ARYU International Specialist Eye Centre

ARYU International Specialist Eye Centre မြေညီထပ် အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ အမှတ် (၄၀၀) ကျိုက္ကဆံလမ်း တာမွေမြို့နယ် ရန်ကုန်။

Happy Chinese New Year 2026! "တရုတ်နှစ်သစ်ကူးမှာ ချမ်းသာ၊ကျန်းမာပြီး ကံထူးခြင်းများနဲ့ ပြည့်စုံပါစေ။ ရွှေလှေ၊ ငွေလှေစီးပ...
16/02/2026

Happy Chinese New Year 2026!

"တရုတ်နှစ်သစ်ကူးမှာ ချမ်းသာ၊ကျန်းမာပြီး ကံထူးခြင်းများနဲ့ ပြည့်စုံပါစေ။ ရွှေလှေ၊ ငွေလှေစီးပြီး လိုရာဆန္ဒအောင်မြင်နိုင်ကြပါစေလို့ ARYU International Specialist Eye Centre မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

#တရုတ်နှစ်သစ်ကူးဆုတောင်း

အတွင်းတိမ်ခွဲစိတ်လိုသော လူနာများမေးလေ့ရှိသော မေးခွန်းများ 👩‍⚕️❓အတွင်းတိမ်ခွဲပြီး ဘယ်နှစ်ရက်လောက် နေရင် လုပ်ငန်းခွင်ပြန်ဝ...
15/02/2026

အတွင်းတိမ်ခွဲစိတ်လိုသော လူနာများမေးလေ့ရှိသော မေးခွန်းများ 👩‍⚕️

❓အတွင်းတိမ်ခွဲပြီး ဘယ်နှစ်ရက်လောက် နေရင် လုပ်ငန်းခွင်ပြန်ဝင် လို့ရမလဲ?
💁ပုံမှန်အတွင်းတိမ်ခွဲပြီး နှစ်ပါတ်လောက်နေရင် လုပ်ငန်းခွင်ပြန်ဝင်လို့ရပါတယ် ထူးခြားတဲ့အခြေနေမျိုးဆိုရင်တော့လူနာတဦးချင်းစီအတွက် ခွဲစိတ်ပြီးဆရာဝန်က ထပ်ပြီးအသေးစိတ်ရှင်းပြပေးပါတယ်။

❓နယ်ကလာရမှာမို့အတွင်းတိမ်ခွဲရင်ရန်ကုန်မှာဘယ်နှစ်ရက်လောက်နေရမလဲ?
💁အတွင်းတိမ်ခွဲစိတ်ပြီး ဆေးရုံတတ်ရန်မလိုပါ။ သို့သော် နယ်မှလာသောလူနာဆိုလျှင် ရန်ကုန်မှာ ၅-၇ ရက်လောက်နေနိုင်လျှင် အတွင်းတိမ်ခွဲစိတ်နိုင်ပါတယ်ရှင်။

❓မျက်စိတဖက်နဲ့တဖက်အချိန်ဘယ်လောက်ခွာပြီးခွဲရမလဲ တပြိုင်နက်ထဲခွဲလို့ရလား?
💁တပြိုင်တည်း ၂ ဘက်လုံး မခွဲပါ။စက်နဲ့ခွဲတာ ဖြစ်တဲ့အတွက် တဖက်နဲ့တဖက် ၁ ရက်ခြားပြီးခွဲစိတ်လို့ရနိုင်ပါတယ်ရှင်။

❓ နယ်ကလာပြရမှာမို့ချက်ခြင်းခွဲလို့ရလား?
💁အတွင်းတိမ် ခွဲစိတ်ရန် လိုအပ်သော စစ်ဆေးမှု့များက နေ့ချင်းပြီး ရရှိနိုင်တာမို့ မိမိမျက်လုံး ပါဝါအနေအထား နှင့်ကျန်းမာရေး ပေါ်မူတည်ပြီး နေ့တွင်းချင်း ခွဲစိတ်ကုသမှု့ ခံယူနိုင်ပါတယ် ခွဲပြီးဆေးရုံမှာ ညအိပ်စရာမလိုဘဲ အိမ်ပြန်နားနိုင်ပါတယ်။

❓ အတွင်းတိမ်ရှိတာသိပြီးဘယ်အချိန်မှာခွဲရမှာလဲ?
💁အတွင်းတိမ်ကို စက်နဲ့ခွဲရန် တိမ်မရင့်သေးခင်မှာ ခွဲစိတ်ရပါတယ်။ သို့မှသာ လူနာလည်း သက်တောင့်သက်သာ မနာမကျင်ပဲ ချုပ်ရိုးပျောက် ခွဲစိတ်လို့ရနိုင်ပါတယ် ခွဲပြီး တရက်မှသုံးရက်အတွင်း မှာပုံမှန်အမြင်အားကို ပြန်လည်ရရှိပါတယ်။

❓ အတွင်းတိမ်စက်နဲ့ခွဲတာလက်နဲ့ခွဲတာဘာကွာလဲ?
💁အတွင်းတိမ်ကိုနောက်ဆုံးနည်းပညာ phacoemulsification နည်းပညာကိုသုံးကာ စက်နဲ့ ချေထုတ်တာဖြစ်တဲ့အတွက် ခွဲစိတ်ချိန် ၁၅ မိနစ်သာကြာမြင့်ခြင်း၊ ချုပ်ရိုးမပါ၊ လုံးဝမနာမကျင်ခြင်း၊ ပိုးဝင်နိုင်ခြေ နည်းပါးခြင်း၊ recovery time မြန်၍ ခွဲပြီးနောက်ပိုင်း ကြည်လင်သော အမြင်အားကို အချိန်တိုအတွင်းရရှိနိုင်ခြင်း၊ ဆေးရုံတတ်စရာမလိုခြင်း စတဲ့ အကျိုးကျေးဇူး များစွာ ရရှိနိုင်ပါတယ်။

❓ ခွဲပြီးရင်ဘာတွေရှောင်ရမလဲ?
💁ခွဲစိတ်ပြီး နောက်ပိုင်းမှာတော့ ~
- မျက်လုံးအတွင်းသို့ မျက်စဉ်းမှလွဲ၍ ရေစိမ်းနှင့် ဆပ်ပြာများ ၁ ပတ်ထိ မဝင်စေရန် ဂရုစိုက်ရမည်။
- ကြမ်းပြင်ရှိ ပစ္စည်းကုန်းကောက်ခြင်း။
- ကြီးမားသောအလေးအပင်မခြင်း။
- ကလေးများနှင့်ဆော့ကစားခြင်း၊ -ပြင်းထန်သော exercise များမလုပ်ရ။
- ခွဲစိတ်ပြီး ၂ပါတ်အတွင်းကားမောင်းခြင်း၊ရေကူးခြင်း မလုပ်ရ။

❓ ဆီးချို၊ နှလုံးနဲ့အခြားရောဂါအခံတွေရှိနေရင်ခွဲလို့ရလား?
💁ခွဲလို့ရပါတယ်၊ ပုံမှန်ဆီးချိုထိန်းဆေးသောက်နေ ထိုးနေသော သူများလဲ ခွဲစိတ်လို့ရနိုင်ပါတယ်
နှလုံး၊ သွေးတိုး ရောဂါအခံရှိသူများအတွက် လူနာသက်တောင့်သက်သာ ရှိစေရန်အိပ်ဆေး ဖြင့် ခွဲစိတ် ကုသ မှု့ခံ ယူနိုင်ပါတယ်။

❓ အတွင်းတိမ်ခွဲပြီးမှန်ဘီလူးထည့်ထားပြီးသားပြန်လဲလို့ရလား?
💁အတွင်းတိမ်ခွဲစိတ်ပြီး ထည့်ထားသောမှန်ဘီလူးများ ပြန်မလဲနိုင်ပါ။ စောင်းနေသော၊ ပြုတ်ထွက်နေသော၊ အနေအထားပုံမှန် မဟုတ်သော မှန်ဘီလူးများသာ လဲလှယ်နိုင်ပါသည်။

မျက်စိနှင့် ပတ်သက်သော ရောဂါဆွေးနွေးမှု၊ စမ်းသပ်ကုသမှုများအတွက် ယုံကြည်စိတ်ချရဆုံး နိုင်ငံတကာအဆင့်မှီ အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနကြီးမှ မိဘပြည်သူများကို နွေးထွေးဖော်ရွေစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်။ ☺️

စစ်ဆေးမှုကို ရယူရန် -
📞+95 9 898 6000 95, +95 9 898 6000 96 သို့ ဖုန်းဆက်၍ ရက်ချိန်းကြိုတင်ယူပေးရန် လိုအပ်ပါသည်။
⏰ဆေးခန်းဖွင့်ချိန် - မနက်၉နာရီမှ ညနေ၅နာရီ
🏥နေရာ - မြေညီထပ်၊ အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ။
အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။

ပြည်ထောင်စုနေ့၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ARYU International Spe...
12/02/2026

ပြည်ထောင်စုနေ့

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ARYU International Specialist Eye Centre မိသားစုမှ ဝမ်းမြောက်စွာဖြင့် ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။

#ပြည်ထောင်စုနေ့

International Specialist Eye Centre

🤓 သင့်မျက်စိအတွက် မျက်မှန်လိုအပ်နေပြီလား နိုင်ငံတကာအဆင့်မီ ခေတ်မီစက်ကြီးတွေ အသုံးပြုပြီး ကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင်...
10/02/2026

🤓 သင့်မျက်စိအတွက် မျက်မှန်လိုအပ်နေပြီလား
နိုင်ငံတကာအဆင့်မီ ခေတ်မီစက်ကြီးတွေ အသုံးပြုပြီး ကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင် မျက်စိစမ်းသပ်ပေးတဲ့ 𝐀𝐑𝐘𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐄𝐲𝐞 𝐂𝐞𝐧𝐭𝐞𝐫 ကို ခုပဲ လှမ်းခဲ့လိုက်တော့နော်...

✨တိကျသေချာတဲ့ မျက်စိ ပါဝါစမ်းသပ်မှု
✨ဆန်းသစ်လှပတဲ့ မျက်မှန်ကိုင်းမျိုးစုံ
✨နိုင်ငံတကာ နာမည်ကြီး Brand မျက်မှန်ကိုင်း မျိုးစုံ
✨အရည်အသွေးမြင့် မှန်အမျိုးအစား စသည်တို့ကို အသုံးပြုပေးတဲ့အပြင်
မိမိ မျက်လုံးအတွက် လိုအပ်တဲ့ မျက်မှန်ပါဝါအတိအကျ မှန်သားကို ထည့်သွင်းပေးတာမို့ လှပတဲ့ မျက်ဝန်းလေးတစ်စုံအတွက် ကြည်လင်တောက်ပတဲ့ မြင်ကွင်းလေးရနိုင်မှာ အသေအချာပဲနော်...

👓 မျက်မှန်လိုအပ်နေပေမယ့် မျက်မှန်တပ်လိုက်လို့ ရုပ်ရင့်သွားမလား ကိုယ်နဲ့ မလိုက်မှာစိုးနေလား ဒါတွေဘာမှ တွေးနေစရာမလိုတော့ပါဘူး~

👓 မိမိမျက်နှာနဲ့လိုက်ဖက်တဲ့ အရည်အသွေးမြင့် မျက်မှန်ကိုင်းမျိုးစုံကိုတစ်နေရာထဲ အပြီးအစီး စိတ်တိုင်းကျ ရွေးချယ်နိုင်ပါပြီ။

👁မျက်စိနှင့် ပတ်သက်သော ရောဂါဆွေးနွေးမှု၊ စမ်းသပ်ကုသမှုများအတွက် ယုံကြည်စိတ်ချရဆုံး
နိုင်ငံတကာအဆင့်မှီ အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနကြီးမှ မိဘပြည်သူများကို နွေးထွေးဖော်ရွေစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်။ ☺️

📞+95 9 898 6000 95, +95 9 898 6000 96 သို့ ဖုန်းဆက်၍ ရက်ချိန်းကြိုတင်ယူပေးရန် လိုအပ်ပါသည်။

⏰ဆေးခန်းဖွင့်ချိန် - မနက်၉နာရီမှ ညနေ၅နာရီ
🏥နေရာ - မြေညီထပ်၊ အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ
အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။

သင့်မျက်စိကျန်းမာရေးအတွက် လုပ်ဆောင်သင့်တဲ့ အရာများ👀ကျွန်တော်တို့သိမြင်နေရတဲ့ 80 % က အမြင်အာရုံမှလာတာဖြစ်တဲ့အတွက် အမြင်အာ...
05/02/2026

သင့်မျက်စိကျန်းမာရေးအတွက် လုပ်ဆောင်သင့်တဲ့ အရာများ👀
ကျွန်တော်တို့သိမြင်နေရတဲ့ 80 % က အမြင်အာရုံမှလာတာဖြစ်တဲ့အတွက် အမြင်အာရုံသည် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်လာတာကြောင့် ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ မျက်လုံးတစ်စုံကို ဂရုစိုက်ပေးဖို့ လိုအပ်လာပါပြီ။

ဒါကြောင့် အာယုမျက်မှန်နှင့်မျက်စိအထူးကုဌာနကနေပြီးတော့ အလွယ်တကူလုပ်လို့ရတဲ့ Eye Care Tips and Tricks လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ မျက်စိကျန်းမာရေးအတွက် လုပ်ဆောင်သင့်တဲ့အချက်တွေကတော့ … 💁

✨မျက်စိကျန်းမာရေးကို မကြာခဏ စစ်ပေးခြင်း ။
✨Screen သုံးနေချိန်တွင် ဘေးပတ်ဝန်းကျင်၌ လုံလောက်သော အလင်းရောင်ရအောင် ထားပေးခြင်း ။
✨မျက်လုံးကြွက်သားများလှုပ်ရှားမှုရစေရန်မကြာခဏ မျက်တောင်ခတ်ပေးခြင်း ။
✨နေရောင်ခြည်မှ အန္တရာယ်ရှိသော UV-A နှင့် UV-B များမှ ကာကွယ်ရန် နေကာမျက်မှန်ကို အသုံးပြုပေးခြင်း ။
✨ကွန်ပျူတာအသုံးပြုရာတွင် Screen ကို ခန္ဓာကိုယ်နှင့် အနည်းဆုံး 70 cm ၊ မျက်လုံး နှင့် 50 cm အကွာတွင် ထား၍ အသုံးပြုပေးခြင်း ။
✨အဝေးတွင်ရှိသော အစိမ်းရောင်ရှိသည့်သစ်ပင်များကို မကြာခဏ ကြည့်ပေးခြင်း ။
✨screen အသုံးပြုပြီး မိနစ် ၂၀ ဝန်းကျင်တွင် ပေ ၂၀ အကွာအဝေးတွင်ရှိသော အရာဝတ္ထုကို စက္ကန့် ၂၀ ခန့် ကြည့်ပေးခြင်း။
✨အာဟာရဓာတ် ကြွယ်ဝစေရန် ဗီတာမင် A ကြွယ်ဝသော အစားအစာများ ၊ Vitamin C, Zinc, Vitamin E , Omega 3 , Fatty acids နှင့် antioxidants ပြည့်ဝသောအစားအစာ များကို စားသုံးခြင်း အစရှိတဲ့ အချက်တွေကို လုပ်ဆောင်ပေးခြင်းဖြင့် ကျန်းမာတဲ့မျက်လုံးလေးတွေနဲ့အတူလှပတဲ့
သဘာဝတရားကြီးကိုခံစားလိုက်ရအောင်နော် ။ 😍

နောက်ထပ်အခုလိုမျိုး မျက်စိကျန်းမာရေးနှင့်ဆိုင်တဲ့ ဗဟုသုတတွေကို မျှဝေပေးဦးမှာမို့လို့ အားလုံးပဲ Stay Tuned ပါနော် ။ 🥰

👁မျက်စိနှင့်ပတ်သတ်သော ရောဂါအမျိုးမျိုးတို့အတွက် နိုင်ငံတကာ ကုသမှုအရည်အသွေးဆိုင်ရာ လက်မှတ်များ၊ ဝန်ဆောင်မှု အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များစွာရရှိထားသည့် နိုင်ငံတကာစံအရည်အသွေးများ နှင့်အညီဖွင့်လှစ်ထားသော အာယုမျက်မှန်နှင့်မျက်စိအထူးကုဌာသို့ လာရောက်ပြီး ကျန်းမာရေးစောက်ရှောက်မှုကို ခံယူလိုက်ပါ။

⏰ဆေးခန်းဖွင့်ချိန် - မနက်၉နာရီမှ ညနေ၅နာရီ
🏥နေရာ - မြေညီထပ်၊ အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ
အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
☎Tel - +95 9 898 6000 95, +95 9 898 6000 96


အမြင်လွှာပျက်စီးခြင်း (𝐀𝐠𝐞-𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐌𝐚𝐜𝐮𝐥𝐚𝐫 𝐃𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐫 𝐀𝐌𝐃)အမြင်လွှာပျက်စီးခြင်း (𝐀𝐠𝐞-𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐌𝐚𝐜𝐮𝐥𝐚𝐫 𝐃𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨...
31/01/2026

အမြင်လွှာပျက်စီးခြင်း (𝐀𝐠𝐞-𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐌𝐚𝐜𝐮𝐥𝐚𝐫 𝐃𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐫 𝐀𝐌𝐃)

အမြင်လွှာပျက်စီးခြင်း (𝐀𝐠𝐞-𝐫𝐞𝐥𝐚𝐭𝐞𝐝 𝐌𝐚𝐜𝐮𝐥𝐚𝐫 𝐃𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐫 𝐀𝐌𝐃) သို့မဟုတ် သက်ကြီးပိုင်းများမှာ အဖြစ်များတဲ့ မျက်စိကွယ်စေသည့် နာတာရှည်မျက်စိရောဂါအကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်...

✨AMD မှာ Dry AMD နဲ့ Wet AMD ဆိုတဲ့ အမျိုးအစား (၂) မျိုးခွဲခြားနိုင်ပြီး မျက်စိအမြင်လွှာ အလယ်ပိုင်းက တဖြည်းဖြည်း ယိုယွင်းပျက်စီးလာကာ အမြင်အာရုံကို ဆိုးဆိုးဝါးဝါး ကျဆင်းစေနိုင်တဲ့ နာတာရှည်မျက်စိရောဂါတစ်မျိုးဖြစ်ပါတယ်။

✨အသက်အရွယ်ကြီးတဲ့သူတွေမှာ အများဆုံးဖြစ်လေ့ရှိပြီး အမြင်လွှာအလယ်ပိုင်းတွင်ဝါးလာခြင်း၊ ပုံရိပ်များပုံစံမမှန်ခြင်းတွေကို အစောပိုင်း လက္ခဏာများအဖြစ် တွေ့ရတတ်ပါတယ်။

✨ဆေးလိပ်သောက်တဲ့သူတွေ၊ သွေးတိုး ဆီးချို ရောဂါရှိတဲ့သူတွေ၊ သွေးတွင်းအဆီများတဲ့သူတွေနဲ့ အဝလွန်တဲ့သူတွေက AMD ရောဂါ ပိုမိုဖြစ်နိုင်ပါတယ်။

✨AMD က ပြင်းထန်တဲ့အဆင့်ရောက်မှသာ အမြင်အားကျဆင်းပြီး သတိထားမိကြတာမို့ မျက်စိကွယ်ခြင်း မဖြစ်ရလေအောင် ဆရာဝန်တွေနဲ့ ကြိုတင်စစ်ဆေးမှုတွေ ပြုလုပ်သင့်ကြောင်း အကြံပေးလိုက်ပါတယ်နော်။

👁 မျက်စိနှင့် ပတ်သက်သော ရောဂါဆွေးနွေးမှု၊ စမ်းသပ်ကုသမှုများအတွက် ယုံကြည်စိတ်ချရဆုံး နိုင်ငံတကာအဆင့်မှီ အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနကြီးမှ မိဘပြည်သူများကို နွေးထွေးဖော်ရွေစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်☺️

စစ်ဆေးမှုကို ရယူရန် -
📞+95 9 898 6000 95, +95 9 898 6000 96 သို့ ဖုန်းဆက်၍ ရက်ချိန်းကြိုတင်ယူပေးရန် လိုအပ်ပါသည်။
⏰ဆေးခန်းဖွင့်ချိန် - မနက်၉နာရီမှ ညနေ၅နာရီ
🏥နေရာ - မြေညီထပ်၊ အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ။
အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
☎Tel - +95 9 898 6000 95, +95 9 898 6000 96
📧Email - isec.aryu@gmail.com

👁️ အတွင်းတိမ်ခွဲစိတ်ဖို့ ကြောက်နေပါသလား? လူအများစု သိချင်နေကြတဲ့ အမေးအဖြေများ အတွင်းတိမ်ခွဲစိတ်တော့မယ်ဆိုရင် လူနာတော်တော...
28/01/2026

👁️ အတွင်းတိမ်ခွဲစိတ်ဖို့ ကြောက်နေပါသလား? လူအများစု သိချင်နေကြတဲ့ အမေးအဖြေများ
အတွင်းတိမ်ခွဲစိတ်တော့မယ်ဆိုရင် လူနာတော်တော်များများက "နာမှာလား"၊ "မေ့ဆေးပေးမှာလား" ဆိုတာကို အရင်ဆုံး စိုးရိမ်တတ်ကြပါတယ်...

❓ အတွင်းတိမ်ကို ထုံဆေးနဲ့ခွဲတာလား၊ မေ့ဆေးနဲ့လား?

✨လူနာ ၉၉% ကို ထုံဆေးနဲ့ပဲ ခွဲစိတ်ကုသပေးတာဖြစ်လို့ ဘေးထွက်ဆိုးကျိုး နည်းပါးပါတယ်

✨အသက် ၈၀ ကျော်အရွယ်တွေနဲ့ နှလုံးရောဂါအခံရှိသူတွေကိုတော့ ခွဲစိတ်မှုတစ်လျှောက် စိတ်အေးလက်အေးရှိစေဖို့ "အိပ်ဆေး" အသုံးပြုလေ့ရှိပါတယ်

✨အခြားအခြေအနေထူးခြားတဲ့ လူနာတွေကိုသာ မေ့ဆေးအသုံးပြုတာမျိုး ရှိတတ်ပါတယ် ။

❓ ခွဲစိတ်တဲ့အခါ နာကျင်မှုရှိနိုင်လား?

✨လုံးဝမနာအောင် ထုံဆေးစနစ်တကျပေးပြီးမှ ခွဲစိတ်တာဖြစ်လို့ နာကျင်မှာကို လုံးဝပူစရာမလိုပါဘူး

❓ခွဲပြီးရင် အလုပ်ဘယ်နှရက်နားရမလဲ?

✨ပုံမှန်အားဖြင့် ၃ ရက်ကနေ ၂ ပတ်အထိ အနားယူဖို့ လိုအပ်ပါတယ်။ လူနာတစ်ဦးချင်းစီရဲ့ မျက်စိအခြေအနေပေါ်မူတည်ပြီး ဆရာဝန်က အသေးစိတ် ညွှန်ကြားပေးသွားမှာပါ ။

မျက်စိနှင့် ပတ်သက်သော ရောဂါဆွေးနွေးမှု၊ စမ်းသပ်ကုသမှုများအတွက် ယုံကြည်စိတ်ချရဆုံး
နိုင်ငံတကာအဆင့်မှီ အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနကြီးမှ မိဘပြည်သူများကို နွေးထွေးဖော်ရွေစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင် ☺️

📞+95 9 898 6000 95, +95 9 898 6000 96 သို့ ဖုန်းဆက်၍ ရက်ချိန်းကြိုတင်ယူပေးရန် လိုအပ်ပါသည်။
⏰ဆေးခန်းဖွင့်ချိန် - မနက်၉နာရီမှ ညနေ၅နာရီ
🏥နေရာ - မြေညီထပ်၊ အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ
အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
☎Tel - +95 9 898 6000 95, +95 9 898 6000 96
📧Email - isec.aryu@gmail.com

ကိုယ်ချစ်ရတဲ့သူတွေကို အမြဲကြည်လင်ပြတ်သားစွာ မြင်နိုင်ဖို့... 🌹အချစ်ဆိုတာ ဂရုစိုက်ခြင်းပါ...ကိုယ်ကိုတိုင်၊ မိဘ ဒါမှမဟုတ် ...
28/01/2026

ကိုယ်ချစ်ရတဲ့သူတွေကို အမြဲကြည်လင်ပြတ်သားစွာ မြင်နိုင်ဖို့... 🌹

အချစ်ဆိုတာ ဂရုစိုက်ခြင်းပါ...ကိုယ်ကိုတိုင်၊ မိဘ ဒါမှမဟုတ် ကိုယ်ချစ်ရသူတွေရဲ့ မျက်စိကျန်းမာရေးကို အာယုမျက်စိအထူးကုဌာနကြီးမှာ စစ်ဆေးပေးပြီး ဂရုစိုက်မှုကို ပြသလိုက်ပါ…🤩

👩‍⚕မျက်စိအထူးကုကျွမ်းကျင်ဆရာဝန်ကြီးများမှ ~
💙အတွင်းတိမ်၊ ရေတိမ် နှင့် အမြင်လွှာရောဂါများ ရှိ/မရှိ စစ်ဆေးပေးခြင်း
💙မျက်လုံးတွင်းဖိအား တိုင်းတာခြင်းနှင့် မျက်သားခြောက်ခြင်းများကိုပါ စစ်ဆေးပေးမှာဖြစ်ပါတယ်

ဒီ Valentine’s Day မှာ ပန်းစည်းလေးတွေအပြင် တစ်သက်လုံးစာအဖိုးတန်တဲ့ "မျက်စိကျန်းမာရေး" ကို လက်ဆောင်ပေးလိုက်ပါ…💝

🤩ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာအဆင့်မှီ ARYU International Specialist Eye Center မှာ အတူတူလာပြဖို့ ဖိတ်ခေါ်လိုက်ပါရစေ…
စစ်ဆေးမှုကို ရယူရန် -
📞+95 9 898 6000 95, +95 9 898 6000 96 သို့ ဖုန်းဆက်၍ ရက်ချိန်းကြိုတင်ယူပေးရန် လိုအပ်ပါသည်
🕘ဆေးခန်းဖွင့်ချိန် - မနက်၉နာရီမှ ညနေ၅နာရီ
🏥 မြေညီထပ်၊ အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ။ အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊
တာမွေမြို့နယ်၊ ရန်ကုန်။
# ်ဆောင်

ချစ်ရသူတွေရဲ့ အမြင်အာရုံ ပြန်လည်ကြည်လင်နေဖို့... Valentine’s Day အထူးလက်ဆောင် 💝ဒီနှစ် Valentine’s Day မှာ ကိုယ့်ရဲ့ အဖို...
28/01/2026

ချစ်ရသူတွေရဲ့ အမြင်အာရုံ ပြန်လည်ကြည်လင်နေဖို့... Valentine’s Day အထူးလက်ဆောင် 💝

ဒီနှစ် Valentine’s Day မှာ ကိုယ့်ရဲ့ အဖိုးတန်တဲ့ ချစ်ခြင်းမေတ္တာတွေကို ထူးထူးခြားခြား ပြသလိုက်ရအောင်လား🤩✨

ချစ်ရတဲ့မိဘဘိုးဘွားတွေ အသက်အရွယ်ရလာတဲ့အခါ အတွင်းတိမ်ကြောင့် အမြင်အာရုံတွေ ဝေဝါးလာတတ်ပါတယ်။ အမြင်အာရုံဝါးတာ၊ ပုံရိပ်တွေ နှစ်ထပ်ဖြစ်တာ ဒါမှမဟုတ် အရောင်တွေ မှိန်လာတာဟာ အတွင်းတိမ်ရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

‼️ဒါကို အချိန်မီ မကုသဘူးဆိုရင် နောက်ဆက်တွဲ ရေတိမ်ရောဂါအထိ ဖြစ်လာနိုင်လို့ အမြန်ဆုံး စစ်ဆေးဖို့ လိုအပ်ပါတယ်…

အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနကနေ ချစ်ရတဲ့သူတွေအတွက် အကောင်းဆုံးလက်ဆောင်အဖြစ် Promotion အစီအစဉ်လေး တစ်ခု ပြုလုပ်ပေးထားပါတယ်…

💝 Valentine’s Day အထူး Promotion အစီအစဉ်...

ဂျပန်နိုင်ငံထုတ် IOL အမျိုးအစားကို ရွေးချယ်ပြီး အတွင်းတိမ်ခွဲစိတ်မှု ခံယူပါက (၂) သိန်းကျပ် တိတိ ပြန်လည်ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနမှာ ခေတ်မီ USA Phacoemulsification (စက်ဖြင့်ခွဲစိတ်ခြင်း) နည်းပညာကို အသုံးပြုတဲ့အတွက် ခွဲစိတ်ချိန် မြန်ဆန်ပြီး နာကျင်မှု လုံးဝမရှိပါ…

နိုင်ငံတကာအဆင့်မီ နည်းပညာတွေကြောင့် အမြင်အာရုံကို ပိုမိုကြည်လင်စေပြီး နောက်ဆက်တွဲဆိုးကျိုး မရှိသလောက် နည်းပါးပါတယ်။ ချစ်ရသူတွေကို ကမ္ဘာကြီးရဲ့ အလှအပတွေကို အကြည်လင်ဆုံး ပြန်လည်မြင်တွေ့ခွင့်ပေးဖို့ Valentine’s Gift အဖြစ်ပေးလိုက်ပါ…

စစ်ဆေးမှုကို ရယူရန် -
📞+95 9 898 6000 95, +95 9 898 6000 96 သို့ ဖုန်းဆက်၍ ရက်ချိန်းကြိုတင်ယူပေးရန် လိုအပ်ပါသည်
🕘ဆေးခန်းဖွင့်ချိန် - မနက်၉နာရီမှ ညနေ၅နာရီ
🏥 မြေညီထပ်၊ အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ။ အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊
တာမွေမြို့နယ်၊ ရန်ကုန်။
# ်ဆောင် #အတွင်းတိမ်

ကလေးငယ်များနှင့် မျက်စိကျန်းမာရေး 🤓✨ယနေ့ခေတ်တွင်ကလေးငယ်များ၏ကျန်းမာရေးစောင့်ရှောက်မှုကို မိဘအများစုက ဂရုစိုက်လာကြပေမယ့် ...
24/01/2026

ကလေးငယ်များနှင့် မျက်စိကျန်းမာရေး 🤓

✨ယနေ့ခေတ်တွင်ကလေးငယ်များ၏ကျန်းမာရေးစောင့်ရှောက်မှုကို မိဘအများစုက ဂရုစိုက်လာကြပေမယ့် မျက်စိကျန်းမာရေးစောင့်ရှောက်မှုကိုတော့ မေ့နေတတ်ကြပါတယ်...

✨ကလေးငယ်များကအမြင်အာရုံပြောင်းလဲမှုများအပေါ်သတိမပြုနိုင်သောကြောင့်အမြင်အာရုံအားနည်းလာတာကိုသတိထားမိဖို့ ခဲယဉ်းတတ်ပါတယ်။ ထို့အပြင် ကလေးငယ်များသည် သင်ယူလေ့လာမှုများကို မျက်လုံးကနေ တစ်ဆင့် သင်ယူရသည့်အတွက်အမြင်အာရုံ အားနည်းလာသည်နှင့်အမျှ သင်ယူလေ့လာနိုင်စွမ်းကျဆင်းလာတတ်ကြပါတယ်။

✨ဒါကြောင့်မို့ မိမိကလေးရဲ့ အသက်အရွယ် အပိုင်းခြားအလိုက် မျက်စိဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ပုံမှန်စစ်ဆေးမှုများကို အောက်ပါအတိုင်းပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

ပုံမှန်စစ်ဆေးမှုများအနေနဲ့ ~
✅ကလေးငယ်အား မွေးပြီး ၆ လအတွင်း ပထမဆုံးအကြိမ်
✅ကလေးမျက်စိဆရာဝန်မှ အထူးတလည် ညွှန်ကြားထားခြင်းမရှိပါက ကလေး ၃နှစ် အရွယ်တွင် ဒုတိယအကြိမ်
✅ကျောင်းစတက်ချိန် ၅ နှစ် - ၆ နှစ် အရွယ်တွင် တတိယအကြိမ်
✅ ၁၈ နှစ် မပြည့်ခင်အထိ (၂) နှစ် တစ်ကြိမ် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်

အမြင်အာရုံပြဿနာနှင့်ဆိုင်သောလက္ခဏာများဖြစ်တဲ့ ~
👉မျက်လုံးနီရဲခြင်း၊မျက်ရည်ပူကျခြင်း ၊ မျက်ဝတ်ထွက်ခြင်း ၊ မျက်လုံး မကြာခဏပွတ်ခြင်း၊
👉မျက်တောင်မကြာခဏခတ်ခြင်း၊ အလင်းရောင်ဒဏ်မခံနိုင်ခြင်း၊ မကြာခဏ ခေါင်းကိုက်ခြင်း၊
👉မျက်လုံးအောင့်ခြင်း၊ မျက်မှောင်ကျုံ့ကြည့်ခြင်း၊ အာရုံစူးစိုက်ကြည့်ချိန်များတွင် မျက်လုံးနှစ်ဖက်မညီခြင်း စသည့် လက္ခဏာများကို တွေ့ရပါကမျက်စိဆရာဝန်နှင့် ချက်ချင်းပြသပေးသင့်ပါတယ်။

👁မျက်စိနှင့် ပတ်သက်သော ရောဂါဆွေးနွေးမှု၊ စမ်းသပ်ကုသမှုများအတွက် ယုံကြည်စိတ်ချရဆုံး
နိုင်ငံတကာအဆင့်မှီ အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနကြီးမှ မိဘပြည်သူများကို နွေးထွေးဖော်ရွေစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်။ ☺️

📞+95 9 898 6000 95, +95 9 898 6000 96 သို့ ဖုန်းဆက်၍ ရက်ချိန်းကြိုတင်ယူပေးရန် လိုအပ်ပါသည်။
⏰ဆေးခန်းဖွင့်ချိန် - မနက်၉နာရီမှ ညနေ၅နာရီ
🏥နေရာ - မြေညီထပ်၊ အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ
အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
☎Tel - +95 9 898 6000 95, +95 9 898 6000 96
📧Email - isec.aryu@gmail.com

21/01/2026

အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနကြီးတွင် အတွင်းတိမ်ခွဲစိတ်ပြီးနောက် မျက်လုံးအတွင်း ပြန်လည်ထည့်သွင်းအသုံးပြုနိုင်သည့် မှန်ဘီလူးအမျိုးအစားများ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။
နောက်ဆုံးပေါ် 𝐏𝐡𝐚𝐜𝐨𝐞𝐦𝐮𝐥𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧နည်းဖြင့် အတွင်းတိမ်ခွဲစိတ်ပြီးနောက် မျက်မှန်တပ်စရာမလိုသည်အထိ မိမိနှစ်သက်ရာမှန်ဘီလူးအမျိုးအစားကို ထည့်သွင်းအသုံးပြုနိုင်ပါသည်။
𝐌𝐨𝐧𝐨𝐟𝐨𝐜𝐚𝐥 𝐈𝐎𝐋 (ပုံမှန်မှန်ဘီလူး/ အဝေးပါဝါဖျောက်မှန်ဘီလူး)
🔹အဝေးတွင်ရှိသောအရာဝတ္ထုများကိုကြည်လင်ကောင်းမွန်စွာမြင်နိုင်ပီး အဝေးမျက်မှန်တပ်ဆင်ရန် မလိုအပ်တော့ပါ။ လက်တစ်ကမ်းအကွာအဝေးနှင့် အနီးစာကြည့်ရန်အတွက် အနီးပါဝါမျက်မှန်တပ်ဆင်ရန် လိုအပ်ပါသည်။ ဆလင်ဒါပါဝါများပါက ဆလင်ဒါပါဝါအတွက်ပါ မျက်မှန်တပ်ရပါမည်။
𝐄𝐃𝐎𝐅 (𝐄𝐱𝐭𝐞𝐧𝐝𝐞𝐝 𝐃𝐞𝐩𝐭𝐡 𝐎𝐟 𝐅𝐨𝐜𝐮𝐬) 𝐈𝐎𝐋 (အဝေးနှင့် အလယ်အလတ်ပါဝါဖျောက်မှန်ဘီလူး)
🔹အဝေးတွင်ရှိသော အရာဝတ္ထုများနှင့် လက်တစ်ကမ်း အကွာအဝေးတွင်ရှိသော အရာဝတ္ထုများကိုကြည်လင်ကောင်းမွန်စွာ မြင်နိုင်ပါသည်။ ကားမောင်းခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အလှပြင်ခြင်း အစရှိသည့် နေ့စဉ်လုပ်ဆောင်ခြင်းများတွင် မျက်မှန်တပ်ဆင်ရန် မလိုအပ်တော့ပါ။ အနီးကြည့် အာရုံစိုက်ရသောအလုပ်များ၊ စာရင်းဇယားများ ပြုလုပ်ချိန်တွင်သာ စာကြည့်မျက်မှန် တပ်ဆင်ရန် လိုအပ်ပါသည်။ ဆလင်ဒါပါဝါမဖျောက်နိုင်သည့်အတွက် ဆလင်ဒါပါဝါများသူများအတွက် မသင့်လျော်ပါ။
𝐌𝐨𝐧𝐨 𝐓𝐨𝐫𝐢𝐜 𝐈𝐎𝐋 (အဝေးပါဝါ + ဆလင်ဒါပါဝါဖျောက် မှန်ဘီလူး)
🔹အဝေးပါဝါနှင့် ဆလင်ဒါပါဝါ‌ဖျောက်ပေးနိုင်သော မှန်ဘီလူးဖြစ်သည့်အတွက် ကြည်လင်ပြတ်သားသော အဝေးမြင်ကွင်းကို ရရှိနိုင်ပါသည်။ လက်တစ်ကမ်းအကွာအဝေးနှင့် အနီးစာကြည့်အတွက် အနီးပါဝါမျက်မှန်တပ်ရန်လိုအပ်ပါသည်။ ဆလင်ဒါပါဝါများပြီး အဝေးမျက်မှန်မတပ်ဆင်လိုသူများ အသုံးပြုနိုင်ပါသည်။
𝐌𝐮𝐥𝐭𝐢𝐟𝐨𝐜𝐚𝐥 / 𝐓𝐫𝐢𝐟𝐨𝐜𝐚𝐥 𝐓𝐨𝐫𝐢𝐜 𝐈𝐎𝐋 (အဝေး၊ အလယ်အလတ်၊ အနီးပါဝါ၊ ဆလင်ဒါပါဝါဖျောက် မှန်ဘီလူး / မျက်မှန်တပ်ရန်မလိုအပ်သော မှန်ဘီလူး)
🔹အဝေး၊ လက်တစ်ကမ်းအကွာအဝေးနှင့် အနီးမြင်ကွင်းအားလုံးကို ရှင်းလင်းပြတ်သားစွာမြင်နိုင်ပါသည်။ ဆလင်ဒါပါဝါကိုပါဖျောက်ပေးနိုင်ပါသည်။ အတွင်းတိမ်ခွဲစိတ်ပြီးနောက် မျက်မှန်လုံးဝမတပ်လိုသောသူများအတွက် အထူးသင့်လျော်သော နောက်ဆုံးပေါ်မှန်ဘီလူးအမျိုးအစားဖြစ်ပါသည်။
👩‍⚕️အထက်ပါမှန်ဘီလူးများအနက်မှ မိမိနှစ်သက်ရာ သင့်လျော်သောမှန်ဘီလူးအမျိုးအစားများကို နိုင်ငံတကာဘွဲ့လွန်များရယူခဲ့သော အတွင်းတိမ်ခွဲစိတ် အထူးကုဆရာဝန်ကြီးများနှင့် အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနကြီးတွင် လာရောက်ပြသဆွေးနွေးပြီး ရွေးချယ်အသုံးပြုနိုင်ပါသည်။
👩‍⚕️အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနကြီးတွင် အမေရိကန်နိုင်ငံထုတ် ကမ္ဘာ့အကောင်းဆုံး Monofocal IOL, EDOF IOL, Mono Toric IOL, Multifocal / Trifocal IOL မှန်ဘီလူးအမျိုးအစားများနှင့် ရှားပါးသည့်ပါဝါအမျိုးအစားမျိုးစုံကို ရရှိနိုင်သည့်အတွက် စိတ်ချယုံကြည်စွာ လာရောက်ပြသနိုင်ပါတယ်ရှင့်။
စစ်ဆေးမှုကို ရယူရန် -
📞+95 9 898 6000 95, +95 9 898 6000 96 သို့ ဖုန်းဆက်၍ ရက်ချိန်းကြိုတင်ယူပေးရန် လိုအပ်ပါသည်။
⏰ဆေးခန်းဖွင့်ချိန် - မနက်၉နာရီမှ ညနေ၅နာရီ
🏥နေရာ - မြေညီထပ်၊ အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ။
အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
☎Tel - +95 9 898 6000 95, +95 9 898 6000 96
📧Email - isec.aryu@gmail.com

အတွင်းတိမ်ကို နောက်ဆုံးပေါ်နည်းပညာအသုံးပြု၍ စက်ဖြင့်ခွဲစိတ်ခြင်းနှင့် သမားရိုးကျ လက်ဖြင့်ခွဲစိတ်ခြင်း၏ ကွာခြားချက်များ~👁...
18/01/2026

အတွင်းတိမ်ကို နောက်ဆုံးပေါ်နည်းပညာအသုံးပြု၍ စက်ဖြင့်ခွဲစိတ်ခြင်းနှင့် သမားရိုးကျ လက်ဖြင့်ခွဲစိတ်ခြင်း၏ ကွာခြားချက်များ~

👁️ အတွင်းတိမ်ကို စက်ဖြင့်ခွဲစိတ်ခြင်းသည်

✨ခွဲစိတ်ပြီးနောက် အမြင်အားကို ပိုမိုကောင်းမွန်‌စေပြီး မျက်လုံးထိခိုက်ခြင်းနှင့် ခွဲစိတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများကို လျော့နည်းစေပါသည်။

✨ မျက်လုံးအတွင်းအင်္ဂါများ ထိခိုက်မှုနည်းပါးခြင်း၊ ရောင်ရမ်းမှုနည်းခြင်း၊ သွေးမထွက်ခြင်း၊ မှန်ဘီလူးအနေအထားမှန်ကန်၍ အကောင်းဆုံး lens များကို ရွေးချယ်အသုံးပြုနိုင်ခြင်း၊ အမြင်လွှာကွာကျနိုင်ခြေနည်းခြင်း၊ ခွဲပြီး ချုပ်ရိုးမပါသဖြင့် astigmatism ခေါ် cylinder power နည်းပါးခြင်း၊ အမြင်အား အမြန်ဆုံးပြန်လည်ကောင်းမွန်လာခြင်းစသည့် ကောင်းကျိုးများခံစားနိုင်ပါသည်။

👁️ လက်ဖြင့်ခွဲစိတ်ပါက

❗ဒဏ်ရာကြီး၍ နာကျင်ရခြင်း၊ ချုပ်ရိုးပါရှိခြင်း၊ အနာကျက်နှေးခြင်း၊ ပိုးဝင်နိုင်ချေများခြင်း၊ ခွဲစိတ်ပြီးနောက် cylinder power ပိုများ၍အမြင်အားနည်းခြင်း၊ မျက်လုံးအတွင်းပိုင်းရောင်ရမ်းမှု ပိုမိုများပြားခြင်း၊ သွေးထွက်နိုင်ခြေများခြင်း၊ အမြင်လွှာပေါက်ပြဲခြင်း၊ အမြင်လွှာကွာကျခြင်းပိုမိုဖြစ်နိုင်ခြင်း၊ အမှေးပါးအနာဖေးပြန်တက်ပြီး အမြင်အားပြန်ကျနိုင်ခြေပိုမိုများပြားခြင်း၊ အနာကျက်ချိန် recovery time ကြာခြင်းတို့ဖြစ်နိုင်ပါသည်။

🏥အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနကြီးတွင် USAနိုင်ငံထုတ် စက်သစ်ကြီးကို အသုံးပြု၍ မျက်စိအတွင်းတိမ်များကို နာကျင်မှုမရှိစေရအောင် ခွဲစိတ်ပေးလျက်ရှိပါသည်။ ခွဲစိတ်ပြီးနောက်ဆက်တွဲဆိုးကျိုးများကင်းဝေးပြီး ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းတစ်စုံကို ပြန်လည်ရရှိပိုင်ဆိုင်နိုင်စေဖို့ အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနကြီး တာဝန်ယူပါရစေရှင်။

မျက်စိနှင့် ပတ်သက်သော ရောဂါဆွေးနွေးမှု၊ စမ်းသပ်ကုသမှုများအတွက် ယုံကြည်စိတ်ချရဆုံး
နိုင်ငံတကာအဆင့်မှီ အာယုမျက်မှန်နှင့် မျက်စိအထူးကုဌာနကြီးမှ မိဘပြည်သူများကို နွေးထွေးဖော်ရွေစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်။ ☺️

⏰ဆေးခန်းဖွင့်ချိန် - မနက်၉နာရီမှ ညနေ၅နာရီ
🏥နေရာ - မြေညီထပ်၊ အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ
အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
☎Tel - +95 9 898 6000 95, +95 9 898 6000 96
📧Email - isec.aryu@gmail.com

Address

မြေညီထပ်၊ အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်
Yangon
11211

Telephone

+959898600095

Website

Alerts

Be the first to know and let us send you an email when ARYU International Specialist Eye Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ARYU International Specialist Eye Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram