ဆုလာဘ် အထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ဆုလာဘ် အထွေထွေရောဂါကုဆေးခန်း

ဆုလာဘ် အထွေထွေရောဂါကုဆေးခန်း အမှတ်(၁၀၅) မြိတ်လမ်း၊ ၁၉ရပ်ကွက်၊တောင်ဒဂုံမြို့နယ်။

တစ်ကွေ့ကွေ့တော့ တွေ့နိုင်ပါသည်။မှတ်ချက်- ဆေးပညာလောကသားမိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။ဒီတစ်ခါလူနာက အသ...
24/09/2025

တစ်ကွေ့ကွေ့တော့ တွေ့နိုင်ပါသည်။

မှတ်ချက်- ဆေးပညာလောကသားမိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါလူနာက အသက် ၆၃ နှစ် အမျိုးသမီးပါ။ ညာဘက်
ခြေထောက်ရောင်ကိုင်းနာကျင်ပြီး မထောက်နိုင်လို့ လာပြတာပါ။ဆေးခန်းထဲကို လူနှစ်ယောက်ထမ်းပြီး သယ်လာရတာပါ။ကျွန်တော်သေချာမေးကြည့်တော့ လူနာက ညကအထိအကောင်းပါ။ မနက် အိပ်ရာနိုးမှ ထောက်မရတော့တာပါ။ ထိမိခိုက်မိတာ မရှိပါဘူး။ရောဂါအခံမေးကြည့်တော့ လူနာက သားအိမ်ကင်ဆာအဆင့်-၄ ဖြစ်နေတယ်လို့ ဆိုပါတယ်။ CA cervix လား၊ CA endometrium လားဆိုတာကတော့ ဆေးမှတ်တမ်းတွေ မပါလာတော့ မသိရပါဘူး။ ကျောက်ကပ်တစ်ဖက်လည်း ထုတ်ထားတယ်လို့ ပြောပါတယ်။ History မေးပြီးပြီးချင်းတော့ ကျွန်တော်လည်း Gout လို့ ထင်လိုက်ပါသေးတယ်။ ဒါပေမယ့် Local examination တော့ သေချာလုပ်မှဖြစ်
မယ်၊ Signs of inflammation တော့ ရှာဦးမှ ဆိုပြီး လူနာကို သေချာ exposure လုပ်ပြီး စမ်းဖို့ပြင်ပါတယ်။ exposure ကို ပေါင်ရင်းနီးပါးထိ လုပ်လိုက်တော့ တွေ့ရတာက ညာဘက်ခြေထောက်မှာ Entire leg swelling up to mid thigh ပါ။ လူနာညာခြေထောက်က ပေါင်လယ်က စပြီး တစ်ချောင်းလုံးရောင်နေပါတယ်။ ညာဘက်ခြေထောက်နဲ့ ယှဉ်ကြည့်ရင် ဘယ်ဘက်က သိသိသာသာ ရောင်နေပါတယ်။စမ်းကြည့်တော့ တင်းတင်းကြီးဖြစ်နေသလို ခြေသလုံးကြွက်သားကိုစမ်းကြည့်တော့လည်း နာနေပါတယ်။ Calf muscle tenderness ပါရှိနေတာပါ။ Knee joint က အကောင်းပါ။ ဘာ Sign of inflammation မှမရှိပါဘူး။ Entire leg swelling နဲ့ underlying advanced malignancy ဆိုတော့ DVT ဖြစ်ဖို့တော့ တော်တော်များနေပါပြီ။ အဲ့ဒါနဲ့ လူနာကို Doppler ultrasound lower limb venous system အမြန်ရိုက်ခိုင်းလိုက်ပါတယ်။ လူနာကလည်း ပိုက်ဆံတတ်နိုင်တော့ ချက်ချင်းသွားရိုက်လိုက်တာ ၃ နာရီအတွင်း အဖြေရလာပါလေရော။
USG အဖြေက Extensive DVT ( up to common femoral vein) ဆိုပြီး ထွက်လာပါတယ်။ခြေထောက်သွေးပြန်ကြောပိတ်တာပါ။ ပိတ်တဲ့ ဧရိယာကြီးပါတယ်။ မတော် သွေးခဲပြုတ်ပြီး Pulmonary embolism ရရင်(အဆုတ်သွေးကြောမှာ သွေးခဲလာပိတ်ရင် )အသက်အန္တရာယ်ရှိပါတယ်။ လူနာက ခုထိတော့ hemodynamically stable ပါ။ oxygenation လည်းကောင်းပါသေးတယ်။ဒါပေမယ့် အချိန်မရွေး သွေးခဲပြုတ်ပြီးဒုက္ခရောက်နိုင်တဲ့ဘအနေအထားပါ။ ဆေးရုံတက်ဖို့၊ သွေးကျဲဆေးတွေထိုးဖို့၊ သေချာစောင့်ကြည့်ဖို့ လိုပါတယ်။အဲ့ဒါနဲ့ လူနာနဲ့ သူ့မိသားစုကို သေချာရှင်းပြပြီး ဆေးရုံသွားခိုင်းလိုက်ရပါတယ်။

ဒုတိယလူနာကတော့ အသက် ၃၇ နှစ်လောက် အမျိုးသားပါ။ သူလည်း DVT ရတာပါပဲ။ ဆေးခန်းတစ်ခုက oncall ခေါ်လို့ သွားကြည့်ပေးရင်းတွေ့တာပါ။ ဆေးခန်းက MO ဆရာက Diagnosis လုပ်ပေးတာပါ။ သူ့ကို သွေးရောဂါအထူးကုနဲ့ ပြခိုင်းတော့ မပြနိုင်တာနဲ့ ကျွန်တော်ပဲ သွေးကျဲဆေးပေးပြီး ကုလိုက်ရပါတယ်။ Apixaban ၃ လပေးလိုက်တာပါ။ ခုတော့ ကောင်းသွားပါပြီ။ သူ့အလုပ်က တက္ကဆီ ဒရိုင်ဘာပါ။ နောက်ပိုင်းကားတွေက အော်တိုဂီယာဆိုတော့ ညာဘက်ခြေထောက်ပဲအလုပ်လုပ်ရပြီး ဘယ်ဘက်ခြေထောက်က ငြိမ်နေရတော့ ဘယ်ဘက်ခြေထောက်မှာ venous stasis ရပြီး DVT ရတာပေါ့။ လူကလည်း Heavy smoker ပါ။
polycythemia လည်းရှိလို့ venesection ပါလုပ်လိုက်ရပါသေးတယ်။

တတိယလူနာကတော့ ကျွန်တော်ကုတာမဟုတ်ပါဘူး။ အခြားမှ Diagnosis ရပြီးကုသမှုခံနေပြီးသားလူနာပါ။ အခြားရောဂါလာပြရင်း စကားစပ်မိလို့ သူ့မှတ်တမ်းတွေပါလာပြတာပါ။လူနာက အသက် ၇၀ အမျိုးသမီးပါ။တရားစခန်းရက်ရှည်ဝင်နေသူပါ။ တရားတစ်ခါထိုင်ရင် ၄၊၅ နာရီဆက်တိုက်ထိုင်နိုင်သူပါ။ တစ်နေ့ တရားစခန်းကို Volunteer လာကြည့်ပေးတဲ့ဆရာဝန် က သူ့ကိုသွေးပေါင်ချိန်၊ အောက်ဆီဂျင်တိုင်းပေးတော့ လူနာအောက်ဆီဂျင်က ၉၁ လောက်ပဲဖြစ်နေပါတယ်။ အဲ့ဒါနဲ့ လူနာကို ရှင်းပြ ၊ အထူးကုပြဖို့ပြော။ အထူးကုက စမ်းသပ်စစ်ဆေးတော့မှ Doppler ultrasound မှာ DVT နဲ့ CTPA မှာ Pulmonary embolism ( အဆုတ်သွေးကြောမှာ သွေးခဲပိတ်ဆို့ခြင်း)ပါရနေတာပါ။ ပိတ်တဲ့ ဧရိယာသိပ်မကြီးသေးလို့ လူနာဘာမှမခံစားရသေးတာပါ။ ကံကြီးပေလို့ပေါ့။ ခုတော့ ကောင်းနေပါပြီ။

ကျွန်တော် highlight လုပ်ချင်တဲ့ အချက်လေးတွေ ရှိပါတယ်။

၁။ DVT က ကျွန်တော်တို့ GP မှာတစ်ကွေ့မဟုတ်တစ်ကွေ့ တွေ့နိုင်တဲ့ ရောဂါပါ။
အတွေ့များတယ်လို့ မဆိုနိုင်ပေမယ့် အရမ်းမရှားပါဘူး။ Awarenessရှိဖို့တော့လိုပါတယ်။

၂။ DVT သံသယရှိရင် Well’s score တွက်ဖို့အရေးကြီးပါတယ်။ Well score တွက်လို့ low risk ဆိုရင် d-dimer စစ်။ D dimer မတက်ရင် DVT မဟုတ်တော့ဘူးပေါ့။
D dimer တက်ရင်တော့ venous ultrasound လုပ်။ DVT တွေ့ရင်ကု။ မတွေ့ရင် ၁ ပတ်နေရင် venous ultrasound repeat လုပ်။ မတွေ့ရင် DVT မဟုတ်တော့ဘူးပေါ့။
Well score မှာ high risk ဆို D Dimer စစ်မနေပဲ venous ultrasound သာတောင်းပါ။ တွေ့ရင်ကု။ မတွေ့ရင် နောက် ၁ပတ်နေရင်venous ultrasound repeat လုပ်ပါ။ အကယ်၍ iliocaval thrombus ထင်ရင် CTV,MRV, phlebogram တွေထိ သွားရပါမယ်တဲ့။ အောက်မှာ OHCM ထဲက Diagnostic algorithm for suspected acute DVT နဲ့ Well score ကိုပါ ဖော်ပြထားပါတယ်။

၃။ DVT ဖြစ်စေတဲ့ risk factors တွေကတော့ အများသိကြပြီးသားပါ။
Venous stasis ဖြစ်စေတဲ့ causes တွေ ( Eg. Long distance travel, prolonged bed rest , lower limb and pelvic surgery , pregnancy)၊ Venous wall injury ရစေတဲ့ cause တွေ( Eg . Lower limb and pelvic injury or surgery, previous DVT)၊ Hyper coagulability state တွေ ( Eg. Thrombophilia ,Pregnancy, COC pill, HRT, malignancy, IBD , Nephrotic syndrome, antiphospholipid antibody syndrome , polycythemia, စတာတွေ)စသဖြင့် ရှိပါတယ်။ Prolonged immobility ဆိုရင် MRCP exam တွေမှာ အများအားဖြင့် မေးခွန်းဆင်လေ့ရှိတာတော့ Long haul flight နဲ့ ပါ။လေယာဉ်အကြာကြီးစီးပြီး DVT ရသွားတယ်ပေါ့။ မြန်မာနိုင်ငံထဲမှာတော့ ဟိုင်းဝေးကားဒရိုင်ဘာတွေဟာ Prolonged immobility ရဲ့ example တစ်ခုပါ။ ဟိုင်းဝေးမောင်းတယ်။ ထမင်းစားရင်ခဏဆင်းတယ်။ စားပြီးရင် ဆက်​မောင်းတယ်။ တောက်လျှောက် မလှုပ်မယှက်နေရတာပါ။ နောက်ပိုင်းကားတွေက auto gear ဆိုတော့ ညာဘက်ခြေထောက်ပဲ လှုပ်စရာလိုပြီး ဘယ်ဘက်ခြေထောက်က လှုပ်စရာမလိုတော့ Left sided DVT တွေ ရတာတွေ့ရတတ်ပါတယ်။ Prolonged immobility ရဲ့ နောက်ထပ်အတွေ့များတဲ့ example တစ်ခုက တရားစခန်းမှာ အကြာကြီးတရားထိုင်တာပါ။ ဒါတွေ
က ကျွန်တော့်ဘာသာ သိတာတော့မဟုတ်ပါဘူး။ပါမောက္ခဆရာမကြီး ဒေါ်သန်းသန်းအေးနဲ့ ဆရာဖြိုးသီဟတို့ ပြောတဲ့ seminar တစ်ခုမှာ နားထောင်ခဲ့ရလို့ သိတာပါ။ ဒုတိယနဲ့ တတိယလူနာတွေက Seminar ပြီးတော့ တစ်လလောက်အတွင်းမှာ ကြုံခဲ့တဲ့ လူနာတွေပါ။

၄။ Hypercoagulable state မှာ Nephrotic syndrome လည်း ပါပါတယ်။ လူနာက generalized oedema နဲ့ တစ်ကိုယ်လုံးဖောင်းကားနေတယ်။ ကိုယ်က treatment ပေးတယ်။ တစ်ကိုယ်လုံးအဖောကျပြီး ခြေထောက်တစ်ချောင်းပဲ ကွက်ကျန်ခဲ့ရင် သတိထားပါ။ DVT ဖြစ်နိုင်ပါတယ်။ ဒါလည်း ဆရာမကြီး ဒေါ်သန်းသန်းအေးရဲ့ seminar ကရခဲ့တဲ့ knowledge ပါပဲ။ မိတ်ဆွေတို့ကို အခု မျှဝေလိုက်ပါတယ်။

၄။ DVT ရဲ့ ကြောက်စရာအကောင်း complication က Pulmonary embolism (PE) ပါ။ ဒါကတော့ ဆရာဝန်တွေအားလုံးရင်းနှီးပြီးသားပါ။ ဒါကြောင့် မောတဲ့လူနာတိုင်းမှာ PE ကို Differential diagnosis တစ်ခုအနေနဲ့ မဖြစ်မနေထည့်စဉ်းစားဖို့၊ မောတဲ့လူနာတိုင်းကို ခြေထောက်လှန်ကြည့်ဖို့ သတိပေးလိုက်ရပါတယ်ခင်ဗျား။

၅။ DVT ကနေ PE မရဘဲ systemic embolism ဖြစ်သွားတဲ့ ရှားရှားပါးပါး case တွေလည်းရှိပါတယ်။ အဲ့ဒါကို paradoxical emboli လို့ခေါ်ပါတယ်။ မိတ်ဆွေတို့ သိပြီးသားနေမှာပါ။ အဓိကအားဖြင့် မွေးရာပါနှလုံးအပေါက်ပါတဲ့ရောဂါတွေဖြစ်တဲ့ Atrial septal defect (ASD), Ventricular septal defect ( VSD), Patent foramen ovale( PFO) တွေမှာ Right to left shunt ဝင်သွားရင်ဖြစ်တတ်ပါတယ်။ အဲ့ဒါရဲ့ ဥပမာက ၂၀၁၁ တုန်းက အီတလီနဲ့ အေစီမီလန်တိုက်စစ်မှူး အန်တိုနီယိုကတ်ဆာနိုရဲ့ ဖြစ်ရပ်ပါ။ ဘာရီ၊ ရိုးမား၊ ရီးယဲလ်၊ဆမ်ဒိုးရီးယား၊အေစီမီလန်စတဲ့ အသင်းတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ ကတ်ဆာနိုကို ကျွန်တော်တို့လို 90’s born စီးရီးအေပရိသတ်တွေ ကောင်းကောင်းသိကြမှာပါ။ အေစီမီလန်နဲ့ ရိုးမားပွဲပြီးတော့ မီလန်ကို အပြန်လေယာဉ်ပေါ်မှာ TIA ရခဲ့တာပါ။ ဆေးရုံမှာ စစ်ဆေးမှုတွေလုပ်ပြီးနောက် cause of TIA က Patent foramen ovale နဲ့ paradoxical emboli ပါတဲ့။ ခုတော့ PFO ကို closure လုပ်လိုက်ပြီး နေကောင်းနေပါပြီ။ ဒါက ကြုံလို့ ပြောပြတာပါ။

အားလုံးအဆင်ပြေကြပါစေ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

19/09/2025

သွေးကျဲဆေးများအကြောင်း-၂

သွေးကျဲဆေးတွေကို ယေဘုယျအားဖြင့်
၁။ anti platelets
၂။anticoagulant ဆိုပြီး နှစ်မျိုးခွဲတယ်ဗျ။

ခုပြောမယ့်အကြောင်းအရာကတော့ လူတွေအသုံးများတဲ့ anti coagulant တွေအကြောင်းပါ။ အများပြည်သူအတွက် လိုတိုရှင်းလေးပြောပြချင်ပါတယ်ဗျ။

Anticoagulant တွေမှာ သောက်ဆေးနဲ့ ထိုးဆေးဆိုပြီး နှစ်မျိုးရှိတယ်ဗျ။
ထိုးဆေးကတော့ အဓိကက Heparin နဲ့ fondaparinux ဆိုတဲ့ဆေးနှစ်မျိုးအသုံးများပါတယ်။ ကိုဗစ်တုန်းက အရမ်းဟော့ခဲ့တဲ့ ဆေးတွေပေါ့ဗျာ။ အခုတော့ ဆေးရုံတွေမှာပဲ အဓိကသုံးတော့တယ်။

သောက်ဆေးကတော့ အများပြည်သူနဲ့ ပိုဆိုင်မယ်။ သူ့မှာ နှစ်မျိုးရှိတယ်။ VKA ( Vitamin K antagonist) နဲ့ NOAC ( Non vitamin K antagonist oral anticoagulant) ဆိုပြီး နှစ်မျိုးရှိတယ်။ NOAC ကို DOAC( Direct oral anticoagulant) လို့လည်း ခေါ်သေးတယ်။
VKA ဆိုတာ အခြားမဟုတ်ဘူး။ Warfarin ကို ပြောတာဗျ။ Market မှာ Warf, Marforan စတဲ့နာမည်တွေနဲ့ လာတယ်။ အခြားဟာတွေလည်းရှိချင်ရှိမှာပါ။

NOAC(DOAC) မှာတော့ Apixaban, Rivaroxanan, Dabigatran စတဲ့ဆေးတွေပါတယ်။ Apixaban ကတော့ Eliquis, Apixaget စတဲ့နာမည်အမျိုးမျ်ုးနဲ့လာတယ်။ 2.5mg နဲ့ 5mg အားနှစ်ခုလာတယ်။ Rivaroxaban ကတော့ Xalreto, Xaroban, Rivaxo စတဲ့နာမည်အမျိုးမျိုးနဲ့ လာပါတယ်။2.5mg,10mg,15mg ,20mg ဆိုပြီး အား၄ မျိုးလာပါတယ်။

Anticoagulant တွေကို
၁။ သွေးပြန်ကြော သွေးခဲခြင်း ကို ကုသဖို့ရော၊ ကာကွယ်ဖို့ရော သုံးပါတယ်။( ခြေထောက်သွေးပြန်ကြော၊ အဆုတ်သွေးပြန်ကြော၊ အူသွေးပြန်ကြော၊ ကျောက်ကပ်သွေးပြန်ကြော အပါအဝင် ဘယ်သွေးပြန်ကြောမဆို)

ပေးရမယ့်အချိန်ကာလက ရောဂါပေါ်မူတည်ပြီး အနည်းဆုံး ၃လကနေ အခန့်မသင့်ရင် တသက်လုံးအထိသောက်ရနိုင်ပါတယ်။
မှတ်ချက်- အရင်နေ့က ပြောခဲ့တဲ့ Antiplatelet နဲ့ကွာတာက Antiplatelet က သွေးလွှတ်ကြောသွေးခဲခြင်းကို ကာကွယ်ဖို့သုံးပါတယ်ဗျ။
၂။ Atrial fibrillation လို့ခေါ်တဲ့ နှလုံးအပေါ်အခန်းခါခြင်း ( နှလုံးစည်းချက်မမှန်ခြင်းလို့လည်း ခေါ်ကြတယ်) နဲ့ နှလုံးအဆို့ရှင်မကောင်းလို့ metallic prosthetic valve (သတ္တုနှလုံးအဆို့ရှင် ) အစားထိုးထားတဲ့လူနာတွေမှာ လေမဖြတ်အောင်ကာကွယ်ဖို့သုံးပါတယ်။ ဒီလိုလူနာတွေမှာ သွေးကျဲဆေးမပေးရင် နှလုံးအတွင်းသွေးခဲခြင်းဖြစ်နိုင်တယ်။ အဲ့သွေးခဲပြုတ်ပြီး ဦးနှောက်မှာ လာဆို့ရင် လေဖြတ်မှာ။
အဲ့ဒီ​တော့ အဲ့လိုလူနာတွေမှာ anticoagulant တစ်သက်လုံး သောက်ဖို့လိုနိုင်တယ်ဗျ။

၃။ ဒီဆေးတွေဟာ သွေးယိုစီးမှုကို အားပေးတယ်။ အရင်နေ့က ပြောခဲ့တဲ့ Antiplatelet ထက် အာနိသင်ပိုပြင်းတဲ့ဆေးတွေဆိုတော့ သွေးယိုစီးမှုဖြစ်နိုင်ချေလည်း ပိုများတယ်။ အဲ့ဒါကြောင့် ဆေးမစခင်မှာ ဆေးပေးရင်ရမယ့်ကောင်းကျိုးနဲ့ သွေးယိုမယ့်အန္တရာယ်ကို သေချာချိန်ဆရတယ်။လူနာရဲ့ အသည်း၊ ကျောက်ကပ်
ကောင်းမကောင်း၊ သွေးထဲမှာ platelet ခေါ် သွေးတိတ်စေတဲ့ဓာတ်တစ်ခု ချို့တဲ့မှုရှိမရှိစသဖြင့် အရင်စစ်၊ အိုကေပြီဆိုမှ ဆေးစတယ်။ခုနကဟာတွေ မအိုကေရင်၊ လူနာမှာ အစာအိမ်အနာရှိတာ၊ သွေးမတိတ်တဲ့ရောဂါရှိတာ၊ သွေးယိုစိမ့်မှုဖြစ်နေတာဆို ပေးလို့မရသေးဘူးဗျ။ သွေးအရမ်းတိုးနေရင်လည်း ဒီဆေးတွေမပေးသေးဘူး။ ဦးနှောက်သွေးယိုနိုင်လို့ပါ။

၄။ ဒီဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မရပ်ရဘူးနော်။ရပ်မိရင် လေဖြတ်နိုင်တယ်။ သွေးကြောပြန်
ပိတ်နိုင်တယ်။ သေချာမှန်မှန်လေးသောက်ဖို့လိုတယ်ဗျ။

၅။ ဒီဆေးတွေသောက်နေရင် ရက်ချိန်းလည်း မှန်မှန်ပြဖို့လိုမယ်။ ရက်ချိန်းပြန်ခေါ်တာက ဆေးအတိုးအလျှော့လုပ်ဖို့၊ လူနာဆေးဒဏ်ခံနေရပြီလားကြည့်ဖို့၊ ဆေးကို ရပ်ဖို့လိုရင် ရပ်ဖို့ပါ။ လူနာဆီက ပိုက်ပိုက်ကို ကြံရည်ညှစ်သလို ညှစ်ယူဖို့ မဟုတ်ရပါဘူးဗျ။

၆။ ဒီဆေးတွေသောက်နေရင် ထိခိုက်ဒဏ်ရာမရအောင် သတိထားရမယ်။ သွေးယိုစိမ့်မှုလက္ခဏာရှိရင် ၊ သွေးမတိတ်ရင် ဆရာဝန်ဆီ ချက်ချင်းပြန်ပြရမယ်။ သွေးကျဲဆေးသောက်တဲ့လူနာ ဝမ်းအမည်းတွေသွားတာမျိုးဖြစ်ရင် အရေးကြီးတယ်။ ဆရာဝန်နဲ့အမြန်ပြဖို့လိုတယ်။အစာအိမ်သွေးယိုတာ ဖြစ်
နိုင်တယ်။ နောက်တခု ဟိုလိုလို ဒီလိုလိုနဲ့ လွတ်နိုင်တာ မိန်းကလေးတွေ ဓမ္မတာကိစ္စ။ သွေးကျဲဆေးသောက်ပြီး ဓမ္မတာ ခါတိုင်းထက်သိသိသာသာများတာ၊ ရက်တွေပိုကြာတာမျိုးဆိုလည်း မပေါ့ပါနဲ့။ သေချာပြပါ။

၇။ ဘယ်ဆရာဝန်နဲ့ပြပြ သွေးကျဲဆေးသောက်နေရကြောင်း သေချာပြောပါ။ ဒါမှ ဆရာဝန်ဘက်က ဆင်ခြင်စရာရှိတာ ဆင်ခြင်နိုင်မှာ၊ ဆေးရွေးချယ်ရာမှာ သွေးကျဲဆေးနဲ့ မငြိမယ့်ဆေးကို ရွေးနိုင်မှာပါ။

အားလုံးအဆင်ပြေကြပါစေ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

18/09/2025

သွေးကျဲဆေးတွေအကြောင်း-၁

သွေးကျဲဆေးတွေကို ယေဘုယျအားဖြင့်
၁။ anti platelets
၂။anticoagulant ဆိုပြီး နှစ်မျိုးခွဲတယ်ဗျ။

ခုပြောမယ့်အကြောင်းအရာကတော့ လူတွေအသုံးများတဲ့ anti platelets အကြောင်းပါ။
အများပြည်သူအတွက် လိုတိုရှင်းလေးပြောပြချင်ပါတယ်ဗျ။

၁။ လူတွေအများစုသောက်နေကြတဲ့ aspirin ၊ clopidogrel စတဲ့ဆေးတွေက anti platelets အုပ်စုဝင်ဆေးတွေပါ။ aspirin ကို မြန်မာပြည်မှာ aspilet, ecospirin, ascot , corsprin စတဲ့ တံဆိပ်ပေါင်းစုံနဲ့ ကုမ္ပဏီပေါင်းစုံက သွင်းနေကြသလို၊ clopidogrel ကိုလည်း clopilet, clopidenk, Noklot, , pedogrel, glopedogrel စသဖြင့် brand ပေါင်းစုံ စျေးကွက်မှာတွေ့နိုင်ပါတယ်။

၂။ ဒီဆေးတွေပေးခြင်းအားဖြင့် သွေးကြောကျဉ်းတဲ့သူတွေ သွေးကြောမပိတ်အောင်ကာကွယ်နိုင်သလို၊ သွေကြောပိတ်ဖူးသူတွေ နောင်တစ်ခါထပ်မပိတ်အောင်လည်း ကာကွယ်
နိုင်တယ်။
ရှင်းရှင်းပြောရရင် နှလုံးသွေးကြောကျဉ်းရင် မပိတ်
အောင်၊ နှလုံးသွေးကြောပိတ်ဖူးရင် နောက်တစ်ခါထပ်မပိတ်အောင် ကာကွယ်တယ်။ လေဖြန်းဖူးရင် လေမဖြတ်အောင်ကာကွယ်နိုင်တယ်။ ဦးနှောက်သွေးကြောပိတ်ပြီးလေဖြတ်ဖူးရင် နောက်တစ်ခါ ထပ်ပြီးလေမဖြတ်အောင် ကာကွယ်နိုင်တယ်။ အဲ့ဒါကြောင့် ဒီဆေးတွေကို နှလုံးသွေးကြောပိတ်ဖို့၊ လေဖြတ်ဖို့ အခွင့်အလမ်းများသူတွေမှာ အရေးတကြီးကိုပေးရပါတယ်။ ဒီဆေးတွေကမှ လေဖြတ်ကာကွယ်ဆေးအစစ်တွေပါ။ ကိုယ့်သဘောနဲ့ ကိုယ်သောက်လို့တော့ မရဘူးနော်။

၃။ရောဂါအခံဘာမှမရှိတဲ့ လူကောင်းတွေ၊ သွေးကြောနဲ့ပက်သက်တဲ့ရောဂါမရှိသူတွေ၊ သွေးပျစ်ရောဂါမရှိသူတွေအနေနဲ့ လေမဖြတ်အောင် ဒီဆေးတွေ နေ့စဉ်သောက်စရာမလိုဘူးဗျ။ ဒီလိုလူတွေမှာ နဂိုကတည်းက လေဖြတ်နိုင်ချေနည်းပြီးသား၊ နှလုံးသွေးကြောပိတ်နိုင်ချေနည်းပြီးသားမို့ ဒီဆေးတွေပေးချင်းဟာ သိသာတဲ့ကောင်းကျိုးမရစေပါဘူး။ ဆေးရဲ့ဆိုးကျိုးပဲ ပိုရပါလိမ့်မယ်။ ဆေးကောင်းတယ်ဆိုပြီးဆရာဝန်မညွှန်ဘဲ ကိုယ့်ဘာသာမသောက်ရဘူးဗျ။

၄။ သွေးကျဲဆေးတွေဟာ သွေးယိုစီးမှုကို အားပေးတယ်။ အဲ့ဒါကြောင့် သွေးယိုစီးမှုအန္တရာယ်ရှိတဲ့လူတွေမှာ သတိထားပေးဖို့လိုတယ်။ အဲ့ဒါကြောင့် သက်ဆိုင်ရာဆရာဝန်တွေက ခွဲစိတ်
အမှုမလုပ်ခင်၊ သွားမနှုတ်ခင် ဒီဆေးတွေ အချိန်ကာလတစ်ခုထိ ကြိုရပ်လေ့ရှိတယ်ဗျ။ ဆေးကို ဘယ်နှစ်
ရက်နားရမယ်။ ဘယ်တော့ဆေးပြန်စရမယ်ဆိုတာကတော့ လူနာအခြေအနေပေါ်၊ ခွဲစိတ်မှုအမျိုးအစားပေါ် မူတည်ပြီးဆုံးဖြတ်ရမှာပါ။

၅။ အချို့ဆေးတွေက ခံစားနေရတဲ့ ဝေဒနာကို သက်သာအောင်ပေးတာ။ သက်သာရင် ဆေးရပ်လို့ရတယ်။ ဥပမာ- ဖျားလို့ ပါရာစီတမော သောက်တယ်။အဖျားကျရင် ရပ်လို့ရတယ်ဗျ။ တသက်လုံးမဖျားအောင် ပါရာစီတမော တသက်လုံးသောက်စရာမလိုဘူးလေ။ ဖျားမှ သောက်ဖို့လိုတယ်။

အချို့ဆေးတွေကျတော့ မိတ်ဆွေနေကောင်းအောင် ပေးတာမဟုတ်ဘူးဗျ။ ဒါပေမယ့် နောင်တစ်ချိန်ဖြစ်လာမှာသေချာသလောက်ရှိတဲ့ အခြေအနေဆိုးတစ်ရပ်၊ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ရပ်ကို ကာကွယ်ဖို့ပေးတာဖြစ်တယ်။ ရှင်းရှင်းပြောရရင် မိတ်ဆွေ ဆေးရုံအရေးပေါ်ဌာနမရောက်အောင်ပေးတာဗျာ။ ဒီဆေးတွေ သောက်နေတုန်းတော့ ထူးထူးခြားခြားနေကောင်းလာမှာ၊ ပေါ့ပါးလာမှာမဟုတ်ဘူး။ ကိုယ့်သဘောနဲ့ကိုယ် ဆေးဖြတ်မှ ဆေးရုံရောက်မှာ။ဆရာဝန်ပေးထားရင် ကိုယ့်သဘောနဲ့ ကိုယ်ဆေးမရပ်ပါနဲ့။

အားလုံးအဆင်ပြေကြပါစေ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

23/08/2025

အသည်းရောင် အသားဝါ A ပိုးတွေ ဒီရက်ပိုင်း ပြန်တွေ့နေပါတယ်။

ကြောက်အောင် ပြောတာမဟုတ်ဘူးနော်။ ဆင်ခြင်ရအောင် ပြောတာပါ

ဆောင်ရန်၊ ရှောင်ရန် လိုတိုရှင်းလေးပါ။

ဘယ်လို ကာကွယ်မလဲ- အပြင်စာ၊ ယင်နားစာ၊ မသန့်ရှင်းသော အစာရှောင်။ သန့်ရှင်းတဲ့အစားအစာစား။ အမစားခင် လက်ကို ဆပ်ပြာနဲ့ စင်
စင်ဆေး၊၊ အစာကို ယင်မနားစေနဲ့။

ဖြစ်လာရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့သေချာပြ။ လိုအပ်တဲ့ သွေးစစ်ဆီးစစ်၊ အာထရာဆောင်းရိုက်တာတွေ လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ အသည်းရောင်အသားဝါ A နဲ့ တူတဲ့အခြားရောဂါတွေ ရှိသေးလို့။ အသည်းရောင် အသားဝါ A ပိုးက အချိန်တန်ရင် ပြန်ကောင်းတယ်။ Bပိုး၊ C ပိုးလို နာတာမရှည်ဘူး။ အသည်းမခြောက် ၊ ကင်ဆာမပြောင်းဘူး။

ပထမတစ်ပတ်မှာ ဖျားတယ်။ အဖျားကြာတတ်တယ်။ အသားမဝါသေးဘူး။ ပျို့အန်တယ်။ဗိုက်အောင့်တယ်။ အဲ့ဒီပထမအပတ်က ပြဿနာ။ ရောဂါမတွေ့ဘဲ တိုင်ပတ်တဲ့ အဆင့်။ ဆရာဝန်လည်း တိုင်ပတ်။ လူနာလည်း မစားသာ။

ပျို့အန်တာ အဖြစ်များတယ်။ အဲ့ဒီတော့ ဓာတ်ဆားရည်သောက်။ အရည်များများတိုက်။

ခံတွင်းမတရားပျက်တယ်။ အဲ့ဒီတော့ အစာကို ဆေးလိုသဘောထား။ အစာစားမှ ငါအမြန်နေကောင်းမှာလို့ သဘောထား။ ခံတွင်းပျက်လို့ ချဉ်ချဉ်စပ်စပ်လေးတွေ စားလိုက်မဟဲ့ဆိုပြီးတော့ သွားမလုပ်နဲ့။ အထက်လှန်အောက်လျှောပါ ဖြစ်သွားလို့ ရှုပ်ကုန်မယ်။ ဆန်ပြုတ်ရောင်းနေရမယ်။ ပန်းကမ္ဘာထဲ ရောက်သွားမယ်။ လတ်ဆတ်တဲ့ အစားအစာတွေ၊အသားငါး၊ အသီးအနှံတွေ၊ သစ်သီးဖျော်းည်တွေ တိုက်ပါ၊ ကျွေးပါ။ နည်းနည်း နဲ့ ခဏခဏစားပါ။

အများအားဖြင့် ကျန်တဲ့ဗိုက်နာတာ၊ ပျို့အန်တာ၊ ခံတွင်းပျက်တာတွေ သက်သာလာတဲ့ အချိန်မှာမှ ဝါတာပိုသိသာလာတတ်တယ်။ ဆီးအရောင်ပိုရင့်တာ၊ ယားလာတာ လည်း ဖြစ်တတ်တယ်။ အများအားဖြင့် ကြောက်စရာမဟုတ်ဘူး။ ပြန်ကောင်းတော့မယ့် လက္ခဏာဖြစ်တယ်။ အသည်းရောင်အသားဝါ A လို့ အတည်ပြုပြီးသားရောဂါသည်
အတွက်ပဲ ဆိုလိုတာနော်။

ကာကွယ်ဆေးရှိတယ်။ ထိုးလို့ရတယ်။ စျေးတော့မသေးဘူး။ သင်္ဘောသားတွေ ထိုးကြတယ်။ ပင်လယ်ထဲမှာ ဖြစ်ရင် မချောင်ဘူးလေ။ ကာကွယ်ဆေးမထိုးနိုင်ရင်တောင် အပေါ်ကဟာတွေ လိုက်နာရင်မဆိုးပါဘူး။

အားလုံးအဆင်ပြေကြပါစေ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

21/08/2025

ကြည့်သောသူ မြင်၏။

မှတ်ချက်- ဆေးပညာလောကသားများအတွက် experience sharing post ဖြစ်ပါသည်။

တစ်ခါ လူနာက အသက် ၂၇ နှစ်၊ မိန်းကလေးပါ။အိမ်ထောင်ရှိပါတယ်။ ကျွန်တော့်ဆီကို ဘယ်ဘက်
ခါးကိုက်လို့ လာပြတာပါ။ Flank pain ပေါ့။ ကိုက်တာက တဆစ်ဆစ်နဲ့ ကိုက်တယ်။ တင်းတင်းကြီးနာတယ်ပေါ့။ နာလိုက် ပျောက်လိုက်ပါ။ ဆီးကျဉ်တာ ပူတာတော့ မရှိပါဘူး။ ပျို့တာ အန်တာမရှိပါဘူး။ လူနာက menstruation ဖြစ်နေတာပါ။ amount နဲ့ duration ကလည်း said to be normal ပါ။ Dysmenorrhea လည်း မရှ်ပါဘူး။ ကျွန်တော်စမ်းကြည့်တော့
Temperature- Normal
BP, pulse rate-Normal
Abdomen- soft
No swelling, no tenderness
Renal angle tenderness-? Positive
Provisional diagnosis က UTI or urolithiasis ပေါ့။
ဆီးပိုးဝင်လား၊ကျောက်တည်လားပေါ့။ အဲ့ဒါနဲ့ လူနာကို urine RE စစ်၊ Ultrasound ရိုက်ခိုင်းလိုက်ပါတယ်။
Urine RE မှာ
- RBC +++
-protein negative
-Nitrite negative
-WBC negative ပါ။
RBC တွေပါတယ်။ nitrite နဲ့ WBC မပါဘူးဆိုတော့ stone နဲ့ ပိုတူတယ်ပေါ့။ ultrasound အဖြေစောင့်မယ်ပေါ့။
Ultrasound ရတော့ ကြည့်လိုက်တော့ NAD တဲ့။ ဘာ ကျောက်မှ မရှိပါဘူး။ ဒါဆို ဒီ urine RE ထဲက RBCက ဘယ်ကပါလာပါလိမ့်ပေါ့။ တစ်ခါတလေ stone က ultrasound မှာမပေါ်ဘဲ CT KUB မှာ ပေါ်တာရှိတတ်ပါတယ်။ အဲ့ဒါနဲ့ လူနာကို counseling ဝင်တော့ လူနာက လုပ်မယ်ဆိုပြီး CT KUB ရိုက်ပါတယ်။ အဲ့ဒီမှာလည်း No stone ပါပဲ။ လူနာက pain တော့ သက်သာပေမယ့် အရှင်းမပျောက်ပါဘူး။ ကျွန်တော်လည်း လူနာငွေကုန်ပြီး diagnosis မရတော့ အားလည်းနာ၊ စိတ်လည်းညစ်သွားပါတယ်။ အဲ့ဒါနဲ့ ငါတစ်ခုခုများ လိုသွားလားမသိဘူးဆိုပြီး ပြန်စမ်းပါတယ်။ ပထမဆုံးတစ်ခါစမ်းတုန်းက လူနာကို Flank ကို သေချာမကြည့်မိပါဘူး။ Renal angle tenderness တော့ စမ်းခဲ့ပေမယ့် Exposure သေချာမလုပ်၊ Inspection သေချာမကြည့်မိပါဘူး။အင်္ကျီက စမ်းလိုက်တာပါ။ ဒီတစ်ခါတော့ သူ့ကို ခွင့်တောင်းပြီး အင်္ကျီFlank ကို ရှေ့ရော၊ နောက်ပါ လှန်ပြီး ရှေ့ရောနောက်ရော သေချာကြည့်မိပါတယ်။ ကြည့်လည်းကြည့်မိရော Diagnosis တန်းရတော့တာပါပဲ။ လူနာရဲ့ကျောဘက်မှာ vesicular rash လေးတွေ စပေါ်နေပါပြီ။ ဆရာဝန်တွေကို မျက်စိလည်အောင် လှည့်စားနေကြ Herpes zoster infection ပါ။ အမှန်က လူနာက neuropathic pain ရနေတာပါ။ ကျွန်တော်က renal colic ထင်နေတော့ လမ်းတွေလွဲနေတာပေါ့။ Renal angle tenderness ကလည်း သူ့ဘာသာ hyperasthesia ရနေတာကို ကျွန်တော်သွားထုတော့ ပိုနာသွားတာဖြစ်မှာပါ။RBC တွေ ဆီးထဲပါတာလည်း menstrual blood နဲ့ contamination ဖြစ်တာပါ။ Diagnosis သိတော့ treatment ကလည်း လွယ်လွယ်လေးပေါ့။

နောက်တစ်ယောက်ကတော့ အသက် ၁၉ နှစ်အရွယ် မိန်းကလေးပါ။ Allergic ထလို့ဆိုပြီး လာပြတာပါ။ ဖြစ်တာ ၄/၅ ရက်လောက်ရှိပါပြီ။ တော်တော်ယားတယ်လို့ ပြောပါတယ်။ သနပ်ခါးတွေတော့ လိမ်းထားတာ မှုန်နေတာပါပဲ။ သေချာမေးကြည့်တော့ သူယားတာ မျက်နှာပဲ ယားတာပါ။ ကျန်တဲ့နေရာတွေ မယားပါဘူး။ ရောဂါအခံလဲ ဘာမှမရှိပါဘူး။ အဲ့ဒါနဲ့ သူ့ကို သနပ်ခါးအရင်ဖျက်ခိုင်းရပါတယ်။ သနပ်ခါးလည်းဖျက်ရော ရောဂါလည်း ပေါ်ရောပါပဲ။ အမှန်က လူနာက Ring worm infection ဖြစ်နေတာပါ။ မြန်မာလိုဆို ပွေးပေါက်နေတာပေါ့။ Allergic ပဲဆိုပြီး သနပ်ခါးမဖျက်ဘဲ သွားကုမိရင် ခါးတောင်းကျိုက်တစ်ခြား၊ ဖင်တစ်ခြား ဖြစ်နေဦးမှာပါ။

နောက်တစ်ယောက်က အသက် ၆၀ အမျိုးသမီးကြီးပါ။ ကျွန်တော်နဲ့ ပုံမှန်ပြနေကျ။ Poorly controlled DM and Hypertension with Dietary indiscretion ပါ။ ကျွန်တော့်ကို တော်တော်ချစ်ခင်ပေမယ့် ချိန်းရင် တော့ ပြန်မလာတ်တဲ့လူနာပေါ့။( အချို့က ကိုယ့်ကိုချစ်ခင်တယ်။ မြို့နယ်ခြားသွားရင်တောင် ဘာဖြစ်ဖြစ် ကိုယ့်ဆီ သတိတရနဲ့ ပြေးလာတယ်။ တစ်မျိုးလုံးလည်း ကိုယ့်ဆီခေါ်လာတယ်။ ရက်ချိန်းတော့ ပြန်မခေါ်နဲ့။ မလာဘူးဆိုတဲ့ လူနာတွေ သပ်သပ်ကိုရှိပါတယ်။😁) ဒီတစ်ခါက တစ်ကိုယ်လုံးယားပြီး ရောက်လာတာပါ။ လူနာကို စမ်းကြည့်တော့ BP-190/100, RBS 200 ကျော်။ အဲ့ဒီတော့ ကျွန်တော်စိတ်ပူတာက ကျောက်ကပ်ပျက်ပြီး Uremia နဲ့ pruritus ရမှာကိုပါ။ အဲ့ဒါနဲ့ လူနာကို creatinine စစ်။ ယားတာကို antihistamine ပေးပြီး ပြန်ချိန်းလိုက်ပါတယ်။ အဖြေထွက်လာတော့ creatinine က Normal ပါ။ လူနာက အယားလုံးဝ မသက်သာပါဘူး။ အဲ့ကျမှ အင်္ကျီလှန်ပြီး သေချာကြည့်တော့မှ scabies papule တွေ တွေ့ပါလေရော။ အဲ့ဒါနဲ့ permethrin ပေး။ တစ်ပတ်နေတော့ ပြန်ချိန်းပေါ့။
တစ်ပတ်နေတော့ လူနာကပြန်လာပြပါတယ်။ ယားသေးတယ် ဆရာတဲ့။ သေချာမေးကြည့်တော့ ကိုယ်ထည်တွေ၊ ကျောတွေ၊ လည်ပင်းတွေက မယားတော့ဘူး။ပေါင်ခြံတွေနဲ့ တင်ပါးတွေက တော်တော်ယားသေးတယ်တဲ့။ အဲ့နေရာတွေ ဆေးမလိမ်းဘူးလားဆိုတော့ လိမ်းတယ်ဆရာတဲ့။ အဲ့ဒါနဲ့ မသင်္ကာလို့ လူနာကို ချော့မော့ ခွင့်တောင်းပြီး လုံချည်ကို လှန်ကြည့်တော့မှ Ring worm တွေ အပြည့်။ အဲ့ဒ့နဲ့ Ring worm ကို treatment ပေးလိုက်မှ လူနာအရှင်းပျောက်သွားပါတော့တယ်။

နောက်ဆုံးတစ်ယောက်ကတော့ အသက် ၇၀ အမျိုးသမီးကြီးပါ။ ကျွန်တော့်ဆီမှာ ဆီးချိုရောဂါကို ပြနေကျပါ။ ဘိုတာတွေ စစ်၊ ဆေးညှိနဲ့ တောက်လျှောက်အဆင်ပြေနေပါတယ်။ တစ်နေ့မှာ မောလို့ဆိုပြီး ဆေးခန်းလာပြပါတယ်။ စမ်းကြည့်တော့ Heart and lungs ကောင်း၊ ECG ကောင်း၊ Lung sign လည်း မရှိ၊ oxygen လည်း ကောင်းနေတော့ ကျွန်တော်လည်း သိပ်မစိုးရိမ်မိပါဘူး။ ၃/၄ ရက်ခြားပြီး နောက်တစ်ကြိမ်ကျွန်တော့်ဆီလာပြတာ နှစ်ခါလုံး ဒီတိုင်းပါပဲ။ နောက် ၃ ရက်လောက်နေတော့ သူ့အိမ်က ကျွန်တော့်ကို အရေးပေါ်အိမ်ပင့်ခေါ်ပါတယ်။ သွားကြည့်တော့ အသက်မရှိတော့ပါဘူး။ ကျွန်တော်လည်း Death Certify လုပ်ဖို့ ECG ဆွဲပါတယ်။ အဲ့ဒီတော့မှ လူနာရဲ့ ဘယ်ဘက်ရင်သားမှာ ရှောက်သီးတစ်လုံးနီးပါး ရှိတဲ့ အကျိတ်ကြီးတစ်လုံးသွားတွေ့တာပါပဲ။ solid mass, hard in consistency, fixed to the underlying chest wall ဆိုတော့ သေချာပေါက် CA breast ပါပဲ။ ကျွန်တော့်အကျင့်တစ်ခုက လူနာအမျိုးသမီးတွေ ECG ဆွဲရင် Nurse ညီမလေး ကိုဆွဲခိုင်းပြီး ကျွန်တော်က ရှောင်​
ပေးလေ့ရှိပါတယ်။ အဲ့ဒါကြောင့် ဒီလူနာကို ကျွန်တော် ECG အနည်းဆုံး ၃ ခါလောက်ဆွဲဖူးပေမယ့် ဒီ Breast tumor ကို ရှိမှန်းမသိခဲ့တာပါ။ လူနာကလည်း breast နဲ့ ပက်သက်ပြီး တစ်ခါမှ complaint မလုပ်ဖူးတာလည်း ပါပါတယ်။ သူမောတာက ဒီ Breast tumor နဲ့ ဆိုင်ချင်လည်းဆိုင်မယ်၊ ဆိုင်ချင်မှလည်း ဆိုင်မှာပါ။ ဆိုင်မယ်လို့တော့ ထင်ပါတယ်။ ကျွန်တော်သာ ဒါကို စောသိရင် သူ့အတွက် တစ်ခုခု လုပ်ပေးကောင်းလုပ်ပေးနိုင်ခဲ့မှာပါ။ ခုထိ စိတ်မကောင်းဖြစ်မိတုန်း၊ နောင်တရမိတုန်းပါ။ ကျွန်တော့်ကို သင်ခန်းစာတွေ ပေးသွားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။

ဒီ scenarios လေးတွေမှာ ကျွန်တော် ပြောပြချင်၊ မျှဝေချင်တာလေးတွေက

၁။ Inspection အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ 3rd MB တုန်းက အင်းစိန်ဆေးရုံကြီး medical ward မှာ Physician ဆရာကြီး ဦးမောင်မောင်စိန်ဆိုတာ ရှိပါတယ်။ အရမ်း strict ဖြစ်၊ မ်း smart ဖြစ်တဲ့ ဆရာကြီးပါ။ ဆရာကြီးနဲ့ medicine bedside သင်တော့ ကျွန်တော်တို့ 3rd MB ကျောင်းသားတွေ ဆူခံထိတာလေးကို အမှတ်တရပြောပြချင်ပါတယ်။CVS examination သင်တုန်းက ထင်ပါတယ်။ဆရာက ကျောင်းသားတစ်ယောက်ကို “မင်းဒီလူနာကို စမ်းပြစမ်း” ဆိုပြီးခိုင်းတော့ အနှီကျောင်းသားကလည်း နားကြပ်လေးနဲ့ ရင်ဘတ်ကို ထောက်မယ့်ဟန်ပြင်တာပေါ့။ အဲ့ဒီမှာ သကောင့်သား နားကြပ် လူနာရင်ဘတ်ပေါ်တောင် မရောက်သေးဘူး။ ဆရာက လွှတ်ပါလေရော။ ရမ်းကုတွေမှ လူနာမြင်တာနဲ့ နားကြပ်နဲ့ တန်းထောက်တာ။ ကျွမ်းကျင်တဲ့ဆရာဝန်က Inspection နဲ့ စရမယ်ဆိုပြီး ဆူလည်းဆူ၊ သင်လည်းသင်ပေးပါတယ်။ တကယ်လည်း ဆရာပြောတာအရမ်းမှန်တယ်ဆိုတာ ကြာလေသိလေပါပဲ။ Inspection နဲ့တင် diagnosis ထွက်တာတွေ ရှိသလို၊ Inspection သေချာမလုပ်မိရင် အရေးကြီးတဲ့ အချက်တွေ လွတ်တတ်ပါတယ်။

၂။ Exposure အရေးကြီးပါတယ်။ မျက်နှာဆို လိုအပ်ရင် သနပ်ခါးဖျက်ဖို့၊ အပြားမှာ လိမ်းဆေးတွေ လိမ်းထားရင် ဖျက်ဖို့၊ လိုအပ်ရင် လူနာကို ခွင့်တောင်းပြီး အဝတ်အစားတွေ လှန်ကြည့်ဖို့ ၊ scalp problem ဆို ဆံပင်ကို လှန်ကြည့်၊ ဖြဲကြည့်ဖို့ လိုပါတယ်။ ဒီနေရာမှာ ကြုံတုန်းလေး ကျွန်တော်တို့ ဆေးကျောင်းသားဘဝက ကြားဖူးတဲ့ဖြစ်ရပ်မှန်တစ်ခုကို ဖောက်သည်ချချင်ပါတယ်။ ကျွန်တော်တို့ 3rd MB တုန်းက စံပြဆေးရုံကြီးမှာ Paediatric Surgeon ဆရာကြီးဦးအောင်မရ( Professor Dr Aung Mra) ဆိုတာရှိပါတယ်။ ဆရာကြီးက အရမ်း smart ဖြစ်၊ အရမ်း တိကျ၊ အရမ်းလည်းစည်းကမ်းကြီးပါတယ်။ စာမေးပွဲလည်း အချကြမ်းတယ်လို့ ကြားပါတယ်။ 3rd MB bedside မှာ abdominal examination သင်တော့ ဆရာကြီးက exposureကို mid thigh ထိ ဖော်ခိုင်းပါသတဲ့။ ( အခြားဆရာတွေက ASIS ထိပဲ ဖော်ခိုင်းပါတယ်) အဲ့ဒါနဲ့ Surgery posting ပြီးတော့ Bedside exam
စစ်တော့ ဆရာကြီးနဲ့ ဖြေရတဲ့ ကျောင်းသား ၇ ယောက်မှာ ၆ ယောက် ကျပါသတဲ့။ Diagnosis ရကို မရကြတာပါ။ နောက်ဆုံးတစ်ယောက်က ဆရာကြီးသင်သလို exposure ကို mid thigh ထိ ဖော်လိုက်တာနဲ့ diagnosis တန်းရပြီး အောင်သွားပါတယ်။ Diagnosis က hypospadias ပါ။ ကလေးလူနာပါ။ ဒါကတော့ ကြုံတုန်းလေး ဖောက်သည်ချတာပါ။

၃။ local examination အလွန်
အရေးကြီးပါတယ်။ လည်ချောင်းနာရင် အာခေါင်ကို မီးထိုးကြည့်၊ ခါးကိုက်ရင် ခါးကို သေချာကြည့်၊ ခေါင်းကိုက်ရင် ခေါင်းကိုသေချာကြည့်၊မျက်စိနဲ့ ကြည့်၊ လက်နဲ့စမ်း သေချာလုပ်ဖို့လိုပါတယ်။ အရေပြားကစပြီး ကြည့်ဖို့လိုပါတယ်။ ပြီးမှ အတွင်းအင်္ဂါကို စဉ်းစားပါ။ အချို့လူနာတွေ ခေါင်းတစ်ပတ်လောက်ကိုက်၊ ဘာဆေးသောက်
သောက်မပျောက်၊ ကိုယ့်ဆီရောက်လို့ scalp ကို သေချာကြည့်တော့မှ hair line နားမှာ rash လေးစတွေ့ပြီး Herpes zoster ဆိုပြီး diagnosis ထွက်တာတွေရှိပါတယ်။
ယားပြီးလာတဲ့ လူနာဆိုရင်လည်း skin lesion ကို သေချာ ကြည့်၊ သေချာ identify လုပ်ဖို့လိုပါတယ်။တစ်ခါတလေ ခေါင်းမှာ Tinea capitis ၊ trunk မှာ scabies၊ ခြေထောက်မှာ Eczema ဆိုပြီး Diagnosis က သုံးနေရာ သုံးမျိုးထွက်တာ ရှိပါတယ်။ အဲ့ကျရင် treatment ကလည်း သုံးမျိုးပေးရပါတယ်။
တစ်ခါတလေ လူနာက p***s မှာ အဖုတွေပေါက်လို့ syphillis လား၊ genita warts လားဆိုပြီး လာပြတာ လှန်ကြည့်တော့မှ scabies nodules တွေ ဖြစ်နေတာ၊ လူနာက syphillis မှတ်လို့လာပြ ကိုယ်ကြည့်တော့မှ ge***al herpes ဖြစ်နေတာ စတာတွေ ကြုံရတတ်ပါတယ်။ အဲ့ဒီလို အခြေအနေတွေမှာ private area ကို မလှန်ကြည့်ဘဲနဲ့ ဘယ်လိုမှ diagnosis အမှန် မထွက်နိုင်ပါဘူး။ အဲ့ဒီမှာလည်း ကြုံရတဲ့အခက်အခဲတစ်ခုရှိပါသေးတယ်။ ဆရာဝန်နဲ့ လူနာက ယောက်ျားလေးချင်း၊ မိန်းကလေးချင်းဆို ပြဿနာမရှိပေမယ့် ယောက်ျားနဲ့ မိန်းကလေးဆို ဂွကျတော့တာပါပဲ။ အဲ့ကျရင်လည်း ရှေ့မျက်နှာနောက်ထား၊ လူနာကို လိုအပ်ကြောင်းရှင်းပြ၊ ယဉ်ယဉ်ကျေးကျေး ခွင့်ပန်၊third person ခေါ်ပြီး စမ်းရင် အဆင်ပြေသွားတာပါပဲ။

အားလုံးအဆင်ပြေကြပါစေ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

15/08/2025

“သုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူ”

မှတ်ချက်- ဆေးပညာလောကသားများအတွက် experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါက မိန်းကလေးတစ်ယောက်၊ အသက် ၃၀ စွန်းစွန်းပဲရှိပါဦးမယ်။ ရုပ်လေးကလည်း ချောချောလေးပါ။
ကျွန်တော့်ဆီမှာ သုံးလခံဆေး အမြဲထိုးနေကြပါ။ကျန်းမာရေးနဲ့ပက်သက်ပြီး တစ်ခါမှတော့ ကျွန်တော်နဲ့တိုင်ပင်ဆွေးနွေးတာ မလုပ်ဖူးပါဘူး။

တစ်ခါတော့ ကျွန်တော့်ကို နုန်းလို့ဆိုပြီး လာပြပါတယ်။ သေချာမေးကြည့်တော့ နုန်းတယ်။ အားမရှိဘူး။ ခေါင်းမကြည်ဘူး ။ ဖြစ်နေတာ ၂ပတ်လောက်ရှ်ပြီ လို့ဆိုပါတယ်။ အဓိက ပြဿနာက fatigue ပေါ့။ ထပ်မေးကြည့်တော့ ရင်ခေါင်းတောင့်တယ်။။အစာမကြေဘူး။ ခြေလက်တွေ မသယ်ချင်ဘူး။အထိုင်အထမူးတယ်ဆိုပြီး ထပ်ထွက်လာပြန်ပါတယ်။ Physical examination ကတော့ ဘာမှထူးထူးခြားခြား မတွေ့ရပါဘူး။ Drug history မှာ ပုံမှန်သောက်နေတဲ့ဆေးရှိလားလို့မေးတဲ့အခါမှာ လွန်ခဲ့တဲ့ ၂ပတ်လောက်အထိ အားဆေးတစ်ခုစွဲသောက်ခဲ့တယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း စိတ်ဝင်စားသွားလို့ ဆေးနာမည်သေချာမေးကြည့်တော့ သူ မပြောနိုင်ပါဘူး။ ထမင်းစားမကောင်းလို့ ဆေးဆိုင်ကို စပ်ခိုင်းပြီး သောက်တာလို့ ပြောပါတယ်။ တစ်ကြိမ်သောက်ရင် ၂ လုံးသောက်ရပါတယ်။။တစ်နေ့ ၁ ကြိမ်သောက်ပါတယ်တဲ့။ ဒီဆေးတွေ သောက်တာ သိသိသာသာကို ထမင်းစားကောင်းပါသတဲ့။ သောက်တာ ၂နှစ်လောက်ရှိနေပြီလို့ ပြောပါတယ်။အဲ့ဆေးကို ရပ်လိုက်တာ ၂ ပတ်သာသာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ ဆေးရပ်လိုက်ပြီးမှ သိသိသာသာနုန်းလာတာလား ဆိုတော့ ဟုတ်ပါတယ်တဲ့။
အဲ့ဒါဆို သံသယဝင်စရာက ဒီဆေးပဲရှိပါတော့တယ်။ ဆေးကဒ်လည်း မပြနိုင်။ ဆေးအပြည်ပဲ ပေးတယ်ဆိုတော့ steroid တစ်ခုခုပါဖို့ များပါတယ်။ Prednisolone နဲ့စာရင် စျေးပိုသက်သာတဲ့ dexa ဖြစ်ဖို့များပါတယ်။
အဲ့ဒါနဲ့ အဲ့ဒီညီမလေးကို သေချာရှင်းပြပြီး အဲ့ဒီဆေးဆိုင်ကို ဆေးတွေ နာမည်ပြန်မေးခိုင်းလိုက်ပါတယ်။ နောက်နေ့ အဲ့ဒီညီမလေးပြန်လာပြီး ဆေးဗူးတွေ ဓာတ်ပုံရိုက်လာတာကို ပြပါတယ်။ ဆေးနှစ်မျိုးမှာ တစ်မျိုးက cypro ၊ တစ်မျိုးက dexamethasone 0.5mg ပါ။ ဒါဆို အဖြေပေါ်ပါပြီ။ Adrenal suppression due to long term steroid abuse ပါ။ သေချာအောင် serum morning cortisol စစ်ကြည့်တော့ တော်တော်ကျနေပါတယ်။ အဲ့ဒါနဲ့ Prednisolone 7.5mg od နဲ့ ပြန်စ။ တဖြည်းဖြည်းချင်း လျှော့ပေးပြီး tapering လုပ်တာ နောက်ဆုံး ပြန်ကောင်းသွားပါတယ်။

တစ်ခါကတော့ ညီမလေးတစ်ယောက် ပျို့၊ အန်နေတာ မသက်သာလို့ လာပြပါတယ်။ သေချာကြည့်တော့ လူနာက မျက်စိတွေ ဝါနေပါတယ်။ သွေးတွေစစ်တော့ LFT တွေတက်၊ USG မှာ hepatitis ထွက်၊ Hepatitis serology က negative ပါ။ Drug history သေချာမေးကြည့်တော့ လိုင်းပေါ်မှာ ကြေငြာတဲ့ အသားဖြူဆေးဆိုတာ သောက်မိတယ်။ အဲ့ဒါသောက်ပြီး ဖြစ်လာတာပဲလို့ ဆိုပါတယ်။ ဒါဆို Drug induced hepatitis ပေါ့။ အဲ့ဒါနဲ့ supportive treatment ပေး၊ causative drug ကို ရပ်ပြီး ကုသလိုက်တော့ ကောင်းသွားပါတယ်။

တစ်ခါကတော့ လူနာ အမျိုးသမီး အသက် ၄၀ လောက်။ သိသိသာသာ ငိုယ်အလေးချိန်တက်လာလို့ လာပြတာပါ။ သေချာမေးကြည့်တော့ လူနာက
ရင်ခဏခဏတုန်လို့ နှလုံးအထူးကုနဲ့ ပြနေတယ်လို့ ဆိုပါတယ်။ ဆေးမှတ်တမ်းတွေ ပါလာတာနဲ့ သေချာကြည့်တော့ လူနာမှာ နှလုံးရောဂါတစ်ကယ်ရှိနေတာ မဟုတ်ပါဘူး။ Anxiety neurosis ကြောင့် ရင်တုန်တာပါ။ နှလုံးအထူးကုကိုယ်တိုင်ကလည်း အဲ့ဒီလိုပဲ ယူဆပြီး ကုသမှုပေးထားပါတယ်။ လူနာရဲ့ ရုပ်ရည်ပုံပန်းကတော့ weight gain နဲ့ တွဲတတ်တဲ့ Endocrine disease တွေ ( ဥပမာ- Hypothyroidism, Cushing disease ) စတဲ့ လက္ခဏာမျိုး မတွေ့ပါဘူး။ ကျွန်တော်လည်းဆေးတွေထဲမှာ weight gain ရစေနိုင်တဲ့ဆေးပါမပါ စစ်ကြည့်တဲ့အခါ လူနာ Olanzapine သောက်နေတာ သွားတွေ့ပါတယ်။ အဲ့ဒါနဲ့ လူနာ ဘာ indication ရှိလို့ သောက်နေတာလဲဆိုတာ ထပ်ပြီး စပ်စုကြည့်တော့ အိပ်မပျော်ဘူးဆိုလို့ ပေးထားတာပါတဲ့။ ဒီဆေးသောက်ပြီးမှ သိသိသာသာဝလာတာလား၊ မသောက်ခင်ကတည်းက ဝနေတာလားဆိုတော့ သောက်ပြီးမှ သိသိသာသာ ဝလာတာတဲ့။ ကျွန်တော်လည်း olanzapine ကို ကိုယ့်သဘောနဲ့ကိုယ်တော့ စွတ်မရပ်ရဲပါဘူး။ Psychosis ရှိလို့ ပြန်ကြွရင် ကိုယ်လည်း မကုတတ်ဘူးရယ်။ အဲ့ဒါနဲ့ စိတ်ရောဂါအထူးကုနဲ့ ပြထားတဲ့၊ ဆွေးနွေးထားတဲ့ မှတ်တမ်းရှိမရှိမေးကြည့်တော့ တစ်ခါမှ မပြဖူးပါဘူးတဲ့။ cardiologist ရဲ့ record မှာလည်း အိပ်မပျော်လို့ ပေးထားတဲ့ ပုံစံပဲရေးထားပါတယ်။ Hallucinations တွေ ဘာတွေလည်း တစ်ခါမှမဖြစ်ဖူးဘူးဆိုတာ သေချာတော့မှ လူနာကို Olanzapine ကြောင့် ဝတာဖြစ်နိုင်ကြောင်းရှင်းပြ၊ သေချာအောင် Thyroid function ပါစစ်၊ Thyroid လည်း အကုန်ကောင်းနေတာနဲ့ လူနာကို ဆေးရပ်ခိုင်း၊ Diet and exercise သေချာလမ်းညွှန်ပြီးပြန်လွှတ်လိုက်ရပါတယ်။

တစ်ခါလည်း အသက် ၅၀.လောက် အမျိုးသားလူနာ ဆေးခန်းထဲကို လူနှစ်ယောက်တွဲပြီး ဝင်လာပါတယ်။တကိုယ်လုံး တုန်တုန်ယင်ယင်နဲ့ပါ။ ကျွန်တော်လည်း တစ်ခါမှ မကြုံဖူးတော့ ရုတ်တရက် ဘာမှန်းမသိဘူးပေါ့။ လူနာမှာ ဆေးမှတ်တမ်းတွေလည်း ပါလာပါတယ်။ လူနာက ရောဂါအခံဘာမှမရှိပါဘူး။ လွန်ခဲ့တဲ့ ၂ပတ်လောက်ကစပြီး ချောင်းတွေဆိုုးလို့ ဆေးခန်:၂ခု၊၃ ခု လိုက်ပြထားတယ်။ ကျွန်တော့်ဆီ မလာခင်
နောက်ဆုံးပြခဲ့တာက Physician ဆရာကြီးပါ။ ဆရာကြီးနဲ့ပြခဲ့တဲ့မှတ်တမ်းလည်းပါပါတယ်။ ဓာတ်မှန်ရိုက်၊ သွေးစစ်၊ သလိပ်စစ်ထားတဲ့အဖြေတွေလည်း ကောင်းပါတယ်။ ဆရာကြီးက လူနာကို acute bronchitis ပုံစံ ကုထားတာပါ။ ကျွန်တော်လည်း ဆေးတွေသေချာကြည့်တော့ ဆေးတွေထဲမှာ Acebrophylline ( Ambroxol plus theophylline) ဆိုတာ ပါနေတာ သတိပြုမိပါတယ်။ ကျန်တာကတော့ သိပ်မထူးခြားပါဘူး။ လူနာက အရက်လုံးဝမသောက်သလို၊ Drug abuse လည်း မရှိပါဘူး။ cerebellar sign တွေ ဘာတွေလည်း မရှိပါဘူး။ အဲ့ဒါနဲ့ Acebrophylline ကြောင့် ဖြစ်ဖို့များတယ်လို့ပဲ ယူဆပြီး Acebrophylline ရပ်၊ sedative ပေး၊ supportive treatment ပေးပြီးစောင့်ကြည့်တာ ၂ရက်လောက်နေတော့ သိသိသာသာသက်သာလာပြီး၊ ၅ရက်မြောက်နေ့မှာ အရှင်းကောင်းသွားပါတယ်။ စာပြန်ဖတ်ကြည့်တော့ ကြုံတောင့်ကြုံခဲဆိုပေမယ့် Theophylline ကလည်း အခန့်မသင့်ရင် tremor ရတတ်ပါတယ်တဲ့။ တစ်ခါလည်း မိန်းကလေးတစ်ယောက် လက်တွေတုန်ပြီးရောက်လာတယ်။သေချာမေးကြည့်တော့ မနက်က ချောင်းဆိုးလို့ ဆေးခန်းပြ၊ ဆေးသောက်ပြီးမှ တုန်လာတာတဲ့။ ဆေးကြည့်ချင်လို့ ပြပါဆိုတော့ Ascoril ပုလင်း။ ဘယ်လိုသောက်လဲဆိုတော့ 10ml tds ။ အမှန်ဆရာဝန်က 5 ml ညွှန်ထားတာပါ။ လူနာက အမှတ်မှားပြီး 10 ml သောက်တော့ tremor တွေ ရပြီး ရောက်လာတာပေါ့။ Ascoril မှာ salbutamol ပါလို့ salbutamol ကြောင့် tremor ရတာပါ။ အဲ့ဒါနဲ့ လူနာကို သေချာရှင်းပြပြီး ပြန်လွှတ်လိုက်ရပါတယ်။

ဒီနေရာမှာ ကျွန်တော်ဆွေးနွေးချင်တာလေးတွေရှိပါတယ်။၎င်း

(၁) MRCP အတွက် prepare လုပ်တုန်းက ဆရာတွေ ပြောခဲ့တဲ့ စကားတစ်ခုရှိပါတယ်။ History of present illness မေးပြီးလို့ သဲလွန်စ မရရင် Drug history, Family history, personal history မှာ အဖြေရှိတတ်တယ်တဲ့။
အဲ့ဒါကြောင့် ဆေးကုရင်
၁။ လူနာ ပုံမှန် ဘာဆေးတွေသောက်နေလဲ။( Any regular taking drug?)
၂။ လတ်တလော ဘာဆေးသောက်နေလဲ။( currently taking drugs?)
၃။ သောက်နေကျဆေးတစ်ခုခုကို လတ်တလောရပ်လိုက်တာ ရှိလား။ ( Benzodiazepines withdrawal, opioid withdrawal, steroid withdrawal)
၄။ဆေးမတည့်တာ ရှိလား။ ( Drug allergy?)
၅။ တိုင်းရင်းဆေးတွေရော သောက်နေလား ။
အဲ့ဒါတွေ သေချာမေးဖို့လိုပါတယ်။ တစ်ခါတလေ ကိုယ်လိုချင်တဲ့အဖြေက drug history မှာ လာတွေ့တတ်ပါတယ်။ ဥပမာ- လူတစ်ယောက် လည်ချောင်းနာတာ ရေးကြီးခွင်ကျယ် မဟုတ်ပေမယ့် carbimazole လောလောလတ်လတ်စထားတဲ့ လူနာ ၊ DMARDs တွေ ပေးထားတဲ့ လူနာ လည်ချောင်းနာရင် agranulocytosis များဖြစ်နေလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ လူတစ်ယောက် nausea and vomiting ရတာ ကြောက်စရာမဟုတ်ဘူးဆိုပေမယ့်၊ အဲ့ဒီလူက Digoxin သောက်နေရတဲ့လူနာဆိုရင်တော့ အရေးကြီးသွားပါပြီ။ Digoxin toxicity များဖြစ်နေမလားဆိုတာ သတိထားရတော့မှာပါ။ Drug history အလွန်အရေးကြီးပါတယ်။

(၂) စပ်ဆေးအန္တရာယ်ကလည်း ဒီနိုင်ငံမှာ တော်တော်ရှင်းရခက်တဲ့ ပြဿနာပါပဲ။ လူတွေ ကျပ်တည်းလာတာလည်းပါသလို၊ ကျန်းမာရေးဗဟုသုတ အားနည်းတာလည်း ပါပါတယ်။ စနစ်ကိုက မကောင်းတာလည်း ပါတယ်။ ပိုက်ဆံမရှိတဲ့လူကလည်း စပ်ဆေးသောက်သလို၊ ပိုက်ဆံရှိတဲ့သူကလည်း စပ်ဆေးသောက်ကျတာ ရင်လေးစရာပါ။ ” ဆေးခန်းလာတာ ဆေးထိုးချင်လို့ပေါ့။သောက်ဆေးက ကိုယ့်ဘာသာဝယ်သောက်လည်း ရတယ်” ဆိုပြီး အချို့လူနာတွေ ပြောတာ ဆရာဝန်မိတ်ဆွေတို့ ကြားဖူးကြပါလိမ့်မယ်။ သနားလည်း သနား၊ ဘာပြောရမှန်းလည်း မသိသော အချိန်များပါပဲ။

(၃)steroid abuse ပြဿနာ ကလည်း ပေါ့သေးသေးမဟုတ်ပါဘူး။ လူနာက သူ့ဘာသူ abuse လုပ်နေတာ ရှိသလို၊ ဆရာဝန်က abuse လုပ်တာလည်း ရှိပါတယ်။ asthma ကို silvkort ထိုးပြီး ကုနေတာ၊ RA ကို ဘာ DMARDS မှ မပေးဘဲ silvkort ပဲ မှိန်းထိုးပြီး follow up ခေါ်နေတာ စတာတွေက မမြင်ချင်မှ အဆုံးပါ။ အင်္ဂလိပ်ဆေးမဟုတ်တဲ့ တိုင်းရင်းဆေးတွေ အထူးသဖြင့် လေးဖက်နာဆေး၊ ကျီးပေါင်းဆေး အမည်ခံတွေမှာလည်း steroid တွေ ကျိတ်ထည့်ထားတာတွေ မနည်းမနောပါ။ လူနာက “ ဆရာ့ဆေးနဲ့ မသက်သာလို့။ ဗမာဆေးလေးသောက်တာ လုံးဝကောင်းနေတယ်။” ဆိုပြီးတော့ ပြော၊ ကိုယ်ကလည်း “ အဲ့ဒါဆို ဘာဆေးမှ သောက်စရာမလိုတော့ဘူးပေါ့နော်” ဆိုပြီး တောက်ကြည့်လိုက်တော့မှ “ ဆေးဖြတ်လို့တော့ မရဘူးဆရာ။ ဖြတ်တာနဲ့ ပြန်နာတယ်”တဲ့။ ဒါဆို တကယ်ပျောက်တာမှ မဟုတ်တာ။ သူ့ပုံကြည့်တော့ လူက ၂ ဆလောက်ဝနေ၊ ဂုတ်ပိုးတွေ တက်၊ မျက်နှာက ဖောင်းအစ်၊ လက်တွေမှာ သွေးခြေတွေဥ၊ ဗိုက်ကြောတွေ ပြတ်နဲ့ Cushing Syndrome ရုပ်ထွက်နေလို့ သေချာဆွေးနွေးပြီး နည်းမှန်လမ်းမှန်ကုသမှု ယူခိုင်းလိုက်ရပါတယ်။ အဲ့လိုအနေအထားကျတော့ လူနာကို long steroid သောက်နေတယ်လို့ပဲ သဘောထားပြီး ကုဖို့လိုပါတယ်။ ဗမာဆေးရပ်ထားချိန်မှာ steroid physiological dose လေးပေးထားပြီး တဖြည်းဖြည်း tail off လုပ်ရင် အဆင်ပြေပါတယ်။ အဲ့ဒီလို steroid လေးမခံဘဲ ဗမာဆေးကို တိခနဲရပ်လိုက်ရင် hypoadrenalism unmasked ဖြစ်ပြီး လူနာ အန္တရာယ်ဖြစ်နိုင်ပါတယ်။

(၄) Herbal medicine တွေ၊ supplements တွေ ကိစ္စကလည်း သတိထားစရာပါပဲ။ Tiktok မှာ၊ Facebook မှာ ပိန်ဆေး၊ အဆီကျဆေး၊ အသားဖြူဆေး၊ အမျိုးသားတို့အတွက် အဝှါဆေး ဘာညာ မျိုးစုံ boost လုပ်ပြီး ကြော်ငြာအားကောင်းကောင်းနဲ့ ထိုးဖောက်လာကြတာက မတွေ့ချင်မှ အဆုံးပါ။ မိမိမှာ အခြေခံကျန်းမာရေး အသိသာမခိုင်မာရင် ဂျင်းအကြီးကြီးမိပါလိမ့်မယ်။ အထောက်အထားခိုင်မာမှုမရှိ၊ သိပ္ပံနည်းကျ သုတေသနလုပ်ထားတာမရှိတဲ့ ဆေးဝါးတွေကို မသုံးစွဲကြပါနဲ့လို့ အကြံပြုပါရစေ။

ဆေးပညာနဲ့ ပက်သက်ပြီး သင်ဆရာ၊ မြင်စရာ၊ ကြားဆရာအားလုံးကို ဂါရဝပြုလျက်ပါ။
အားလုံးအဆင်ပြေကြပါစေ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

Address

အမှတ်(၁၀၅) မြိတ်လမ်း၊ (၁၉)ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
Yangon

Opening Hours

Monday 09:00 - 12:00
Tuesday 09:00 - 12:00
16:00 - 20:30
Wednesday 09:00 - 12:00
16:00 - 20:30
Thursday 09:00 - 12:00
16:00 - 20:30
Friday 09:00 - 12:00
16:00 - 20:30
Saturday 09:00 - 12:00
16:00 - 20:30
Sunday 09:00 - 12:00
16:00 - 20:30

Telephone

+959974770049

Website

Alerts

Be the first to know and let us send you an email when ဆုလာဘ် အထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram