Wendy in Neverland

Wendy in Neverland Tarot, Astrology, Numerology & Spiritual Insight

Message from Cats 🐈 Short message လေးပါ။ ရုတ်တရက် Reading လေးလုပ်ပေးချင်လာလို့ ရွေးကြည့်ပါဦး။
23/04/2026

Message from Cats 🐈

Short message လေးပါ။ ရုတ်တရက် Reading လေးလုပ်ပေးချင်လာလို့ ရွေးကြည့်ပါဦး။

အရင် NGL အကောင့်က ဘယ်ကဘယ်လိုပျက်သွားမှန်းမသိလို့ အသစ်ထပ်ဖွင့်ထားပါတယ် https://ngl.link/lucine_wen
22/04/2026

အရင် NGL အကောင့်က ဘယ်ကဘယ်လိုပျက်သွားမှန်းမသိလို့ အသစ်ထပ်ဖွင့်ထားပါတယ်

https://ngl.link/lucine_wen

ကြောက်ပါတယ်လို့ 😬
17/04/2026

ကြောက်ပါတယ်လို့ 😬

someone’s gonna give birth today & this is gonna be their child’s birth chart omfg: 🤯

what do y’all think of this? what would you do if your child had THIS many aries placements?! ♈️👀

Prayer For New Year 🪷မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်မှာ အစစအရာရာ အဆင်ပြေချော့မွေ့ပြီး ပိုကောင်းတဲ့အပြောင်းအလဲများကို ရရှိကြပါစ...
17/04/2026

Prayer For New Year 🪷

မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်မှာ အစစအရာရာ အဆင်ပြေချော့မွေ့ပြီး ပိုကောင်းတဲ့အပြောင်းအလဲများကို ရရှိကြပါစေလို့ ထပ်ပြီးတော့ ဆန္ဒပြုလိုက်ပါတယ်။ ဒီပိုစ့်လေးကိုမြင်တဲ့သူတိုင်း စိတ်ထဲကနေပဲဖြစ်ဖြစ်၊ Only Me နဲ့ Share ပြီးတော့ပဲဖြစ်ဖြစ်၊ Cmt ရေးပြီးတော့ပဲဖြစ်ဖြစ် အခုအချိန်မှာ ကိုယ့်ရဲ့နှလုံးသားက အမှန်တကယ် တောင့်တနေတဲ့ဆန္ဒတွေကို ဆုတောင်းလို့ရပါတယ်။ အရင်နှစ်ကလိုပဲ Wendy က အားလုံးအတွက် ဆန္ဒပြုဆုတောင်းပေးပါမယ်ရှင်။

Your Aesthetic 🪷ဒီတစ်ခေါက်ကတော့ Girly Reading လေးပါရှင်။ ကိုယ်နဲ့လိုက်ဖက်တဲ့ Aesthetic Vibe လေး​တွေအကြောင်း ကြည့်ပေးထားပ...
13/04/2026

Your Aesthetic 🪷

ဒီတစ်ခေါက်ကတော့ Girly Reading လေးပါရှင်။ ကိုယ်နဲ့လိုက်ဖက်တဲ့ Aesthetic Vibe လေး​တွေအကြောင်း ကြည့်ပေးထားပါတယ်။

နှစ်သစ်ကူး​ပြောင်းတဲ့ သင်္ကြန်ကာလမှစပြီး ၁၃၈၈ ခုနှစ်တစ်လျှောက်လုံး စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းကြပါစေ။ ပိုကောင်းတဲ့အရ...
13/04/2026

နှစ်သစ်ကူး​ပြောင်းတဲ့ သင်္ကြန်ကာလမှစပြီး ၁၃၈၈ ခုနှစ်တစ်လျှောက်လုံး စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းကြပါစေ။ ပိုကောင်းတဲ့အရာတွေ၊ ပိုကောင်းတဲ့သူတွေနဲ့ ဆုံတွေ့ရပါစေ။ အမှတ်တရကောင်းတွေနဲ့ နှစ်သစ်တစ်နှစ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။ 🩵

ဘာလိုလိုနဲ့ လေးနှစ်ဆိုတဲ့ မှတ်တိုင်​လေးကို​ရောက်လာခဲ့ပါပြီ။ သတိထားမိလားတော့မသိဘူး … PAP တွေနဲ့ပက်သက်ရင် အတိတ်ကအရာတွေကို ...
12/04/2026

ဘာလိုလိုနဲ့ လေးနှစ်ဆိုတဲ့ မှတ်တိုင်​လေးကို​ရောက်လာခဲ့ပါပြီ။ သတိထားမိလားတော့မသိဘူး … PAP တွေနဲ့ပက်သက်ရင် အတိတ်ကအရာတွေကို ကြည့်ပေးတာမျိုး သိပ်မရှိခဲ့ဘူးပေါ့နော်။ လက်ရှိ Energy ရယ်၊ အနာဂတ်အတွက်ရယ်ကိုပဲ အများဆုံးကြည့်ပေးဖြစ်ခဲ့ပါတယ်။ ရှေ့ကိုပဲ အမြဲစိတ်ရောက်နေတတ်တဲ့လူဆိုတော့ အရင်အကြောင်းတွေကို ဖတ်ပေးရတာမျိုး သဘောမကျခဲ့ပါဘူး။ နောက်ပြီး အများဆုံးတင်ဖြစ်ခဲ့တဲ့ အကြောင်းအရာကတော့ Spiritual အကြောင်းတွေပါပဲ။ ဒီ Page လေးကနေ Spiritual အကြောင်းကို စသိခွင့်ရခဲ့တယ်လို့ လာပြောပြတိုင်းမှာ ဝမ်းသာရသလို … အတူတူ Healing လုပ်ရင်း ဒီ Journey ကို ဆက်လျှောက်နေကြတဲ့သူတွေကြောင့် တကယ်ကိုကြည်နူးရပါတယ်။ Page လေးကို စဖွင့်ခဲ့တဲ့အချိန်တုန်းက Wendy မှာ ဘာအစီစဉ်မှ ကြိုတင်ပြင်ဆင်ထားတာမျိုး မရှိခဲ့ပါဘူး။ Tarot ဖတ်ပေးချင်တာရယ်၊ PAP လေးတွေ တင်ပေးချင်တာရယ်ကနေ တဖြည်းဖြည်းနဲ့ Hobby Business လေးဖြစ်လာခဲ့တာပါ။ အမြဲတမ်း ပြောနေကျစကားလိုပါပဲ .. Wendy က Tarot Reader ဆိုတာထက် ကိုယ်သိထားတာတွေ၊ ကိုယ်လုပ်နိုင်တာတွေကို မျှဝေပေးချင်တဲ့သူပါ။ ဒါကြောင့် Page လေးတစ်ခုဆိုတာထက်ကို အများကြီးပိုပါတယ်။ ရယ်စရာတစ်ခုပြောရရင် .. ဒီလိုမျိုး Page ဖွင့်သင့်မဖွင့်သင့်ကို တခြားသူဆီမှာ Tarot သွားမေးခဲ့ဖူးပါသေးတယ်။ Reader က "မဖွင့်သင့်သေးဘူး နောက်တစ်လလောက် ထပ်စောင့်ဦး" ဆိုလို့ စိတ်မရှည်တဲ့ Cardinal သမားပီပီ အဲဒီနေ့မှာပဲ Page ကောက်ဖွင့်လိုက်ပါတယ် (😾)။ လာမေးတဲ့သူတွေလိုပဲ မေးချင်တာမေးပြီး လုပ်ချင်တာလုပ်ချတာလေ ဟဲဟဲ။ အဲဒီလို ရုတ်တရက်ထဖွင့်လိုက်ပေမယ့် နောက် 2 နှစ်လောက်အကြာမှာ Page ရဲ့ Birthday ကို Chart ထုတ်ကြည့်မိတော့ Wendy ရဲ့ Birth Chart နဲ့ ဆင်တူနေတာကို မြင်လိုက်ရပြီး အံ့ဩခဲ့ရပါတယ်။ တကယ့်ကို WIN က Wendy ရဲ့ကိုယ်ပွါးလေးလိုပါပဲ။ ကိုယ့်အနေနဲ့ ဒီအတိုင်း စတင်လိုက်တာလို့ ထင်ထားခဲ့ပေမယ့် လေးနှစ်တာမှာ သင်ယူစရာတွေ၊ ရည်ရွယ်ချက်အသစ်တွေ၊ ပြောင်းလဲတိုးတက်မှုတွေ အများကြီးရှာတွေ့ခဲ့ပါတယ်။ ငယ်ငယ်တည်းက Intuition ကောင်းတာကို သိခဲ့ပေမယ့် Tarot ဖတ်ဖြစ်မယ်လို့ လုံးဝမထင်ထားခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ Feedback တွေ အများကြီးပြန်ရတဲ့အချိန်မှာ Divination က ကိုယ့်ရဲ့ Talent တစ်ခုဆိုတာကို သေချာနားလည်လာခဲ့ပါတယ်။ Wendy အတွက် Tarot ကတော့ အမြဲတမ်း ဆက်လုပ်သွားမယ့်အရာတစ်ခုပါပဲ။ တခြားသူတွေကို မဖတ်ပေးဖြစ်တော့ရင်တောင် ကိုယ့်ရဲ့အနီးအပါးကလူတွေနဲ့ ကိုယ့်ကိုကိုယ်အတွက် ဆက်ပြီးတော့ အသုံးချဖြစ်မှာပါ။ တချို့ညီမလေးတွေ လာမေးကြတယ်။ Tarot သင်ရမလား၊ ဘယ်လိုလေ့လာရမလဲ၊ ဘယ်မှာသင်ရမလဲပေါ့။ Wendy အနေနဲ့ကတော့ ကိုယ်တကယ်ဝါသနာပါတယ်ဆိုရင် သင်ဖို့တိုက်တွန်းပါတယ်။ Card Meaning တွေ၊ Deck တွေက အဓိကမဟုတ်ပဲ ကိုယ်ရယ်၊ ကိုယ့်ရဲ့ Intuition ရယ်က အဓိကအကျဆုံးမို့လို့ လုပ်ချင်တဲ့ဆန္ဒရှိရင်၊ Card တွေကိုချစ်ရင် ကိုယ့်ရဲ့ Journey ကို စတင်ကြည့်ပါ။ သင်တန်းအကြီးကြီး​တွေလည်း တက်ဖို့မလိုပါဘူး။ Self Study သေချာလုပ်ရင်လည်း အဆင်​ပြေပါတယ်။ ရှေ့မှာ ဘာဆက်ဖြစ်မှာလဲဆိုတာတွေ မစဉ်းစားပဲနဲ့ ကိုယ်လုပ်ကြည့်ချင်တာကို ရဲရဲဝံ့ဝံ့အာရုံစိုက်ကြည့်ပါ။ တချို့အရာတွေက အစီစဉ်တွေဆွဲထားပြီးတော့ ထင်သလိုဖြစ်မလာတာတွေရှိသလို တချို့ကတော့ စိတ်ပါတဲ့အတိုင်း လုပ်ကြည့်ရာကနေ Rabbit Hole ထဲရောက်သွားနိုင်ပါတယ်။ ^^

4th Anniversary Special Promotion ✨မနက်ဖြန် April 13 ရက်နေ့ကတော့ Wendy in Neverland ရဲ့ 4 နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ...
12/04/2026

4th Anniversary Special Promotion ✨

မနက်ဖြန် April 13 ရက်နေ့ကတော့ Wendy in Neverland ရဲ့ 4 နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဒီ Journey လေးရဲ့ အစကနေ အခုထိ ရှိနေပေးကြတဲ့သူတွေ၊ လမ်းတဝက်မှာ ဆုံတွေ့ရသူတွေနဲ့ အသစ်ခင်မင်ရသူတွေ အားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီ Promotion လေးကို စီစဉ်ပေးထားပါတယ်။

ဒါကြောင့် မနက်ဖြန်မှာ Tarot Booking တင်တာပဲဖြစ်ဖြစ်၊ Wallpaper ဝယ်တာပဲဖြစ်ဖြစ် ကိုယ်စတင်မေးမြန်းခဲ့တဲ့ ခုနှစ် (First Interaction Date) ကိုကြည့်ပြီး Discount ရရှိမှာဖြစ်ပါတယ်။

✨ 2022 မှစတင်မေးမြန်းခဲ့သူများ - 4,000 Ks OFF
✨ 2023 မှစတင်မေးမြန်းခဲ့သူများ - 3,000 Ks OFF
✨ 2024 မှစတင်မေးမြန်းခဲ့သူများ - 2,000 Ks OFF
✨ 2025 မှစတင်မေးမြန်းခဲ့သူများ - 1,000 Ks OFF တို့ပဲဖြစ်ပါတယ်။

4 နှစ်တာ အတွေ့အကြုံနဲ့ ခံစားချက်တွေကိုတော့ နောက်ထပ် Post တစ်ခုနဲ့ ပြောပြပါဦးမယ်။

🪷 Tarot Package Post လေးတွေကိုဖတ်ချင်ရင် ဒီမှာကြည့်ပါ။

https://www.facebook.com/share/1NsMttwcvS/?mibextid=wwXIfr

🌷 Wallpaper လေးတွေကိုတော့ ဒီမှာကြည့်နိုင်ပါတယ်။

https://www.facebook.com/share/18hxGDow1k/?mibextid=wwXIfr

Address

Yangon

Opening Hours

Monday 14:00 - 21:00
Tuesday 14:00 - 21:00
Wednesday 14:00 - 21:00
Thursday 14:00 - 21:00
Friday 14:00 - 21:00
Saturday 14:00 - 21:00
Sunday 14:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Wendy in Neverland posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share