HTOO MYAT Health-Care Services

HTOO MYAT Health-Care Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HTOO MYAT Health-Care Services, Medical and health, Yangon.

ကိုဗစ်ရောဂါပြန်လည်ဖြစ်ပွားနေပါသဖြင့်ရောဂါမဖြစ်စေရန်  #လက်ဆေးပါ ်ပါ #တဦးနဲ့တဦးခပ်ခွာခွာနေပါ #ကိုဗစ်ကာကွယ်ဆေးကိုမပျက်မကွက်...
07/09/2022

ကိုဗစ်ရောဂါပြန်လည်ဖြစ်ပွားနေပါသဖြင့်
ရောဂါမဖြစ်စေရန်
#လက်ဆေးပါ
်ပါ
#တဦးနဲ့တဦးခပ်ခွာခွာနေပါ
#ကိုဗစ်ကာကွယ်ဆေးကိုမပျက်မကွက်ထိုးနှံကြပါ

21/08/2022

WHO အသိအမှတ်ပြု အသက် ၅နှစ်မှ ၁၂နှစ် အတွင်း ကလေးငယ်များအတွက် PFIZER-KID အပြင် အခြားအသက်အရွယ် အပိုင်းအခြားအလိုက် ထိုးနှံနိူင်သည့် ကာကွယ်ဆေးများဖြစ်သော
MODERNA
COVISHIELD
COVAXIN
အစရှိသည့် ကာကွယ်ဆေးများကိုလည်း
Cold chain စိတ်ချစွာ
ပစ္စည်းအရည်အသွေးမှန်ကန်စွာဖြင့် ထိုးနှံနိူင်ပါသည်။
ဆေးများအားလုံးကို အထွေထွေရောဂါအထူးကုဆရာဝန်မှ ဆေးမထိုးမှီ သေချာ ဆွေးနွေးရှင်းပြပြီး သဘောတူညီချက်ရယူပြီးမှ ထိုးနှံပေးမည် ဖြစ်ပါသည်။

Contact us -09799111997
-09984957280
-09799699032

Medical & health

ကလေးငယ်များနှင့် ကိုဗစ်ကာကွယ်ဆေး❓❓❓ကလေးငယ်များ ဘယ်အရွယ်မှာ Covid ကာကွယ်ဆေးထိုးသင့်သလဲ❓❓❓❓❓❓ဘယ်ကာကွယ်ဆေးအမျိုးအစားကို ရွေ...
30/07/2022

ကလေးငယ်များနှင့် ကိုဗစ်ကာကွယ်ဆေး

❓❓❓ကလေးငယ်များ ဘယ်အရွယ်မှာ Covid ကာကွယ်ဆေးထိုးသင့်သလဲ❓❓❓

❓❓❓ဘယ်ကာကွယ်ဆေးအမျိုးအစားကို ရွေးချယ်သင့်သလဲ❓❓❓

ဒီမေးခွန်းတွေ အတွက် Dr. Vaccine မှ ကလေး များအတွက် ကိုဗစ်ကာကွယ်ဆေး အမျိုးအစားများတစ်ခုစီ၏အချက်အလက်များကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO)မှ ထုတ်ပြန်ထားတဲ့ အချက်အလက်များ၊ အမေရိကန်ရောဂါကူးစက်မှု ထိန်းချုပ်ရေးဗဟိုဌာန (Center for Disease Control and Prevention,CDC) မှ အချက်အလက်များ ပေါ်မူတည်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

💉Pfizer-BioNTech💉

🔸အမေရိကန်နိုင်ငံ Pfizer ကုမ္ပဏီနှင့် ဂျာမနီ BioNTech နည်းပညာပူးပေါင်းထုတ်လာထားသောဆေးဖြစ်ပါတယ်။

🔸Covid ရောဂါကို 95% အထိ အကာအကွယ်ပေးနိုင်ကြောင်း အချက်အလက်များအရသိရှိရပြီး နိုင်ငံပေါင်း ၁၆၅ နိုင်ငံမှာ အသုံးပြုနေပြီဖြစ်ပါတယ်။

👶WHO မှ အသက် ၅ နှစ်အထက်ကစပြီး အန္တရာယ်ကင်းစွာ ထိုးနိုင်ကြောင်း အသိအမှတ်ပြုပြီးဖြစ်ပါတယ်။

👶17.6.2022 နေ့ကစ၍ အမေရိကန်ရောဂါကူးစက်မှု ထိန်းချုပ်ရေး ဗဟိုဌာန(CDC)ကတော့ ကလေး အသက် ၆လ အထက် ကနေစပြီး အရေးပေါ်လိုအပ်ချက်အရ ထိုးခွင့် ပြုပေးလိုက်ပြီဖြစ်ပါတယ်။

💉Moderna(Spikevax)💉

🔸အမေရိကန်အခြေစိုက် Moderna ကုမ္ပဏီမှထုတ်လုပ်ထားပြီး နိုင်ငံတကာမှာ Spikevax နာမည်နဲ့ ဖြန့်ချီပါတယ်။

🔸94% လောက်ရောဂါကို ကာကွယ်နိုင်စွမ်းရှိပါတယ်။

👶WHO က အသက် ၁၂ နှစ် အထက် ကစပြီး Moderna ထိုးနိုင်ကြောင်း တရားဝင် ထုတ်ပြန်ပြီး လက်ရှိနိုင်ငံပေါင်း 109 နိုင်ငံမှာ သုံးခွင့်ပြုထားပါတယ်။

👶Pfizer နဲ့အလားတူ 17.6.2022 နေ့မှစ၍ အမေရိကန် CDC ကတော့ Moderna ကို အသက် ၆လ အရွယ်က စပြီး အရေးပေါ်လိုအပ်ချက်အရ ထိုးခွင့်ချပေးပြီးဖြစ်ပါတယ်။

🔸တခြားဆေးနှစ်ကြိမ်ထိုးထားပြီး booster dose အဖြစ် အသုံးများပါတယ်။

✈️အမေရိကန်မှာ ကျောင်းသွားတက်မယ်ဆိုရင်တော့ Pfizer ဆေးက ရဖို့မလွယ်တာကြောင့် Moderna ဆေးကို ထိုးထားကြောင်း တင်ပြရတာများပါတယ်။

💉Sinopharm💉

🔸Sinopharm ကာကွယ်ဆေးကတော့ ၂ မျိုးရှိပါတယ်။ Sinopharm (BBIBP) နဲ့ Sinopharm (WIBP) ပါ။

💉Sinopharm (BBIBP)💉
🔸 Sinopharm (BBIBP)ကတော့ အသုံးများပြီး Beijing Bio Institute of Biological Products (BBIBP) မှထုတ်လုပ်ထားပြီး တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး ထဲမှာ ပထမဆုံး WHO က အသိအမှတ်ပြုတဲ့ ဆေးဖြစ်ပါတယ်။
🔸WHO ကတော့ Sinopharm (BBIBP) vaccine ဟာ အသက် ၁၈ နှစ် အထက် အတွက် တွေအတွက် အန္တရာယ်ကင်းပြီး ကာကွယ်မှုပေးနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။
🔸Sinopharm ဟာ Covid ကို 79% အထိ အကာအကွယ်ပေးနိုင်ကြောင်း နိုင်ငံတကာမှ သုတေသနများအရ သိရှိရပြီး နိုင်ငံပေါင်း ၁၁၀ လောက်မှာ အသုံးပြုခွင့်ရပြီးဖြစ်ပါတယ်။
👶အသက် ၃ နှစ်မှ ၁၇ နှစ် အရွယ်များကိုတော့ တရုတ်၊UAE၊အာဂျင်တီးနား၊ဘာရိန်းနဲ့ ပါကစ္စတန်နိုင်ငံ (၅) နိုင်ငံ မှာ တရားဝင်ထိုးနှံပေးနေပြီဖြစ်ပါတယ်။
👶မြန်မာနိုင်ငံမှာလည်း အသက် ၅ နှစ်အထက်ကျောင်းနေအရွယ်ကလေးများကို Sinopharm (BBIBP)စတင်ထိုးနှံပေးနေပြီလို့သိရပါတယ်။

💉Sinopharm (WIBP)💉

🔸တရုတ်နိုင်ငံ Wuhan Institute of Biological Products ကထုတ်ထားတာပါ။
🔸တရုတ် အပါအဝင် ၆ နိုင်ငံမှာပဲ အသိအမှတ်ပြုထားပါတယ်။

💉Sinovac💉

🔸တရုတ်နိုင်ငံ၊ ဘေဂျင်း မြို့အခြေစိုက် Sinovac ကုမ္ပဏီ မှထုတ်လုပ်ထားပြီး WHO က အသိအမှတ်ပြုထားတဲ့ ဒုတိယမြောက် တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးဖြစ်ပါတယ်။
🔸WHO က အသက် 18 နှစ် အထက်တွေ အတွက် အန္တရာယ်ကင်းပြီးကာကွယ်မှုပေးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
👶18 နှစ်အောက်ကလေးများ သုံးဖို့ကတော့ reliable data သေချာမထွက်သေးပါဘူး။

💉Covishield💉

🔸The Serum Institute of India, AstraZeneca, University of Oxford တို့ နည်းပညာတူ ပူးတွဲထုတ်လုပ်ထားပြီး တခြားနိုင်ငံ အချို့မှာ AstraZeneca လို့လည်း လူသိများပါတယ်။
🔸WHO က 18 နှစ်အထက်အတွက် အန္တရာယ်ကင်းကြောင်း တရားဝင်ခွင့်ပြုထားပြီးဖြစ်ပါတယ်။
👶18နှစ်အောက်မှာတော့ reliable data မထွက်သေးလို့ ထိုးဖို့ recommendation မပေးပါဘူး။

💉Covaxin💉

🔸အိန္ဒိယနိုင်ငံ Bharat Biotech နှင့် Indian Council of Medical Research တို့ပူးပေါင်းထုတ်လုပ်ထားသောဆေးဖြစ်ပါတယ်။
🔸အိန္ဒိယမှာ တရားဝင်ခွင့်ပြုထားပြီး မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံပေါင်း ၁၉ နိုင်ငံမှာလည်း တရားဝင် အသုံးပြုနေပြီဖြစ်ပါတယ်။
👶အိန္ဒိယနိုင်ငံမှာ အသက် 15-18 အရွယ်တွေကို တရားဝင် ထိုးခွင့်ပြုထားပြီး အသက် 6-12 နှစ်ကလေးများကိုတော့အရေးပေါ်အခြေအနေလိုအပ်ချက်အရထိုးခွင့်ပြုထားပြီးဖြစ်ပါတယ်။

နောက်ဆုံး ထုတ်ပြန်ချက်အရ
‼️Covid ကာကွယ်ဆေးတွေကို တခြားမည်သည့်ကာကွယ်ဆေးနဲ့ မဆို ရက်ခြားစရာမလိုတော့ဘဲ တရက်ထဲထိုးနိုင်ပါတယ်။‼️

‼️ကိုဗစ်ရောဂါကို ကာကွယ်ဖို့၊ ပြင်းထန်မှုလျော့ချဖို့ အဆင်ပြေတဲ့ ကာကွယ်ဆေးထိုးထားသင့်ကြောင်း WHO က အကြံပေးထားပါတယ်။‼️

ဒါကြောင့် အထက်ပါ အချက်အလက်များကိုဖတ်ရှူပြီး ကလေးများအတွက် ဘယ်ကာကွယ်ဆေးကို ထိုးသင့် မထိုးသင့် မိဘ ပြည်သူများကိုယ်တိုင် ချင့်ချိန်စဉ်းစားပြီး ဆုံးဖြတ်နိုင်စေရန် Dr. Vaccine မှ တင်ပြအပ်ပါတယ်။

အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်အမေရိကန်ဆေ...
30/07/2022

အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်

အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။ အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။

သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊ ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။

ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

Ref: Ladbible "Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "

WL ( ရိုးရာလေး )

ခုရက်ပိုင်းအတွင်း အဖြစ်များလာတဲ့ #သွေးလွန်တုပ်ကွေး  ကလေးများနှင့်သွေးလွန်တုပ်ကွေးအန္တရာယ်❗️သွေးလွန်တုပ်ကွေး အနှစ် ချုပ် ...
30/07/2022

ခုရက်ပိုင်းအတွင်း အဖြစ်များလာတဲ့
#သွေးလွန်တုပ်ကွေး


ကလေးများနှင့်သွေးလွန်တုပ်ကွေးအန္တရာယ်

❗️သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်
၁. အော့ အန် ခြင်း
၂. အရေပြား ပေါ် တွင် အဖိန့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကိရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေးဖြူဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် အရောင်အန်ခြင်း

⚠️အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

❗️အန္တရာယ် လ က္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း

❗️ဆေးရုံတက်သင့် သော လူနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

#သွေးလွန်တုပ်ကွေး #သွေးလန့်ခြင်းလက္ခဏာများ
(𝐃𝐞𝐧𝐠𝐮𝐞 𝐒𝐡𝐨𝐜𝐤 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞)

👉ခန္ဓာကိုယ်အတွင်း သွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင် အဖတ်အမျှင်လေးများပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်း သွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း

👉ခန္ဓာကိုယ်ရှိ အရေပြားပေါ်တွင် ထိခိုက်သကဲ့သို့၊ သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း

👉ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းသွားခြင်း ( များသောအားဖြင့် စဖျားသည့်နေ့မှ (၃)ရက်မြောက်တွင် ဖြစ်တတ်ပါသည်။)

👉ရုတ်တရက် ဗိုက်အောင့်လာခြင်း

👉ဂနာမငြိမ်ဖြစ်ခြင်း (သို့) အရမ်းမှိန်းလာခြင်း

👉ဆီး မသွားခြင်း

👉ခြေဖျား လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း
​သွေးလန့်လျှင် မှိန်း​နေပြီး တကိုယ်လုံး ​အေးစက်လာခြင်း

👉သွေးပေါင်အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍ မရသည့် အခြေအနေဖြစ်ခြင်း၊ အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် 20mmHg (သို့) ထို့ထက်နည်းခြင်း

👉အစာ/ ရေ မဝင်နိုင်လောက်အောင် အဆက်မပြတ်အန်ခြင်း စသည်တို့ဖြစ်ပါသည်။

‼️‼️မိဘများ အထူးသတိပြုရန်‼️‼️

⚠️က​လေး အစား နှင့် အရည် မဝင်လျှင်၊ဗိုက်​အောင့်လျှင်၊အဖျားကျ ပြီး တကိုယ်လုံး​အေးစက်​နေ​သော်လည်း မလန်းလျှင် မှိန်း​နေလျှင်၊ဆီးမသွားနိုင်လျှင်၊တောက်​လျှောက်အန်​နေလျှင်၊

⚠️ကိုယ်ပူချိန် မကျဘဲ 102'F နှင့်အထက်မှာ ရှိ​နေလျှင်၊ တက်လျှင်

⚠️ နှာ​ခေါင်း​သွေးယိုလျှင် ၊သွားဖုံး​သွေးယိုလျှင်၊ ကတ္တရာစီး​ရောင် ဝမ်းမည်းမည်းသွားလျှင်၊ဆီးထဲ​သွေးပါလျှင်၊ခန္ဓာကိုယ်တွင်အနီစက်များထွက်လျှင်၊အညိုအမဲကွက်များ​ပေါ်လျှင်

🔰ချက်ချင်း တတ်ကျွမ်းနားလည်​သော ဆရာဝန် / က​လေးအထူးကု ဆရာဝန်နှင့် ပြသရန် ​ဆေးရုံ ​ဆေးခန်းသို့ သွားရပါမည်။🔰

⛔️သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ⛔️
👉နေ့ခင်းဘက်ကလေးအိပ်ရင်ခြင်မကိုက်အောင်ခြင်ထောင်ထောင်သိပ်ပါ

👉ခြင်မပေါက်ပွားအောင် ရေလှောင်ကန်တွေကိုအဖုံးဖုံးအုပ်ပါ၊ပိုလောက်လန်းတွေ့လျင် ရေကိုလှယ်ပစ်ပါ

👉အိမ်ပတ်ဝန်းကျင်တွင် ခြင်မခိုအောင်းနိုင်အောင် ခြုံများ၊ တာယာကန်များ၊မိုးရေတင်နိုင်သောရေခွက် အိုးခွက်ဟောင်းများကိုစနစ်တကျ စွန့်ပစ်သန့်ရှင်းရေးလုပ်ပါ

👉ဘုရားပန်းအိုးများကိုနေ့စဥ်​လဲလှယ် ပေးပါ (ပိုးလောက်လန်း ပေါက်ပွားမှုကိုမရှိစေရန်)

👉ပိုးလောက်လန်းကင်းစင် မှသာ သွေးလွန်တုပ်ကွေးဖြစ်စေသောခြင် ကင်းစင်မည် ဖြစ်ပါသည်။

Reference: Prof Dr Saw Win, WHO Myanmar, happylifeonlineclinic

သားသားမီးမီးတို့သွေးလွန်တုပ်ကွေးအန္တရာယ်မှကင်းဝေးကြပါစေ။

credit....

Address

Yangon

Alerts

Be the first to know and let us send you an email when HTOO MYAT Health-Care Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to HTOO MYAT Health-Care Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram