22/11/2022
✅အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
လူကြီးဆန်ခြင်း တစ်မျိုးပါ။
✅အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
ခွင့်လွှတ်ခြင်း တစ်မျိုးပါ။
✅အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးခြင်း တစ်မျိုးပါ။
✅အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။
✅စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။
✅မေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။
✅ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့...
✅ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့...
✅နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို...
✅နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။
✅စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။
✅လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို
✅ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း
နောက်ဆုံးမှာ တကယ် မရှူံးပါဘူး.....
#ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ #