NobleHeart

NobleHeart Noble Heart

သင်တန်းဆင်းပြီးပြီးချင်းအထူးကုဆေးခန်းမှာနှစ်ယောက်လုံးအတူတူအလုပ်ဝင်နေရပြီဖြစ်တဲ့Noble heartရဲ့ရင်သွေးနှစ်ဦး။လုပ်ငန်းခွင်...
16/02/2023

သင်တန်းဆင်းပြီးပြီးချင်းအထူးကုဆေးခန်းမှာနှစ်ယောက်လုံးအတူတူအလုပ်ဝင်နေရပြီဖြစ်တဲ့Noble heartရဲ့ရင်သွေးနှစ်ဦး။လုပ်ငန်းခွင်မှာအဆင်ပြေပျော်ရွှင်နေတဲ့သူတို့ပုံလေးတွေမြင်ရတော့ဝမ်းသာဂုဏ်ယူရပါတယ်သမီးတို့ရေ။သင်တန်းကသင်ပေးလိုက်တဲ့အသိပညာအတတ်ပညာတွေကိုလုပ်ငန်းခွင်မှာတွေ့ကြုံရတဲ့လက်တွေ့သင်ခန်းစာနဲ့ပေါင်းစပ်ပီးကိုယ့်ကိုကိုယ်စဥ်ဆက်မပြတ်တိုးတက်အောင်လေ့လာသင်ယူပါ။ခုလိုအခြေနေနဲ့ကျေနပ်ရပ်တန့်မနေပဲအားလပ်ချိန်မှာလည်းတခြားသောဘဝအတွက်အကျိုးရှိမယ့်ပညာဗဟုသုတတွေကိုလေ့လာပါ။ဘယ်အခြေနေဘယ်လိုအခက်ခဲတားဆီးရှိရှိကိုယ့်ဘက်ကတတ်နိုင်သမျှဝမ်းစာဖြည့်ထားပါနောင်တချိန်သမီးတို့အတွက်အသုံးဝင်ပါလိမ့်မယ်လို့ဆရာမကမေတ္တာအားဖြင့်တိုက်တွန်းလိုက်ပါတယ်

ကဲ ထုံးစံအတိုင်းအစဥ်လာမပျက်ကြေငြာစရာရှိတာတော့ကြေငြာရမှာပဲ။ဒီဇင်ဘာလတန်းခွဲသစ်လေးကသင်တန်းသားအသစ်လေးတွေမျှော်နေပါပြီနော်။သတ...
06/01/2023

ကဲ ထုံးစံအတိုင်းအစဥ်လာမပျက်ကြေငြာစရာရှိတာတော့ကြေငြာရမှာပဲ။ဒီဇင်ဘာလတန်းခွဲသစ်လေးကသင်တန်းသားအသစ်လေးတွေမျှော်နေပါပြီနော်။သတ်မှတ်လူဦးရေပြည့်တာနဲ့အတန်းသစ်စမှာမို့နောက်မကျရအောင်အပြေးလာခဲ့ဖို့ဖိတ်ခေါ်ရင်းနှစ်ဦးလက်ဆောင်promotionတွေလက်မလွတ်စေဖို့သတင်းကောင်းပေးလိုက်ပါပြီဗျို့📢

Noble heart အကူသူနာပြုနဲ့ဆေးဝါးသင်တန်း2nd batchသင်တန်းဆင်းပွဲနှင့်အောင်လက်မှတ်ပေးအပ်ခြင်းအခမ်းအနား။သင်တန်းကာလပြီးမြောက်တ...
22/12/2022

Noble heart အကူသူနာပြုနဲ့ဆေးဝါးသင်တန်း2nd batchသင်တန်းဆင်းပွဲနှင့်အောင်လက်မှတ်ပေးအပ်ခြင်းအခမ်းအနား။သင်တန်းကာလပြီးမြောက်တဲ့အချိန်မှာပဲစိတ်ချယုံကြည်ရတဲ့specialist ဆေးရုံ​မှာလုပ်အကိုင်ရရှိအောင်စီစဥ်ပေးနိုင်ခဲ့လို့သားတို့သမီးတို့အတွက်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ရှေ့ဆက်ဘဝခရီးလမ်းမှာလည်းအောင်ု​မြင်ပျော်ရွှင်ပီးကိုယ်ကျရာနေရာမှာတာဝန်ကျေသောဝန်ထမ်းကောင်းဆရာမိဘတွေအတွက်မျက်နှာပန်းလှသောတပည့်ကောင်းသားသမီးကောင်းများဖြစ်ကြပါစေလို့ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်

ဒီလက်ကလေးတွေနဲ့နောင်တချိန်မှာကိုယ်သိထားတတ်ထားတဲ့ပညာ‌ေလးနဲ့အသက်တချောင်းကိုအရေးပေါ်ကူညီကယ်ပေးလိုက်နိုင်မယ် မကျန်းမာတဲ့လူနာ...
09/11/2022

ဒီလက်ကလေးတွေနဲ့နောင်တချိန်မှာကိုယ်သိထားတတ်ထားတဲ့ပညာ‌ေလးနဲ့အသက်တချောင်းကိုအရေးပေါ်ကူညီကယ်ပေးလိုက်နိုင်မယ် မကျန်းမာတဲ့လူနာတွေကိုကျွမ်းကျင်စွာပြုစုပေးလိုက်နိုင်မယ် သူနာပြုseniorတွေကိုအထောက်အပံ့အကူညီကောင်းကောင်းပေးနိုင်ခဲ့မယ်ဆိုရင်တီချယ်သင်ပေးရကျိုးနပ်ပါပီကလးတို့ရေ

📢 အမေးရှိလို့အဖြေပေးပါသည် 📢မေး > Noble heartသင်တန်းကျောင်းရဲ့သင်တန်းကြေးကိုဘယ်လိုသတ်မှတ်ပါသလဲ?ဖြေ > အခုတော့သူနာပြုအကူနဲ့...
27/10/2022

📢 အမေးရှိလို့အဖြေပေးပါသည် 📢
မေး > Noble heartသင်တန်းကျောင်းရဲ့သင်တန်းကြေးကိုဘယ်လိုသတ်မှတ်ပါသလဲ?
ဖြေ > အခုတော့သူနာပြုအကူနဲ့ဆေးဝါးအကူသင်တန်း၂ခုပေါင်းမှ၃သိန်းကျပ်ပါ။လတ်တလောစီးပွားရေးအခြေနေနဲ့ငွေကြေးအခက်ခဲဖြစ်နေတဲ့ကာလမို့သပ်သပ်စီခွဲပေးစရာမလိုပါဘူးနောက်ပိုင်းသင်တန်းနဲ့သင်တန်းသား၂ဦး၂ဖက်အခြေနေကိုကြည့်ပီးတခြားသင်တန်းတွေလိုသင်တန်းကြေးကိုသပ်သပ်စီခွဲဖို့စဥ်းစားထားပါတယ်။
မေး > အခုနောက်ပိုင်းသူနာပြုအကူသင်တန်းတွေမှာအခြေခံသင်တန်းနဲ့အဆင့်မြင့်သင်တန်းဆိုပီးခွဲထားတာတွေ့လို့NobleHeartသင်တန်းမှာကောအဲလိုတန်းခွဲတွေရှိပါသလား?
ဖြေ> သူနာပြုအကူတယောက်သိသင့်သိထိုက်တဲ့အသိပညာတတ်ကျွမ်းနားလည်ရမယ့်အတတ်ပညာထားရှိရမယ့်စိတ်နေသဘောထားခံယူချက်များကိုစာတွေ့လက်တွေ့အပြင်ဆရာများရဲ့ကိုယ်တွေ့အတွေ့ကြုံများနဲ့ပူးပေါင်းပီးတခါထည်းသာသင်ကြားမှာပါ။လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှသာကလေးတွေကိုယ်တိုင်ဆက်လက်လေ့လာသင်ယူရင်းကိုယ့်ဘာသာအဆင့်မြင့်အာင်ဆက်လက်ကြိုးစားဖို့သာသင်ပေးလိုပါတယ်။ဒါကတော့ကျမတတ်နိုင်သလောက်လုပ်ပေးနိုင်သလောက်ပဲမို့ထပ်ပီးအဆင့်မြင့်တန်းခွဲဖွင့်ဖို့လုံးဝမရှိပါဘူး
မေး> သင်တန်းပီးရင်အလုပ်ရဖို့အာမခံပေးပါသလား?
ဖြေ> လုံးဝအာမ မခံပါဘူးဘာလို့ဆိုတော့ကိုယ်ပိုင်ံဆေးရုံဆေးခန်းမရှိသလိုအခုလိုအလုပ်ကိုင်ရှားပါးပီးဝယ်လိုအားထက်ရောင်းလိုအားများနချိန်မှာအလုပ်ရှင်တွေကိုယ်တိုင်ဝန်ထမ်းဦးရေလျော့ချပီးဝန်ထမ်း၂ယောက်လုပ်ရမယ့်နေရာတောင်တယောက်ထဲခန့်ပီးအဆင်ပြေသလိုစခန်းသွားနေတဲ့အခြေနေမို့ပါ။ဒါပေမယ့်စိတ်ချရတဲ့အလုပ်တွေတော့ချိတ်ဆက်ရှာဖွေပေးပါတယ်။အကြံဥာဏ်ပေးပါတယ်၊။သင်တန်းက ကလေးတွေကိုတော့အတွေကြုံရအောင်အရင်ရှာပီးမှပိုက်ဆံရှာဖို့အကြံပေးတိုက်တွန်းပါတယ်။အရည်ချင်းရှိပီးအတွေ့ကြုံမရှိရင်လည်းသူများနဲ့ယှဥ်ရင်နောက်ကျကျန်ခဲ့မှာပဲအရည်ချင်းလည်းရှိအတွေ့ကြုံလည်းရပီဆိုရင်ပိုက်ဆံရှာဖို့မခဲယဥ်းပါဘူးလို့ပြောပါရစေ
မေး > onlineသင်တန်းကောဖွင့်ဖို့ရှိပါသလား
ဖြေ > သူနာပြုအကူသင်တန်းကိုonlineနဲ့လုံးဝမသင်နိုင်ပါဘူးonlineသင်တန်းဖွင့်လည်းမဖွင့်ပါဘူး
(ဒီတခေါက်တော့ဒီလောက်ပါပဲ။အခုလိုခပ်ချေချေဖြေလို့ဆရာမကအပေါက်ဆိုးတယ်မထင်ပါနဲ့နော်အပြင်မှာတော့အင်မတန်သဘောကောင်းပီးပျော်ပျော်နေတတ်တဲ့တီချယ်ပါ😁
📌📌တခါထည်းကြော်ငြာဝင်ပါရစေNovemberလအတွက်တန်းခွဲသစ်ကို november 1ရက်နေ့စမှာမို့အမြန်ဆုံးသာလာအပ်ကြပါနော်🏃‍♂️🏃‍♂️🏃‍♂️။
🏠နယ်ကလူတွေအတွက်လည်းအဆောင်ရှိပါတယ်)
📞📞0943030559/09986040688
သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်တယ်ရှင့်......
🏢 ကျောင်းလိပ်စာ - အမှတ် ၃၇၄(မြေညီထပ်)စံပြ(၁)လမ်းယမုံနာ(၂)ရပ်ကွက် ဒေါပုံမြို့နယ်
🔸🔸🔸🔸🔸🔸🔸🔸🔸🔸

အများကြီးမပြောတော့ဘူးoctoberလတန်းခွဲသစ်အတွက်သင်တန်းအပ်လက်ခံနေပီမို့အခွင့်ရေးတွေလက်မလွှတ်ရအောင်🏃‍♂️🏃‍♂️🏃‍♂️မသိသူကျော်သွား...
01/10/2022

အများကြီးမပြောတော့ဘူးoctoberလတန်းခွဲသစ်အတွက်သင်တန်းအပ်လက်ခံနေပီမို့အခွင့်ရေးတွေလက်မလွှတ်ရအောင်🏃‍♂️🏃‍♂️🏃‍♂️
မသိသူကျော်သွားသိသူတွေကတော့nobleheartနဲ့တန်ဖိုးရှိတဲ့ပညာအတွေ့ကြုံတွေယူသွားကြပြီနော

21/09/2022

#နေမကောင်းလို့_ဘာဆေးသောက်ရမလဲ ❓

အမေးများလွန်းလို့ စာလေးတစ်ပုဒ်ရေးလိုက်ပါတယ်။ လာမေးလည်း Link လေး ပေးလို့ရတာပေါ့ 😁

အခုချိန် နေမကောင်းရင် Virus ကြောင့် အဖြစ်များပါတယ်။ (ငဗစ် အပါအဝင်ပေါ့)

- Virus ကြောင့်ဆိုတော့ #ကိုယ်ခံအားကောင်းအောင်
- ခန္ဓာကိုယ် အားရှိအောင်
- ခန္ဓာကိုယ်သေသေချာချာ အနားရအောင် က အရေးကြီးဆုံးပါ။

ကိုယ်ခံအားကို မြှင့်တင်ဖို့

- 🚰 ရေ/အရည် များများသောက်ပါ (အကြမ်းအားဖြင့် ရေ (၃) လီတာသောက်ရပါမယ်) ရေနွေးသောက်သောက် ၊ ရိုးရိုးရေသောက်သောက်ရပါတယ်
- 🍚 အစာ ပုံမှန်စားပါ ကြက်ပေါင်းရည်၊ငှက်သိုက် စတာတွေပဲ သောက်နေရင် အာဟာရပြတ်ပါလိမ့်မယ် (စားလို့ ဝင်သမျှ အစုံစားပါ - ချဉ်လွန်း ၊ စပ်လွန်း တာတွေ ၊ ကောက်ညှင်း စတဲ့ အစာကြေမလွယ်တာတော့ ရှောင်ပေါ့)
- ဓာတ်ကြမ်းတိုက်တယ် ဆိုပြီး ပွင့်ထွက်သွားအောင် မုန့်တီစပ်စပ်တို့ ရှောက်သီးသုပ်ချဉ်ချဉ်စပ်စပ်တို့ စားရင် 👉 အစာအိမ်ပွင့်ထွက်သွားပါလိမ့်မယ် ) မလုပ်ပါနဲ့ ❌
- (တချို့က ဖျားရင် အစားဖြတ်ကြပါတယ် - #မလုပ်ကြပါနဲ့ )
- 🚬 ဆေးလိပ်(လုံးဝ) မသောက်ပါနဲ့
- 🍺 အရက် မသောက်ပါနဲ့
- အလုပ်မှ ခွင့်ယူပါ (သေသေချာချာ နားပါ)
- အိပ်ချိန် မှန်မှန်နဲ့ အိပ်ရေး ဝ ဝ အိပ်ပါ

ဘာကြောင့် ဖျား/ဖျား - ဖျားတာနဲ့
* အိမ်သားများ နဲ့ သီးသန့်ခွဲနေပါ
* 😷 Mask တပ်ထားပြီး၊
* နှာချေ/ချောင်းဆိုး လက်ကိုင်ပဝါ သုံးပါ

ဆေးသောက်မယ် ဆိုရင် ဆရာဝန်ပြသပြီး ကုသမှုခံယူကြပါ (ဆရာဝန် ပြသရန် မလွယ်ကူပါက)

နှာစေး/နှာမွှန်/နှာချေ
👉 Zirin ည
👉 Zeos မနက်

ချောင်းဆိုး
👉 Chericof 10cc
မနက် - နေ့လည် - ည

ဖျား/ကိုယ်လက်ကိုက်/ခေါင်းကိုက်/လည်ချောင်းနာ
👉 Paracetamol 500mg (6 နာရီခြား) တစ်နေ့ ၄ ကြိမ် အထိသောက်လို့ရပါတယ်။

လည်ချောင်းနာ
👉 Betadine spray (or)
Betadine mouth wash

လိုအပ်ပါက
👉 ဓာတ်ဆားရည်သောက်ပါ

အားဆေး
👉 Vitacap တစ်နေ့တစ်ကြိမ်

ပိုးသတ်ဆေး (Antibiotic) မလိုအပ်တာ များပါတယ်။

ကာကွယ်ဆေး ထိုးထားပြီး ၊ လူငယ်/လူလတ်ပိုင်း များ ၃-၄ ရက်ဆိုပြန်ကောင်းကြပါတယ်။
ချောင်းခြောက်ဆိုးတာ ကျန်တတ်ပါတယ်။
(နွေးနွေးထွေးထွေးနေပါ၊ ရေ ခဏ ခဏ သောက်ပေးပါ၊ ရေနွေးသောက်ပါ)

🚨🚨🚨
**နာတာရှည်ရောဂါအခံ ရှိသူများ
**ကာကွယ်ဆေးထိုးမထားကြသူများ
**သက်ကြီးရွယ်အိုများ အထူးဂရုစိုက်ကြပါ

နှာခေါင်းနှိုက်စစ်ဆေးသင့်ပြီး Positive ထွက်ပါက ဆရာဝန်နှင့်ပြသပြီး အကြံဉာဏ်ရယူကြပါ။

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
10:30 pm/ 20.09.22

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

⏳⏳ စနေတနဂင်္နွေပိတ်ရက်မှာအလကားအချိန်ဖြုန်းနေတုန်းလား?အခုခေတ်အချိန်ကာလမှာအပျော်ပါးဆိုတာရှားသွားပီလေ။😪😪သူငယ်ချင်းတွေနဲ့အလု...
07/09/2022

⏳⏳ စနေတနဂင်္နွေပိတ်ရက်မှာအလကားအချိန်ဖြုန်းနေတုန်းလား?
အခုခေတ်အချိန်ကာလမှာအပျော်ပါးဆိုတာရှားသွားပီလေ။😪😪
သူငယ်ချင်းတွေနဲ့အလုပ်ပိတ်ကျောင်းပိတ်လျှောက်သွားစားသောက်နေမယ့်အစားNoble heart မှာအကျိုးရှိရှိဖြတ်သန်းလိုက်ရအောင်။👌👌👌

အချိန်ပေးရကျိုးငွေကုန်ရကျိုးနပ်ပီးစိတ်ကျေနပ်မှုလည်းရမယ်ဆိုတာအာမခံပါတယ်။စာသင်တယ်ဆိုလို့စိတ်ကျဥ်းကြပ်မှာချွေးထွက်အောင်စဥ်းစားရမှာမဟုတ်ဘူးနော်။🙂🙂ကိုယ်မသိဖူးမမြင်ဖူးမကြားဖူးတဲ့ပညာတွေကိုသဘောကောင်းစိတ်ရှည်ပီးသင်ကြားရေးအတွေ့ကြုံရှိပီးသားဆရာဆရာမတွေကပေါ့ပေါ့ပါးပါးဆွေးနွေးသင်ကြားပေးမှာမို့အချိန်ကုန်တာတောင်မသိလိုက်ဘူးဆိုတာမျိုးဖြစ်နေလိမ့်မယ်။👩‍⚖️👩‍⚖️
📌📌ဒါကြောင့်အခုလာမယ့်စနေတနဂင်္နွေတန်းခွဲလေးကိုလက်မလွတ်ရအောင်သင်တန်းလာအပ်ကြဖို့သတင်းပေးလိုက်ပီနော်📌📌
(စနေတနင်္ဂနွေပဲပြောလို့အခြားကြားရက်သင်တန်းတွေလည်းရှိသေးတယ်နော်။ကြားရက်မအားလို့အချိန်မပေးနိုင်တဲ့သူတွေအတွက်အထူးအခွင့်ရေးလေးပါ)

တန်းခွဲသစ်တစ်တန်းကို လူဦး‌ေအကန့်သတ်နဲ့သာလက်ခံတာဆိုတော့ 🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️
📞📞0943030559/09986040688
သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်တယ်ရှင့်......

🏢 ကျောင်းသို့လူကိုယ်တိုင်လာရောက်စုံစမ်းလိုပါက
ကျောင်းလိပ်စာ - အမှတ် ၃၇၄(မြေညီထပ်)စံပြ(၁)လမ်းယမုံနာ(၂)ရပ်ကွက် ဒေါပုံမြို့နယ်
🔸🔸🔸🔸🔸🔸🔸🔸🔸🔸

28/08/2022

Sell Me This Pen!!!!!

demand & supply!!!!

Sales person တွေ Marketing person တွေရဲ့ မသိမဖြစ်သိထားရမဲ့အကြောင်းအရာတွေ👩‍💼👨‍💼

Sales နဲ့ Marketing ဘာတွေကွာလဲ😕😕😕😕

Sales strategy နဲ့ Marketing strategy ဘယ်လိုစဥ်းစားမလဲ 🤔🤔🤔🤔🤔

လုပ်ငန်းအတွေ့အကြုံမရှိရင်တောင် Sales & Marketing နယ်ပါယ်ရဲ့စိတ်ခေါ်မှုတွေအတွက်🤜

Your Demand, NobleHeart can Supply 🤝🤝

စက်တင်ဘာလအတွက် လက်ခံနေပါပြီ
၀၉၄၃၀၃၀၅၅၉ နှင့် NobleHeart cb
မှာ စုံစမ်းနိုင်ပါပြီ

26/08/2022

Septemberလတန်းခွဲသစ်တွေအတွက်ကျောင်းအပ်လက်ခံနေပီဖြစ်လို့အထူးအခွင့်ရေးလေးတွေလက်မလွတ်ရအောင်အမြန်ဆုံးကျောင်းလာအပ်လို့ရပါပီနော်🙂
စုံစမ်းချင်တယ်ကျောင်းအပ်ချင်တယ်ဆိုဟလိုလုပ်လိုက်နော်

✨သူနာပြုအကူသင်တန်းတက်ပီးmedical fieldမှာအလုပ်လုပ်ကြမယ့်သမီးတို့/သားတို့ ရေ!!!လက်ရှိဆရာမတို့နိုင်ငံရဲ့အမျိုးမျိုးသောအခြေန...
25/08/2022

✨သူနာပြုအကူသင်တန်းတက်ပီးmedical fieldမှာအလုပ်လုပ်ကြမယ့်သမီးတို့/သားတို့ ရေ!!!

လက်ရှိဆရာမတို့နိုင်ငံရဲ့အမျိုးမျိုးသောအခြေနေတွေကြောင့်ခေတ်စနစ်ရဲ့တောင်းဆိုမှုကြောင့်အသက်မွေးဝမ်းကြောင်းသင်တန်းတွေမှိုလိုပေါက်အောင်ဖွင့်လာကြတဲ့အထဲသူနာပြုအကူသင်တန်းလည်းအပါဝင်တခုဖြစ်လာပါတယ်နော်
အဲလိုသင်တန်းတွေပေါလာတဲ့အတွက်ယှဥ်ပြိုင်မှုတွေဖြစ်လာပီးထာရှိသင့်တဲ့စံနှုန်းတွေလည်းကျဆင်းလာပါတယ်၊။professionalဆိုတာမေ့ထားပီးအရည်သွေးထက်အရေတွက်ကိုသာဦးစားပေးတာတွေလည်းဖြစ်လာပါတယ်။ဒါကြောင့်တကယ့်လုပ်ငန်းခွင်ဝင်ကြတဲ့အခါပုံသွင်းပေးလိုက်တဲ့ပန်းပဲဆရာရဲ့လက်ရာအတိုင်းထွက်လာကြတော့တခြားစနစ်တကျဖွဲ့စည်းထားပီးသားmedical professionalတွေနဲ့အဆင်မပြေတာတွေသူနာပြုအကူလောကနံမည်သတင်းကျဆင်းတာအထင်သေးခံရတာတွေဖြစ်လာပါတယ်

ဒါဟာတခြားသင်တန်းတွေကိုပုတ်ခတ်နှိမ့်ချတာမဟုတ်သလိုတကယ့်ဖြစ်နေတဲ့လက်တွေ့ဖြစ်နေတဲ့အခြေနေတခုကိုဆရာမကသိအောင်အရင်ပြောချင်တာဖြစ်ပါတယ်။ဒါကြောင့်သားတို့သမီးတို့သင်တန်းမတက်ခင်ကိုယ်ရွေးချယ်တဲ့ပညာရပ်တခုဟာဘယ်လိုဆိုတာအရင်သိထားမှတကယ်ရင်ဆိုင်ကြုံတွေ့တဲ့အခါစိတ်ပျက်အားငယ်တာမိျုးမဖြစ်ပဲယံုကြည်မှုရှိရှိနဲ့ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
... ပီးတော့သမီးတို့သားတို့သင်တန်းကာလအချိန်တိုအတွင်မှာပညာရပ်တခုကိုအလုံးစုံကျွမ်းကျင်တတ်မြောက်ရမယ်ဆိုတာလည်းမလွယ်ကူပာဘူး။ရတဲ့အချိန်မှာတတ်သင့်သိသင့်တဲ့အသိပညာအတတ်ပညာလိုက်နာရမယ့်စည်းကမ်းစောင့်ထိန်းရမယ့်ကျင့်ဝတ်တွေသိအောင်တတ်အောင်လုပ်ပီးလုပ်ငန်းခွင်ဝင်တဲ့အခါဆက်လက်သင်ကြားလေ့လာနေရမှာဖြစ်ပါတယ်။ဘယ်ပညာရပ်မဆိုစဥ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေတဲ့အတွက်သင်တန်းကသင်ပေးလိုက်တာနဲ့ပုံသေအမြံသတ်မှတ်ထာလို့မရပါဘူးနော်။ဆရာမတို့ဆေးလောကမှာပိုဆိုးပါတယ်။ဒါကြောင့်ဘယ်သင်တန်းမှာတော့ဘယ်ဆရာကဘယ်လိုသင်တယ်ငါတို့ကျတော့မသင်ဘူးငါတို့သင်တန်းကဆရာကပိုအဆင့်မြင့်တယ်ဆိုတာမယှဥ်ပြိုင်ပဲသူနာပြုအကူတယောက်ဘာသိသင့်တတ်သင့်လဲအဲဒါကိုသင်ယူတတ်မြောက်ကျွမ်းကျင်သလားဆိုတာပဲခံယူထားသင့်ပါတယ်နော်

သူနာပြု အကူ (Nurse aid) ဆိုတာ သူနာပြု (Nurse) မဟုတ်ပါဘူး ကလေးတို့ရေ

👉သူနာပြု တစ်ယောက်ဖြစ်ဖို့ ဆိုတာ သူနာပြုတက္ကသိုလ် ကို 4 နှစ်..Dipolmaဆို 3 နှစ်လောက် အချိန်ပေးပြီး ကျောင်းတက်ပြီးမှ သူနာပြု ဖြစ်လာတာပါ။ (သမီး တို့ /သားတို့ရဲ့ အထက်က Senior တွေလဲ ဖြစ်သလို သမီးတို့သားတို့ ထက်ပိုပြီးတော့ theory , practical တွေကို လေ့လာသင်ကြားထားတဲ့ သူတွေ ဖြစ်ပါတယ်) 👈

👉သူနာပြု အကူ ဆိုတာကတော့ လူနာပြုစုတဲ့ အခါ သူနာပြု ဆရာ/ဆရာမ ကို ကူညီရတဲ့သူကိုပြောတာဖြစ်ပါတယ်။👈

- သမီးတို့ /သားတို့ကို ဆရာမ စာသင်တဲ့ အခါသူနာပြု အကူ ရဲ့ အထက်မှာ ဘယ်သူတွေ ရှိလဲ ဘယ်လို ဆက်ဆံရမလဲ ဆိုတာ ကို သေချာလေး သင်ပြပေးခဲ့တယ်နော် ...
- သူနာပြုအကူတွေလိုက်နာကျင့်ကြံရမယ့်ကျင့်ဝတ်တွေကိုလည်းသေချာနားလည်အောင်အရင်ဆုံးသင်ကြားပေးမှာပါ
-Senior တွေကို နှုတ်ဆက်တာကအစဘယ်လိုနှုတ်ဆက်ရမလဲ .... ဘယ်လို Respect ထားရမလဲ ဆိုတာ တွေ.. ဒါတွေက စာသင်ခန်းထဲမှာ ထားရမယ့် အရာမဟုတ်ပဲ သမီးတို့ ဘဝ တစ်သက် မှာ မှတ်ထားရမယ့် .. လိုက်နာရမယ့် အရာတွေပဲ ဖြစ်ပါတယ်

- ဆေးထိုးတာက သူနာပြု အကူ သမီးတို့ / သားတို့ လုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်မဟုတ်ဘူးဆိုတာ ‌ဆရာမ ပြောပြထားလို့ အားလုံးသိမှာပါနော် ... ဒါပေမယ့် တကယ့် အရေးပေါ်အခြေ အနေ မှာ လုပ်တက်အောင်တော့ သမီးတို့ / သားတို့ကို ဆရာမ သင်ပြပေးပါမယ် .... လုပ်ပိုင်ခွင့် မရှိတဲ့ အလုပ်တစ်ခုကို သမီးတို့ လုပ်မိလို့ လူနာ အန္တရာယ် ဖြစ်သွားတဲ့ အခါ လူနာကော သမီးတို့ပါ ပြသာနာ တက်နိုင်ပါတယ် ဆရာမတို့နိုင်ငံမှာသူနာပြုအကူအတွက်တိကျတဲ့စည်းမျဥ်းဥပဒေနဲ့အဖွဲ့စည်းဆိုတာလည်းမရှိသေးတဲ့အတွက်သားတို့သမီးတို့ပြသနာတစုံတရာပေါ်လာခဲ့ရင်လည်းတာဝန်ယူဖြေရှင်းပေးမယ့်သူလည်းမရှိပါဘူး။ပီးတော့လူ့အသက်နဲ့ရင်းပီးလုပ်ရတဲ့အတွက်လူနာတွေနစ်နာခဲ့ရင်လည်းအရမ်းအကုသိုလ်ကြီးတဲ့အပြစ်ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်သေချာတတ်မြောက်ကျွမ်းကျင်ပီးစေတနာနဲ့ပေါင်းစပ်လုပ်ကိုင်ခဲ့ရင်အလွန်ကုသိုလ်ရတဲ့အလုပ်ဖြစ်သလိုအကုသိုလ်လည်းရနိုင်တဲ့အလုပ်ဖြစ်ပါတယ်

-ဒါတင်မဟုတ်သေးဘူးသမီးတို့ .
📌သူနာပြုအကူတစ်ယောက်ရဲ့Uniform📌
. သူနာပြုဆရာ/ ဆရာမ တစ်ယောက်လိုမျိုး လေ့လာသင်ယူထားမှုမရှိပဲ နဲ့ သူနာပြု ဆရာမ တစ်ယောက် လို ဝတ်စားနေထိုင်ပြုမူနေမယ် ဆိုရင်တော့ သမီးတို့ကို ကျန်းမာရေးလောက က ဆရာ/ဆရာမ တွေက နှစ်သက်လက်ခံကြမှာမဟုတ်ပါဘူးနော် .... ။
''ကိုယ့်ရဲ့သတ်မှတ်ထားတဲ့ဝတ်စုံကိုသပ်သပ်ရပ်ရပ်စနစ်တကျဝတ်ဆင်ထားရင်ဘယ်လိုအဆင့်တန်းမဆိုလူလေးစားပီးကိုယ့်ကိုကိုယ်ယုံကြည်မှုလည်းပိုရှိလာစေပါတယ်ကိုယ့် အရည်အချင်းနဲ့ ကိုယ် နေတာ ဖြစ်တဲ့ အတွက် ကိုယ့် Role နဲ့ ကိုယ်နေတက်ဖို့လဲ ..
လိုပါတယ်
- အဲ့ဒါကြောင့် သင်တန်းတက်နေတဲ့ အချိန်မှာကော လုပ်ငန်းခွင်ဝင်တဲ့ အခါ သိသင့်သိထိုက်တာကို လေ့လာသင်ယူပါ ... ကိုယ် တာဝန်ယူထားတဲ့ အလုပ်ကို ကျေပွန်အောင်လုပ်ပါ ..... အထက်လူကြီးတွေကို လေးလေးစားစား ဆက်ဆံပါ ...

- ဒါအပြင် . လူနာကိုပြုစုတဲ့ အခါ စာတွေ့ လက်တွေ့ တွေကိုပါ ကျွမ်းကျင်ပိုင်နိုင်ပြီး စနစ်တကျပြုစုတက်ဖို့ အပြင်ကိုယ့်ရဲ့အလုပ်ပေါ်သစ္စာရှိဖို့လည်းလိုပါတယ်။မသိနားမလည်မကျွမ်းကျင်ဘူဆိုရင်သိတတ်နားလည်တဲ့seniorတွေကိုမေးပီးမှလူနာကိုပြုစုပါ၊

- နောက်ဆုံး အနေနဲ့ ကိုယ့်ကိုယ်ကို သူနာပြု အကူ (Nurse aid) တစ်ယောက်လို့ပြောရမှာကို မရှက်ပါနဲ့ ဝန်မလေးပါနဲ့ ....ကိုယ့်ကိုကိုယ် သူနာပြု (Nurse ) လို့ မသုံးပါနဲ့ .. ကိုယ့်မှာရှိတဲ့ အရည်အချင်းနဲ့ အလုပ်လုပ်နေတာဖြစ်တဲ့ အတွက် ''ဒေါင်းယောင်ဆောင်သော ကျီး'' ဆိုပြီး သတ်မှတ် မခံရပါစေနဲ့ .....

-... စည်းကမ်းမရှိပဲနေတာ ကျင့်ဝတ် ကို မလိုက်နာတာ respect မရှိတာ က လူတိုင်းလုပ်နိုင်ပါတယ် .... ကျင့်ဝတ်လိုက်နာတာ စည်းကမ်းတကျ နေတာ လူတိုင်းအပေါ်မှာ respect ထားတာပဲ လူတိုင်းမလုပ်နိုင်တာလေ ... သမီးတို့ / သားတို့က လူတိုင်း မလုပ်နိုင်တဲ့ အရာကို လုပ်နိုင်အောင် ကြိုးစားကြပါ....

''သူနာပြု အကူ ဆိုတာကလဲ ဂုဏ်ရှိတဲ့ အလုပ်တစ်ခု ကုသိုလ် ရတဲ့ အလုပ်တစ်ခု ပါ ... ဒါကြောင့် .... ကိုယ့် အလုပ် ကို ကိုယ်ချစ်ပါ .. ကိုယ့် Role နဲ့ ကိုယ်နေတက်ပါစေ ...'' ကိုယ့်ကြောင့်သူနာပြုအကူအားလုံးဂုဏ်သိက္ခာကျဆင်းမယ့်အပြုမူအပြောဆိုအနေထိုင်တွေကိုရှောင်ကြဥ်ကြပါ လို့ဆရာမကမေတ္တာနဲ့စကားလက်ဆောင်ပါးပါရစေ။
(ပြောချင်တာတွေများလွန်းလို့စာရှည်သွားရင်sorryပါနော်ကျန်တဲ့အသေးစိတ်ကိုတော့ဆရာမသင်တန်းမှာထည့်ပီးသင်ကြားလမ်းညွှန်ပေးသွားပါ့မယ်။
သားတို့သမီးတို့ပညာပြည့်ဝနှလုံးလှပိုင်ရှင်လေးများဖြစ်ကြပါစေ😍
(စာသားအချို့ကိုသင်တန်းကျောင်းတခုရဲ့postတခုမှနှစ်သက်မိလို့copyလုပ်ထားပါတယ်ပိုင်ရှင်ကိုလည်းလေးစားစွာcreditပေးပါတယ်)

  ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
22/08/2022

ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

Address

စံပြ ၁ လမ်း
Yangon
Q5JQ+937,YANGON

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+95943030559

Alerts

Be the first to know and let us send you an email when NobleHeart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to NobleHeart:

Share