနာများအားလုံးကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ် 😷🤧🤒 🦠

ဒါ့အပြင် TasteRite Technology ဆိုတဲ့ အဆင့်မြင့်နည်းပညာကဆိုရင် အခါးအရသာလုံးဝပျောက်ပြီး ချိုမွှေးတဲ့အရသာကို ပေးစွမ်းနိုင်တာမို့လို့ ဆေးသောက်ဖို့ကြောက်တဲ့ သားသားမီးမီးတွေအတွက် အရမ်းကိုအဆင်ပြေလို့ မေမေတို့အမြဲ ယုံကြည်စိတ်ချနေရတာပေါ့ 💙💙💙

ယုံကြည်စိတ်ချရဆုံးနဲ့ အမြန်ဆုံးပျောက်စေတဲ့ ဘိုင်အိုဂျက်ဆစ် နံပါတ်တစ် ကလေးအဖျားပျောက်ဆေးရည်💙

💪 𝗔𝗿𝗿 𝗠𝗮𝗿𝗻 𝗣𝗵𝗮𝗿𝗺𝗮𝗰𝘆 💊

⏰ နံနက်(9:00)မှ ည (၆) နာရီ အထိ

လိပ်စာ 🏥 အမှတ် 26/1 Room 1၊ မြေညီထပ်၊သုမင်္ဂလာရပ်ကွက် လေးထောင့်ကန်လမ်း သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့.....

🌐𝗙𝗮𝗰𝗲𝗕𝗼𝗼𝗸 𝗣𝗮𝗴𝗲

https://m.facebook.com/Arr-Marn-အားမာန်-108144217345107/

💁‍♀️ ဒီ 𝗟𝗶𝗻𝗸 လေးကနေ ဆေး နှင့် ဆေးဝါးပစ္စည်း များ ကို တိုက်ရိုက် ဝယ်ယူနိုင်ပါတယ် ...

တယ်လီဖုံး/ 𝗩𝗶𝗯𝗲𝗿 မှ ဆက်သွယ် ဝယ်ယူချင်သူများ အတွက် ...

☎️09965091192 / 09263141162

အသက်ငယ်ပေမယ့်လိုအပ်နေတဲ့သံဓာတ်...အသက်ငယ်သေးပေမယ့်သံဓာတ်ကတော့ကြိုဖြည့်ထားဖို့လိုအပ်နေပါပြီ...မလိုခင်အရင်ဖြည့်ထားမှလိုရင်ြ...
03/07/2022

အသက်ငယ်ပေမယ့်လိုအပ်နေတဲ့သံဓာတ်...

အသက်ငယ်သေးပေမယ့်သံဓာတ်ကတော့ကြိုဖြည့်ထားဖို့လိုအပ်နေပါပြီ...

မလိုခင်အရင်ဖြည့်ထားမှလိုရင်ဖြစ်လာမယ့်အကျိုးဆက်တွေကိုကာကွယ်နိုင်မှာပါ...

သံဓာတ်ချို့တဲ့သွေးအားနည်းခြင်းဝေဒနာတွေနဲ့ကင်းဝေးအောင်ကြိုတင်ဖြည့်စွက်ထားခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုပါ...

ဆယ်ကျော်သက်အရွယ်ထဲကစပြီး Ferrovit နဲ့ကြိုတင်သံဓာတ်အားဖြည့်ထားလိုက်ရအောင်...

၂၈လုံး(သို့မဟုတ်) ၂၁လုံးပါ တားဆေးကဒ်တွေကို သောက်မယ်ဆိုရင် ဘာတွေ သတိထားရမလဲ? ၁။ ရာသီလာပြီးရက်မှာ စပြီးတစ်နေ့တစ်လုံးသောက်မ...
27/06/2022

၂၈လုံး(သို့မဟုတ်) ၂၁လုံးပါ တားဆေးကဒ်တွေကို သောက်မယ်ဆိုရင် ဘာတွေ သတိထားရမလဲ?

၁။ ရာသီလာပြီးရက်မှာ စပြီးတစ်နေ့တစ်လုံးသောက်မယ်ဆိုရင် အတူနေလို့ရပါတယ်။
၂။ ရာသီမလာခင် ကြားထဲရက်မှာ စသောက်တယ်ဆိုရင်တော့ (ဆေးစသောက်တဲ့ရက်ကနေ ၇ ရက်အတွင်း) အတူနေတာကို ရှောင်ရပါမယ်။ (ပြောချင်တာကတော့ အတူမနေခင် ၇ရက်ကြိုသောက်ရမှာပါ)
၃။ တစ်နေ့တစ်လုံး မှန်အောင် သောက်ရပါမယ်။
၎။ ဆေးကဒ် ကုန်အောင် သောက်ပေးရပါမယ်။
၅။ ပုံထဲက marvelon လို (၂၈)လုံးပါဆေး ကဒ် သောက်ရင်တစ်ကဒ်ကုန်တာနဲ့ ကဒ်အသစ်စသောက်ရပါမယ်။ နောက်တစ်ပုံမှာ ပြထားတဲ့ Dienille လို (၂၁)လုံးပါဆေးကဒ်ဆိုရင် ဆေးကဒ်ကုန်သွားတာနဲ့ ၇ရက်တိတိ ဘာဆေးမှ မသောက်ဘဲ နားရပါမယ်။ (နားတဲ့ ၇ရက်မှာလည်း အတူနေလို့ ရတယ် ဆိုတာလေး သိထားရပါမယ်)

#ကိုယ်ဝန်တားဆေးများအကြောင်း

07/02/2022

Omicron Day 1 (အဆိုးဆုံးနေ့)

🦠 ညဘက်ကြီးထပြီးချမ်းတုန်တက်တယ် အဖျားကြီးတယ်
အရိုးထဲထိ လှိုက်စိမ့်ပြီးချမ်းတာ….တခါမှမဖြစ်ဖူးဘူး….ဘယ်လိုချမ်းတာကြီးမှန်းကိုမသိ….လူကနတ်ဝင်သည်လို တုန်တက်နေတာ

🦠 ခါးအောက်ပိုင်းတပြင်လုံး အရမ်းကို ကိုက်တာ
တကိုယ်လုံးလည်း အထိမခံနိုင်အောင် နာကျင်ကိုက်ခဲပေမယ့် ခါးနေရာဝန်းကျင် အဆိုးဆုံးဖြစ်ပါတယ်
ခေါင်းကလည်း ထုံနေအောင်ကိုက်ပါတယ်
လှိမ့်ပိမ့်နေသော နေ့တစ်နေ့ပေါ့

🦠 ပါရာစီတမော သောက်တုန်းခဏပဲအဖျားကျပြီး တနေကုန်အဖျားပြန် ပြန်တက်ပါတယ်

🦠တနေကုန်နုံးပြီး အိပ်ချင်ပါတယ်၊ တနေကုန်နီးပါး အိပ်တာပါ

🦠 လည်ချောင်းမနာ၊ ချောင်းမဆိုး၊ နှာမမွှန်လို့ ရိုးရိုးဖျားလို့ပဲ ထင်ခဲ့ပေမယ့် နှာခေါင်းနှိုက်လိုက်တော့ positive ပါ 🥲

Omicron Day 2

🦠 အိပ်ယာနိုးနိုးချင်း သတိထားလိုက်မိတာက မဖျားတော့၊ မချမ်းနေတော့တာပဲ
ချွေးတွေရွှဲပြီး နိုးလာတာ

🦠 ခေါင်းလည်း တအားကြီးမကိုက်နေတော့ဘူး၊ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲတာတွေပါ ဗြုန်းဆိုပျောက်သွားလို့ ပျော်နေရာက……

🦠 တံတွေးမျိုချလိုက်မိတာမှာ စဂွမ်းပါတယ်
လည်ချောင်းထဲမှာ မီးဖုတ်ထားတဲ့ သံချွန်နဲ့စိုက်ထားသလိုကို ပူပြီးနာနေတာပါ
တနေကုန် အစားကိုမနည်းမျိုချရပါတယ်
အနံ့အရသာ မပျက်ပါဘူး…..နာလွန်းလို့ မျိုချဖို့ခက်တာပါပဲ

🦠 အိပ်ချင်ချက်ကတော့ ရှယ်ပါပဲ….Day 2 လည်း တနေကုန်အိပ်ပါ
နိုးလာတာနဲ့ ဝေဒနာတခုခုနဲ့နိုးလာတာကတော့ တရားနဲ့ဖြေပေါ့လေ 🥲

Omicron Day 3

🦠 အိပ်ယာနိုးလာတာနဲ့ ရင်ဘတ်ထဲကနေလည်ချောင်းထဲထိ ပူပြီးနာတာပါပဲ
ရိုးရိုးလည်ချောင်းနာတာထက် အများကြီးခံရတာဆိုးပါတယ်
ဆရာဝန်ပေးတဲ့ဆေးသောက်မှ နေသာသွားပါတယ်
မဟုတ်ရင် လည်ချောင်းမှာ ဆူးလုံးအကြီးကြီး တစ်နေသလိုပါ

🦠 လည်ချောင်းအရမ်းယားပြီး ချောင်းစဆိုးပါတယ်
မရပ်မနားတော့မဟုတ်ပေမယ့် လည်ချောင်းတွေပြန်နာလာတဲ့ထိ ဆိုးတာမို့ လည်ပင်းနာတာက အခြေနေပို ပိုဆိုးလာပါတယ်

🦠 နှာခေါင်း တဖက်ပိတ် တဖက်ပွင့်ဖြစ်ပါတယ်
နှာခေါင်းပိတ်တော့ အသက်ရှုကျပ်သလိုဖြစ်ပေမယ့် oxygen မကျပါ

🦠 လုံးဝ မဖျားတော့သလို ကိုယ်လက်ကိုက်ခဲတာ ဘာညာ လုံးဝမရှိတော့ပါ

🦠 ထုံးစံအတိုင်းပဲ နုံးပြီးအိပ်ချင်ပါတယ်

Omicron Day 4 (Today)

🦠 လည်ချောင်းက ပိုဆိုးလာပါတယ်
(ထွက်ခတ်ခတ်နေတာ ဖြစ်မယ်ထင်ပါတယ်)
နိုးလာချိန်မှာ တကယ့်ကို လည်ပင်းမှာ ဆူးလုံးကြီးတစ်လုံးလာတစ်နေသလို၊ သံချွန်နဲ့စိုက်ထိုးခံထားရသလိုပါ

🦠 နောက် မနေ့က ချောင်းဆိုးထားတဲ့အရှိန်ကြောင့် ထင်ရ….အာသီးယောင်နေတဲ့နေရာကြီးအပြင် လည်ပင်းတစ်ခုလုံး စပ်ဖျင်းဖျင်းနဲ့ အရမ်းနေရထိုင်ရဒုက္ခဖြစ်….
ဒီနေ့လည်း လည်ချောင်းထဲမှာအရမ်းယားပြီး ချောင်းဆိုးပါတယ်

🦠 ဒီနေ့တော့ မနေ့ကလောက် အစားအများကြီး သိပ်မစားနိုင်ပါ (စားတာတော့စားတယ်….မနေ့ကလောက် အများကြီးမစားနိုင်)
တော်တော်ကြီး လည်ပင်းက ဒုက္ခပေးနေတာမို့ 😣

🦠 လူက ဆေးရှိန်ကြောင့်လား၊ ပိုးကြောင့်လားမသိ….
လှုပ်လှုပ်ဆို မောပါတယ်၊ မူးချင်ပါတယ်
နားတွေထဲလည်း အူပြီးထုံနေပါတယ်

🦠 လူမမာကြီးလို ပစ်လဲသွားတာမျိုးတော့ မဟုတ်ပေမယ့် ချောင်းဆိုး လည်ပင်းနာက ပုံမှန်ထက် အဆများစွာဆိုးဝါးတာပါနော်
(တကယ်ကို ဘာနဲ့မှ ဘယ်တုန်းကဖြစ်ဖူးတာနဲ့မှ မတူဘူး 😞)

ဘယ်နှရက်လောက် ဒါကြီးကိုဆက်ခံစားရဦးမှာလဲ 😭
မဖြစ်သေးတဲ့လူတွေ အရမ်းဂရုစိုက်ပါနော် 🥺
Crd #

Address

၂၆/၁၊R001၊သုမင်္ဂလာအိမ်ရာ၊(ခချီးယားမှတ်တိုင်အနီး) လေးဒေါင့်ကန်လမ်း၊သင်္ဃန်းကျွန်းမြို့နယ်။
Yangon
11701,11072

Telephone

+959263141162

Website

Alerts

Be the first to know and let us send you an email when Arr Marn အားမာန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram