31/05/2022
⚕️ရာသီတုပ်ကွေး ကာကွယ်ဆေး (Flu Vaccine) ⚕️
✅ June လအတွင်း ရာသီတုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ထိုးလိုသူများအနေနဲ့
ဆေးများ instock ရှိတာမို့ စာရင်းပေးသွင်းကာ ရက်ချိန်းယူပြီး ထိုးနှံနိုင်ပါပြီ။ ✅
Registration Form: https://forms.gle/FsWEmnGCNQWJFan37 👈🏼
ယခုထိုးနှံပေးမယ့် ဝိချိုင်ဝေ့ဆေးရုံမှ ရာသီတုပ်ကွေးကာကွယ်ဆေး (Flu Vaccine) Vaxigrip Tetra ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထိုးနှံဖို့ ထောက်ခံအကြုံပြုထားပါတယ်။ ထိုင်းနိုင်ငံ (ဝိချိုင်ဝေ့ဆေးရုံ) မှ တုပ်ကွေးကာကွယ်ဆေးသည် cold-chain အား အတိအကျလိုက်နာ၍ မြန်မာ FDA အသိအမှတ်ရရှိထားသော ဆေးဖြစ်ပါသည်။
တုပ်ကွေးကာကွယ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်မှ ပြင်ပမှဝင်ရောက်လာသည့် တုပ်ကွေးဗိုင်းရပ်စ်ပိုးများအား ခုခံတိုက်ခိုက်ပေးသည့် ပဋိဇီဝပစ္စည်းများ ကိုယ်တွင်းမှထွက်ရှိနိုင်အောင် လှုံ့ဆော်ပေးသော ဆေးဖြစ်သည်။ အန္တရာယ်မပေးနိုင်တော့သည့် ဗိုင်းရပ်စ်ပိုးအသေ (Inactivated Killed Virus) ပမာဏဖြင့် ထုတ်လုပ်ထားသဖြင့် ကာကွယ်ဆေးထိုးခြင်းမှတဆင့် တုပ်ကွေးရောဂါလုံးဝမဖြစ်ပွားစေပါ။ H1N1ကဲ့သို့သော တုပ်ကွေးရောဂါဖြစ်စေသောဗိုင်းရပ်စ်ပိုးများသည် နှစ်စဥ်ပြောင်းလဲနေသောကြောင့် တစ်နှစ်တစ်ကြိမ် ကာကွယ်ဆေးထိုးနှံပေးရန် လိုအပ်ပါသည်။
💉အဓိကအားဖြင့် အောက်ပါ အချက်၃ချက်နဲ့ ကိုယ်တိုင်စစ်ဆေးပြီး ထိုးနှံလို့ရပါတယ်။ 💉
1️⃣ ပထမအချက်က ကမ္ဘာ့နေရာပေါ်မူတည်ပြီး outbreak ဖြစ်တဲ့တုပ်ကွေးပိုးမျိုးစိတ် ကွဲပါတယ်။ အဲ့အမျိုးအစားပေါ်မူတည်ပြီး တုပ်ကွေးကာကွယ်ဆေးက တံဆိပ်အမျိုးမျိုးထုတ်ပါတယ်။ ဥပမာပေးရရင် ဥရောပမှာထိုးတဲ့ဆေးနဲ့ အာရှမှာထိုးတဲ့ဆေး၊ အထဲကကာကွယ်ပေးနိုင်တဲ့ပိုးမျိုးစိတ်မတူနိုင်ပါဘူး။ နှစ်စဥ်နှစ်တိုင်း ပညာရှင်တွေက ပိုးတွေရဲ့trendကို လေ့လာမှုပြုလုပ်ပြီး ဒီနှစ်ကတော့ဖြင့် ဘယ်ဒေသမှာ ဘယ်ပိုးတွေဖြစ်ပွားနိုင်တယ်ခန့်မှန်းပေးပြီးမှ ထုတ်လုပ်ကြရတာပါ။ မိမိထိုးမယ့်ဆေးက မိမိနေထိုင်မယ့်နေရာဒေသအလိုက် အံကိုက်ဖြစ်ဖို့ အရေးကြီးပါတယ်။(ချွင်းချက်အနေနဲ့ မိမိက တစ်ကမ္ဘာလုံးပတ်ပြီး ခရီးသွားနေတဲ့သူဆိုရင်တော့ နှစ်မျိုးလုံးထိုးနိုင်ပါတယ်😅 ) ဒီနေရာမှာတစ်ခုသတိထားရမှာက အနောက်နိုင်ငံတွေမှာ တုပ်ကွေးရာသီက အာရှထက်စောပါတယ်၊ သူတို့ဆီမှာရာသီပြီးလို့ ပိုနေတဲ့ဆေးတွေက အာရှကိုစျေးပေါပေါနဲ့ လွင့်လာတတ်ပါတယ်၊ တုပ်ကွေးကာကွယ်ဆေး စောစောထိုးလို့ရမယ်ဆိုတိုင်းလဲ သေချာကြည့်ပြီးမှထိုးသင့်ပါတယ်။ မှတ်ရခက်ရင်တော့ မြန်မာFDAရပြီးသားဆေးက မြန်မာမှာနေသူတွေအတွက် ထိုးလို့ရပါတယ်။
2️⃣ ဒုတိယအချက်အနေနဲ့က တုပ်ကွေးကာကွယ်ဆေးမှာ cold-chainက အသက်ပါ။ Cold-chain က ပြောရလွယ်သလောက် လက်တွေ့မှာ 2°C-8°C အတွင်း အတိအကျထိန်းထားဖို့ ခက်ခဲပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံလိုပူပြင်းပြီး မီးမမှန်တဲ့အခြေအနေတွေမှာ ဆေးအာနိသင်အပြည့်အဝရစေဖို့ တော်တော်သတိထားရပါတယ်၊ ဆေးထုတ်လုပ်တဲ့ production plant ကနေ ထိုးမယ့်သူဆီရောက်ဖို့ ကြားထဲသယ်ယူပို့ဆောင်တဲ့ အဆင့်ဆင့်မှာ cold-chain မဖြစ်မနေလိုပါတယ်၊ အကောင်းဆုံးက လေယာဥ်နဲ့သယ်တာပါ၊ အဲ့အတွက်လည်း ကုန်ကျစရိတ်ပိုနိုင်ပါတယ်။ ဆေးရဲ့သဘောသဘာဝက အရမ်းအေးလွန်းပြီးခဲပြီးသွားရင် ပြန်အရည်ပျော်ပေမယ့် အာနိသင်ပျက်ပါတယ်၊ အရမ်းပူရင်လဲ ပျက်ပါတယ်၊ ဒီ့အတွက်ကြောင့်ပဲ ဆေးရဲ့သယ်ယူပို့ဆောင်ရာလမ်းတလျောက် အပူချိန်တွေကို record ထားရှိပြီး စနစ်တကျသယ်ရတာပါ။ ရေခဲပုံးထဲကို ရေခဲထည့်ပြီးသယ်တာက နာရီပိုင်းပဲအဆင်ပြေပါလိမ့်မယ်။
3️⃣ နောက်ဆုံး အချက်အနေနဲ့ ဆေးထိုးတော့မယ်ဆိုရင် ကျန်းမာရေးဝန်ထမ်းက စမ်းသပ်စစ်ဆေးမေးမြန်းရပါတယ်၊ ဆေးထိုးပြီးဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ Side Effectတွေကို ကြိုတင်ကာကွယ်ဖို့ပါ၊ အကြမ်းဖျင်းကတော့ ရောဂါအခံမရှိရင် လူတော်တော်များများထိုးလို့ရပါတယ်၊ လူအယောက်တစ်ထောင်မှာမှ တစ်ယောက်လောက်သာ ဆေးမတည့်ခြင်းအခြေအနေ ဖြစ်ပေါ်တတ်ပါတယ်။ အသေးစိတ်ကိုတော့အောက်က 1st comment မှာ ဖတ်နိုင်ပါတယ်။
🤷♂️ နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အထက်ပါအချက်တွေနဲ့ ချိန်ဆပြီး အာနိသင်အပြည့် ဆေးထိုးနိုင်ပါတယ်။
Flu Vaccine
💉တလုံးကို ၃၅,၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပြီး
💉၁၀ယောက်နဲ့အထပ်ဆို ၃၂,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။
အသေးစိတ်ကို YHU FB page ကနေတဆင့်ကျွမ်းကျင်ဆရာဝန်များနဲ့မေးနိုင်သလို Telegram Link: https://t.me/healthcareunit ကနေလည်းမေးနိုင်ပါတယ်။
Teleconsultation သည်းသန့်လိုချင်သူများအတွက်လည်း ၁၅မိနစ်ကို ၁၅,၀၀၀ ကျပ်ဖြင့် ရနိုင်ပါတယ်။