Thomas Hobbes Bab - Psychology

Thomas Hobbes Bab - Psychology Higher education creates Higher Income

Control your lust God will be Blest

31/08/2025
31/08/2025

"Captain Phillips" (2013) ဇာတ်ကားအတွက် ဒါရိုက်တာဟာ Tom Hanks နဲ့ ဆိုမာလီပင်လယ်ဓားပြအဖြစ် သရုပ်ဆောင်တဲ့ မင်းသားတွေကို ရိုက်ကူးရေးမစခင် လုံးဝမတွေ့စေခဲ့ပါဘူး။

ဒီလိုဆုံးဖြတ်ခဲ့တာက Tom Hank နဲ့ ဓားပြတွေကြားက တင်းမာမှုနဲ့ ရန်လိုစိတ်ကို တကယ့်အပြင်ကလို ရန်ဖြစ်နေတဲ့အတိုင်း ဖန်တီးချင်လို့ တမင်ခွဲထားခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်းကလည်း ဒီလိုတွေကြောင့် ပိုပြီးကောင်းသွားခဲ့ပါတယ်။

John Snow ရေးသားသည်။

31/08/2025

Showgirl ဆိုတာဘာလဲ ?

Taylor Swift ရဲ့ The Life Of A Showgirl လာတော့မှာဆိုတော့ ဒီတစ်ခါမှာတော့ Showgirl ဆိုတာဘာလဲဆိုတာပြောကြပါမယ်။

Showgirl ဆိုတာဟာ နှစ်ပေါင်း ၂၅၀ ပြည့်ခါနီး ဖျော်ဖြေရေးတစ်ခုပါပဲ။ အာရှဘက်မှာတော့ သိပ်မရင်းနှီးကြပေမယ့် အနောက်တိုင်းဘက်မှာတော့ သိပ်နာမည်ကြီးပါတယ်။ အနောက်ပိုင်းမှာနာမည်ကြီးဆို အစပြုခဲ့တာကလည်း သူတို့ဘက်ကနေစခဲ့တာကိုး။

Showgirl တွေဟာ အစောပိုင်း ၁၈၀၀ ဝန်းကျင် မှာတော့ အမျိုးသမီးတွေဟာ ဖော်ချွတ်ပြသပြီး ကပြရင်း အမျိုးသားတွေကို ကိုယ်ကပြတဲ့ ဆိုင်မှာ ငွေသုံးအောင် ဆွဲဆောင်ရတာမျိုးပါ။ တချို့ကတော့ အော် ဒါကသူတို့စီးပွားသူတို့လုပ်တာပဲလေလို့ပြောကြပေမယ့် တချို့ အထူးသဖြင့် အထက်တန်းလွာတွေကတော့ ဒီမိန်းမတွေက မျက်စိတွေကို ပြည့်တန်ဆာလုပ်စားတဲ့အလွှာသီးသန့်ပါပဲ ဆိုပြီးအထင်သေးကြတယ်။ အစောပိုင်း Showgirl တွေဟာ အခုခေတ်လိုမဟုတ်သေး ခြုံထည်လေးပဲခြုံပြီး အဝတ်အစားတွေမပါပဲ မိမွေးတိုင်းဖမွေးတိုင်း ဖျော်ဖြေကြတာတွေရှိကြလို့ပါ။

နောက်ကျတော့ တဖြည်းဖြည်းနဲ့ပြောင်းလဲလာလိုက်တာ ရိုးရိုးကပြတာမျိုး အကြည့်ခံရုံပဲမဟုတ်ပဲ သီချင်းတွေဆိုလာကြတယ် မြူးမြူးတူးတူးကပြလာတယ် အရင်လို ဝတ်လစ်စလစ်အပြည့်မဟုတ်ပဲ စီးကွင့်တွေထိုးထားတဲ့ ဘော်လီတွေ ဆာစမိုင်တာတွေဝတ် ဖလားဖလားပွပွ ငှက်မွေးလိုမျိုးတွေဝတ်ပြီးဖျော်ဖြေလာကြတယ်။
ဖြစ်သလို စားသောက်ဆိုင် အရက်ဆိုင်တွေမှာမဟုတ်ပဲ ဟော်တယ်တွေ တချို့ဆို ပြဇာတ်ရုံတွေမှာပါ ဖျော်ဖြေခွင့်ရကြပါတယ်။

ဒီလိုနဲ့ ၁၉၆၀ နောက်ပိုင်းမှာတော့ ဒါဟာ Pop Culture ရဲ့ အရွေ့တစ်ခုဖြစ်လာပါတယ်။ သီချင်းတွေ ရုပ်ရှင်တွေ ပြဇာတ်တွေ အဆိူတော်တွေ မင်းသမီးတွေဟာ ဒီဖြစ်ရပ်တွေ Concept တွေကို ရိုက်ကူးလာခဲ့ကြပါတယ်။ ဒီလိုနဲ့ Showgirl Concept တွေဟာ လူတွေနဲ့ရင်းနှီးလာခဲ့ပါတယ်။

အခုမှသာ အဆိုတော်တွေမင်းသမီးတွေပြဇာတ်တွေရုပ်ရှင်တွေကြောင့် လူတွေကြားထဲ အော် Showgirl ဆိုတာ အဖော်အရော်တွေဝတ်ပြီး ကပြဖျော်ဖြေရင်း ငွေရတယ် ရိုင်းရိုင်းပြောရရင် ဖ-ာ ခံ စားစရာလည်းမလိုပဲ ငွေရလွယ်တယ် ဒီဘက်ခေတ်လိုဆိုရင်တော့ ဖော်ချွတ်အကသမား Stripper တွေလိုပဲလို့ထင်ကြပေမယ့် ဟိုးအရင်က Showgirl တွေကတော့ အခုခေတ်လောက် အရေးပေးမခံရပါ။အခုခေတ်မှာ Stripper အခွင့်အရေး နှုတ်မဆော့ရေး ကာကွယ်ပြောဆိုပေးကြတာမျိုးရှိပေမယ့် သူတို့ခေတ်မှာတော့မရခဲ့ပါ။

Showgirl တွေဟာ လူတွေရှေ့ ဝတ်လစ်စလစ်လည်းကရ အစော်ကားလည်းခံရတဲ့အပြင်ကို ဖျော်ဖြေခကလည်း နှစ်ပဲတပြားပဲရတာပါ။ နာမည်ကြီး Showgirl ဆိုရင်တောင် စားနိုင်သောက်နိုင်လောက်ထက်မပိုပါဘူး။ နောက်တစ်ခုက ခေတ်ဦးမပြောလေနဲ့ နာမည်ကြီးလာပြီး ၁၉၀၀ ခုနှစ်တွေအလွန်အထိကို သူတို့ဟာ အဆိုတော် မင်းသမီးတွေလို ငါနာမည်ကြီးနေတာပဲဟဲ့ ဆိုပြီး ချေမိုးပိုင်ခွင့်မရှိ ပွဲစီစဥ်သူ ဇာတ်ရုံပိုင်ရှင် စသဖြင့်သူတွေရဲ့ ပေးသလောက်ယူ ခေါင်းပုံဖြတ်တာကိုလည်းခံရပါသေးတယ်။ ဒါ့အပြင် သူတို့မှာ နေမကောင်းလည်း တက် က မိသားစုကိစ္စရှိလည်း တက် က သေရေးရှင်ရေးကလွဲရင် ဘာကြီးဖြစ်နေနေ တက် က ရတော့တာပါပဲ။ Showgirl ဆိုတာဟာ ရတာယူ ကျွေးတာစား ဇာတ်ရုံပိုင်ရှင်ခိုင်းတာလုပ် လုပ်ချင်ချင်မလုပ်ချင်ချင် ထားရာနေ စေရာသွား ဘဝတွေပါ။ ဇာတ်ရုံသမားစိတ်ငြိုငြင်မှာလည်းကြောက်ရသလို ကိုယ့်ကိုလာကြည့်မယ့် ကာလသားတွေကြားထဲ ကိုယ့်နာမည်အမြဲရှိနေစေဖို့ နာမည်ကြီးနေစေဖို့ ရုပ်အလှ ခန္ဓာကိုယ်အလှကိုလည်းထိန်း အငတ်ခံရ ကချင်ချင် မကချင်ချင် အမြဲစင်ပေါ်တက်နေရတဲ့သူတွေပဲဖြစ်ပါတယ်။

30/08/2025

James Gunnကအခုအနေနဲ့ဆို DCUအတွက်Batmanနေရာကိုစရှာနေပြီလို့ယူဆရပါတယ် မနေ့ကတင် Alan Ritchson ကတော့သူတော့မဖြစ်နိုင်ကြောင်းပြောသွားပါပြီ ဒါပေမဲ့ လက်ရှိမှာ Fanတွေကြားhot ဖြစ်နေတဲ့Castတွေရှိပါသေးတယ် Superman မင်းသားဟောင်းတွေဖြစ်တဲ့ Tyler Hoechlin နဲ့Henry Cavill တို့ဟာလဲ ဒီထဲမှာပါဝင်နေပါတယ် Tylerဆို အစကသူ့ကိုCWကခေါ်တုန်းကBatmanအတွက်ထင်နေတာ Superman ဖြစ်လာခဲ့ပါတယ် Henryကတော့ Batman Beginsတုန်းက Audition ဝင်ခဲ့သေးပါတယ် ဒါပေမဲ့Christian BaleကBatmanဖြစ်သွားခဲ့ပါတယ် သူတို့အပြင် ထပ်မံ hotနေသူတွေကတော့ Brandon Sklenar,Ethan Peck,Nate Mann,Tom Batemanနဲ့Tom Brittneyတို့ဖြစ်ပါတယ် အဲ့ထဲမှာမှလက်ရှိမှာအhotဆုံးကတော့ Brandon Sklenar ဖြစ်ပါတယ် but James Gunnအကြိမ်ကြိမ်ငြင်းနေတာတောင် Fanတွေကတော့ Robert Pattinson ကိုDCUရဲ့Batmanပါဖြစ်စေချင်နေတုန်းပါဘဲ admunအနေနဲ့ပြောရရင်တော့ Robert ကလဲBatmanအနေနဲ့ပရိတ်သတ်တွေမြင်ပြီးသားလူဖြစ်တာမို့ Different universe but same faceဆိုတဲ့အကွက်မျိုးသုံးချင်ရင်တော့ရပါသေးတယ် ဒါပေမဲ့ chance ကတော့နည်းပါတယ် ကဲ followersတွေကော ဘယ်သူ့ကို DCUရဲ့Batmanဖြစ်စေချင်ကြလဲ?

30/08/2025

မြန်မာ ပေါလောကရဲ့ ဒါရိုက်တာတွေထက်အများကြီးသာတယ်

30/08/2025

Superman 2025 ကြည့်တဲ့သူတိုင်း
တွေးမိကောင်းတွေးမိလိမ့်မယ်
Boravia က Jarhanpur ကိုဒုတိယအကြိမ်ကျူးကျော်တဲ့အချိန်မှာကလေးတွေက Superman အလံကိုလွှင့်ထူပြီး Superman ကိုလာကယ်ပေးဖို့ကြွေးကြော်ကြတယ်
Jarhanpur ပြည်သူပြည်သားတွေဟာလဲ
ကလေးတွေနဲ့အတူ Superman နာမည်ကိုကြွေးကြော်နေကြတာကိုတွေ့ရမှာပါ။
ဒါပေမယ့်တကယ့်တကယ်ကျ Superman ရောက်မလာပဲ Justice gang ရောက်လာတာကိုပဲတွေ့တဲ့အခါအများစုက ဟင် Superman က ဘာလို့ရောက်မလာတာလဲသူရောက်လာရင်
ပိုမိုက်မှာကိုဆိုပြီးတွေးမိကောင်း
တွေးမိနိုင်ပါတယ်။
အမှန်တော့အဲ့မှာအကြောင်းအရင်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ Movie မှာပါတဲ့အတိုင်း Dimensions အက်ကွဲကြောင်းတွေကိုပြန်ပိတ်ဖို့က Luthor ကိုတားကိုတားမှရမှာဖြစ်ပြီး
အချိန်နည်းနည်းလေးတောင်နောက်ကျလို့မရပါဘူး။ကြားထဲ Engineer နဲ့ Ultraman ကိုလဲ ချရအုန်းမှာဆိုတော့အချိန်နည်းနည်းနောက်ကျရင်ကို
ကမ္ဘာပျက်ဖို့ပိုနီးသွားမှာပါ။အဲ့ဒါကြောင့် Justice gang ကိုအကူအညီတောင်းပြီး Lex ဆီအမြန်သွားတာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Superman က Symbols of hope ဖြစ်နေလို့ပါ။

Jarhanpurနယ်စပ်က ကလေးတွေရောလူကြီးတွေပါ Superman လာအကယ်ကိုမျှော်လင့်နေကြပြီး Superman ဆိုတဲ့ Hope ကိုဆွဲကိုင်ထားကြပါတယ်။မျှော်လင့်ချက် ဆိုတိုင်းမျှော်လင့်ထားတိုင်းဖြစ်မလာတတ်တဲ့သဘောတရားအရ
သူတို့ မျှော်လင့်ထားတဲ့အတိုင်း Superman ဟာရောက်မလာခဲ့ပါဘူး။
တစ်ဖက်မှာတော့ နိုင်ငံရေးတွေကိုဝင်မရှုပ်ချင်ဘူးဆိုတဲ့ Green lantern Guy ရယ် Hawkgirl ဟာ
Jarhanpur အရေးမှာ သူတို့ကိုယ်တိုင်စိတ်လိုလက်ရ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
ဒါဟာသူတို့ရဲ့ Character development လဲ ဖြစ်သလို Superman ဆိုတဲ့ Symbols of Hope ကို inspired ပြီး ပိုကောင်းတဲ့ Hero တွေဖြစ်လာကြတဲ့ပုံစံပုံဖော်ထားတယ်လို့ပြောရပါမယ်။

Superhero fan တွေအမြဲပြောနေကြ
စကားဖြစ်တဲ့ Solo movie ဆိုရင် ဘာလို့ Hero တစ်ယောက်တည်းကပဲ ကမ္ဘာကြီးကိုကယ်နေရတာလဲ ကျန်တဲ့ Hero တွေဘယ်ရောက်နေလို့လဲဆိုတဲ့မေးခွန်းကို James Gunn က
ပြန်ဖြေပေးလိုက်တယ်လို့တော့ထင်ပါတယ်။

29/08/2025
29/08/2025
29/08/2025

မင်းသားကြီး ju ji hoon ကိုယ်တိုင် သေချာရွေးချယ်ပီးမှ လက်ခံရိုက်ကူးထားတဲ့ ဇာတ်ကားကြီးဆိုတော့ တစ်ကယ်အစအဆုံးကြည့်ပီးမှ ဇာတ်ကားတော်တော်ကောင်းတာနားလည်သွားမယ် အဲ့ခေတ်က ဘယ်မှသေချာမရိုက်ရဲသေးတဲ့ဟာကို IMDb rating ခုထိ မပုတ်သွားအောင်လုပ်နိုင်ခဲ့တာတော့ ချီးကျူးစရာပါပဲ မင်းသားတွေတင်မဟုတ်ပါဘူး အခုချိန်မှာလူကြိုက်အရမ်းများနေတဲ့ သက်ကြီးသရုပ်ဆောင်တွေရော သတ်လတ်ပိုင်းသရုပ်ဆောင်တွေရော မင်းသားတွေရော မင်းသမီးတွေရော တော်တော်များများ တာဝန်ကြေကြပါတယ်

နောက်ဆုံး ဝက်တွေအများကြီးကို ဘုရင် tat နေတဲ့အခန်းဆိုရင် သေသေချာချာ art တစ်ခုလိုပြသွားတာ တစ်ခြားကဒ်တွေလည်းပါတယ် အဲ့ဘုရင်ဆိုးတာတွေကိုသေသေချာချာပုံဖော်ထားတဲ့အပြင် အမတ်သားအဖကိုပါ မလွတ်သွားအောင် သေချာလေးဖော်ပြထားတာ ဒါကြောင့်လည်း မူရင်းဗားရှင်းက သုံးနာရီတောင်ကြာတာ အရမ်းဆိုးတာတွေ ပြန် cut လိုက်မှ 2 နာရီခွဲပဲဖြစ်သွားတာ ju ji hoon ကတော့ ju ji hoon ပါပဲ ဇာတ်အရွေးတော်တယ် ဘုရင်သရုပ်ဆောင်တဲ့သူကလည်း မုန်းသွားအောင်ထိကို သရုပ်ဆောင်တော်တယ် ဒါကြောင့် rating 7.2 က ရသင့်လို့ရထားတဲ့ ဇာတ်ကားပါပဲ

နောက်ဆုံးခန်း သူ့ဟာသူ ဇာတ်မြှုပ်သွားတာလေးပါအပိုထည့်ပေးခဲ့တယ် တစ်ကယ်တန်းတွေးကြည့်ရင် ဟိုဘုရင်က အကျင့်သာမကောင်းတာ သူ့သငယ်ချင်းအမတ်ကိုတော့ တော်တော်လေးယုံကြည်တာ ကျန်တဲ့သူတစ်ယောက်မှမယုံဘူး အာ့ကြောင့်လည်း မြန်မြန်ရှောတာ သူရက်စက်တာတွေက ရှင်နေတဲ့သူတွေအပေါ်တင်မဟုတ်ဘူး ရှောသွားလို့ အရိုးဆွေးနေတဲ့သူတွေကိုပါ ပြန်ဖော်ပီး အမှုန့်ကြိတ် ဝက်တွေကို အဲ့အမှုန့်ကြွေးပြစ်တာ မြန်မာ comment ရေးတဲ့သူတွေ တစ်ခါတစ်လေရေးတက်ကြပါတယ် ရှောသွားတဲ့မင်းအဖွားကိုပြန်ဖော်ပီး အရိုးတွေကိုပါတစ်ခုချင်း yoe ပြစ်မယ်ဆိုတဲ့ comment ရေးတဲ့ကောင်တွေလိုပဲ ဒီဘုရင်က တစ်ကယ်ကြီးအဲ့လို အငြှိုးကြီးကြီးလုပ်ခဲ့တာ တော်တော်ဆိုးဆိုးပဲ တော်ပါသေးတယ်မြန်မြန်ရှောသွားလို့

အဲ့ဒါကြောင့် ဒီအကြောင်းကြီးသိထားတော့ Bon appitie your majesty ထွက်တော့ နဲနဲကြောင်တောင်တောင်ဖြစ်သွားသေးတယ် ဘာလဲဟပေါ့ ဘုရင့်အမျိုးတွေများ ဒီခေတ်ထိကျန်ခဲ့ပီး ရိုးသားဖြူစင်တယ်ဆိုပီး ဘရိန်းဝှက်မလို့လားဆိုပီးတောင်တွေးနေသေး ဒါပေမဲ့မဟုတ်လောက်ပါဘူး ဒီတိုင်း Entertainment အနေနဲ့ပဲ ဖန်တီးတာနေမယ် ဒီဇာတ်ကားနာမည်က The Treacherous ပါဗျ ဟိုနေ့က ကျနော်တင်ပေးထားပါတယ် wall ထဲမှာရှိပါတယ်ဗျ ကြည့်ချင်သူများ ❤❤

ငိုအုန်းမယ်
28/08/2025

ငိုအုန်းမယ်

Apple Event ရဲ့ invitation မှာ အရောင်တွေ Glow ဖြစ်နေတဲ့ Effect လေးပါဝင်ပါတယ်

ကျနော်တို့က ခန့်မှန်းတာ Apple က ဘယ်လို အရောင်အသစ် ထုတ်မှာမလို့ အခုလို ထည့်ပေးတာမျိူးတွေးနေတာပါ

RedMagic ကတော့ရှင်းပါတယ် Apple Logo ကို အပူတိုင်း ကရိယာနဲ့ ချိန်ထားတဲ့ပုံတင်ပြီး “ငါနားလည်ပေးနိုင်ပါတယ်တဲ့”

သူလုပ်လိုက်တဲ့ ပုံက iPhone တွေရဲ့ ရှယ်ပူတယ်ဆိုတဲ့ အချက်ကို သွားစမိသလိုဖြစ်နေတာပါ

Fun Fact : ပြောရရင် iPhone တွေက Flagship တွေဆိုပေမယ့် အပူစွန့်ထုတ်မှုစနစ်မှာ V***r Chamber Cooling စနစ် မပါဝင်သေးပါဖူး

iPhone 17 Pro တွေမှာတော့ ပထမဆုံး စပြီး ထည့်ပေးလာမယ်လို့ သတင်းထွက်နေပါတယ်

Address

Yangon

Opening Hours

Tuesday 09:00 - 15:00
Wednesday 09:00 - 14:00
Thursday 09:00 - 13:00
Saturday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when Thomas Hobbes Bab - Psychology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram