Tarot by Yu

Tarot by Yu ယု ဥာဏ်ပူဇော်ခကို စေတနာကြေးသာယူပါတယ်…

10/09/2025

’s Message

17/08/2025

မကောင်းတာပြောရင် လူတွေမှာ အကျိုးပေးမြန်တယ်ဆိုတာ
အဓိက ဘယ်သူ့ကြောင့်လည်းဆိုပြီး စဉ်းစားဖူးကြမယ်မလား
ယုလည်းတွေးဖူးတယ် ဘာလို့လည်းပေါ့

မကောင်းတာပြောရင် ဖြစ်တာမြန်တယ်
ကောင်းတာပြောရင် မဖြစ်လာတော့ဘူးဆိုပြီး

ထီပေါက်ဆို မပေါက်ဘူးး
ဟိုဟာ ဒီဟာ ပေါက်ကရပြောဆို ဖြစ်တယ်ပေါ့

အဓိကအချက်က 🪴စေတနာစိတ်ကလေးကြောင့်ပါ

သူက မကောင်းတဲ့စိတ်အပေါ်မှာ
ပြည့်ဝတဲ့ စေတနာလေးပါသွားပြီး
ပြောဆိုလုပ်ကိုင်လိုက်တာမို့ပါ 😅

ခုလို 🪴စေတနာစိတ်ဟာ ဘယ်လိုအကျိုးပေးမြန်တယ်ဆိုတာလေး ထင်ထင်ရှားရှားမြင်ရပြီဆိုရင်

ကောင်းတာမှာကျ ဘာလို့ အကျိုးပေးနှေးလည်းဆိုတာ
သဘောလည်း နားလည်သွားလို့ရပါပြီ

ကောင်းတာလေးတွေပြောလည်း မြန်မြန်ဖြစ်လာနေပြီဆို
ကောင်းတဲ့စိတ်အကြောင်းတရား အားကောင်းနေပြီမို့
နှစ်နှစ်ကာကာ သာဓုခေါ်ပါတယ်
🙏🏻🙏🏻🙏🏻

အဲ့ဆိုကတော့ 🌳စေတနာစိတ်ကလေးကို
ဘယ်လိုအသုံးပြုရမယ်ဆိုတဲ့နည်းလေး သိရှိသွားပြီဖြစ်ပါတယ်…

( အလယ်အလတ်လမ်းစဉ်လေးကို သွားချင်တယ်ဆို
သွားနေတာမှာ စေတနာနဲ့ဆို ဘယ်အပိုင်း
အကျိုးပေးအားသာနေတာလည်းဆိုတဲ့
ရောက်နေတဲ့နေရာလေးတွေကို ဆန်းစစ်ကြည့်ရပါတယ်)

15/08/2025

ရုပ်သဘာဝလေး အသက်ဓာတ်ကလေးတွေကို စောင့်ရှောက်ဖို့
ဒီရက်ပိုင်းလည်း Tarot ပြန်ဟောပါတော့မယ်

ဥာဏ်ပူဇော်ခကလည်း အရင်အတိုင်း
စေတနာကြေးပါပဲ မသတ်မှတ်ထားပါဘူး
kpay ayaypay wavepay cbpay ကနေ
လွှဲလို့ရပါတယ်

အရှေ့က အတွေ့အကြုံလေးတွေအရ
တစ်ခါမေးရင် မေးခွန်း ၃ခု ဆိုပြီးတော့ သတ်မှတ်ပါရစေ

ဒီအပတ် သောကြာ စနေ တနင်္ဂနွေ ၃ရက်ကို
မြန်မာအချိန် နေ့လည် ၁နာရီကနေ ညနေ ၃နာရီအထိက
Msgr မှာ walk in သဘောမျိုး မေးနိုင်ပါတယ် …

အရှေ့မှာ မေးနေသူရှိရင်သာ စာပြန်တာလေး စောင့်ပေးပါ

🤍 လိုအပ်တာက မျက်နှာမြင်ရမယ့် ဓာတ်ပုံလေးတော့လိုပါမယ်

🤍 General ခေါင်းစဉ်ဆို General လေးဖြေပေးပါမယ်
ဥပမာ - အချစ်ရေး ဆိုပြီး တခုတည်းမျိုးပေါ့

🤍အလုပ်သစ်ရမလားဆို အလုပ်သစ်energy ကိုကြည့်ပေးပါမယ်

လူတစ်ချို့ကမေးဖူးတယ် လူပဲ ဒေါသထွက်သင့်တာထွက်ရမှာပေါ့တဲ့ ဘာလို့ နင်က ဒေါသကို ထိန်းထားတာလည်းတဲ့ ဘုရားကဟောတယ် သည်းခံလို့ပြေ...
12/08/2025

လူတစ်ချို့ကမေးဖူးတယ်
လူပဲ ဒေါသထွက်သင့်တာထွက်ရမှာပေါ့တဲ့
ဘာလို့ နင်က ဒေါသကို ထိန်းထားတာလည်းတဲ့

ဘုရားကဟောတယ် သည်းခံလို့ပြောတယ်
ဒေါသ ဖြစ်တာမကောင်းဘူးဆိုလို့
အဲ့တာမို့ အရင်က ဒီတိုင်း အဲ့စိတ်နဲ့သည်းခံခဲ့တယ်လို့
စိတ်ကို တဖြေးဖြေးနဲ့လျှော့ရတာပေါ့နော်

ခုကကျပိုနားလည်လာတော့ သည်းခံရတာ မပင်ပန်းတော့ဘူး
ဒေါသထွက်လာရင် ဖြစ်တာကို သိရမယ်
ပြီးတော့ အကြောင်းအကျိုးဆင်ခြင်တတ်လာရင်
ဒေါသထွက်တတ်တဲ့ စိတ်အလေ့အကျင့်ဟာ မထွက်လာတော့ဘူးအားနည်းလာတယ်လို့ပါ သိလာမိတယ်

အကုသိုလ်စိတ်မဟုတ်နေရင်
ကုသိုလ်စိတ်ပဲလို့ တရားတွေမှာ ခဏခဏနာဖူးတယ်

စိတ်အလေ့အကျင့်မှာ
သူကကောင်းတာလေးတွေလုပ်နေရင်လည်း ကြိုက်တယ်
အားပေးလေ့ရှိတယ် ပိုလှူချင် ပိုလုပ်ပေးချင်တယ်

မကောင်းတာလေးလုပ်နေရင်လည်း ကြိုက်တယ်
ချချ ပြောပစ် ဆိုပစ် စသဖြင့်ပေါ့

ကိုယ်က မှန်ကန်တာတွေလုပ်နေဖို့ လမ်းကြောင်းထိန်းသိမ်းပေးတဲ့
ပညာဥာဏ်လေးက အဓိကလို့

စိတ်ဆိုတာက လွှတ်ပေးထားလို့မကောင်းဘူး
ကောင်းတဲ့ဘက်ကို ထိန်းထိန်းသိမ်းသိမ်းလေးပြုပြင်ပေးမှ
လိမ်မာလာတာရယ် သူက မလိမ်မာရင် အလိုလို ကာယကံ ဝစီကံ မနောကံ အမှုတွေပြုသွားတတ်တယ်လို့
ပြီးရင် ဒီ ခန္ဓာကောင်ကြီးပဲ ဆင်းရဲ ချမ်းသာ အဖုံဖုံနဲ့ ခံရပြီး ဘယ်ဘဝကို ပြေးပြီး အပြစ်တင်ရမလည်းတွေဖြစ်လာရတာပဲ

အဲ့မို့ ကောင်းတဲ့ဘက်လေးမှာ သဘာဝတရားကြီးကိုနားလည်ဖို့ မှန်မှန်ကန်ကန် တွေးခေါ်ပြောဆိုနိုင်ဖို့
ဂရုစိုက် ထိန်းသိမ်းလေ့ကျင့်ပေးရပါတယ်လို့
ကိုယ့်ရဲ့ အလေ့အကျင့်လေးဝေမျှပါတယ် 🥰

Photo crd

ဒီ ပို့စ်လေးဖတ်မိချိန် pick a photo လေးကြည့်ပြီး တဒင်္ဂကုသိုလ်လေးတွေ စုကြရအောင်“ဘယ်လို ကံမျိုးလေးဖြစ်လာမှာလည်းထပ် ဘယ်လို...
10/08/2025

ဒီ ပို့စ်လေးဖတ်မိချိန် pick a photo လေးကြည့်ပြီး
တဒင်္ဂကုသိုလ်လေးတွေ စုကြရအောင်

“ဘယ်လို ကံမျိုးလေးဖြစ်လာမှာလည်းထပ်
ဘယ်လို ကံသတ္တိလေးလုပ်နေလည်းက အဓိကပါ🥰”

Photo crd

မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ စိတ်သဘောလေးကို Pick a photo လေးရွေးပြီး ဒီနေ့အတွက် ကုသိုလ်စိတ်လေး ထပ်ဖြည့်ကြမယ်လေနော် “ဘယ်လိ...
08/08/2025

မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ စိတ်သဘောလေးကို
Pick a photo လေးရွေးပြီး ဒီနေ့အတွက်
ကုသိုလ်စိတ်လေး ထပ်ဖြည့်ကြမယ်လေနော်

“ဘယ်လို ကံမျိုးလေးဖြစ်လာမှာလည်းထပ်
ဘယ်လို ကံသတ္တိလေးလုပ်နေလည်းက အဓိကပါ🥰”

Photo crd

ယုက ဒီတစ်လောမှာ ပိုပြီးနက်နဲတဲ့ အသိဥာဏ်လေးတွေရခဲ့မိတယ် အကျိုးတစ်စုံတစ်ရာ ရမယ်ထင်မိလို့ ဝေမျှပေးချင်ပါတယ်အဓိက ကံသတ္တိလေး ...
08/08/2025

ယုက ဒီတစ်လောမှာ ပိုပြီးနက်နဲတဲ့ အသိဥာဏ်လေးတွေရခဲ့မိတယ် အကျိုးတစ်စုံတစ်ရာ ရမယ်ထင်မိလို့ ဝေမျှပေးချင်ပါတယ်

အဓိက ကံသတ္တိလေး ဖြစ်သွားတဲ့ သဘော
ပျက်သွားတဲ့ သဘောတရားကို နားလည်ခဲ့မိတာနဲ့
ကံသတ္တိဟာ အချိန်တိုင်းဖြစ်ပျက်နေတယ်လို့ပါ နားလည်ခဲ့ရတယ်

အဲ့တာမို့ စီးပွါးရေး လူမှုရေး ကျန်းမာရေး အချစ်ရေး ရုပ်ချောခြင်း
စသဖြင့် ကောင်းခြင်း ဆိုးခြင်းတွေ ကြုံရတာတွေမှာ
ကာယကံ ဝစီကံ မနောကံ အားဖြင့်
အဓိက ကံသတ္တိတည်ခဲ့မိတဲ့
မိမိကြောင့်ဆိုတာကို ပိုပြီးနားလည်ခဲ့တယ်

ထီပေါက်မှ ကံကောင်းနေတာမဟုတ်ဘူး
အဲ့အချိန်ကတော့ ကိုယ့်ပြုခဲ့တဲ့ကံသတ္တိက Certificate ပေးချိန်ပါ
မျက်လုံးလေးဖွင့်နိုင် အသက်ကလေးရှုနိုင်
လမ်းလေးလျှောက်နိုင်တာမှာကိုက
ကံကောင်းနေပြီ ထမင်းကို ၁မိနစ်လောက်ဖြစ်ဖြစ်
ဝင်အောင်စားနိုင်တာမှာတင် ကံကောင်းနေတာပါ

ဥပမာ အစားအစာဆိုတဲ့ ကံသတ္တိလေးရှိချိန် အစားစားနိုင်တယ်
အဲ့ဒီ ကံသတ္တိအားနည်းလာတဲ့အခါ
တစ်နေ့စာ ထမင်းစားဖို့ပါ ခက်ခဲလာကြတယ်
၁မိနစ်စာ ရှိနေရင် ၁မိနစ်စာ ထမင်းစားနိုင်တယ်
၁နာရီစာ ရှိရင် ၁ နာရီ စားနိုင်တယ် စသဖြင့်ပေါ့နော်

ကွေးသောလက်မဆန့်ခင် ဆန့်သောလက်မကွေးခင်မှာတင်ကို
ခန္ဓာအစိတ်အပိုင်းတိုင်းရဲ့ ရှင်သန်နေခြင်း သေဆုံးခြင်းတွေဖြစ်ပျက်နေကြတာ

ရုပ်ခန္ဓာ စိတ်ခန္ဓာ ရုပ်ဝတ္တု ပစ္စည်းဆိုတာတွေလည်း
ကံသတ္တိလေးတွေကြောင့် ဖြစ်လာကြတာ

အဲ့တာမို့ ဒီနောက်ပိုင်း ပစ္စုပ္ပန်တိုင်း ကုသိုလ် ဖြစ်စေတဲ့
အလုပ်လေးတွေပဲ လုပ်မိဖို့ တိုက်တွန်းချင်လာမိတယ်

ကံသတ္တိရှိမှ ဂြိုလ်တွေအပြောင်းအလဲတိုင်းမှာလည်း ခံနိုင်ရည်ရှိမှာ
ကောင်းတဲ့ ဂြိုလ်ရောက်ရင် ပိုကောင်းလာမယ်
မကောင်းတဲ့ ဂြိုလ်ရောက်ရင်လည်း အဆင်ပြေနေမယ်

အဲ့တာမို့ အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ
ကောင်းသော ကံသတ္တိလေးတွေ ရအောင် စုထားစေချင်တယ်

ကံသတ္တိဆိုတဲ့ သူက အဓိက player ပါပဲ

အတိတ်က အကြောင်းကြောင့် လက်ရှိအကျိုးဖြစ်ပြီး
လက်ရှိကြောင့် အနာဂတ်က ပြောင်းလဲသွားမှာ

( မယုံရင် လူတွေ ပိန်သွားခြင်း ဝသွားခြင်း သဘောတရားနဲ့ ဆင်ခြင်ကြည့်လို့ရပါတယ် )

ယုအမြဲဆင်ခြင်မိတွေ့မိတာက အကြောင်းပေါင်းစုံသာရှိနေတာ ဖြစ်စဉ်သဘာဝက အတူတူတွေပါပဲ

အဲ့တော့ ဘယ်အပိုင်းပဲဖြစ်ဖြစ် အဆင်ပြေချင်ရင်
ကောင်းတဲ့ ကံသတ္တိလေးတွေကို
စေတနာလေးထည့်ပြီး နေ့စဉ်ပြုပေး

ကောင်းသော မေတ္တာပွါးများအားထုတ်နေတဲ့ သူတွေကို
ကုသိုလ်ပြုပေးခြင်းကလည်း
ကောင်းသော ကံသတ္တိလေးတွေ ပွါးများလာစေပါတယ်

ယုလည်း အဲ့လို ရစေမယ့် Activity လေးတွေ တင်သွားပေးမယ်
အခုထပ်မက အကုန်လုံးကို အဆင်ပြေစေချင်တယ်

အနာဂတ်မှာ ဘယ်လို ကံလေးဖြစ်လာမလည်းဆိုတာအတွက်က
ပစ္စုပ္ပန်မှာ ဘယ်လို ကံသတ္တိလေးလုပ်နေလည်းက
အဓိကဖြစ်သွားပါပြီ 🥰🥰🥰

အေးချမ်းကြပါစေ

Photo crd

ယုတို့ ဒီနေ့အတွက် မြေ ရေ လေ မီး စတဲ့ Energy တွေရှိနေတဲ့ ပတ်ဝန်းကျင်လေးကို ကြည်နူးရတဲ့ခဏတာ ကုသိုလ်ပြု Activity လေး တစ်ခုခ...
07/08/2025

ယုတို့ ဒီနေ့အတွက် မြေ ရေ လေ မီး စတဲ့
Energy တွေရှိနေတဲ့ ပတ်ဝန်းကျင်လေးကို ကြည်နူးရတဲ့
ခဏတာ ကုသိုလ်ပြု Activity လေး တစ်ခုခု လုပ်ကြည့်ကြည့်ရအောင်

ဘာလုပ်ရင်ကောင်းမလဲဆို
Pick a photo လေး ရွေးကြည့်ကြည့်ပါလား 🤍

ဒီနေ့အတွက် ကိုယ့်ရဲ့ စိတ်နှလုံးသားလေး အေးချမ်းစေဖို့အတွက်Pick a photo နဲ့ Soul Activity လေးအတွက် ရွေးကြည့်နော် 🥰photo cr...
07/08/2025

ဒီနေ့အတွက် ကိုယ့်ရဲ့ စိတ်နှလုံးသားလေး အေးချမ်းစေဖို့အတွက်

Pick a photo နဲ့ Soul Activity လေးအတွက် ရွေးကြည့်နော် 🥰

photo crd

အနာဂတ်မှာ ဖြစ်ချင်တာကို လက်ရှိအချိန်တိုင်းမှာ နည်းမှန် လမ်းမှန်နဲ့ ဖြည့်ဆည်းနေရပါမယ်အနာဂတ်ကို တောင့်တနေရင်းလက်ရှိအချိန်တ...
03/08/2025

အနာဂတ်မှာ ဖြစ်ချင်တာကို
လက်ရှိအချိန်တိုင်းမှာ နည်းမှန် လမ်းမှန်နဲ့ ဖြည့်ဆည်းနေရပါမယ်

အနာဂတ်ကို တောင့်တနေရင်း
လက်ရှိအချိန်တွေရဲ့တန်ဖိုးကို သတိမေ့လျော့နေတတ်တယ်

ပြီးတော့ မျှော်လင့်ချက်နဲ့နေပြီး စိတ်ချမ်းသာချင်ရင်

အနာဂတ်ဆိုတာကို
မျှော်လင့်ချက်ထားလို့ရပေမယ့်
မျှော်လင့်ချက်ကြီးလို့မရဘူး အရမ်းကပ်တွယ်နေလို့မရဘူး

ကံကံ၏အကျိုးနဲ့
သဘာဝတရားကြီးကို နားလည်ရမယ်

(အဓိက ယု ကိုယ့်ကို သတိပေးတဲ့စာလေးအဖြစ်ရေးထားတာပါ
ဒီစာလေးဖတ်ပြီး တစ်ခုခု ကောင်းသောအတွေးလေးဝင်ခဲ့ရင်ဆိုပြီး
Post လေး တင်ဖြစ်တာပါ )

Photo crd

02/07/2025

New version နဲ့ reading လေးဖြစ်ပါတယ်
Short Messages လေးပါ 🥰

22/06/2025

ယု ဒီရက်ပိုင်းထဲ personal ကိစ္စလေးတွေသိပ်မရှိဘဲ
အားတဲ့အချိန်လေးတွေများတာကြောင့်

Tarot မေးချင်တာလေးရှိရင် cb မှာ လာမေးလို့ရပါတယ်

ဥာဏ်ပူဇော်ခက စေတနာကြေးပဲယူပါတယ် …
Kpay / WavePay / Ayapay/ CBpay တွေကနေ လွှဲလို့ရပါတယ်

Address

Yangon

Telephone

+959457498948

Website

Alerts

Be the first to know and let us send you an email when Tarot by Yu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram