06/02/2026
ခုတလော ဆောင်းအကုန် နွေ အကူးကာလမှာ ကလေးတွေ ဖြစ်တတ်တဲ့ Hand - foot -mouth (HFM)disease လေး ပြန်တွေ့လာပါပြီ။ဒီရောဂါက ကူးစက်လွယ်တဲ့ Coxsackievirus ကြောင့်ဖြစ်တာပါ။ရောဂါ လက္ခဏာတွေက ကလေးတွေရဲ့ ပါးစပ် ၊လက်ဖဝါးနဲ့ ခြေဖဝါးတွေ မှာ အနီစက်တွေတွေ့တတ်တာကြောင့် Hand foot mouth ရောဂါလို့ခေါ်ပါတယ်။
လက္ခဏာများ
-ဖျားခြင်း
-လည်ပင်းနာခြင်း
-ပင်ပန်းလွယ်ခြင်း
-ပါးစပ် အာခေါင် နှုတ်ခမ်းများတွင် အနာ (အဖြူကွက်)တွေ့ခြင်း
-ခြေ ဖဝါး လက်ဖဝါးတွင် အနီစက်ထွက်ခြင်း
ဒီရောဂါက ကလေး အချင်းချင်းကူးလွယ်တာကြောင့် Hand foot mouth ရောဂါဖြစ်နေရင် အိမ်မှာ နားပါ။မူကြိုတက်နေရင် (၅)ရက် ခွင့်ယူသင့်ပါတယ်။ရေများများတိုက်ပါ။အစာပျော့ပျော့ကျွေးပါ။ပဲနို့တိုက်လို့ရပါတယ်။ဖျားနေရင် paracetamol (ပါရာစီတမော)တိုက်လို့ရပါတယ်။
အစားအစာ ဝင်တာနည်းရင် အဖျားမကျရင် နီးစပ်ရာဆေးခန်းပြပါ။
မေတ္တာဖြင့်
Dr Zeyar Min Naing