Royal Care Plus Myanmar

Royal Care Plus Myanmar “To provide comprehensive, high-quality healthcare services that meet diverse medical needs under one roof

🔷ဒီနေ့ မတ်လ ၁၃ ရက်နေ့ဟာ World Sleep Day (ကမ္ဘာ့အိပ်စက်ခြင်းနေ့) ဖြစ်ပါတယ်။ နှစ်စဉ် မတ်လထဲမှာရှိတဲ့ နွေဦးရဲ့ နေ့နဲ့ည အချိ...
13/03/2026

🔷ဒီနေ့ မတ်လ ၁၃ ရက်နေ့ဟာ World Sleep Day (ကမ္ဘာ့အိပ်စက်ခြင်းနေ့) ဖြစ်ပါတယ်။ နှစ်စဉ် မတ်လထဲမှာရှိတဲ့ နွေဦးရဲ့ နေ့နဲ့ည အချိန်အညီအမျှဖြစ်တဲ့နေ့ (Vernal Equinox) မတိုင်ခင် သောကြာနေ့တိုင်းမှာ ဒီနေ့ကို ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။

🧐 World Sleep Day ဆိုတာ ဘာလဲ? (Definition & Purpose)
World Sleep Day ကို World Sleep Society ကနေ စတင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ -

Awareness: အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို လူထုက ပိုမိုသတိပြုမိလာစေဖို့
Prevention: အိပ်ရေးပျက်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေကို ကာကွယ်ဖို့
Education: ကောင်းမွန်စွာ အိပ်စက်ခြင်းက ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဘဝအပေါ် ဘယ်လောက်အကျိုးသက်ရောက်မှု ရှိလဲဆိုတာကို ပညာပေးဖို့ ဖြစ်ပါတယ် 💙

🛌အိပ်စက်ခြင်းဟာ လူသားတွေအတွက် သာမန်အနားယူတာထက် ပိုပါတယ်။ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ ပြန်လည်ပြုပြင်ဖို့၊ မှတ်ဉာဏ်တွေ စုစည်းဖို့နဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ် 😴🌙

World Kidney Day ကျောက်ကပ်ဆိုတာ ကိုယ်ခန္ဓာထဲရှိ အဆိပ်အတောက်တွေကို စစ်ထုတ်ပေးပြီး ရေဓာတ်နဲ့ သွေးပမာဏကို ထိန်းညှိပေးတဲ့ အရ...
12/03/2026

World Kidney Day

ကျောက်ကပ်ဆိုတာ ကိုယ်ခန္ဓာထဲရှိ အဆိပ်အတောက်တွေကို စစ်ထုတ်ပေးပြီး ရေဓာတ်နဲ့ သွေးပမာဏကို ထိန်းညှိပေးတဲ့ အရေးကြီးတဲ့ အင်္ဂါတစ်ခု ဖြစ်ပါတယ်။ဒါ့အပြင် ကျောက်ကပ်ရောဂါဟာ အစောပိုင်းမှာ လက္ခဏာမပြတတ်တာကြောင့် လူအများစုက သတိမထားမိကြတာ ဖြစ်ပါတယ်။

ကျောက်ကပ်ကျန်းမာရေးကို ကာကွယ်ဖို့ဆိုရင် ရေများများသောက်ခြင်း၊ အငန်းစားသုံးမှုကို လျှော့ချခြင်း၊ သွေးပေါင်နဲ့ သွေးချိုကို ထိန်းချုပ်ထားခြင်းတို့ကို လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကျောက်ကပ်ကို ပုံမှန်စစ်ဆေးပေးခြင်းကလည်း အရေးကြီးပါတယ်။

ဒီနေ့ World Kidney Day နေ့မှစပြီး မိမိကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်ပြီး ကျန်းမာတဲ့ဘဝကို တည်ဆောက်ကြပါစို့။ 💙
#
------------------------------------------------------------------------------------------------

Women are the strength of their familiesand the light of their communities.Through their love, patience, dedication, and...
08/03/2026

Women are the strength of their families
and the light of their communities.

Through their love, patience, dedication, and care,
they make countless lives better every single day.

The theme of this year’s International Women’s Day, “Give to Gain,”
reminds us that through giving love, kindness, and support,
we can create a future filled with happiness, strength, and hope.

On this special day,
we honor and celebrate the dedication, sacrifices, and beauty
of women all around the world.

May all women continue to stay healthy, happy,
and pursue their dreams with confidence and courage.

💜 Happy International Women’s Day 💜

We are truly honored and proud that 𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐏𝐥𝐮𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 had the opportunity to successfully participate in the 𝟑𝟏𝐬𝐭 ...
06/03/2026

We are truly honored and proud that 𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐫𝐞 𝐏𝐥𝐮𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 had the opportunity to successfully participate in the 𝟑𝟏𝐬𝐭 𝐌𝐌𝐌𝐂 event held in Aung Pan.

As RCP, we remain committed to continuously striving to provide better healthcare support and services, with the aim of improving the health and well-being of all people in our community.

𝐏𝐢𝐨𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰'𝐬 𝐇𝐞𝐚𝐥𝐭𝐡 ;
𝐈𝐧𝐧𝐨𝐯𝐚𝐭𝐞, 𝐋𝐞𝐚𝐝, 𝐒𝐮𝐩𝐩𝐥𝐲 .

ဒီနေ့မှာ ကျရောက်တဲ့ မတ်လ (၂) ရက်၊ တောင်သူလယ်သမားနေ့ မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူဦးကြီးများအားလုံး ကိုယ်စိတ်န...
02/03/2026

ဒီနေ့မှာ ကျရောက်တဲ့ မတ်လ (၂) ရက်၊ တောင်သူလယ်သမားနေ့ မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူဦးကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ သီးနှံများ အထွက်တိုးကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုအပ်ပါတယ်။ 🙏✨

#တောင်သူလယ်သမားနေ့ #ကျေးဇူးရှင်တောင်သူဦးကြီးများ

🌕 တပေါင်းလပြည့်နေ့ အထိမ်းအမှတ် 🌕တပေါင်းလပြည့်နေ့သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တို့အတွက် အရေးပါသော နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်...
02/03/2026

🌕 တပေါင်းလပြည့်နေ့ အထိမ်းအမှတ် 🌕
တပေါင်းလပြည့်နေ့သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တို့အတွက် အရေးပါသော နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါတယ်။

တပေါင်းလပြည့်နေ့တွင် ကိုယ်စိတ်နှလုံးအေးချမ်းပါ‌ စေကြောင်း ဆုမွန်ကောင်းတောင်း‌ပေးလိုက်ပါတယ်။ 🙏✨

#တပေါင်းလပြည့်နေ့
#နေ့ထူးနေ့မြတ်
#ကုသိုလ်ယူကြမယ်
#မြန်မာ့ယဉ်ကျေးမှု

A Heartfelt Thank You from Royal Care Plus! 🩸✨We are thrilled to look back on our successful participation in the 8th My...
01/03/2026

A Heartfelt Thank You from Royal Care Plus! 🩸✨

We are thrilled to look back on our successful participation in the 8th Myanmar Society of Hematology Conference (Feb 28 – March 1). It was a privilege to be part of such a significant gathering of medical minds!

This conference was more than just an event; it was a valuable space for sharing life-saving knowledge and a great chance to catch up with esteemed doctors and experts in the field.

A huge thank you to everyone who stopped by the Royal Care Plus booth! Your energy, curiosity, and warm support made our booth one of the most exciting spots at the event. We truly appreciate the lively discussions and the time you spent with us.

Check out some of our favorite memories from the 8th Conference below! 📸

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၆) ရက်နဲ့ (၂၇) ရက်နေ့တွေမှာ Lotte Hotel တွင် ကျင်းပပြုလုပ်ခဲ့တဲ့ Internal Medicine Conference ပွ...
28/02/2026

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၆) ရက်နဲ့ (၂၇) ရက်နေ့တွေမှာ Lotte Hotel တွင် ကျင်းပပြုလုပ်ခဲ့တဲ့ Internal Medicine Conference ပွဲကြီးမှာ ကျွန်တော်တို့ Royal Care Plus Company အနေနဲ့ အောင်မြင်စွာ ပါဝင်ဆင်နွှဲခွင့်ရခဲ့တဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ 🏥✨

ဒီပွဲကြီးဟာ ဆေးပညာရပ်ဆိုင်ရာ ဗဟုသုတတွေ ဖလှယ်နိုင်တဲ့အပြင် ကျန်းမာရေးကဏ္ဍက ပညာရှင်တွေနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရတဲ့ အမှတ်တရနေ့ရက်တွေလည်း ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ Royal Care Plus Booth လေးဆီသို့ လာရောက်လည်ပတ်ကြပြီး ရင်းရင်းနှီးနှီး ပါဝင်အားပေးခဲ့ကြတဲ့ ဆရာဝန်ကြီးများ၊ ပညာရှင်များနဲ့ ဧည့်သည်တော်များ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ဆရာဝန်ကြီးများရဲ့ တက်ကြွတဲ့ ပါဝင်မှုတွေကြောင့် ကျွန်တော်တို့ရဲ့ Booth လေးဟာ ပိုမိုသက်ဝင်လှုပ်ရှားခဲ့ရပါတယ်။

ဒီပွဲကြီးမှာ ရရှိခဲ့တဲ့ အမှတ်တရ ပုံရိပ်အချို့ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 📸🤝

"ရုံးပိတ်ရက် ကြေငြာခြင်း"(၂.၃.၂၀၂၆)ရက်နေ့သည် "တောင်သူလယ်သမားနေ့" ဖြစ်ပါသဖြင့် ရုံးပိတ်ရက်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။  ...
27/02/2026

"ရုံးပိတ်ရက် ကြေငြာခြင်း"

(၂.၃.၂၀၂၆)ရက်နေ့သည် "တောင်သူလယ်သမားနေ့" ဖြစ်ပါသဖြင့် ရုံးပိတ်ရက်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Royal Care Plus Myanmar မှMuslim Free Hospital for the Poor of All Community သို့လိုအပ်နေသော ဆေးဝါးများနှင့် အလှူငွေများ...
25/02/2026

Royal Care Plus Myanmar မှ
Muslim Free Hospital for the Poor of All Community သို့
လိုအပ်နေသော ဆေးဝါးများနှင့် အလှူငွေများကို သွားရောက် လှူဒါန်းခဲ့သည့် အမှတ်တရ ပုံရိပ်များ ဖြစ်ပါတယ်။
လူမျိုး၊ ဘာသာ မခွဲခြားဘဲ အကူအညီလိုအပ်သူတိုင်းအတွက် ကူညီပေးနေသော ဆေးရုံတစ်ရုံအား အားဖြည့်ကူညီပေးနိုင်ခဲ့ခြင်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။


လေထုညစ်ညမ်းမှု နှင့် ကျန်းမာရေး လတ်တလောဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုက ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျင်...
24/02/2026

လေထုညစ်ညမ်းမှု နှင့် ကျန်းမာရေး

လတ်တလောဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုက ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ရှူလိုက်တဲ့ လေထဲမှာ ပါဝင်နေတဲ့ အမှုန်အမွှားတွေက မျက်စိနဲ့မမြင်နိုင်ပေမဲ့ ကျန်းမာရေးကိုတော့ တဖြည်းဖြည်းချင်း ထိခိုက်စေနိုင်ပါတယ်။

လေထုညစ်ညစ်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေနှင့် ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ် ...

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
လေထုညစ်ညမ်းမှုက
• အဆုတ်ရောင်ရမ်းခြင်း
• အာလတ်ဂျီ (Allergy)
• ပန်းနာရင်ကျပ် (Asthma)
• COPD (နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါ)
တို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးများနဲ့ အသက်ကြီးသူများမှာ ပိုမိုထိခိုက်လွယ်နိုင်ပါတယ် ...

နှလုံးနှင့် သွေးကြောဆိုင်ရာပြဿနာများ
PM2.5 က သွေးကြောအတွင်းသို့ ဝင်ရောက်နိုင်ပြီး
• သွေးတိုး
• နှလုံးသွေးကြောပိတ်ခြင်း
လေဖြတ်ခြင်း တို့ကို ပိုမို ဖြစ်ပေါ်စေနိုင်ပါတယ် ...

ဦးနှောက်နှင့် စိတ်ကျန်းမာရေး
သုတေသနများအရ လေထုညစ်ညမ်းမှုမြင့်မားမှုဟာ
• မှတ်ဉာဏ်လျော့နည်းခြင်း
• စိတ်ဖိစီးမှု
စိတ်ကျရောဂါ တို့နဲ့ ဆက်စပ်မှုရှိနိုင်ပါတယ် ...

ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအပေါ် သက်ရောက်မှု
• မွေးကင်းစကလေး ပေါင်ချိန်လျော့နည်းခြင်း
• အချိန်မတိုင်မီ မွေးဖွားခြင်း
• ကလေးအဆုတ်ဖွံ့ဖြိုးမှုနည်းခြင်း
မိခင်များအရေပြားယားယံခြင်း စသည့် ပြဿနာများ ဖြစ်နိုင်ပါတယ် ...

လေထုညစ်ညမ်းမှုအန္တရာယ်ကနေ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ ...

လေထုအရည်အသွေး စစ်ဆေးပါ
ဖုန်းထဲက Air Quality Index (AQI) ကို နေ့စဉ်စစ်ဆေးပြီး လေထုအရမ်းညစ်ညမ်းနေရင် အပြင်ထွက်တာ ရှောင်ပါ။

Mask တပ်ဆင်ပါ
အပြင်ထွက်တဲ့အခါ အမှုန်အမွှားတွေကို သေချာစစ်ထုတ်ပေးနိုင်တဲ့ N95 သို့မဟုတ် KN95 mask များကို တပ်ဆင်ပါ။

နေအိမ်အတွင်း လေသန့်အောင်ထားပါ
ပြတင်းပေါက်များကို ပိတ်ထားပါ၊ လေသန့်စင်စက် (Air Purifier) သုံးပါ၊ အိမ်ထဲမှာ ဆေးလိပ်သောက်ခြင်း၊ ခြင်ဆေးခွေထွန်းခြင်းနှင့် အမွှေးတိုင်ထွန်းခြင်း ရှောင်ပါ။

အစားအသောက် ဂရုစိုက်ပါ
ခန္ဓာကိုယ်ရဲ့ ခုခံအားကောင်းစေဖို့ ဗီတာမင်စီ (Vitamin C) ကြွယ်ဝတဲ့ သစ်သီးဝလံတွေနဲ့ ရေများများသောက်ပေးပါ။

ယခုမျှဝေပေးသွားတဲ့ လေထုညစ်ညမ်းခြင်းဟာ ချက်ချင်းအသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေမျိုးမဟုတ်ပေမယ့် ဖော်ပြခဲ့သလို တဖြည်းဖြည်းခြင်းဆိုးရွားသော ကျန်းမာရေးအခြေနေသို့ ရောက်ရှိသွားနိုင်ပါတယ် ….

ဒါကြောင့် Sharing is Caring ဆိုတဲ့အတိုင်း မိမိမိသားစု ပတ်ဝန်းကျင်တို့အား သတိထားကာကွယ်နိုင်ဖို့အတွက် မျှဝေဖို့တိုက်တွန်းလိုက်ပါရစေ ...
#လေထုညစ်ညမ်းမှု #သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု #ကျန်းမာရေးဗဟုသုတ

Address

No. 23/5, (C), Thiri Mingalar Avenue Road, (7) Ward, Yankin Township
Yangon
11061

Alerts

Be the first to know and let us send you an email when Royal Care Plus Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Royal Care Plus Myanmar:

Share