WeCare Diabetes

WeCare Diabetes သွေးချိုဆီးချိုရှိသူများအတွက်လွယ်ကူစိတ်ချရ​သောအက်ပလီ​ကေးရှင်း

For Android users�https://play.google.com/store/apps/details?id=com.joinwecare.patient
For iOS Users � https://apps.apple.com/mm/app/id1549181607
သင်​၏ ကျန်းမာရေးကိုစောင့်ရှောက်ပေးသူနှင့် သိလိုသည်များကို အချိန်တိုအတွင်းမေးမြန်းနိုင်ခြင်း
ကျန်းမာရေးမှတ်တမ်းများကို တစ်နေရာတည်းတွင် သိမ်းဆည်း၍ အချိန်နေရာမရွေးကြည့်ရှုနိုင်ခြင်း

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါအကြောင်း သိကောင်းစရာ ဆီးချိုရောဂါမှာ လူတွေသတိမမူ၊ ဂရုတစိုက်မရှိကြလို့ ကုသရမှာ နှောင့်နှေးနေတတ်...
12/04/2026

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါအကြောင်း သိကောင်းစရာ

ဆီးချိုရောဂါမှာ လူတွေသတိမမူ၊ ဂရုတစိုက်မရှိကြလို့ ကုသရမှာ နှောင့်နှေးနေတတ်တဲ့ ဆီးချိုရောဂါတစ်မျိုးကတော့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါပဲဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဆိုတာက ကိုယ်ဝန်မဆောင်ခင်မှာ ဆီးချိုမရှိဘဲ သွေးအချိုဓာတ်ဟာ သာမန်လူကဲ့သို့ ပုံမှန်ရှိနေပေမဲ့ ကိုယ်ဝန်ရှိစဉ်ကာလအတွင်း တချိန်ချိန်မှာ အထူးသဖြင့် ကိုယ်ဝန် ၆လပတ်ဝန်းကျင်လောက်ရောက်တဲ့အခါမှာ သွေးအချိုဓာတ်တွေမြင့်လာလို့ ဆီးချိုသွေးချနုရောဂါ ဖြစ်လာတာဘဲဖြစ်ပါတယ်။
ဒီရောဂါက ယာယီသာဖြစ်ပြီး ကလေးမွေးပြီး မကြာခင်မှာ ပုံမှန်အခြေအနေကို ပြန်ရောက်သွားပါသည်။

ဆီးချိုရောဂါကို ကိုယ်တိုင်ထိန်းသိမ်းဖို့အတွက် wecare diabetes app လေးကို သတိရလိုက်ပါ

WeCare Diabetes Platform: https://joinwecare.com/download

👉🏼 App နဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာ ရှိပါက
09969900000
09456110777 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေအနေနဲ့ တစ်နေ့ကို ရေပမာဏ မည်မျှ သောက်သုံးသင့်ပါသလဲ ~ ? ဆီးချိုရောဂါရှိသူ အမျိုးသား တစ်ဦး အနေနဲ့ နေ့စဉ်...
09/04/2026

ဆီးချိုဝေဒနာရှင်တွေအနေနဲ့ တစ်နေ့ကို ရေပမာဏ မည်မျှ သောက်သုံးသင့်ပါသလဲ ~ ?

ဆီးချိုရောဂါရှိသူ အမျိုးသား တစ်ဦး အနေနဲ့ နေ့စဉ် ပျမ်းမျှ ရေ ၂ လီတာ (200 ml ရေဖန်ခွက် ၁၀ ခွက်) နဲ့ အမျိုသမီး တစ်ဦး အနေနဲ့ နေ့စဉ် ပျမ်းမျှ ရေ ၁.၆ လီတာ (200 ml ရေဖန်ခွက် ၈ ခွက်) အနည်းဆုံး သောက်သုံးပေးဖို့ တိုက်တွန်းထားပါတယ်။

ဆီးချိုရောဂါကို ကိုယ်တိုင်ထိန်းသိမ်းဖို့အတွက် wecare diabetes app လေးကို သတိရလိုက်ပါ

WeCare Diabetes Platform: https://joinwecare.com/download

👉🏼 App နဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာ ရှိပါက
09969900000
09456110777 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲအနေဖြင့် နှလုံးရောဂါခံစားရနိုင်တာ သင်သိပါသလား? ဆီးချိုရောဂါ ရဲ့ နောက်ဆက်တွဲ ဖြစ်ပွါးစေတတ်...
06/04/2026

ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲအနေဖြင့် နှလုံးရောဂါခံစားရနိုင်တာ သင်သိပါသလား?

ဆီးချိုရောဂါ ရဲ့ နောက်ဆက်တွဲ ဖြစ်ပွါးစေတတ်တဲ့ ရောဂါများထဲတွင် နှလုံးသွေးကြောဆိုင်ရာ ရောဂါ ခံစားရနိုင်စေပြီး နှလုံးဖောက်ခြင်း (Heart Attack) နှင့် လေဖြတ်ခြင်း (Stroke) တို့ကို ဖြစ်ပွါးစေနိုင်ပါတယ်။

ဆီးချိုရောဂါကို ကိုယ်တိုင်ထိန်းသိမ်းဖို့အတွက် wecare diabetes app လေးကို သတိရလိုက်ပါ

WeCare Diabetes Platform: https://joinwecare.com/download

👉🏼 App နဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာ ရှိပါက
09969900000
09456110777 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အစားလုံးဝမစားဘဲ ဝိတ်ချသင့်ပါသလား? သွေးသကြားဓာတ်ပုံမှန်အနေအထားထိန်းဖို့ အစာကို ပုံမှန်စာ...
03/04/2026

ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အစားလုံးဝမစားဘဲ ဝိတ်ချသင့်ပါသလား?

သွေးသကြားဓာတ်ပုံမှန်အနေအထားထိန်းဖို့ အစာကို ပုံမှန်စားသောက်ပေးရမှာဖြစ်ပါတယ်။ အစာစားချိန်လွန်တဲ့အတွက် သွေးသကြားဓာတ်လျော့ကာ ခေါင်းမူးတာတွေ၊ အားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ အစာအများကြီးလျော့ထားတဲ့အတွက် အစာပြန်စားတဲ့အခါ ကာဗွန်ဟိုက်ဒရိတ်/အချို တွေကို ပုံမှန်ထက်ပိုစားမိတာမျိုးတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစာတွေ အများကြီးစားသုံးမှုမျိုးတွေ ဖြစ်လာနိုင်လို့ လုံးဝမလုပ်သင့်ပါဖူးနော် !!
“Diabetes UK” မှ ထုတ်နှုတ်ဖော်ပြထားပါတယ်။

ဆီးချိုရောဂါကို ကိုယ်တိုင်ထိန်းသိမ်းဖို့အတွက် wecare diabetes app လေးကို သတိရလိုက်ပါ

WeCare Diabetes Platform: https://joinwecare.com/download

👉🏼 App နဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာ ရှိပါက
09969900000
09456110777 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Energy Drink များတွင် သကြားဓာတ် နှင့် ကယ်လိုရီ ပမာဏ လွန်ကဲစွာ ပါဝင်ခြင်း ကြောင့် ဆီးချိုဝေဒနာရှင်များ အတွက် မသောက်သုံးသင...
30/03/2026

Energy Drink များတွင် သကြားဓာတ် နှင့် ကယ်လိုရီ ပမာဏ လွန်ကဲစွာ ပါဝင်ခြင်း ကြောင့် ဆီးချိုဝေဒနာရှင်များ အတွက် မသောက်သုံးသင့်တဲ့ Drink အမျိုးအစား အဖြစ် သတ်မှတ်ထားပါတယ်။ ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ ရေများများ အဓိက သောက်သုံးပေးဖို့ အကြံပြုထားပြီး အချိုဓာတ် ပါဝင်မှု နည်းပါးသော အသီးဖျော်ရည် နဲ့ အဆီထုတ်ထားသော နို့ တို့ကို အစားထိုး သောက်သုံးပေးဖို့ ‘Diabetes.org.uk’ မှ တိုက်တွန်း ထားပါတယ်။

ဆီးချိုရောဂါကို ကိုယ်တိုင်ထိန်းသိမ်းဖို့အတွက် wecare diabetes app လေးကို သတိရလိုက်ပါ

WeCare Diabetes Platform: https://joinwecare.com/download

👉🏼 App နဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာ ရှိပါက
09969900000
09456110777 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

"ဆီးချိုရောဂါ" မှာ သတ်မှတ် ထားတဲ့ အမျိုးအစားတွေကို သင် သိပါသလား? ဆီးချိုရောဂါ (Diabetes) တွင် အမျိုးအစား (၄) မျိုးသတ်မှတ...
28/03/2026

"ဆီးချိုရောဂါ" မှာ သတ်မှတ် ထားတဲ့ အမျိုးအစားတွေကို သင် သိပါသလား?

ဆီးချိုရောဂါ (Diabetes) တွင် အမျိုးအစား (၄) မျိုးသတ်မှတ်ထားပြီး အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1 Diabetes)၊ အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2 Diabetes)၊ ကနဦး ဆီးချိုရောဂါ (Pre-Diabetes) နဲ့ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ (Gestational Diabetes) ဆိုပြီး ပိုင်းခြား သတ်မှတ်ထားပါတယ်။

WeCare Diabetes Platform: https://joinwecare.com/download

👉🏼 App နဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာ ရှိပါက
09969900000
09456110777 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဆီးချိုရောဂါရှိရင် ကြက်ဥ စားလို့ တည့်ပါ့မလား?American Diabetes Association မှ လေ့လာချက် အရ ကြက်ဥ တစ်လုံးတွင် ပရိုတင်းဓာတ...
26/03/2026

ဆီးချိုရောဂါရှိရင် ကြက်ဥ စားလို့ တည့်ပါ့မလား?

American Diabetes Association မှ လေ့လာချက် အရ ကြက်ဥ တစ်လုံးတွင် ပရိုတင်းဓာတ် ၇ ဂရမ် ခန့်ပါဝင်ပြီး ကြက်ဥ သည် အာရုံကြောနှင့် ကြွက်သားကျန်းမာရေးကို ထောက်ပံ့ပေးသည့် ပိုတက်စီယမ်၏ အကောင်းဆုံးအရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ပိုတက်စီယမ် က ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ် ပမာဏ ကိုလည်း ဟန်ချက်ညီစေပြီး နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေတာကြောင့် ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ တစ်နေ့ကို ကြက်ဥပြုတ် တစ်လုံး ပုံမှန် စားသုံးပေးသင့်တယ်လို့ အကြံပြုထားပါတယ်။
WeCare Diabetes Platform: https://joinwecare.com/download

👉🏼 App နဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာ ရှိပါက
09969900000
09456110777 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဆီးချို ဝေဒနာရှင်များသည် တစ်နေ့တာတွင် သွေးတွင်း သကြားဓာတ်ပမာဏ ဘယ်လောက် ရှိသင့်ပါသလဲ?American Diabetes Association မှ ဆီး...
23/03/2026

ဆီးချို ဝေဒနာရှင်များသည် တစ်နေ့တာတွင် သွေးတွင်း သကြားဓာတ်ပမာဏ ဘယ်လောက် ရှိသင့်ပါသလဲ?

American Diabetes Association မှ ဆီးချိုရောဂါရှိသူများ အနေနဲ့ တစ်နေ့တာ ရှိသင့်တဲ့ သွေးတွင်း သကြားဓာတ် ပမာဏ အား အစာမစားမီ (preprandial plasma glucose) ‘80-130 mg/dL’ နှင့် အစာစားပြီး 1-2 နာရီခန့် အကြာတွင် (postprandial plasma glucose) ‘180 mg/dL’ ထက်နည်းသော ပမာဏတွင် ရှိသင့်ကြောင်း ဖော်ပြထားပါတယ်။

WeCare Diabetes Platform: https://joinwecare.com/download

👉🏼 App နဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာ ရှိပါက
09969900000
09456110777 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေက ဟင်းသီးဟင်းရွက်များထဲတွင် Broccoli  ကို အဓိကစားသုံးသင့်ပါသည်။ ဆီးချိုရောဂါ (Diabetes) ဝေဒနာရှင်တွေ ...
19/03/2026

ဆီးချိုဝေဒနာရှင်တွေက ဟင်းသီးဟင်းရွက်များထဲတွင် Broccoli ကို အဓိကစားသုံးသင့်ပါသည်။

ဆီးချိုရောဂါ (Diabetes) ဝေဒနာရှင်တွေ အနေနဲ့ Broccoli စားသုံးပေးခြင်း က သွေးတွင်းသကြားဓာတ် အပေါ် အစားအသောက် စားသုံးမှု ညွှန်းကိန်း ဖြစ်တဲ့ Glycemic Index (GI) ပါဝင်မှု ပမာဏ (10) score သာ ရှိတာကြောင့် Low-GI Vegetable အဖြစ် သတ်မှတ်ထားပေးထားပါတယ်။
WeCare Diabetes Platform: https://joinwecare.com/download

👉🏼 App နဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာ ရှိပါက
09969900000
09456110777 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေက ဘယ်လို ပေါင်မုန့် အမျိုးအစားကို စားသုံးသင့်ပါသလဲ?ဆီးချိုဝေဒနာရှင်တွေက Whole grain bread (or) 100% w...
15/03/2026

ဆီးချိုဝေဒနာရှင်တွေက ဘယ်လို ပေါင်မုန့် အမျိုးအစားကို စားသုံးသင့်ပါသလဲ?

ဆီးချိုဝေဒနာရှင်တွေက
Whole grain bread (or) 100% whole wheat bread လေးဘဲ စားသုံးသင့်ပါသည်။ “American Diabetes Association” ရဲ့ အကြံပြုချက် အရ ပေါင်မုန့်ဖြူ (White Bread) မှာ ဂျုံမှုန့် နှင့် သကြားဓာတ် ပါဝင်မှု ပိုမိုများပြားတဲ့ အတွက် ပေါင်မုန့်ညို သို့မဟုတ် ပေါင်မုန့်ကြမ်း (Whole grain bread or 100% whole wheat bread) လေး ကို အဓိက စားသုံးဖို့ တိုက်တွန်းထားပါတယ်။

WeCare Diabetes Platform: https://joinwecare.com/download

👉🏼 App နဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာ ရှိပါက
09969900000
09456110777 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေ သကြား ဘယ်လောက် ပမာဏထိ လျှော့၍ စားသုံးသင့်ပါသလဲ? ‘Diabetes UK’ ရဲ့ ဖော်ပြချက် အရ သွေးချို ဆီးချို (Di...
12/03/2026

ဆီးချိုဝေဒနာရှင်တွေ သကြား ဘယ်လောက် ပမာဏထိ လျှော့၍ စားသုံးသင့်ပါသလဲ?

‘Diabetes UK’ ရဲ့ ဖော်ပြချက် အရ သွေးချို ဆီးချို (Diabetes) ဝေဒနာရှင်များ အနေနဲ့ တစ်နေ့လျှင် သကြား စားသုံးမှု ပမာဏကို လက်ဖက်ရည်ဇွန်း ၆ ဇွန်း (၂၅ ဂရမ်) အထိ လျှော့ချစားသုံးဖို့ အကြံပြုပေးထားပါတယ်။
WeCare Diabetes Platform: https://joinwecare.com/download

👉🏼 App နဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာ ရှိပါက
09969900000
09456110777 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဆီးချိုလူနာတွေက Diet Soft Drink တွေသောက်သုံးဖို့ သင့်တော်ပါသလား?သကြားနည်း ဖျော်ရည် (1 cup diet soft drink) တွေ က zero su...
09/03/2026

ဆီးချိုလူနာတွေက Diet Soft Drink တွေသောက်သုံးဖို့ သင့်တော်ပါသလား?

သကြားနည်း ဖျော်ရည် (1 cup diet soft drink) တွေ က zero sugar ဖြစ်နေသော်ငြားလဲ အချိုဓာတ်ပါဝင်ဖို့ အခြား သဘာဝမဟုတ်တဲ့ ဓာတုပစ္စည်းတွေရောနှောပြီး ထည့်ထားတာများပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ဟာ ကယ်လိုရီတွေ မှားတွက်မိပြီး အစာချေဖျက်နှုန်းကိုပါလျော့ကျစေတဲ့အပြင် နှလုံးကိုထိခိုက်တဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် Zero Sugar/Diet Soft Drink တွေကို Diabetes ဝေဒနာရှင်များ သောက်သုံးဖို့ မသင့်တော်ပါဖူး လို့ American Diabetes Associations မှ ဖော်ပြထားပါတယ်။
WeCare Diabetes Platform: https://joinwecare.com/download

👉🏼 App နဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာ ရှိပါက
09969900000
09456110777 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Address

Mega Lifesciences
Yangon
11201

Alerts

Be the first to know and let us send you an email when WeCare Diabetes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to WeCare Diabetes:

Share