Food Safety

Food Safety SAFE FOOD, SAFE LIFE.

ဆီမည်းများ နှင့် စားသုံးသူ ကျန်းမာရေးနေ့သစ်တခုကို စတင်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ လူသားတွေဟာ လှုပ်ရှားရုန်းကန်ကြရပါတယ...
02/03/2025

ဆီမည်းများ နှင့် စားသုံးသူ ကျန်းမာရေး

နေ့သစ်တခုကို စတင်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ လူသားတွေဟာ လှုပ်ရှားရုန်းကန်ကြရပါတယ်၊ ဒီလို လှုပ်ရှားရုန်းကန်ကြဖို့အတွက် စွမ်းအင် လိုအပ်ပါတယ်။ စွမ်းအင် ကို အစာကနေ အဓိက ရယူကြပါတယ်။ အဲလို အစာကနေ ရယူကြတဲ့အခါမှာ အိမ်မှာ စားသောက်တာဖြစ်ဖြစ်၊ အပြင်မှာ စားသောက်တာဖြစ်ဖြစ် လုပ်ဆောင် ကြပါတယ်၊ ရွှေပြည်ကြီးမှာတော့ လက်ရှိအချိန်မှာ အများအားဖြင့် အပြင်စာတွေကိုသာ အားထား စားသောက်ကြရပါတယ်။

ရွှေပြည်ကြီးကလူတွေကလဲ မနက်ခင်းစာဆိုရင် ထမင်းပူပူနှင့် အကြော်၊ စာမူဆာ၊ လက်ဖက်ရည်နှင့် တွဲဖက်ပြီး အီကာကွေး၊ ပဲပလာတာ ဘာညာ ဆီကြော်များကို စားသုံးလာကြပါတယ်။ မနက်စာတင်လားဆိုတော့လဲ မဟုတ်သေးပါဘူး၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စကားစမြည်းပြောရင်လည်း လက်ဖက်ရည်ဆိုင် ထိုင်တက်ကြပါသေးတယ်၊ အဲအခါမှာလဲ အကြော်၊ စာမူဆာ၊ အီကာကွေး၊ ပဲပလာတာ အစရှိသည်တို့ကို စားကြပြန်ရော၊ ဒါမှမဟုတ်ရင်လဲ နောက်ထပ် အကြော် အလှော် တခုခုကို စားသုံးကြပါတယ်။ ညစာဆိုလဲ ဆီများဖြင့် ကြော်လှော်ထားသည်များကို စားကြပြန်ရော့။

ဆီကြော်များကို စားသုံးတဲ့အခါ ဆိုင်တွေက ဆီတွေသည် မည်းညစ်နေပြီ မူလ အရောင်အသွေး ပျက်ယွင်းနေပြီး ဖြစ်ကြောင်းကို အများစုလဲ သတိထားမိမယ် ထင်ပါတယ်၊ လမ်းဘေးဆိုင်တွေဆို ပိုမိုသိရှိနိုင်ပါတယ်၊ မြင်လဲမြင်တွေ့နိုင်ပါတယ်၊ ဆီတွေကို ထပ်ခါထပ်ခါ အကြိမ်ကြိမ် အသုံးပြုခြင်းသည် စားသုံးသူတွေကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ချက်ချင်းမဖြစ်စေနိုင်ပေမဲ့ နာတာရှည်ရောဂါမျိုးတွေ ဖြစ်စေနိုင်ပါသည်။

ရွှေပြည်ကြီးသားတွေကတော့ ဒါကို ပြန်ကြော်ဆီ လို့ ခေါ်ဝေါ်ပြောဆို သုံးနှုန်းကြပါတယ်။ စာရေးသူကတော့ ဆီမည်း လို့ သုံးနှုန်းချင်ပါတယ်။ လမ်းဘေးမှာ ကြော်လှော်နေသော ဘယ်ဆိုင်ကြည့်ကြည့် မည်းညစ်နေသော ဆီမည်းများကိုသာ တွေ့ရှိနိုင်လို့ ဖြစ်ပါတယ်။

အသုံးပြု၍ မဖြစ်တော့သည့် ပျက်ဆီးသွားသော ဆီ၏ ဝိသေသလက္ခဏာများ

ဆီကို အကြိမ်ကြိမ်အသုံးပြုသောအခါ အရည်အသွေးနိမ့်ကျလာပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ဆီမကောင်းတော့သည်ကို အောက်ပါလက္ခဏာများအရ သိနိုင်ပါသည်။

 အနံ့ - ဆီချေးနံနံ့ခြင်း၊ အချဉ်နံ့ရခြင်း၊ ပုံမှန်မဟုတ်သော အနံ့တို့ ဖြစ်ပေါ်စေနိုင်ပါသည်။

 အရောင်ပြောင်းလဲမှု – အသုံးပြုမှုများလာသည်နှင့်အမျှ အညိုရောင် (သို့) အနက်ရောင် (သို့) အမည်းရောင် ဖြစ်လာနိုင်သည်။ ဒီအခြေအနေကို များသောအားဖြင့် ကြော်လှော်နေသော လမ်းဘေးဆိုင်များတွင် မျက်မြင်တွေ့ရှိနိုင်ပါသည်။

 အသွင်အပြင် ပြောင်းလဲလာခြင်း – ဆီသည် မူလ အသွင်အပြင်မျိုး မဟုတ်ဘဲ ပျစ်လာခြင်းတို့ ဖြစ်ပေါ်လာမည်။

 အမြှုပ်များ ထွက်လာခြင်း – ဆီကို ပြန်လည် အသုံးပြုသောအခါ အမြှုပ်များ များစွာ ထွက်လာခြင်း ဖြစ်နိုင်သည်။

 မီးခိုးထွက်ရှိခြင်း – ဆီကို အနည်းငယ် အပူပေးလိုက်လျှင်ပင် မီးခိုးများ ထွက်လာခြင်းသည် ဆီ ပျက်စီးခြင်း၏ ဝိသေသ တခုပါပဲ။၊

 အရသာပြောင်းလဲမှု – အရသာ ပြောင်းလဲနေသော ဆီ၊ တနည်းအားဖြင့် ပြောရရင် ပျက်စီးနေသော ဆီ၊ ဆီမည်း အသုံးပြုသော အစားအသောက်များတွင် ပါးစပ်ထဲတွင် ရှတတ နှင့် ချွဲပြီး ကျန်နေတာမျိုး ဖြစ်ဖူးကြလိမ့်မည် ထင်ပါတယ်။ ဒါမျိုး ကြုံတွေ့ရပါကလဲ ဆက်လက် စားသုံးဖို့ မသင့်ပါဘူး။

ဘယ်လို ကာကွယ်ကြမလဲ၊ ဘယ်လို ဖြေရှင်းကြမလဲ။

ကျွန်နော်တို့ စာဖတ်သူတွေကြီးပဲတော့ ဒီပြသာနာကို ဖြေရှင်းနိုင်ကြမှာ မဟုတ်ပါဘူး။ လမ်းဘေးတွင် ရောင်းချသူတွေေ၊ သက်ဆိုင်သူတွေ အားလုံးသိရှိမှသာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်၊ သို့ပေသိ တနည်းအားဖြင့် ပြောရရင် စားသုံးသူတွေ သိရှိပြီး ရှောင်ရှားကြရင် ရောင်းချသူတွေလဲ သတိထား ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။ စားမြဲစားနေကြအုံးမယ်ဆိုရင် ဆီမည်းများဖြင့် ကြော်မြဲကြော်နေကြအုံးမှာ ဖြစ်ပါတယ်။

ဆီမည်းများသည် လူကို ဘယ်လိုအန္တရာယ် ဖြစ်စေနိုင်သလဲ။

ဆီကို ထပ်ခါထပ်ခါ အကြိမ်ကြိမ် အသုံးပြုပါက ဓာတုပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါသည်။ စိတ်ဝင်စားရင် အောက်မှာ ဆက်လက် ဖတ်ရှု့နိုင်ပါသည်။

ကင်ဆာ ဖြစ်နိုင်မှု မြင့်မားခြင်း

 ဆီကို အကြိမ်ကြိမ် အသုံးပြုပြီး မီးခိုများထွက်ရှိလာသည်အထိ ပြုလုပ်လျှင်၊ တနည်းအားဖြင့် ဆီမည်းများတွင် Polycyclic Aromatic Hydrocarbons (PAHs) နှင့် Acrylamide တို့ကဲ့သို့ ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပိုမိုထွက်ပေါ်လာနိုင်သည်။
 အဆိုပါ ဓာတုပစ္စည်းများသည် အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ တို့ဖြစ်ပွားစေနိုင်သည်။

နှလုံးရောဂါ ဖြစ်နိုင်ခြင်း

 ဆီမည်းများတွင် Trans fat များ တိုးလာပြီး သွေးတွင်း ကိုလက်စထရော (cholesterol) များ တိုးလာနိုင်ပါသည်။
 သွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြင်းကြောင့် နှလုံးရောဂါ နှင့် လေဖြတ်ခြင်းတို့လည်း ဖြစ်နိုင်ပါသည်။

အသည်းနှင့် ကျောက်ကပ် ထိခိုက်နိုင်ခြင်း

 အရည်အသွေး မကောင်းသော ဆီထဲတွင် Free Radicals အလွန်များလာပြီး အသည်းနှင့် ကျောက်ကပ် ထိခိုက်မှုများ ဖြစ်စေနိုင်သည်။
 အစာချေစနစ်ထဲတွင် အဆိပ်အတောက်များ စုဆောင်းသွားနိုင်ခြင်း၊ အသည်းရောင်ခြင်းတို့လည်း ဖြစ်ပေါ်စေနိုင်ပါသည်။

အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
 အစာမကြေခြင်း ၊ ဗိုက်အောင့်ခြင်း၊ ပျို့မျိုအန်ခြင်း တို့ ဖြစ်စေနိုင်သည်။
 အစာအိမ်ထဲရှိ အက်ဆစ်များကို များစွာထုတ်လွှတ်စေနိုင်ပြီး အစာအိမ်နာခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါသည်။

ကိုယ်အလေးချိန်တိုးခြင်း

 ဆီမည်းများတွင် အဆီပိုများနှင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ပါဝင်နိုင်သည်။ ၎င်းတို့ကြောင့် ကိုယ်အလေးချိန် တိုးလာခြင်း နှင့် ဆီးချိုရောဂါ ဖြစ်နိုင်ပါသည်။

ကာကွယ်နိုင်မည့်နည်းလမ်းတွေကတော့

 ဆီကို အကြိမ်ကြိမ်အသုံးပြုမှုကို လျှော့ချပါ။ အိမ်တွေမှာတော့ သိပ်ပြီးတော့ မလုပ်ကြပါဘူး၊ များသော အားဖြင့် ဆိုင်တွေမှာသာ အသုံးပြုကြပါတယ်။
 ဆီကြော်တွေလျော့စားပါ။
 ဆီမည်းတွေနဲ့ ကြော်လှော်ချက်ပြုတ်နေတဲ့ အစားအသောက်ဆို မစားပါနှင့်။ မိမိ အိမ်မှာလဲ မစားပါနှင့်၊ လမ်းလေးမှာလဲ မစားပါနှင့်။
 အထက်မှာဖော်ပြခဲ့သော ပျက်စီးနိုင်သော အခြေအနေများ ဖြစ်ပေါ်နေသော ဆီနှင့် ကြော်လှော်ထားသော အစာကို လုံးဝ (လုံးဝ) မစားပါနှင့်။ ကြာလာရင် မိမိ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်ပါသည်။

.


ဒီနေ့တော့ စာရေးစရာ ကုန်ကြမ်း ထပ်ရတယ် ပြောရမယ်။ ဒီလိုကုန်ကြမ်းမျိုးတော့ ထပ်မရချင်ပါ 😁😁အရင်က ဝယ်စားနေကြ မုန့် တခု၊ မနေ့က စ...
24/02/2025

ဒီနေ့တော့ စာရေးစရာ ကုန်ကြမ်း ထပ်ရတယ် ပြောရမယ်။ ဒီလိုကုန်ကြမ်းမျိုးတော့ ထပ်မရချင်ပါ 😁😁

အရင်က ဝယ်စားနေကြ မုန့် တခု၊ မနေ့က စားချင်လို့ ဝယ်လာတယ်၊ expired date က 27/2/2025 ဆိုတော့ အိုကေပေါ့။ ထုတ်လုပ်ရက်စွဲတော့ မဖော်ပြထားဘူး။ ထားပါတော့။

မနေ့က ညအချိန် မီးပျက်တော့ လုပ်စရာ ရှိတာလေးလုပ်ပေါ့၊ ဗိုက်လေးက ဆာတာတာ ရှိတာနဲ့ ဝယ်လာတဲ့ မုန့်လေး စားမယ်လုပ်၊ ဖောက်လိုက်တဲ့အခါ ပုံမှန်မဟုတ်တဲ့ အနံ့တခုရလိုက်တယ်၊ ဘာလဲဟပေါ့၊ သက်တမ်းကုန်တာများ ဝယ်လာမိသလားပေါ့၊ အဲဒါလဲ ဖြစ်ဖို့နည်းတယ်၊ ကျန်တာမကြည့်မိတောင် expired date တော့ သေချာကြည့်ဝယ်ဖြစ်လို့လေ။ ဗိုက်ကလဲဆာတာနဲ့ ပုံမှန်မဟုတ်တဲ့ အနံ့တခုရတာတောင် စားလိုက်သေးတယ် 😁😁၊ ဒီလောက်နဲ့ ဘာမှမဖြစ်ပါဘူးပေါ့။ သတ္တိကောင်းလိုက်ပုံကတော့ 😁😁။

ဒီနေ့ ညနေလောက်ရောက်တော့ တခုခုစားချင်လာပြန်ရော့။

ဘာရှိလဲ ရှာတော့ ညကမုန့်ပဲ ရှိတယ်။ မထူးပါဘူး စားမယ်ပေါ့။ ညကလိုပဲ၊ ဘာမှမဖြစ်ပါဘူးပေါ့😁😁။

ဒီတခါတော့ မဖောက်သေးပဲ အထုပ်ကို ကြည့်လိုက်တာ မဲမဲလေးတွေနဲ့၊ အခြေအနေတော့ သိပ်မကောင်းဘူး၊ စိတ်ထဲတော့ ငတ်ပြီပေါ့လေ။ ဖောက်လည်းဖောက်လိုက်ရော့ စိမ်းဖန့်ဖန့်လေးနဲ့ လှလှလေး၊

အဲ့ကျမှ OMG ရတယ် 😁😁။

ပြောချင်တာတော့ မှိုတက်နေတယ်ပေါ့ဗျာ။

အမှန်ဆိုရင်တော့ အဲ့မုန့် စားလာသမျှ သက်တမ်းတခုလုံး ဒီတခါ ဖြစ်ဖူးတာပေါ့လေ။

သို့ပေသိ ထုတ်လုပ်သူတွေအနေနဲ့ ဖော်ပြထားတဲ့ သက်တမ်းတခုမှာ မိမိထုတ်ကုန် အရည်အသွေးကောင်းမွန်ရန်၊ ဘေးကင်းစေရန် အပြည့်အဝ တာဝန်ရှိပါတယ်။

မိမိအနေနဲ့ကတော့ production error ကြောင့်၊ ဘာကြောင့်ဆိုပြီး တွေးကြံကာ ခွင့်လွှတ်ပေးနိုင်ပေမဲ့ တခြားသော စားသုံးသူတွေအတွက်တော့ သတိထားစေချင်တာ အမှန်ပဲ။

မသိနားမလည်တဲ့ ကလေးတွေ ဆိုဘယ်လိုလုပ်မလဲ တွေးတောမိတယ်။

မိမိအနေနဲ့ တော့နောက်တခါ အဲ့မုန့်ကို စားဖို့ရန် သိပ်မဖြစ်နိုင်တော့ပါ။

ယုံကြည်မှုကျဆင်းသွားရတာတော့ အမှန်ပါ။

လုပ်ငန်းတွေအနေနဲ့လဲ Brand တခု တည်ထောင်ရတာ မလွယ်ပေမဲ့ အခုလို မကြာခဏဖြစ်နေပါက နာမည်ကျဆင်းသွားမည်မှာ မလွှဲပေ။

ဘာဖြစ်ဖြစ် အစားအသောက် တခုခုစားမယ်ဆိုပါက မိမိလို ပုံမှန်မဟုတ်တဲ့ အနံ့ အရသာ တခုခု ဖြစ်ပေါ်နေရင် စားသုံးခြင်း မပြုပါနှင့် ခင်ဗျာ။

မိမိတော့ ကံကောင်းနေသေးတယ် ပြောရပါ့မယ် ခင်ဗျာ။

ဘေးကင်းကြပါစေ။

(မည်သူတဦးတယောက်ကိုမှ ထိခိုက်လိုခြင်း မရှိပါ)

.

ရန်ကုန်မှာ အဖြစ်များနေတဲ့ အသည်းပိုး(HepatitisA)❤️❤️ စာမရေးဖြစ်တာလဲ ကြာပြီ၊ ခုတလော ရန်ကုန်မှာ ဖြစ်နေ့တဲ့ အသည်းပိုးဆိုတာနဲ...
24/02/2025

ရန်ကုန်မှာ အဖြစ်များနေတဲ့ အသည်းပိုး
(HepatitisA)

❤️❤️ စာမရေးဖြစ်တာလဲ ကြာပြီ၊ ခုတလော ရန်ကုန်မှာ ဖြစ်နေ့တဲ့ အသည်းပိုးဆိုတာနဲ့ ပတ်သက်ပြီးတော့ ရေးချင်လာတယ်၊ ကိုယ်တွေရဲ့ နဲ့လည်း သက်ဆိုင်နေတာကို။

❤️❤️ အခုဖြစ်နေတာကတော့ Hepatitis A အသည်းရောင်အသားဝါ အေ လို့ ဆိုရမှာပေါ့။ သူက အထူးသဖြင့် အသည်းကို ထိခိုက်စေနိုင်သော ဗိုင်းရပ်(စ်) တမျိုး ဖြစ်သည်။ တချို့ လမ်းဘေးဆိုင်စားလို့ ဖြစ်တာလို့ ပြောကြတယ်၊ တကယ်က အဲလိုတော့လဲ မဟုတ်ပါဘူး။

❤️❤️ Hepatitis A ပါရှိတဲ့ မသန့်ရှင်းတဲ့ အစားအစာ၊ မသန့်ရှင်းတဲ့ရေ၊ မသန့်ရှင်းတဲ့လက်နဲ့ ပြုပြင်ထားတဲ့ အစားအသောက် စားမိရင် လမ်းဘေးဆိုင် မဟုတ်ဘဲ ဆိုင်ကြီးတွေမှာ စားလဲ ဖြစ်စေနိုင်ပါတယ်။ မိမိအိမ်မှာစားလဲ ဖြစ်နိုင်ပါတယ်။

❤️❤️Hepatitis A သည် အစားအသောက်က တဆင့် ဖြစ်နိုင်ခြေများတဲ့အတွက်ကြောင့် ဘယ်လိုတွေ ကာကွယ်နိုင်သလဲဆိုရင် -

🎈အစားအသောက် ကိုင်တွယ်သူများအနေဖြင့် လက်ကို သေချာစွာ ဆေးကြောရမယ်။

🎈ဘယ်ဟာပဲ ဖြစ်ဖြစ် ကျက်အောင်ချက်စားပါ။

🎈မသန့်ရှင်းတဲ့ရေကို အသုံးပြုခြင်း၊ သောက်သုံးခြင်း မပြုသင့်ပေ။

🎈လမ်းဘေးအစားအစာဆိုတာထက် အပြင်စာများ စားသုံးခြင်းကို တက်နိုင်သမျှ လျော့ချသင့်တယ်။

🎈အများသုံး / လူအများစု အသုံးပြုသော အိမ်သာ အသုံးပြုခြင်းကိုလည်း တက်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။

❤️❤️Hepatitis A ကူးစက်ခံရပါက ဘယ်လို လက္ခဏာများ ဖြစ်ပေါ်လာနိုင်သလဲဆို တာ သိချင်ကြမယ် ထင်ပါတယ်။

🎈အဖြစ်များတဲ့လက္ခဏာတွေကတော့

ပျို့အန်ခြင်း၊
ဝမ်းလျောခြင်း၊
အစားပျက်ခြင်း (ခံတွင်းပျက်ခြင်း)၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊
မူးဝေခြင်း၊
ကြွက်သားများနာကျင်ခြင်း၊
အားနည်းခြင်းတို့ ဖြစ်နိုင်ပါသည်။

ဒီထက်ပိုပြီး ရောဂါလက္ခဏာပိုမို ပြင်းထန်စွာ ခံစားရမယ်ဆိုပါက

မျက်လုံးဝါခြင်း၊
အသားဝါခြင်း၊
အသည်းကြီးခြင်း၊
ဆီးအညိုရောင်ဖြစ်ခြင်း (Tea-colored urine) လို့လဲ ဆိုကြသည်။

ဒါထက်ပိုပြင်းထန်လာမယ်ဆိုပါက အသက်ပင် သေဆုံးနိုင်ပါတယ်။

❤️❤️ အထက်ပါ လက္ခဏာများ ခံစားရပြီဆိုပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသွားပြီး ကုသမှု ခံယူတာ အကောင်းဆုံးပါ။

❤️❤️ နောက်သတိထားသင့်တဲ့အချက်ကတော့ Hepatitis A သည် အစားအသောက်မှ တဆင့်ကူးစက်နိုင်သည်သာမက လူမှလူကိုလည်း ကူးစက်နိုင်ပါတယ်ခင်ဗျာ။

ဘေးကင်းကြပါစေ။


#အသည်းရောင် #အသားဝါခြင်း

.

ဂုဏ်ယူစွာဖြင့် ​ဖော်ပြအပ်ပါတယ်။​လျှောက်ထားဆဲကာလတုန်းက အမျိုးမျိုး​သော မှတ်ချက်​တွေနဲ့ အချက်အလက်​တွေကို လုပ်ငန်းရှင်နှင့်...
30/11/2024

ဂုဏ်ယူစွာဖြင့် ​ဖော်ပြအပ်ပါတယ်။

​လျှောက်ထားဆဲကာလတုန်းက အမျိုးမျိုး​သော မှတ်ချက်​တွေနဲ့ အချက်အလက်​တွေကို လုပ်ငန်းရှင်နှင့် ပူး​ပေါင်း​ဆောင်ရွက်ရင်း ​နောက်ဆုံး ​29-11-2024 ​နေ့တွင် ထောက်ခံချက်ထွက်ရှိလာတာ​လေး​ပေါ့။

ကျွန်‌တော်တို့၏ ဝန်ဆောင်မှုများ နှင့် လူကြီးမင်းတို့ လုပ်ငန်းအောင်မြင်ရန်မည်သို့ကူညီနိုင်သည်ကို ပိုမိုသိရှိလေ့လာနိုင်ဖို့အတွက်

ယနေ့ပင် ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ.......

+959 954 242 230




22/11/2024

မိမိသိတာလေးတွေ မမျှဝေဖြစ်တာလဲ ကြာပြီ

အားလုံး နေကောင်း ကျန်းမာကြမယ်လို့ မျှော်လင့်ပါတယ်

အားလုံးဘေးကင်းကြပါစေ

ထိန်းချုပ်အစားအသောက် (Control Foods) ဆိုသည်မှာ......ထိန်းချုပ်အစားအသောက်ဆိုတာကို 1997 ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ အမျိုးသားအ...
08/03/2024

ထိန်းချုပ်အစားအသောက် (Control Foods) ဆိုသည်မှာ......

ထိန်းချုပ်အစားအသောက်ဆိုတာကို 1997 ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ အမျိုးသားအစားအသောက်ဉပဒေ၏ အခန်း (၁)၊ အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်း ဆိုထားပါတယ်။

“ထိန်းချုပ်အစားအသောက်ဆိုသည် အာဏာပိုင်အဖွဲ့က အခါအားလျော်စွာ အမိန့်ကြောငြာစာထုတ်ပြန်၍ ထိန်းချုပ်အစားအသောက် ဟု သတ်မှတ်သော အစားအသောက်ကို ဆိုသည်” ဟု ဖော်ပြထားပါသည်။

ထိန်းချုပ်အစားအသောက်အဖြစ်သတ်မှတ်တဲ့ အမိန့်ကြော်ငြာစာက ဘယ်အချိန်က ထုတ်ပြန်လိုက်တာလဲ သိချင်သွားမယ် ထင်ပါတယ်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့၊ အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂၀၂၁ တွင် အောက်ပါအစားအသောက်များကို ထိန်းချုပ်အစားအသောက်အဖြစ် ထုတ်ပြန်လိုက်သည်ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပါတယ်။

၁) အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်
၂) အမှတ်တံဆိပ်ပါ စားသုံးဆီ တို့ ဖြစ်ပါတယ်။

ထိန်းချုပ်အစားအသောက်လို့ သတ်မှတ်လိုက်ရင် ဘာတွေဖြစ်သွားမလဲ။

ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ FDA ထောက်ခံချက် မဖြစ်မနေ ယူရမည့် သဘောဖြစ်သွားပါတယ်။

အခြားထောက်ခံချက် ထုတ်ပေးနိုင်သော စည်ပင်၊ စက်မှု အစရှိတာတွေကလဲ FDA ရမှသာ၊ FDA ထောက်ခံချက်ပါမှသာ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ အခြားသော စားသောက်ကုန်များဖြစ်ပါက FDA မလျှောက်ဘဲ အသေးစားအလက်စားစက်မှုလုပ်ငန်းဉီးစီးဌာနမှ ထုတ်ပေးသော ထောက်ခံချက် ရယူနိုင်ပါတယ်။ ဒါသည်လဲ တရားဝင်ဖြစ်ပါတယ်။

ရှင်းရှင်းနဲ့ဘွင်းဘွင်းပြောရရင် ရေသန့်လုပ်ငန်းတွေ၊ စားဆီလုပ်ငန်း (မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ စားအုန်းဆီ) တွေသည် FDA မဖြစ်မနေ လျှောက်ရတော့မှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သောက်ရေသန့်စက်ရုံများ၊ စားသုံးဆီစက်ရုံများ အနေဖြင့် FDA မှ ထုတ်ပေးသော အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မတိုင်ခင် လျှောက်ထားရမယ်ဟု ဆိုကာ ထုတ်လုပ်သူများ လိုက်နာရန်အမိန့် ဆိုပြီး ထွက်ရှိလာပါတယ်။

ထပ်ပြီးတော့ဆိုရရင် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ထက်နောက်မကျစေဘဲ FDA မှာ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် မဖြစ်မနေ လျှောက်ထားရတော့မှာ ဖြစ်ပါတယ်။

မလျှောက်ထားခဲ့ဘူး ဆိုပါက FDA မှ ဘယ်လိုအရေးယူမှု၊ ဆောင်ရွက်မှုတွေ ထွက်ရှိလာမယ်ဆိုတာ မသိနိုင်သေးပါဘူး။

အချိန်အားဖြင့်တော့ မလိုတော့ပါဘူး။ အချိန်တိုအတွင်း လျှောက်ထားနိုင်ရန်၊ မိမိ စက်ရုံသည် GMP (ကောင်းမွန်သောကုန်ထုတ်လုပ်မှုကျင့်စဉ်) နှင့် ကိုက်ညီစေရန် ကျွမ်းကျင်သူများနှင့် တိုင်ပင်ဖို့ လိုအပ်ပါတယ်။ မကျွမ်းကျင်သူများနှင့် လုပ်ဆောင်ခဲ့ရင် FDA မှ ၎င်းတို့ သတ်မှတ်ချက်နှင့် မကိုက်ညီဘူးဟု သတ်မှတ်ပါက ပြန်လည်ပြင်ဆင်ရတာမျိုး ရှိနိုင်ပါတယ်၊ ထိုအခါ အချိန်ကုန်၊ ငွေကုန် ဖြစ်တက်ပါတယ်။

အချိန်ကုန်၊ ငွေကုန်သက်သာစေရန် GMP (ကောင်းမွန်သော ကုန်ထုတ်လုပ်မှုကျင့်စဉ်) အား ဖော်ဆောင်နိုင်ရန် နှင့် FDA လျှောက်ထားလိုပါက ကျွန်တော်တို့နှင့် လက်တွဲဆောင်ရွက်နိုင်ပါသည် ခင်ဗျာ။







သင်တန်းပေးမဲ့ ရက်ကလေး နီးလားပြီမို့  Remind လေး လုပ်ပါရစေ….Nov (11-12) ပြုလုပ်မဲ့ GHPs & HACCP သင်တန်းတက်ရောက်ပြီး ဘယ်မှ...
06/11/2023

သင်တန်းပေးမဲ့ ရက်ကလေး နီးလားပြီမို့ Remind လေး လုပ်ပါရစေ….

Nov (11-12) ပြုလုပ်မဲ့ GHPs & HACCP သင်တန်းတက်ရောက်ပြီး ဘယ်မှာမှ မရနိုင်တဲ့

Singapore Standard: SS 444:2018

“HACCP system for the food industry - Requirements with guidance for use”

အခမဲ့သင်ကြားခွင့်ကိုရယူလိုက်ပါ။

Good Manufacturing Practices (GMP) သည် ဆေးဝါး၊ အစားအစာနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းစဉ်များ၏ အရည်အသ...
27/10/2023

Good Manufacturing Practices (GMP) သည် ဆေးဝါး၊ အစားအစာနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းစဉ်များ၏ အရည်အသွေး၊ ဘေးကင်းမှုနှင့် ညီညွတ်မှုကို သေချာစေသည့် လမ်းညွှန်ချက်များနှင့် အခြေခံမူများဖြစ်သည်။

1. အရည်အသွေးစီမံခန့်ခွဲမှု

ထုတ်ကုန်များ၏ အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း သေချာစေရန် ခိုင်မာသောအရည်အသွေးစီမံခန့်ခွဲမှုစနစ်တစ်ခု လိုအပ်ထူထောင်ရန် လိုအပ်ပါသည်။

2. ဝန်ထမ်း

တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့်ကောင်းများကို လိုက်နာပြီး သင့်လျော်သော အကာအကွယ်အ၀တ်အစားများ ဝတ်ဆင်ရမည်။ ကောင်းမွန်စွာ လေ့ကျင့်ထားပြီးအရည်အချင်းပြည့်သော ဝန်ထမ်းများ၏ အရေးပါမှုကို မမေ့သင့်ကြောင်း GMP စနစ်က ညွှန်ဆိုထားသည်။

3. Facilities and Equipment

ညစ်ညမ်းမှုအန္တရာယ်ကို လျော့နည်းစေပြီး သင့်လျော်သော သိုလှောင်မှုအခြေအနေများကို သေချာစေသည့် နည်းလမ်းဖြင့် ထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ဒီဇိုင်းထုတ်ရန်၊ ထိန်းသိမ်းရန်နှင့် လည်ပတ်ရန် လိုအပ်ပါသည်။ စက်ပစ္စည်းများကို ချိန်ညှိခြင်း(calibration)၊ တရားဝင်စစ်ဆေးပြီး ပုံမှန်ထိန်းသိမ်းရန် လိုအပ်ပါသည်။

4. စာရွက်စာတမ်းများ

GMP သည် ခြေရာခံနိုင်မှု (traceability) နှင့် တာဝန်ခံမှုရှိစေရန်အတွက် စံလုပ်ငန်းဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများ (SOPs)၊ အစုလိုက်မှတ်တမ်းများ (batch records) နှင့် တရားဝင်မှုဆိုင်ရာ ပရိုတိုကောများ(validation protocols) အပါအဝင် တိကျပြီးပြည့်စုံသော စာရွက်စာတမ်းများ၏ အရေးကြီးမှုကို အလေးပေး ဆောင်ရွက်ရသည့် စနစ်ဖြစ်ပါသည်။

5. ကုန်ကြမ်းများ

ညစ်ညမ်းမှုကို တားဆီးရန်နှင့် အသုံးပြုရန် သင့်လျော်မှု ရှိစေရန်အတွက် သင့်လျော်သော သိုလှောင်မှု၊ ကိုင်တွယ်မှုနှင့် ခွဲခြားသတ်မှတ်ခြင်း အပါအဝင် ကုန်ကြမ်းများ၏ အရည်အသွေးကိုထိန်းချုပ်ရန် လိုအပ်သည်။

6. ထုတ်လုပ်မှုလုပ်ငန်းစဉ်များ

GMP စနစ်တွင် မိမိထုတ်လုပ်လိုသော အရည်အသွေးမြင့် ထုတ်ကုန်များကို တသမတ်တည်း ထုတ်လုပ်နိုင်သည့် ကောင်းစွာသတ်မှတ်ထားသော နှင့် တရားဝင်သော ကုန်ထုတ် လုပ်မှုလုပ်ငန်းစဉ်များ (Validated manufacturing processes) အတွက် လိုအပ်ချက် များကို အကြမ်းဖျင်းဖော်ပြ ထားရှိရမည်။

7. ထုပ်ပိုးခြင်းနှင့် တံဆိပ်ကပ်ခြင်း

ထုတ်ကုန်များကို မှန်ကန်စွာ ဖော်ထုတ်နိုင်စေရန်၊ ၎င်းတို့၏ သက်ဆိုင်ရာ အချက်အလက်များကို သုံးစွဲသူများသိရှိစေရန်အတွက် ထုပ်ပိုးခြင်းနှင့် တံဆိပ်ကပ်ခြင်းအတွက် စံနှုန်းများကို သတ်မှတ်ဖော်ပြပေးရန် လိုအပ်ပါသည်။

8. အရည်အသွေးထိန်းချုပ်ရေး

ကုန်ကြမ်းနှင့် ကုန်ချောထုတ်ကုန်များ၏ အရည်အသွေးကို စစ်ဆေးရန်အတွက် နမူနာ၊ စမ်းသပ်ခြင်းနှင့် ထုတ်လွှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပါဝင်သော ပြည့်စုံသော အရည်အသွေးထိန်းချုပ်မှုစနစ်တစ်ခုကို တည်ထောင်ရမည် ဖြစ်သည်။

9. တိုင်ကြားမှုများနှင့် ကုန်ပစ္စည်းပြန်လည်သိမ်းဆည်းခြင်း

GMP စနစ်၏ လိုအပ်ချက်အရ ကုမ္ပဏီများသည် ဖောက်သည်များ၏တိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ထုတ်ကုန်ပြန်လည်သိမ်းဆည်းခြင်းကို စီမံခန့်ခွဲရန်၊ အချိန်မီစုံစမ်းစစ်ဆေးရန်နှင့် သင့်လျော်သော မှန်ကန်သောလုပ်ဆောင်မှုများပြုလုပ်ရန် လုပ်ငန်းစဉ်များရှိရန် လိုအပ်ပါသည်။

10. စာရင်းစစ်များနှင့် စစ်ဆေးမှုများ

GMP စံနှုန်းများနှင့် ကိုက်ညီကြောင်း အတည်ပြုရန်နှင့် တိုးတက်မှုအတွက် နယ်ပယ်များကို ခွဲခြားသတ်မှတ်ရန် သက်ဆိုင်ရာအဖွဲ့အစည်း အာဏာပိုင်များမှ မိမိလုပ်ငန်းအဖွဲ့အစည်းအတွင်း ပုံမှန်စစ်ဆေးမှုများနှင့် ပြင်ပစစ်ဆေးခြင်းများကို လုပ်ပိုင်ခွင့် ပေးရမည်။

GMP နှင့် ပတ်သက်သော စည်းမျဉ်းများသည် စက်မှုလုပ်ငန်းနှင့် ထုတ်လုပ်သည့်နိုင်ငံပေါ်မူတည်၍ အနည်းငယ် ကွဲပြား နိုင်သည်ကို သတိပြုရန် အရေးကြီးပါသည်။

ကောင်းမွန်သောကုန်ထုတ်လုပ်မှုကျင့်စဉ် GMP နှင့် ကိုက်ညီသော စက်ရုံများတည်ထောင်လိုပါက ဆက်သွယ်နိုင်ပါသည်။

GHP & HACCP Trainingစိတ်ဝင်စားရင် Hello လိုက်ပါ။
16/10/2023

GHP & HACCP Training

စိတ်ဝင်စားရင် Hello လိုက်ပါ။

စက်တင်ဘာ ၃၀ ရက်နေ့အောက်တိုဘာ ၁ ရက်နေ့မှာ ပြုလုပ်မဲ့ HACCP Training ကို လာအပ်နေကြပြီနော်အခွင့်အရေးကို လက်လွှတ်မခံပဲ ကြွမြ...
26/09/2023

စက်တင်ဘာ ၃၀ ရက်နေ့
အောက်တိုဘာ ၁ ရက်နေ့မှာ ပြုလုပ်မဲ့ HACCP Training ကို လာအပ်နေကြပြီနော်

အခွင့်အရေးကို လက်လွှတ်မခံပဲ ကြွမြန်းခဲ့ကြပါ။

https://m.facebook.com/story.php?story_fbid=258257973723085&id=100086166530622&mibextid=9R9pXO

😮 ဒီလိုသင်တန်းမျိုး ဒီ​နေရာမှာ ဒီ​စျေးနဲ့ ဒီအချိန်ပဲ ရနိုင်မဲ့ ​​ပေးရတာထက် ပိုတန်ပိုရမဲ့ သင်တန်းကို Smart Goals Myanmar မှ ဖွင့်လှစ်လိုက်ပါပြီ။
🏠 Classroom Training - 2 days course

🏭 မိမိရဲ့ လုပ်ငန်းမှာ HACCP System ကို Implement လုပ်​တော့မယ်ဆိုရင် Pre-requisite program (PRP) ​ကိုပါ လိုက်နာလုပ်​ဆောင်ရပါတယ်။ ဒီသင်တန်း ၂ ရက်မှာ PRP လုပ်​ဆောင်ဖို့အတွက် Good Hygiene Practices (GHP) requirements များကိုလည်း သင်ကြား​ပေးသွားမှာ ဖြစ်တဲ့အပြင်
👨‍💻 FDA regulation & registration
ပိုင်းများလည်း ပြည့်ပြည့်စုံစုံ Sharing လုပ်​ပေးမှာဖြစ်ပါတယ်။ ***

🧃 ဒီသင်တန်း​လေးကို စားသုံးသူ ​ဘေးအန္တရာယ်ကင်းရှင်း​ရေးအတွက် စား​သောက်ကုန်နှင့် စား​သောက်ကုန်ဆက်စပ်လုပ်ငန်းများတွင် လုပ်ကိုင်​နေ​ကြတဲ့လုပ်ငန်းရှင်များ နှင့် ဝန်ထမ်းများ တက်​ရောက်သင့်ပါတယ်။
(အထူးသဖြင့် production, packaging, warehousing, QA, QC, Engineer, transportation and distribution ပိုင်းလုပ်ငန်းများ)

👩‍🎓သင်ကြား​ပေးမည့်သူက​တော့ Smart Goals Myanmar ၏ CQI-IRCA Certified Course ISO 22000:2018 Lead Auditor (and ISO 9001 Lead Auditor Exemplar Global Certified) အောင်မြင်ထား​သော Trainer & Consultant မှ သင်ကြား​ပေးမှာဖြစ်ပါတယ်။ ​

👷‍♀️စား​သောက်ကုန် နှင့် ​ဆေးဝါးလုပ်ငန်း ပိုင်းအပြင် ISO & Food Safety Consultant and Trainer ပိုင်း​​တွေမှာ လုပ်ငန်းအ​တွေ့အကြုံ 15 နှစ် ရှိ​ပြီး Company များစွာအတွက် GHP, HACCP, FSSC 22000 နှင့် ISO 9001 certificates များ ​အောင်မြင်စွာ ရယူ​ပေးခဲ့သူဖြစ်ပါတယ်။

🙋‍♀️ကဲ မိမိရဲ့ career အခွင့်အလမ်း​ကောင်းတစ်ခုကို ဖမ်းဆုပ်နိုင်ဖို့ဗဟုသုတ​တွေ အများကြီးရဖို့ အတွက် အခုပဲ စာရင်းသွင်းလိုက်ကြရ​အောင်​​နော်။

🍝 ​နေ့လည်စာ နှင့် coffee/tea များလည်းစီစဥ်​ပေးထားပါတယ်။ ပျော်​ပျော်ပါးပါးသင်တန်းတက်ရင်း အကျိုးထူးများစွာရရှိမှာ ​သေချာပါတယ်။

👍အထူးအစီအစဥ် အ​နေဖြင့် သင်တန်းသား နှစ်​ယောက်အပ်နှံလျှင်
1. တစ်ဦးလျှင် 10000 ကျပ် cash back ရရှိပါမည်။ သို့မဟုတ်
2. မိမိတို့ ကုမ္ပဏီ/လုပ်ငန်းတွင် GHP/GMP training ကို အခမဲ့ သင်ယူပေးနိုင်မည့် အခွင့်အ​ရေး ရရှိမှာဖြစ်ပါတယ်။

👩‍💻၃၀ မိနစ်စာ ​မေးခွန်း​လေး​တွေ​ဖြေပြီး certificate ယူကြမယ်။

သင်တန်းရက်- Sep 30 and Oct 1 (စ​နေ၊တနဂ်​နွေ)
သင်တန်းချိန်- 09:00 am to 4:30 pm
သင်တန်း​ကြေး- 70,000 ks
သင်တန်း​နေရာ- Prestige Myanmar Business Training Center - PMM (မြင်သာ​ကျောင်းခွဲ)

110, ၅ လွှာ၊ သံသုမာလမ်းမကြီး​ပေါ်၊ (တက်လမ်း​ဆေးရုံ မျက်​စောင်းထိုး)၊ ​တောင်ဥက္ကလာပမြို့နယ်။

6,13,14,26,27,29,38,42,84,92,97,103,128 ကား​တွေတိုက်ရိုက်​ရောက်ပါတယ်။
*** မြင်သာ​စျေးမှတ်တိုင် ***

Taxi နှင့်လာမည့်သူများတက်လမ်း​ဆေးရုံသို့ငှားလာပါ။
တက်လမ်း​ဆေးရုံ​ရှေ့က အဖြူ​ရောင်နှင့် ​ချောကလက်​ရောင် ကွန်ဒို 110 မှာဖြစ်ပါတယ်။
ဓါတ်​လှေကား​ရောက်ရင် နံပါတ် 5 ကိုနှိပ်ပြီး တက်ခဲ့ပါ။
ဆက်သွယ်ရန်- 09 269775567, 09 455746660

Messenger ကနေလည်း ဆက်သွယ်မေးမြန်း စာရင်းပေးသွင်းနိူင်ပါပြီ။

Address

Min Gyi Street
Yangon

Telephone

+959954242230

Website

Alerts

Be the first to know and let us send you an email when Food Safety posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Food Safety:

Share