Rainbow online shopping

  • Home
  • Rainbow online shopping

Rainbow online shopping Gloves and Health shop

  everyone 👋 မနက်ဖြန်တစ်ရက်ထဲသာရမယ့်👇👇👇(11 ဗူးဝယ် 1ဗူးလက်ဆောင်) Promotion 🌹Care Pro (Latex ) အဖြူ🌹1ဗူးမှစကြိုက်သလောက်ယူ…...
10/11/2025

everyone 👋

မနက်ဖြန်တစ်ရက်ထဲသာရမယ့်👇👇👇
(11 ဗူးဝယ် 1ဗူးလက်ဆောင်) Promotion

🌹Care Pro (Latex ) အဖြူ🌹
1ဗူးမှစကြိုက်သလောက်ယူ…..13,000 ks
Size…….S

🌹Northern (Nitrile) အပြာ 🌹
1ဗူးမှစကြိုက်သလောက်ယူ…..16,500 ks
Size…….S,L

🌹Northern (Nitrile) အမဲ🌹
1ဗူးမှစကြိုက်သလောက်ယူ…..16,500 ks
Size…….S,M,L

🌟 (Stock ရှိသလောက်သာ)🌟

💥ဗူး -50 (5ဖာ) ယူရင် ရန်ကုန်မြို့တွင်းပို့ခ free,
နယ်ကားဂိတ်ချfree ပါရှင်

📦မြို့နယ်အလိုက်ပို့ခရှိပါတယ်ရှင်

🚚ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေပါ
ကျန်မြို့များငွေလွှဲဝင်မှဂိတ်ချပေးပါတယ်ရှင်

☎️ 09-420 600 295, 09450 -228 244
09-767 207 436

wholesale and Retail


28/10/2025

ph sim ပြန်လျောက်ပြီးပါပြီရှင်

(ငွေလွှဲမည့်သူများကတော့မလွှဲခင်
09420600295သို့ လှမ်းမေးပေးပါရှင်)

ကျမအမျိုးသားဖုန်း အခိုးခံရလို့
09450228244
09782052695 နဲ့ဆက်သွယ်ရင်လူလိမ်ပါ

(ဆက်သွယ်လာရင်လဲအကြောင်းကြားပေးပါ)

💥ငွေလွှဲမည့်သူများမလွှဲခင်လှမ်းမေးပေးပါရှင်💥

လောလောဆယ်ပစ္စည်းမှာရင်ပဲဖြစ်ဖြစ်ဆက်သွယ်လိုရင်
09420600295,09767207436သို့ဆက်သွယ်ပေးပါ

Hello everyone 👋👋🌹🌹Care Pro တံဆိပ် (လက်အိတ်) 🌹🌹Made In...... Thailand Latex powder (အဖြူ)1ဗူး..........................1...
18/10/2025

Hello everyone 👋👋

🌹🌹Care Pro တံဆိပ် (လက်အိတ်) 🌹🌹
Made In...... Thailand

Latex powder (အဖြူ)
1ဗူး..........................13,000 ks (အခု 100ပါ)
10ဗူးမှဗူး30ဈေး.....................12,800 ks
ဗူး50ဈေး....................12,500 ks
ဗူး100ဈေး..................12,300 ks
Size......S
(အရေအတွက်နည်းနည်းပဲရပါတော့မယ်ရှင်)

🌹🌹3ဖာ(ဗူး 30)နှင့်အထက် ဝယ်ယူတာနဲ့ ရန်ကုန်မြို့တွင်းပို့ခ free
နယ် Customers များကိုလဲ ကားဂိတ်တင်(တန်ဆာခမပါ)free ဖြင့်
ချစ်ရတဲ့ကာကာများကို ကျေးဇူးတုန့်ပြန် ပေးနေပါပြီနော်

☃️ လက်အိတ်တစ်ဗူးကို Shelf Life 3/5 နှစ်ပေးထားပြီး Thailand ရဲ့ Global Company က ထုတ်လုပ်တဲ့ Manufacturer’s House Brand ဖြစ်ပြီး 💦💦💦

☃️ Certificate တွေအနေနဲ့ Thai FDA, Myanmar FDA, ISO အပြင် quality and safety ဖြစ်တဲ့ TUV Certificate ပါရရှိထားပါတယ်ရှင်

☃️ Glove သုံးတော့မယ် ဆိုရင် အရည်အသွေးပြည့်မီပြီး Certificate တွေပါရှိထားတဲ့ Supercare တံဆိပ်နဲ့ HD Glove တွေကို သုံးဖို့ အကြံပြုချင်ပါတယ်ရှင်😊

☎09 420600295,09 450228244,09 767207436
🚚မြို့နယ်အလိုက် Deli ခ သပ်သပ် ရှိပါသည်။
📱Kpay,UAB Pay,AYA pay ဖြင့်လဲဝယ်ယူနိုင်ပါတယ်ရှင်
🚨Instock အများကြီးမထားထားလို့ မြန်မြန်လေးတော့မှာပေးနော်

online shopping
gloves
and wholesale
gloves

✍️✍️✍️စ ကား(စကား)ဟူသည်✍️✍️✍️👍တစ်ခါက.....နွားတကောင်ဟာလယ်ထွန်ပြီးအိမ်ပြန်လာနားသတဲ့၊ဒါကို မိတ်ဆွေခွေးကသူ့ဆီလာလည်ပါတယ်။နွားက...
12/10/2025

✍️✍️✍️စ ကား(စကား)ဟူသည်✍️✍️✍️

👍တစ်ခါက.....
နွားတကောင်ဟာလယ်ထွန်ပြီးအိမ်ပြန်လာနားသတဲ့၊ဒါကို မိတ်ဆွေခွေးကသူ့ဆီလာလည်ပါတယ်။နွားကခွေးကို တွေ့တော့..

👍“ဟူး..မိတ်ဆွေရေ၊ကျနော်တော့ဒီနေ့တအားမောသွားလို့ မနက်ဖြန်တရက်လောက်အနားယူချင်လိုက်တာဟာ”။

👍ခွေးကနွားအိမ်ကနေထွက်လာတော့ကြောင်ကိုသွားတိုး တယ်၊ဒါနဲ့ခွေးက“ဟေ့ကောင်၊ခုနငါနွားဆီရောက်တယ်၊ သူပြောတော့သူလယ်ထွန်ရတာတအားမောလို့တရက် လောက်နားချင်တာတဲ့လေ၊ အေးသခင်ကြီးကလည်းသူ့ ကိုအလုပ်ကြမ်းပေးတာများတာကိုးနော့”။

👍ကြောင်ကလဲဒီသတင်းကိုဆိတ်ဆီသွားပြောပြပြန် သတဲ့“ကိုဆိတ်ရေ၊နွားကတော့သခင်ကအလုပ်ကြမ်းတွေ တအားဖိပေးလို့ဆိုပြီးငြီးငြူ နေတာတဲ့၊သူအလုပ်ခဏ နားပြီးရင်မနက်ဖြန်အလုပ်မလုပ်တော့ဘူးပြောနေတယ်”။

👍ဆိတ်ကလည်းကြက်ဆီသတင်းပြန်ပြောပြတာပေါ့“ကို ကြက်ရေ...နွားကသခင်ပေးတဲ့အလုပ်တအားကြမ်းလို့ သူမလုပ်တော့ဘူးပြောနေတယ်၊အေးလေ၊နောက်တွေ့မဲ့ သခင်အသစ်သူ့အပေါ်ကောင်းမလားမသိဘူး”။

👍ကိုကြက်ကလည်းဝက်ကိုသွားပြောပြန်တယ်"နွားကတော့ သခင့်အတွက်အလုပ်မလုပ်ပေးနိုင်တော့ဘူးတဲ့ဗျို့၊ တခြားသခင်ဆီသွားရှာတော့မယ်ပြောတယ်၊ပြောလဲ ပြောစရာဘဲ၊ဒီသခင်ကနွားကိုအလုပ်ကြမ်းပေးလုပ်ခိုင်း ပြီး၊ကြိမ်ပွတ်နဲ့လည်းရိုက်သေးတယ်..”။

👍ညနေစောင်းမှာတော့... သခင်မကြီးကနေဝက်စာသွားကြွေးတဲ့အခါ၊ ဝက်က“သခင်မကြီး၊သခင်မကြီးကိုတခုပြောပြချင် တယ်၊ကျနော်ကြည့်တာခုတလောကိုနွားကသိပ်မဟန် ဘူး၊သူ့ကိုသေချာပြောပြထားအုံး၊ကျနော်ကြားတာသူ အလုပ်မလုပ်ချင်တော့ဘူးတဲ့၊သခင်ကြီးကသူ့ကို အလုပ်ကြမ်းခိုင်းပြီးရိုက်လို့တဲ့၊မနက်ဖြန်သူတခြားသခင် ဆီသွားလုပ်တော့မယ်တဲ့”ဝက်ရဲ့သတင်းကိုကြားသိလိုက်တဲ့သခင်မက၊

👍ညနေစာ စားတဲ့စားပွဲဝိုင်းမှာသခင်ကြီးကိုပြန်ပြောပြလိုက် တယ်“အဘိုးကြီး၊ရှင့်နွားကပုန်ကန်ချင်နေပြီနော်၊သခင် ပြောင်းတော့မယ်တဲ့၊ပုန်ကန်တယ်ဆိုတာခွင့်မလွတ်သင့် ဘူး၊တခြားသူတွေကိုလဲနမူနာပြထားပေးမှရမယ်၊ရှင် ဘယ်လိုဒဏ်ခက်ဖို့စီစဉ်ထားလဲ? "

👍သခင်ကြီးကြားတော့ဒေါသအကြီးကျယ်ထွက်ပြီး၊ "ဒီလို ပုန်ကန်သူတွေကိုသေဒဏ်ကလွဲပြီးတခြားမရှိဘူး"ဆိုပြီး၊ ပြောပြောဆိုဆိုလှံကိုင်ပြီးထွက်သွားသတ်ပစ်လိုက်လေ တော့သတဲ့...။

👍ချစ်သောမိတ်ဆွေ စကားတခွန်းကြောင့်လူတယောက်ကိုရှင်စေနိုင်သလိုသေ စေနိုင်ပါတယ်၊နွားဟာတဆင့်စကားဖောင်းကြွမှုကြောင့် သေခဲ့ရတယ်။ဒီပုံဥပမာလေးအားဖြင့်…

✍️၁၊တွေ့သမျှလူတိုင်းကိုသွားမငြီးငြူ ပြနေပါနဲ့။

✍️၂၊တွေ့သမျှလူတွေပြောတိုင်းမယုံပါနဲ့၊စဉ်းစားချင့်ချိန်ပါ။

✍️၃၊အရေးကြီးဆုံးကတဆင့်စကားကိုယ့်ဆီရောက်လာ ရင်မဖောင်းကြွပါစေနဲ့။

✍️၄။တဆင့်စကားကိုပိုသေချာစေချင်ရင်ကိုယ်တိုင် ကာယကံရှင်ကိုမေးသင့်ပါတယ်...။

လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်း ဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင် တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကို လည်းရှုံ့တတ်၏...။

ပျော်ရွှင်စရာ သီတင်းကျွတ်နေ့လေးဖြစ်ကြပါစေရှင်🎇🎆
06/10/2025

ပျော်ရွှင်စရာ သီတင်းကျွတ်နေ့လေးဖြစ်ကြပါစေရှင်🎇🎆

ခုအရမ်းကိုဟော့ပြီးမိန်းကလေးတွေကြား ရေပန်းစားနေတဲ့ ရီရီလွယ်တဲ့ Chole’ canvas tote bags လေးကိုယ်လဲအရမ်းကြိုက်နေလို့ ကိုယ့်...
03/10/2025

ခုအရမ်းကိုဟော့ပြီးမိန်းကလေးတွေကြား
ရေပန်းစားနေတဲ့
ရီရီလွယ်တဲ့ Chole’ canvas tote bags လေး

ကိုယ်လဲအရမ်းကြိုက်နေလို့ ကိုယ့်အတွက်ဝယ်ရင်း
လိုချင်တဲ့သူတွေလဲရအောင်လို့ ပိုမှာထားပေးပါတယ်

(အရေအတွကနည်းနည်းပဲရပါတယ်နော်)

Quality နဲ့ Review ကတော့ ကိုယ်ညွှန်းစရာ
ပြောစရာမလိုအောင်သိပြီးကြမယ်ထင်ပါတယ်

Size…..
အလျား….15လက်မ
အနံ………. 4 လက်မ
အမြင့်……10.5 လက်မ

Price….69,000 ks

မှာယူချင်ရင်…👇👇👇
Cbမှာ ဖြစ်ဖြစ်၊ Viber ph …09420600295က်ိုလဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေ ပို့ခ(free )နဲ့ ပို့ဆောင်ပေးပါမယ်ရှင်

Hello everyone 👋👋💥Super Care Latex ပစ္စည်းပြတ်နေပါသည်💥🌹🌹Care Pro တံဆိပ် (လက်အိတ်) 🌹🌹Made In...... Thailand Latex powder ...
30/09/2025

Hello everyone 👋👋

💥Super Care Latex ပစ္စည်းပြတ်နေပါသည်💥

🌹🌹Care Pro တံဆိပ် (လက်အိတ်) 🌹🌹
Made In...... Thailand

Latex powder (အဖြူ)
1ဗူး..........................13,000 ks (အခု 100ပါ)
10ဗူးမှဗူး30ဈေး.....................12,800 ks
ဗူး50ဈေး....................12,500 ks
ဗူး100ဈေး..................12,000 ks
Size......S,M
(M size 5ctn)ပဲရတော့ပါမယ်)

🌹🌹HD တံဆိပ် (လက်အိတ်) 🌹🌹
Made In...... Thailand

HD Powder Free (အဖြူ)
1ဗူး...........................19,000 ks (အခု 100ပါ)
10ဗူးမှ 30ဗူး................18500 ks
40ဗူးမှ ဗူး60...............18,000 ks
70ဗူးမှ 100ဗူး..............17,500 ks
Size......S

🌹🌹3ဖာ(ဗူး 30)နှင့်အထက် ဝယ်ယူတာနဲ့ ရန်ကုန်မြို့တွင်းပို့ခ free
နယ် Customers များကိုလဲ ကားဂိတ်တင်(တန်ဆာခမပါ)free ဖြင့်
ချစ်ရတဲ့ကာကာများကို ကျေးဇူးတုန့်ပြန် ပေးနေပါပြီနော်

☃️ လက်အိတ်တစ်ဗူးကို Shelf Life 3/5 နှစ်ပေးထားပြီး Thailand ရဲ့ Global Company က ထုတ်လုပ်တဲ့ Manufacturer’s House Brand ဖြစ်ပြီး 💦💦💦

☃️ Certificate တွေအနေနဲ့ Thai FDA, Myanmar FDA, ISO အပြင် quality and safety ဖြစ်တဲ့ TUV Certificate ပါရရှိထားပါတယ်ရှင်

☃️ Glove သုံးတော့မယ် ဆိုရင် အရည်အသွေးပြည့်မီပြီး Certificate တွေပါရှိထားတဲ့ Supercare တံဆိပ်နဲ့ HD Glove တွေကို သုံးဖို့ အကြံပြုချင်ပါတယ်ရှင်😊

☎09 420600295,09 450228244,09 767207436
🚚မြို့နယ်အလိုက် Deli ခ သပ်သပ် ရှိပါသည်။
📱Kpay,UAB Pay,AYA pay ဖြင့်လဲဝယ်ယူနိုင်ပါတယ်ရှင်
🚨Instock အများကြီးမထားထားလို့ မြန်မြန်လေးတော့မှာပေးနော်

online shopping
gloves
and wholesale
gloves

Hello everyone 👋👋🌹🌹 Northern တံဆိပ် (လက်အိတ်) 🌹🌹Made In...... ChinaNitrile powder free (အဖြူ)1ဗူး..........................
27/09/2025

Hello everyone 👋👋

🌹🌹 Northern တံဆိပ် (လက်အိတ်) 🌹🌹
Made In...... China

Nitrile powder free (အဖြူ)
1ဗူး..........................15,000 ks (အခု 100ပါ)
10ဗူးမှ 30ဗူး................14,800 ks
40ဗူးမှ ဗူး60...............14,500 ks
70ဗူးမှ 100ဗူး..............14,000 ks
Size.....S,M,L

Nitrile Powder Free (အပြာ)
1ဗူး...........................16,500 ks (အခု 100ပါ)
10ဗူးမှ 30ဗူး................16,000 ks
40ဗူးမှ ဗူး60...............15,500 ks
70ဗူးမှ 100ဗူး..............15,000 ks
Size......S,M,L

Nitrile Powder Free (အမဲ)
1ဗူး...........................16,500 ks (အခု 100ပါ)
10ဗူးမှ 30ဗူး................16,000 ks
40ဗူးမှ ဗူး60...............15,500 ks
70ဗူးမှ 100ဗူး..............15,000 ks
Size......S,M,L

🌹🌹3ဖာ(ဗူး 30)နှင့်အထက် ဝယ်ယူတာနဲ့ ရန်ကုန်မြို့တွင်းပို့ခ free
နယ် Customers များကိုလဲ ကားဂိတ်တင်(တန်ဆာခမပါ)free ဖြင့်
ချစ်ရတဲ့ကာကာများကို ကျေးဇူးတုန့်ပြန် ပေးနေပါပြီနော်

☃️ လက်အိတ်တစ်ဗူးကို Shelf Life 3/5 နှစ်‌ပေးထားလို့ အသုံးပြုသူတွေအတွက်ရော ပြန်ရောင်းတဲ့သူတွေအတွက်ပါ အဆင်ပြေစေပါတယ်ရှင် 💦💦💦

☃️ Certificate တွေအနေနဲ့ China FDA, Myanmar FDA, ISO အပြင် quality and safety ဖြစ်တဲ့ TUV Certificate ပါရရှိထားပါတယ်ရှင်

☃️ Glove သုံးတော့မယ် ဆိုရင် အရည်အသွေးပြည့်မီပြီး Certificate တွေပါရှိထားတဲ့ Northern တံဆိပ်ကိုသုံးဖို့ အကြံပြုချင်ပါတယ်ရှင်😊

☎09 420600295,09 450228244,09 767207436
🚚မြို့နယ်အလိုက် Deli ခ သပ်သပ် ရှိပါသည်။
📱Kpay,UAB Pay,AYA pay ဖြင့်လဲဝယ်ယူနိုင်ပါတယ်ရှင်
🚨Instock အများကြီးမထားထားလို့ မြန်မြန်လေးတော့မှာပေးနော်

online shopping
gloves
and wholesale
gloves
glove

ဒီနေ့ပစ္စည်းလေးတွေကိုယ်တိုင်ပို့(လက်အိတ်ကဂျပ်ဖာလေးတွေက ကားအတင်အချနဲ့ပျက်စီးသွားတော့ တစ်ခြားဖာနဲ့စုထည့်ပေးလိုက်ရ)ခုနောက်ပ...
17/09/2025

ဒီနေ့ပစ္စည်းလေးတွေကိုယ်တိုင်ပို့
(လက်အိတ်ကဂျပ်ဖာလေးတွေက ကားအတင်အချနဲ့ပျက်စီးသွားတော့ တစ်ခြားဖာနဲ့စုထည့်ပေးလိုက်ရ)

ခုနောက်ပိုင်းဆိုင်ဖွင့်လိုက်တော့ ကိုယ်တိုင်မပို့ဖြစ်တာများတယ်
အဲ့အတွက်လဲအဆင်မပြေတာရှိရင် အချိန်မရွေးပြောပါနော်

ကျမအတွက်ကတော့ customer က firstပါပဲ

နယ်ကကာကာတွေလဲကားဂိတ်တွေတင်လို့ရပါတယ်နော်

နယ်ဆိုလဲ မင်မင်တို့ကဖြစ်သလိုမလုပ်ပေးပါဘူးနော်
မိုးတွင်းဖြစ်တဲ့အတွက် အထဲမှာပလပ်စတစ်တစ်ထပ် ခံပြီးမှာ ပီနံသွပ်ပေးတာပါရှင်

ဘယ်လိုအခြေနေတွေပဲဖြစ်ဖြစ်
ညီမမို့လို့ အမမို့လို့ဆိုပြီး ယုံကြည်စိတ်ချစွာ
အားပေးကြတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်ရှင်🙏

အဲ့အတွက်လဲ မင်မင်ရဲ့Royal Customer တွေကို
သီတင်းကျွတ်ဂါရဝလေးပေးပို့ဖို့ရှိပါတယ်ရှင်

ယနေ့ည လကြတ်ခြင်း (Lunar Eclipse)ဖြစ်ပေါ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ မြင်တွေ့ရမည်။ဒီနေ့ (စက်တင်ဘာလ ၇ ရက်၊ ၂၀၂၅) ညက လကြတ်ခ...
07/09/2025

ယနေ့ည
လကြတ်ခြင်း (Lunar Eclipse)
ဖြစ်ပေါ်မှာဖြစ်ပြီး
မြန်မာနိုင်ငံမှ မြင်တွေ့ရမည်။

ဒီနေ့ (စက်တင်ဘာလ ၇ ရက်၊ ၂၀၂၅)
ညက လကြတ်ခြင်းကို
မြန်မာနိုင်ငံကနေ
မြန်မာစံတော်ချိန် (UTC+6:30) အလိုက်
အောက်ပါအချိန်ဇယားအတိုင်း
မြင်တွေ့ရမှာ ဖြစ်ပါတယ်။

⏰ လကြတ်ခြင်း အဆင့်ဆင့်နှင့် အချိန်များ

အဆင့် အချိန် ဖော်ပြချက်

လကြတ်ခြင်းစတင် - စက်တင်ဘာ ၇၊ ည ၉:၅၈
(လသည် ကမ္ဘာ၏ အရိပ်ဖျော့ (Penumbra) ထဲသို့ စတင်ဝင်ရောက်ချိန်)

တစ်စိတ်တစ်ပိုင်းစတင် - စက်တင်ဘာ ၇၊ ည ၁၀:၅၇
(လသည် ကမ္ဘာ၏ အရိပ်စစ် (Umbra) ထဲသို့ စတင်ဝင်ရောက်ကာ လ၏မျက်နှာပြင်တစ်စိတ်တစ်ပိုင်း မှောင်လာချိန်)

လအပြည့်စတင်ကြတ် - စက်တင်ဘာ ၇၊ ည ၁၂:၀၀
(လသည် အရိပ်စစ်ထဲသို့ လုံးဝဝင်ရောက်သွားပြီး လမျက်နှာပြင်တစ်ခုလုံး အနီရောင်သန်းလာချိန် (Total Eclipse စတင်)

လအကြတ်ဆုံး - စက်တင်ဘာ ၈၊ မနက် ၀၀:၄၂
(လကြတ်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိချိန်)

လအပြည့်ကြတ်ခြင်းပြီးဆုံး - စက်တင်ဘာ ၈၊ မနက် ၁:၂၂
(လသည် အရိပ်စစ်ထဲမှ ထွက်ခွာလာချိန် (Total Eclipse ပြီးဆုံး)

တစ်စိတ်တစ်ပိုင်းပြီးဆုံး - စက်တင်ဘာ ၈၊ မနက် ၂:၂၆
(လသည် အရိပ်စစ်ထဲမှ လုံးဝထွက်ခွာပြီး တစ်စိတ်တစ်ပိုင်းကြတ်ခြင်း အဆင့် ပြီးဆုံးချိန်)

လကြတ်ခြင်းလုံးဝပြီးဆုံး - စက်တင်ဘာ ၈၊ မနက် ၃:၂၅
(လသည် အရိပ်ဖျော့ထဲမှ လုံးဝထွက်ခွာသွားပြီး လကြတ်ခြင်းဖြစ်စဉ် လုံးဝပြီးဆုံးချိန်)

🌒 မြင်တွေ့ရမည့် အခြေအနေများ

· ဤလကြတ်ခြင်းကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအများစုနှင့် သြစတြေးလျနိုင်ငံတို့မှ သာမန်မျက်စိဖြင့်ပင် ကောင်းစွာ မြင်တွေ့နိုင်မည် ဖြစ်ပါတယ် ။
· လအပြည့်ကြတ်နေစဉ် အချိန်တွင် လမျက်နှာပြင်သည် အနီရောင်သမ်းနေ တတ်ပါတယ်။ ယင်းသည် ကမ္ဘာ၏ လေထုမှ နေရောင်ခြည်အနီရောင်သည် ယိုင်းကာ လပေါ်သို့ ကျရောက်သောကြောင့် ဖြစ်ပါတယ် ။
· ဤကြတ်ခြင်းသည် စုစုပေါင်း ၅ နာရီ ၂၇ မိနစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး၊ လအပြည့်ကြတ်သည့်အဆင့် တစ်ခုတည်းကပင် ၁ နာရီ ၂၂ မိနစ် ကြာမြင့်မည် ဖြစ်ပါတယ် ။

“တော်သလင်းလပြည့်နေ့ (သို့) ဂရုဓမ္မ အခါတော်နေ."🙏🙏🙏🙏🙏🙏🙏🙏🙏🙏မြန်မာတို့ရဲ့ လ ၁၂လကို ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များနဲ့ ထူးခြ...
06/09/2025

“တော်သလင်းလပြည့်နေ့ (သို့)
ဂရုဓမ္မ အခါတော်နေ."
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

မြန်မာတို့ရဲ့ လ ၁၂လကို ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များနဲ့
ထူးခြားစွာ သတ်မှတ်ထားကြရာမှာ တော်သလင်းလရဲ့ လပြည့်နေ့ကို
ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ချက်ဟာလည်း
တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ငါးရာငါးဆယ်
ဇာတ်နိပါတ်တော်တွေထဲက ကုရုဓမ္မဇာတကကို အကြောင်းပြုပြီး
တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့လို့
သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ မူရင်းစကားမှာ
“ကုရုဓမ္မ” ဖြစ်ပြီး နောက်ပိုင်းဝေါဟာရ အပြောင်းအလဲတစ်ခု
အနေနဲ့ “ဂရုဓမ္မ”လို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။
ဒီဂရုဓမ္မဆိုတဲ့ ဝေါဟာရကိုပဲ တိုက်ရိုက်ပြောမယ်ဆိုရင်တော့
ဂရုက ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုး၊
ဓမ္မဆိုတာက လိုက်နာကျင့်သုံး ထိန်းသိမ်းသင့်တဲ့ တရားဓမ္မ
လို့ အဓိပ္ပါယ်ပြောနိုင်တာ ဖြစ်ပါတယ်။

အဋ္ဌကထာများမှာတော့ “ကုရုတိုင်းသား”တို့ ကျင့်သုံးတဲ့
တရားဖြစ်တဲ့အတွက် ကုရုဓမ္မလို့ ဆိုခြင်းဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီကုရုဓမ္မခေါ် ဂရုဓမ္မဆိုတာ
ပဉ္စသီလ ခေါ် ငါးပါးသီလကို ဆိုခြင်းပဲ ဖြစ်ပါတယ်။
အတိတ်ဘ၀တစ်ခုမှာ ဘုရားလောင်းဟာ
ဣန္ဒပတ္တနဂိုရ်ပြည်ရဲ့ ကောရဗျဘုရင်အဖြစ် အုပ်ချုပ်စဉ်အခါက
တိုင်းပြည်တစ်ပြည်လုံးကို ငါးပါးသီလစောင့်ထိန်းဖို့
ညွှန်ကြားပြီး သီလတရားနဲ့ ပြည့်စုံစေပါတယ်။

တစ်တိုင်းပြည်လုံး ပဉ္စသီလကို လုံခြုံအောင်
စောင့်ထိန်းကြတဲ့အတွက် အဲဒီတိုင်းပြည်မှာ မိုးလေ၀သ
မှန်ကန်ပြီး ကောက်ပဲသီးနှံနဲ့ ဆန်ရေစပါး ပေါများကာ ၊
တိုင်းသူပြည်သားတွေဟာ အေးအေးချမ်းချမ်း ငြိမ်းချမ်း
တည်ငြိမ်တဲ့အပြင် သီလလုံခြုံကြတဲ့အတွက် အသက်ရှည်ပြီး ၊
ရောဂါဘယများလည်း ကင်းဝေးကြပါတယ်။

အဲဒီအချိန်မှာ တစ်ဘက်မှာရှိတဲ့ ကာလိင်္ဂမင်း အုပ်ချုပ်တဲ့
ဒန္တပူရပြည်မှာတော့ မိုးခေါင်ရေရှားဖြစ်ကာ ဆန်ရေစပါး
ရှားပါပြီး တိုင်းသူပြည်သားတွေဟာလည်း ဒုက္ခအမျိုးမျိုး
ကြုံနေရပါတယ်။ ဒီတော့ ကလိင်္ဂမင်းဟာ ကောရဗျမင်းရဲ့
တိုင်းပြည်အခြေအနေကို စုံစမ်းပြီး ကောရဗျမင်း ကျင့်သုံးတဲ့
ကုရုဓမ္မကို လိုက်နာကျင့်သုံးစေကာ မိမိတိုင်းသူ
ပြည်သားတွေကိုလည်း သီလနဲ့ ပြည့်စုံစေပါတယ်။
ဒီလို ကုရုဓမ္မကို ကျင့်သုံးတဲ့အတွက် ကလိင်္ဂမင်းရဲ့
တိုင်းပြည်မှာလည်း မိုးလေ၀သမှန်ကန်ကာ
တိုင်းပြည်လည်း ငြိမ်းချမ်းသာယာ လာခဲ့ပါတယ်။
ဒါဟာ ကရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံ
စောင့်ထိန်းစေလို့ပဲ ဖြစ်ပါတယ်။
ဒါက ကုရုဓမ္မဇာတ်တော်ရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်ကို အကြောင်းပြုပြီး မြန်မာဗုဒ္ဓဘာသာများဟာလည်း
ဆန်ရေစပါး စိုက်ပျိုးရာဖြစ်တဲ့ မိုးရာသီရဲ့ တော်သလင်းလမှာ
မိုးလေ၀သ မှန်ကန်စေဖို့နဲ့ ဗုဒ္ဓဘာသာတွေ အနေနဲ့
ဂရုဓမ္မခေါ် ငါးပါးသီလကို အလေးထားပြီး စောင့်ထိန်းစေဖို့
တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ အဖြစ်
နေ့ထူးနေ့မြတ်တစ်ခု သတ်မှတ်ကြခြင်း ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ အဓိက အရေးကြီးဆုံး တရားက
ဂရုဓမ္မ တရားပဲ ဖြစ်ပါတယ်။ ငါးပါးသီလရဲ့
အစွမ်းထက်မြက်မှုပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အနည်းဆုံး
သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တာ၊
သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်တာ၊
အိမ်ထောင်ရေး ဖောက်ပြန်မှုများမှ ရှောင်ကြဉ်တာ၊
လိမ်ညာပြောဆိုတာတွေမှ ရှောင်ကြဉ်တာ၊
အရက်သေစာ မူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာတွေမှ
ရှောင်ကြဉ်တာတွေကို ပျောက်ပျက်မှုမရှိအောင်
ထိန်းသိမ်းစောင့်ရှောက် နိုင်ကြမယ်ဆိုရင် တစ်ဦးချင်းရဲ့
စိတ်အစဉ်မှာ ငြိမ်းချမ်းနေပြီး အချင်းချင်း နှိပ်စက်ခြင်းတွေ
ကင်းနေကြမှာ ဖြစ်ပါတယ်။ တစ်ခုချင်းရဲ့ စိတ်အစဉ်မှာ
သီလတွေနဲ့ ထိန်းသိမ်းလို့ ငြိမ်းနေကြမယ်ဆိုရင်
အဲဒီနိုင်ငံ၊ အဲဒီလူမျိုးတွေကို စောင့်ရှောက်ကြတဲ့
နတ်ဒေ၀တာတွေဟာလည်း စောင့်ရှောက်မှု
အားကောင်းပြီး အဆိုးတွေမဖြစ်အောင် မစကြမှာဖြစ်ပါတယ်။

သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များရဲ့ အစောင့်အရှောက်ကို
ခံကြရတဲ့ တိုင်းပြည်ဟာ မိုးလေ၀သ ရာသီဥတုမှအစ
ကောင်းမွန်မှန်ကန်ပြီး ရာသီဥတု မှန်တဲ့အတွက်
စိုက်ပျိုးရတဲ့ သီးနှံစပါးဟာလည်း ဖွံ့ဖြိုးတိုးတက်ကာ
စား၀တ်နေရေးမှ အစ အစစအရာရာ ငြိမ်းချမ်းသာယာ
နေကြမှာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံဖြစ်တဲ့
ဂရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်း
နေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့
သဘောရှိတဲ့အတွက် အကြောင်းကောင်းရင် အကျိုးလည်း
ကောင်းမှာဖြစ်လို့ အကျိုးပေးကောင်းချင်သူတွေ အနေနဲ့
အကြောင်းကောင်းအောင် လုပ်ကြဖို့နဲ့ တစ်ဦးချင်းရဲ့
အကြောင်းတွေ ကောင်းနေရင် တစ်ဦးချင်းရဲ့
အကျိုးလည်းကောင်းနေပြီး အကြောင်းကောင်းသူ
တစ်ဦးချင်း ပေါင်းထားတဲ့ အများဟာလည်း အကျိုးကောင်းတဲ့
အစုအဖွဲ့ ဖြစ်လာမှာဖြစ်ကာ အစုအဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့
ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ
တိုးတက်ဝပြောနေမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။
အကြောင်းကောင်းဆိုတဲ့ ဂရုဓမ္မလို တရားများကို
ကြိုးစားကျင့်ကြံနေထိုင်ခြင်းဖြင့် အကျိုးကောင်းအောင်
အားထုတ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဂရုဓမ္မခေါ် ငါးပါးသီလကို အခြေခံ အဆင့်အနေနဲ့
တည်တံ့အောင် ကြိုးစားပြီး အမြတ်ဆုံးပန်းတိုင်ကို
လှမ်းကိုင်နိုင်အောင် အားထုတ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အကျင့်တရားတွေ အားနည်းပြီး
သီလတရားတွေ လျော့ရဲလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ
အများမိုးခါးရေ သောက်လို့ ကိုယ်လည်းလိုက်သောက်တဲ့
ပုံစံမျိုး မဖြစ်စေကြဘဲ အများမလုပ်နိုင်တဲ့ အလုပ်ကို
တစ်ဦးချင်း အရင်ကြိုးစား လုပ်ကိုင်ရင်း
အများအားဖြစ်လာအောင် အားထုတ်တဲ့အနေနဲ့ လူပဲဖြစ်ဖြစ်၊
ရဟန်းပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အခြေခံအဆင့်
သီလများကို လုံခြုံအောင် စောင့်ထိန်းကြဖို့၊
လူတွေအနေနဲ့ တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မ
တရားတွေ ထွန်းကားလာအောင် နေ့စဉ်စောင့်ထိန်းရမယ့်
ငါးပါးသီလကို လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားကြဖို့၊
ဒီလို တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မတွေ ထွန်းကား
လာမယ်ဆိုရင် အဲဒီသူ၊ အဲဒီမိသားစု၊ အဲဒီလူမျိုး၊
အဲဒီတိုင်းပြည်ဟာ အမှန်တကယ် ငြိမ်းချမ်းသာယာ
၀ပြောလာမှာ ဖြစ်လို့ ဘာပဲဖြစ်ဖြစ် အနည်းဆုံး
ဒီဂရုဓမ္မကိုတော့ အတတ်နိုင်ဆုံး လုံခြုံကြစေဖို့
တိုက်တွန်းခြင်း ဖြစ်ပါတယ်။ သေချာတာကတော့
ဂရုဓမ္မတရားတွေ များများထွန်းကားလေ
ကမ္ဘာလောကကြီး ငြိမ်းချမ်းလေ ဖြစ်မယ်ဆိုတာ
အသေအချာပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း
ဂရုဓမ္မအခါတော်နေ့ရဲ့ ထူးခြားမှုတစ်ခုအဖြစ်
အသိပေးတင်ပြရင်း ဗုဒ္ဓဘာသာတွေအတွက်
အနည်းဆုံး အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံခြုံအောင်
ကျင့်သုံးကြဖို့ စေတနာစကား မေတ္တာအားဖြင့်
တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

မေတ္တာဖြင့်…
-【မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

🤍🌿

゚viralシ
#ဓမ္မသုတရသစာပေ #ခွန်အား​ဖြည့်စာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်💖🙏

Address

ဆိုင်နံပါတ်(၁၃/၁၄)၊ရုံ (၁) ၊ မြို့သစ်စျေး၊, ဘုရင့်နောင်လမ်းမပေါ်၊အင်းစိန်မြို့နယ်၊ရန်ကုန်

11061

Telephone

+959420600295

Website

Alerts

Be the first to know and let us send you an email when Rainbow online shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram