Htet Shweyi. Tarot

Htet Shweyi.   Tarot Hello.Welcome.

Permanently closed.
*နဂါးရေချိုးစီးပွားတိူး*🐉🐉နဂါး နို့ဆက်စီးပွားတက်🐉🐉၉စနေ စီးပွားတဝေဝေ...🐉🐉နဂါးမျိုးနွယ်တို့ရဲ့ တဘောင်လေးတွေရှိပါတယ်    နဂါ...
19/05/2025

*နဂါးရေချိုးစီးပွားတိူး*🐉🐉
နဂါး နို့ဆက်စီးပွားတက်🐉🐉
၉စနေ စီးပွားတဝေဝေ...🐉🐉

နဂါးမျိုးနွယ်တို့ရဲ့ တဘောင်လေးတွေရှိပါတယ်

နဂါးရေချိုး စီးပွားတိုး ဆိုတာ
နဂါးရုံဘုရား🐲 ၊ နဂါးမင်း၊ နဂါးမယ်တော်🐉 ပုံတော်ရုပ်ထုများကို ရေလောင်း၊ ရေချိုးပေးတာကို စနေနေ့နဲ့မြန်မာလို၉ရက်နေ့ ဖြစ်စေ ပြုလုပ်ပါက စီးပွားတိုးပွားလာတာ
လက်တွေ့ပါ....

ရေထဲမှာ ရေမွှေး၊နံသာ၊နှင်းဆီ၊စပယ်၊တရော် (သပြေမထည့်ရပါ) အစရှိသည့် သန့်သောရေဖြင့် ရေချိုးခြင်းပြုလုပ်နိုင်တယ်။

နဂါးနို့ဆက် စီးပွားတက် ဆိုတာ🐲🐉🐲

စနေနေ့နဲ့ လပြည့်၊လကွယ်၊ မြန်မာလို၉ရက်စနေနေ့တေ​ွမှာ နွားနို့ဒါနပြုခြင်းဖြင့် စီးပွားတက်စေပါတယ်။

သန့်စင်သော နွားနို့
ပေါက်ပေါက်၊နှင်းဆီ၊စပယ်၊ သစ်သီး၊သီးမွှေး အစရှိသည်တို့ကို ဘေးမှာထည့်ပါ။

မြစ် သို့မဟုတ် ကန်မှာ လှူရင်တော့ရောထည့်နိုင်ပါတယ်။

မိမိအနေနဲ့တောင် နွားနို့ကြည့်သောက်တာအဆင်ပြေတာမို့ အခြားအရာတွေနဲ့ဆို အဆင်မပြေဘူးဆိုတာသိရင် မထည့်တာအကောင်းဆုံးပါ။ မိမိတို့သဘောပါ။
ကြက်ဥ မထည့်ရပါ။(မြွေသိုက်သည်သာ ကြက်ဥထည့်ပါသည်)

၉စနေ စီးပွားတဝေဝေ🌸🌸🌸

၉ရက်စနေနေ့ ထပ်တူကြရင် အထက်ပါ၂ခုလုံးလုပ်ပါ။
တတ်နိုင်ရင် ကန်တော့ပွဲ၊သစ်သီးပွဲ၊ပန်းမန်များ၊အစရှိတဲ့
မိမိသဒ္ဒါတရားအရ ဒါနပြုလှူပါ။

ဆောင်ရွက်ပြီးပါက မေတ္တာပို့ပါ။

လိုချင်လို့ လုပ်ပေးတာမဟုတ်ဘဲ
မိမိစိတ်က လုပ်ပေးချင်လို့ ယုံကြည်လို့၊သဒ္ဒါလို့ ပြုလုပ်ပေးတယ်ဆိုတဲ့အရာကို ရင်ထဲမှာထား ဆုတောင်းချင်ပါက မိမိနဲ့ထိုက်တန်တယ်ထင်သော ဆုတခုသာတောင်းပါ။

သင့်ဆန္ဒများပြည့်ပါလိမ့်မယ်။

အင်မတန်ထူးခြားအကျိုးများခံစားရပါလိမ့်မယ်။

ဆရာမရဲ့ ဘဝဆက်ဆွေတော်မျိုးတော်ပဌာန်းဆက်များ
စီးပွားတိုးတက်လို့ ပေးကမ်း၊လှူဒါန်းနိုင်သော၊သာသနာပြုနိုင်သော သူတွေဖြစ်ကြပါစေ🙏🙏🙏

ဆရာမထက်ရွေရည်
Mdy
လောကီအစီရင်
#သိုက်ဆက်များ
#သိုက်ဆက်ပဌာန်းဆက်များရဲ့ဆရာမထက်ရွှေရည်
09957669559

သူငယ်ချင်းတွေနဲ့ပေါင်းနေလို့ ပေါနေတာ🤭တကယ့် ရင်ထဲက ဘုရားနဲ့ တရားနဲ့🥰🙏🙏🙏သူတော်ကောင်းမကြီးရယ်😊😊ကိုယ်နဲ့တော့ တည့်အောင်ပေါင်း...
22/01/2024

သူငယ်ချင်းတွေနဲ့ပေါင်းနေလို့ ပေါနေတာ🤭

တကယ့် ရင်ထဲက ဘုရားနဲ့ တရားနဲ့🥰🙏🙏🙏

သူတော်ကောင်းမကြီးရယ်😊😊

ကိုယ်နဲ့တော့ တည့်အောင်ပေါင်းပေါ့😬🤭🤭

🍀🍀🍀🍀🍀

စိတ်တွေကြည်လင်လို့ အကြည်ဓာတ်လေးကူးစက်ပါစေ။

အပူသောက ကင်းဝေးစွာ အိပ်စက်နိုင်ပါစေ

ကုသိုလ်စိတ်နဲ့ နိုးထနိုင်ပါစေရှင့်

🙏🙏🙏🙏🙏

ဘုရားပန်းလေးတွေ မလဲမီ ပန်းလှလှလေးတွေ မြင်ရင် ၀ယ်ချင်၊လှူချင်၊ပွေ့ပြီးပုံလေးရိုက်လိုက်ရမှ 🥰🥰🥰
21/01/2024

ဘုရားပန်းလေးတွေ မလဲမီ

ပန်းလှလှလေးတွေ မြင်ရင် ၀ယ်ချင်၊လှူချင်၊ပွေ့ပြီးပုံလေးရိုက်လိုက်ရမှ 🥰🥰🥰

ငွေလွှဲ မ၀င်ရင် မဟောဘူးဆိုတာ ချေတာမဟုတ်ပါဘူး။ငွေလွှဲ၀င်ပြီး ဘိုကင်ပေးထားသူတွေတောင် အကုန် မဟောရသေးလို့ပါရှင့်ယုံကြည်စွာ အ...
17/01/2024

ငွေလွှဲ မ၀င်ရင် မဟောဘူးဆိုတာ ချေတာမဟုတ်ပါဘူး။

ငွေလွှဲ၀င်ပြီး ဘိုကင်ပေးထားသူတွေတောင်
အကုန် မဟောရသေးလို့ပါရှင့်

ယုံကြည်စွာ အားကိုးစွာ လာရောက်မေးသူ ကျေးဇူးရှင် ထမင်းရှင် များ အားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းသာသုခပြည့်စုံကြပါစေရှင့်🙏🙏🙏

ဉာဏ်ပူဇော်ခ 15000

ဆရာမထက်ရွှေရည်
လက္ခဏာဗေဒင်

16/01/2024

မကြောက်ကြနဲ့ သရဲတွေ့ရင် နှလုံးတောင်း။ ‌ကိုယ်ဆို တေွ့သမျှ 2d ဂဏန်းပဲ တောင်းနေလို့
ဘယ်သရဲမှ ကို အခြောက်မခံရတော့တာ🤣🤣🤣

ဘ၀မှာ သရဲပေးလို့ ၃ခါရဖူးတယ် သိတဲ့သူတွေပါအစစ်ပေါက်ကြတာ။

ရန်ကုန် လဲပင်ကြီးသရဲက 84။85ပေး ပေါက်

တောင်ငူတောင်ပို့ကြီးနားသွားတောင်းတာ ကုလားမသရဲက 075ပေးလို့ 07ပေါက်

မွေးနေ့က zarfar မှာ ထမင်းသွားစားရင်း သရက်ပင်က သရဲ တောင်းတော့ 64လားမသိ။မမှတ်မိ ။ပေါက်။

ဇီးကွက်လို့ပေးလို့ 32ပေါက် အခုပတ်ရော အရင်ပတ်ရော

ဆပ်ပြာဆိုလို့ 35ပေါက်

တသောင်းတန်ပေးလို့ 10.2ခါပေါက်

မြွေနကောင်ရယ်ပြလို့ 72 ၀က်၀က်ကွဲပေါက်။စတုဒီသာထိကျွေးလှူဖူး။

ပင်လယ်ထဲကဘုရားဖူးရလို့ ၅၄ နခါပေါက်

၀က်လောက်တွေမက်လို့ ထိုင်းထီပေါက်

မမှတ်မိဘဲ ရဖူးတာတွေအများကြီး

ပြောချင်တာ အနားရှိမှန်းသိရင် မကြောက်နဲ့ 2dသာ ပစ်တောင်းကြည့်😜😜😜😜🤣🤣🤣

ရတိုင်းလဲ ကုသိုလ်ဆက်ပေး တကယ်လှူပေးခဲ့ပါတယ်ရည်ရွယ်ပြီး။

နာနာဘာ၀လား သရဲလားတော့ မသိဘူး
တကယ်တော့ရှိတာလက်ခံတယ်။

15/01/2024

အနားမှာဘယ်သူမှ မရှိဘူးဆိုပြီး
စိတ်ဓာတ်မကျပါနဲ့
နာနာဘာဝတွေ အမြဲရှိနေပါတယ်

အမေ ပြောဖူးတဲ့စကားလေးတခွန်းကြောင့်အရမ်းအေးလဲ မနက်ခင်းဆို အပျင်းမထူရဲဘူးနေ့စဉ်စားနေတဲ့ ထမင်းအိုးက *ချီးအိုး* မဖြစ်စေနဲ့*ဆ...
15/01/2024

အမေ ပြောဖူးတဲ့စကားလေးတခွန်းကြောင့်

အရမ်းအေးလဲ မနက်ခင်းဆို အပျင်းမထူရဲဘူး

နေ့စဉ်စားနေတဲ့ ထမင်းအိုးက *ချီးအိုး* မဖြစ်စေနဲ့

*ဆွမ်းအိုး*ဖြစ်ပါစေ ဆိုတာလေး

ကျေးဇူးရှင် မီးက လာတော့ ကျေးဇူးရှင် ပေါင်းအိုးက ပျက်။

ကျေးဇူးရှင်မီးသွေးနဲ့ချက်ရတာပေါ့ အစောကြီး🥰

မနက်ဆို နေ့စဉ် ကုသိုလ်လေးက
ဆွမ်းလောင်း၊ဆွမ်းကပ်၊ ဆွမ်းဟင်း မမီရင် ၀တ္ထုငွေလေးကပ်။

ပရိတ် ပဌာန်း မေတ္တာသုတ်ပူဇော်

လူ မချမ်းသာသေးရင်တောင်

စိတ်ကတော့ တကယ်ချမိးသာရတယ်

12.jan.2024 ကြာသပတေးနေ့ 🍀သာသနာပွဲ၊ဝိဇ္ဇာပွဲ လှူဖွယ်ပစ္စည်းတို့အားယုံကြည်သဒ္ဓါပွား၍ကြာသပတေး သမီးမှ လှူဒါန်းပါသည်။အဓိဌာန် ...
11/01/2024

12.jan.2024 ကြာသပတေးနေ့ 🍀

သာသနာပွဲ၊ဝိဇ္ဇာပွဲ လှူဖွယ်ပစ္စည်းတို့အား
ယုံကြည်သဒ္ဓါပွား၍

ကြာသပတေး သမီးမှ လှူဒါန်းပါသည်။

အဓိဌာန် အောင်ပွဲ၊ အေးပွဲ ပါဘုရား🙏

စိတ်အကြံပြု အဓိဌာန် ယခုပင်အောင်ပါစေ

အောင်စေ ပိုင်စေ နိုင်စေ

၇ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းသာသုခပြည့်စုံပါစေ

#အဓိဌာန်ပွဲ
#အောင်ပွဲအေးပွဲ

နတ်တော်လကွယ် ၁၃၈၅ခုနှစ် ဗုဒ္ဓဟူးနေ့10.1.2024ပွင့်လေပြီးသော ဘုရားရှင်တို့အားလည်ကောင်းအိမ်၌ သီတင်းသုံးနေတော်မူသော ဘုရားရှင...
10/01/2024

နတ်တော်လကွယ် ၁၃၈၅ခုနှစ် ဗုဒ္ဓဟူးနေ့
10.1.2024
ပွင့်လေပြီးသော ဘုရားရှင်တို့အားလည်ကောင်း

အိမ်၌ သီတင်းသုံးနေတော်မူသော ဘုရားရှင်တို့အားလည်ကောင်း ရည်မှနိး၍ ပန်း၊ရေချမ်း၊ဆီမီးကပ်လှူပူဇော်ပါသည်။

ပရိတ်၊ပဌာန်း၊မေတ္တာသုတ်များ ပူဇော်ပါသည်။

ထို့နောက်

၀သုဒ္ဓရေ နတ်သားနတ်သမီးတို့ အား မေတ္တာပို့ ဆုတောင်းပါသည်။

#လကွယ်နေ့ ယတြာ🙏🙏🙏(10.1.2024)နတ်တော်လကွယ်နေ့

🌸လကွယ်နေ့ နဲ့ ဝသုန္ဒရေ နတ်မင်း၊နတ်သမီး🌸

လူတိုင်း ဟာ ကမ္ဘာမြေကြီးပေါ်မှာ ရပ်တည် ရှင်သန်ကြရပါတယ်။ အဲတော့ မြေစောင့်နတ် (သို့) ဝသုန္ဒရေ နတ်မင်း နတ်သမီးအား အသိအမှတ်ပြု ပြီး၊ လှူဒါန်းအကူအညီတောင်းလို့ရပါတယ်ရှင်။
ပြုလုပ်ရတာအရမ်းလွယ်ကူပါတယ်။ လကွယ်နေ့ မှာ ဖယောင်းတိုင် ၁ တိုင်၊ အမွှေးတိုင် ၂ တိုင် ဘဲလိုအပ်ပါတယ်။
မိမိအိမ်ရှေ့မြေကြီး ပေါ် (တိုက်ခန်းမှာနေသူများကတော့ အိမ်ရှေ့ပန်းအိုးထဲကမြေကြီးမှာ ) ဖယောင်းတိုင် နဲ့ အမွှေးတိုင်ထွန်း ပြီး နှုတ်မှ

" ဝသုန္ဒရေနတ်မင်း၊နတ်သမီး သင့်အား ကျွန်ုပ် ဖယောင်းတိုင် နှင့်အမွှေးတိုင် လှူဒါန်းပါတယ် ။

ယခုလကွယ်နေ့မှာ မြတ်စွာဘုရားရှင်အား သင်အနေနဲ့လှူဒါန်းနိုင်ရန်အတွက် လှူဒါန်းပါတယ်။.

ကျွန်ုပ်အား ကျန်းမာ ချမ်းသာအောင် ၊(_ _ _မိမိလက်ရှိအခက်အခဲတစ်မျိုးအား ပြောပါ ) ကူညီ စောင့်ရှောက်ပါ။ "
လို့ ပြောပြီးလှူဒါန်းပါ။

မိမိအား မြေစောင့်နတ်မင်းမှ ကူညီပါလိမ့်မည်။

မှတ်ချက်။ ။ ကောင်းမွန်သော အကူအညီသာတောင်းပါ။ သူတပါးအကျိုးပျက်စီးစေမဲ့ဆုတောင်း ၊မတော်မတရားဖြစ်မဲ့ ဆုတောင်းမျိူ မတောင်းရပါ။

(10.1.2024) လကွယ်နေ့မို့ စာဖတ်ပြီးချိန်မှစလုပ်၍ရပါတယ်နော်။တစ်လမှာ တစ်ရက်ဘဲမို့ သေသေချာချာ လုပ်ကြည့်ပါ။ အကျိုးထူးပါတယ်။

ကံကောင်း ကျန်းမာ လာဘ်ရွှင်ပါစေ။

၇ရက်သားသမီးတို့ ကိုယ်စိတ်နှစ်ပါး ကျန်းသာကြပါစေ

ကောင်းစွာအိပ်စက်နားယူနိုင်ကြပါစေ
🙏🙏🙏🙏

သာဓုသာဓုသာဓု

ဆရာမတင်ပေးသော အကြောင်းအရာတိုင်းသည် ကိုယ်တိုင်ပြုလုပ်မှသာ

ကိုယ်တိုင်ဆောင်ရွက် ထူးခြားမှသာ မျှဝေပါသည်ရှင်🥰🍀🍀🍀

#ဆရာမထက်ရွှေရည်

#လကွယ်နေ့ယတြာ
#ဝသုန္ဒရေနတ်သားနတ်သမီး
#09957669559

Honest Review 🥰🥰🥰မို့ တန်ဖိုးထားမှတ်တမ်းလေးပါ။Cbမှာ တော့ review ပေးသူ များလှပါတယ်။🥰Cmt နဲ့ Share ပြီး ပြောပေးသူကတော့ အရမ...
10/01/2024

Honest Review 🥰🥰🥰မို့ တန်ဖိုးထားမှတ်တမ်းလေးပါ။

Cbမှာ တော့ review ပေးသူ များလှပါတယ်။🥰

Cmt နဲ့ Share ပြီး ပြောပေးသူကတော့ အရမ်းရှားပါတယ်🥰🥰

Giveway မို့ review ပေးတာ မဟုတ်ဘဲ

တကယ်မေးပြီး မေးဖူးသူတွေက ပေးတဲ့ မှတ်ချက်မို့ တန်ဖိုး မဖြတ်နိုင်အောင် အလေးထား ကျေးဇူးတင်စကား ဆိုပါတယ်ရှင့်

#လက္ခဏာဗေဒင်ထက်ရွှေရည်

ဘိုကင်ယူနိုင်ပါသည်။
ဉာဏ်ပူဇော်ခ ၁၅၀၀၀ကျပ်
09957669559

ပစ်တိုင်းထောင်လေး မြင်ရင် ကိုယ့်ကိုယ်ကို  ပြန်မြင်ရသလိုပဲကိုယ်ရွေးချယ်ခွင့် မရတဲ့  Broken family မှာခြေတွေလက်တွေလို့ တင်...
08/01/2024

ပစ်တိုင်းထောင်လေး မြင်ရင် ကိုယ့်ကိုယ်ကို ပြန်မြင်ရသလိုပဲ

ကိုယ်ရွေးချယ်ခွင့် မရတဲ့ Broken family မှာ

ခြေတွေလက်တွေလို့ တင်စားရမဲ့ မိဘတွေမရှိဘဲ ရှင်သန်နိုင်ခဲ့တယ်။

ခုချိန်ထိလဲ လဲရင်ပြန်ထ လဲရင်ပြန်ထ အပြုံးမပျက်နေနိုင်သူမို့ ပျော်ပျော်ပဲ နေတတ်ခဲ့တယ်။

ရင်အုပ်မကွာ စောင့်ရှောက်ခဲ့တဲ့ အဖွားဆီက ဆုံးမစကားခွန်အားတွေက တစ်ယောက်ထဲလဲ ရပ်တည်နိုင်ရမယ်။
''လာတုန်းကလဲတစ်ယောက်ထဲ ဘယ်သူ့မှ အားကိုးစရာမလိုဘူးဆို ရိုက်သွင်းခဲ့တဲ့စိတ်''ကို အမြဲ ကျေးဇူးတင်နေခဲ့တယ်။

ဂုဏ်ဆာပြီး ကြီးကြီးကျယ်ကျယ်ပြောရရင် မိဘအစုံ မနေခဲ့တာကလွဲရင် ဘ၀မှာ တခါလေးမှ မသိမ်ငယ်ခဲ့ဖူးဘူး။

မဟာတံတိုင်းလို ရပ်တည်ပေးခဲ့တဲ့အဘွားဟာ
"ဒေါ်၀င်းကြည်ရဲ့ မြေးမလေး"ဆို မျက်စောင်းနဲ့တောင် မထိုးရဲအောင် အရှိန်အဝါပေးခဲ့တာ။

အဘွားမရှိတော့တဲ့ နောက်ပိုင်းမှာလဲ မေတ္တာတွေ မရခဲ့တောင် အဖေ၊အဒေါ်ရဲ့ အရှိန်အဝါတွေကြောင့်
အမြင့်ဆုံးမှာလဲ နေခဲ့ဖူးပြီ။

လောကကြီးကို အရွဲ့တိုက် စိတ်ရိုင်း‌ေတွ၀င်၊‌ေခြဆံုကန်ထွက်
ကိုယ်အာ့ကိုကိုးချင်စိတ် ပြင်းထန်ပြီး ရုန်းကန်ရင်း အနိမ့်ဆုံးမှာလဲ နေဖူးပြီ

ခက်ထန်တဲ့စိတ်ကို ပျော့ပျောင်းအောင် လူတိုင်းကို မမုန်းတတ်အောင်၊မေတ္တာထားတတ်အောင်၊ဘာသာရေးမှာ ကိုင်းရှိုင်းအောင် ဆုံးမသွန်သင်ခဲ့သူက အဝေးကအမေကြောင့် ''ရန်သူကိုတောင် မမုန်းတတ်ခဲ့တော့ပြန်ဘူး''

ဘယ်ချိန်မှာ ဘယ်လိုကြုံကြုံ ဘယ်တော့မှ မမှုတတ်တာ ဆရာမရဲ့ ပစ်တိုင်းထောင် စိတ်ဓာတ်ပဲ

နောက်တကြိမ် ကျရင် ပစ်တိုင်းထောင် လေးတွေ လက်ဆောင်ပေးမယ်😊😊😊

#ထက်ရွှေရည်ဘ၀အမှတ်တရ
#ဆရာမထက်

အခုရက်ပိုင်း ဘ၀အတွက် ဆုံးဖြတ်ချက် ချပေးဖို့ အရေးကြီး မေးခွနိးများကို ဟူးရား နက္ခတ်ဗေဒင်နဲ့ဆုံးဖြတ်ဟောပေးဖြစ်ပါတယ်။ဟောပြီ...
06/01/2024

အခုရက်ပိုင်း ဘ၀အတွက် ဆုံးဖြတ်ချက် ချပေးဖို့

အရေးကြီး မေးခွနိးများကို ဟူးရား နက္ခတ်ဗေဒင်နဲ့

ဆုံးဖြတ်ဟောပေးဖြစ်ပါတယ်။

ဟောပြီး ရက်ပိုင်းအတွင်း အဖြေများကတော့
အကုန်မှန်ကန်ခဲ့ပါတယ်။

ဒသာကာလ စောင့်ကြည့် အဖြေ 2ခု ကတော့ အဖြေမသိရသေးပါ။

ဆရာမ အတွက် "မှန်တာ"တော့ အထူးဆန်း မဟုတ်ပါဘူး။

လူ 100မှာ 99ယောက်ထိ မှန်ပါတယ်။99%ပေါ့။

ရပ်တည်လို့ရနေခြင်းသည် မှန်ကန်မှုကြောင့်ပါ။

1%ကတော့ ထမင်းရှင်၊ကျေးဇူးရှင်များကို အလောင်းကစားတွက်ပေးမိခြင်းပါ ။

ဒါလဲ ၄ကြိမ်မှာ ၃ကြိမ် မှန်ခဲ့ပါတယ်။

အခု ပျော်နေတာက နက္ခတ်ဗေဒင်နဲ့ ဟောပေးရလို့ပါ

နက္ခတ်ဗေဒင်က သီးသနိ့ ဉာဏ်ပူဇော်ခ ယူပါတယ်။

အဓိကကတော့ လက္ခဏာ ထယ်ရို ဆန်းနဲ့ဟောပေးတာပါရှင်။

လက္ခဏာနဲ့ နက္ခတ်ဗေဒင်ဟောနိုင်ဖို့ သင်ကြားခွင့်ပေးခဲ့တဲ့ ဆရာကြီးဦးရွှေမင်း သည် ဆရာမရဲ့ ကျေးဇူးရှင်ဆရာပဲ ဖြစ်ပါတယ်။

ခုထိလဲ မသိတိုင်း မတတ်တိုင်း နားမလည်တိုင်း အိမ်ထိသွားမေး သင်နေဆဲပါ။

ပညာရှိကို မှီဝဲ ဆည်းကပ်ခွင့် ရခြင်းသည် မင်္ဂလာမည်ပါ၏။

လက်ဦးဆရာ၊သင်ဆရာ၊မြင်ဆရာ၊ကြားဆရာအပေါင်းတို့အား အမြဲ အောက်မေ့ ဦးထိပ်ပန်လျှက်

ဆရာကြီးဦးရွှေမင်း၏ တပည့်

ဆရာမထက်ရွှေရည်
09957669559

ဘိုကင်ယူနိုင်ပါပြီရှင့်

Address

Yadanarbon Street
Yangon

Telephone

+959957669559

Website

Alerts

Be the first to know and let us send you an email when Htet Shweyi. Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share