Chit Myittar Special Clinic - ချစ်မေတ္တာ အထူးကုဆေးခန်း

  • Home
  • Chit Myittar Special Clinic - ချစ်မေတ္တာ အထူးကုဆေးခန်း

Chit Myittar Special Clinic - ချစ်မေတ္တာ အထူးကုဆေးခန်း အမျိုးသမီးနှင့်အထွေထွေရောဂါ အထူးကုဆေးခန်း၊ဆေးဆိုင် နှင့် ရောဂါရှာဖွေရေးစင်တာ

ထောက်ကြန့်မြို့ရှိ ချစ်မေတ္တာ အထူးကုဆေးခန်း နှင့် ဆေးဆိုင်အား.. ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများဖြင့် ကုသပေးနိုင်ရန်အ...
16/06/2022

ထောက်ကြန့်မြို့ရှိ ချစ်မေတ္တာ အထူးကုဆေးခန်း နှင့် ဆေးဆိုင်အား..

ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများဖြင့် ကုသပေးနိုင်ရန်အတွက် အသေးစားပြု့ပြင်မှုများ လုပ်​ဆောင်ရန်ရှိပါသောကြောင့်...

(အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း) ကို အချိန်တစ်ခုထိသာ ယာယီ ပိတ်သွားပါမည်..။

ကျေးဇူးတင်ပါတယ်ခင်ဗျာ....

နား ၊ နှာခေါင်း နှင့် လည်ချောင်းရောဂါ ခံစားနေရသူများအတွက် ချစ်မေတ္တာ အထူးကုဆေးခန်းနှင့် ဆေးဆိုင် မှ ထပ်မံကြော်ငြာချင်း.....
16/06/2022

နား ၊ နှာခေါင်း နှင့် လည်ချောင်းရောဂါ ခံစားနေရသူများအတွက် ချစ်မေတ္တာ အထူးကုဆေးခန်းနှင့် ဆေးဆိုင် မှ ထပ်မံကြော်ငြာချင်း......

နား၊နှာခေါင်း၊လည်ချောင်းနှင့် ပတ်သက်သောရောဂါများဖြစ်သည့် ...

👂နား နှင့် ဆိုင်သောရောဂါများ ဖြစ်သည့်
နားအူခြင်း
နားပြည်ယိုခြင်း
နားလေးခြင်း
နားကိုက်ခြင်း
နားကွဲခြင်း စသည့်....

👃𠸏နှာခေါင်း နှင့် ဆိုင်သော ရောဂါများ ဖြစ်သည့်
နှာခေါင်းအသားပိုများ
နှာခေါင်းပိတ်
ထိပ်ကပ်နာ
နှာခေါင်းသွေးလျှံခြင်း စသည့်...

👄 လည်ချောင်း နှင့် ဆိုင်သော ရောဂါများ ဖြစ်သည့်
လည်ပင်းအကျိတ်
လည်ပင်းကြီးခြင်း
မျိုရခက်ခြင်း
အသံဝင်ခြင်း
ပါးကျိတ်ရောင်ခြင်း စသည့်ရောဂါများကို

ချစ်မေတ္တာ အထူးကု ဆေးခန်းတွင်...

🧑နား ၊ နှာခေါင်း ၊ လည်ချောင်း‍ အထူးကုဆရာဝန် ဒေါက်တာအေးဇာဇာမြင့် M.B.B.S (Ygn),M.Med.Sc(ORLHNS) နှင့်

အပတ်စဉ် အဂ်ါ ၊ ကြာသာပတေး (နေ့လည် ၂နာရီ) တိုင်းတွင် ကြိုတင် booking ယူ၍ကုသမှုရရှိနိုင်ပါသည်။

Ph- 09-756104048 / 09-982070577
သပြေညိုအဆောင်အအုံ (မြေညီထပ်) , ရန်ကုန်-ပဲခူးလမ်းမကြီးဘေး , ထောက်ကြံ့ ဈေးသစ်အနီး , မင်္ဂလာဒုံမြို့နယ် , ရန်ကုန်တိုင်းဒေသကြီး။

🐵“ မျောက်ကျောက်ရောဂါ(Monkey Pox Virus) အကြောင်းသိကောင်းစရာ ”🐵ပထမဆုံး အနေနဲ့ ပြောပြချင်တာကတော့... မျောက်ကျောက်ရောဂါဆိုတာ ...
25/05/2022

🐵“ မျောက်ကျောက်ရောဂါ(Monkey Pox Virus) အကြောင်းသိကောင်းစရာ ”🐵

ပထမဆုံး အနေနဲ့ ပြောပြချင်တာကတော့... မျောက်ကျောက်ရောဂါဆိုတာ Poxviridae အုပ်စုထဲက Orthopox Virus မျိုးနွယ်ဝင်ဖြစ်ပါတယ်။

မျောက်တွေမှာ စတင်ဖြစ်ပွားခဲ့လို့ အခေါ်ဝေါ်က မျောက်ကျောက်ရောဂါဖြစ်ပြီး ၁၉၇၀ခုနှစ်နောက်ပိုင်းမှာတော့ လူတွေကို စတင်ကူးစက်လာခဲ့ပါတယ်။

အဆိုပါ ရောဂါပိုးဟာ အလယ်ပိုင်း နှင့် အနောက်အာဖရိက၏ အပူပိုင်းမိုးသစ်တောဒေသများ မှ တစ်ဆင့် ယခုအခါ အမေရိက ၊ ယူကေ ၊ အီတလီ ၊ ဆွီဒင် ၊ ပေါ်တူဂီ ၊ စပိန် နှင့် ကနေဒါ နိုင်ငံများအပါအ၀င် နိုင်ငံပေါင်း ၁၂နိုင်ငံအထိ မျောက်ကျောက်ရောဂါ ကူးစက်မှုရှိနေကြောင်း သိရပါတယ်။

အရင်ကတော့….ရောဂါကူးစက်ခံရသူနှင့် ထိတွေ့မိလို့ ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခဲ့လို့ ကူးစက်ခံခဲ့ရပြီး ယခုနှစ် မေလ မှစတင်ကူးစက်လာတာကတော့ လိင်မှတစ်ဆင့် Outbreak သဘောမျိုး ကူးဆက်လာတယ်လို့ ခန့်မှန်းသိရှိရပါတယ်။

(22.5.2022) အထိ WHO အဖွဲ့ဝင်နိုင်ငံတွေထဲက နိုင်ငံ (၁၂) နိုင်ငံမှာ ရောဂါပိုး ကူးစက်ခံရသူ (၉၂) ယောက် ၊ သံသယရှိသူ (၂၈) ယောက်ထိရှိနေပြီဖြစ်ပေမဲ့ ပုံမှန်အနေထားမှာတော့ လူအချင်းချင်း ကူးစက်ပြန့်ပွားနိုင်ခြေ နည်းပါးလွန်းတာကြောင့် တစ်ကမ္ဘာလုံး ပြန့်ဖို့ကတော့ မလွယ်တဲ့အခြေနေပါ။

မတော်တစ်ဆ ကူးစက်ခံခဲ့ရရင်လည်း ပုံမှန်ကျောက်ရောဂါတွေမှာဖြစ်လေ့ ဖြစ်ထရှိတဲ့အတိုင်း...
- ဖျားမယ်
- အရည်ကြည်ဖုပေါက်မယ်
- အနီစက်တွေထွက်မယ်
- နှုံးနေမယ်
ဒါပေမဲ့ စိတ်ပူစရာမလိုပဲ အချိန် ၂ပတ်မှ ၄ပတ်အတွင်း ပြန်လည် ကျန်းမာလာနိုင်ပါတယ်နော်….။

အဆိုးဆုံးအခြေအနေကတော့ အရည်ကြည်ဖု မှတစ်ဆင့် ပိုးဝင်သည့်အခြေအနေ ရောက်သောအခါ ပြည်တည်နာအဖြစ် ပြောင်းလည်းလာနိုင်ပြီး ၂ပတ် မှ ၄ပတ်အတွင်း အနာပြန်လည် ကောင်းမွန်လာနိုင်ပါတယ်...

ဒါပေမဲ့ ကျွမ်းကျင်သော ဆရာဝန်များဖြင့် ကုသမှုကို သေချာစွာခံယူရမယ်နော်...

တစ်ခုရှိတာက ရောဂါပိုးတွေရဲ့ ထုံးစံ အတိုင်း….
- ကလေးငယ်
- ကိုယ်ဝန်ဆောင်
- ကင်ဆာရောဂါသည်
- ကိုယ်ခံအားနည်းလွန်းသူ
- သက်ကြီးရွယ်အို နှင့် နာတာရှည် လူနာ တွေကတော့ မပြေးသော် ကံရာရှိ အထူးသတိထားရပါမယ်နော်…။

ကျွန်တော်တို့အနေနဲ့ ယခု့အခြေနေကို တစ်ဖက်က ပြန်သုံးသပ်ရမယ်ဆိုရင်….🤔🤔🤔

- ရောဂါစဖြစ်ခဲ့တာက ရေရှားပါးလွန်တဲ့ အာဖရိကလို နိုင်ငံကစခဲ့တာဆိုတော့ ကျွန်တော်တို့လို ရေနေ့တိုင်းချိုး ၊ ခဏ ခဏ ချိုး ၊ နွေမိုးဆောင်း သုံးရာသီလုံး ရေချိုးနိုင်တဲ့ နိုင်ငံမှာဆိုရင်တော့ ဒီတစ်ချက်က အားသာချက်ဖြစ်နိုင်ပါတယ်။👍

- ယခုစတင်ဖြစ်ပွားလာတဲ့ အခြေနေမှာ ဥရောပလို နိုင်ငံတွေက စတင်ခဲ့တာဆိုတော့ မြန်မာနိုင်ငံကို ကူးစက်လာနိုင်ခြေ နည်းပါးသေးပါတယ်....

- ရောဂါကူးစက်ပုံကလည်း ထိတွေ့မှုက တစ်ဆင့် ဖြစ်တာဆိုတော့ အရင်လိုပါပဲ…လက်ကိုခဏ ခဏ ဆေးပါ ၊ Mask ကိုသေချာတပ်ပါ ၊ Social Distancing သေချာလုပ်ရင် Covid လိုကောင်ကိုတောင် အံတုနိုင်ခဲ့သေးတော့ Monkey လောက်တော့ အေးဆေးပေါ့ဗျာ….နော့်😛

- နောက်တစ်ခု့တိုးတိုးလေး မှာချင်တာကတော့….WHO ကလေ လိင်ကတစ်ဆင့်စတင်ကူးစက်တယ်လို့ ပြောနေတော့ ( စိတ်အလိုကိုလိုက်ကာ ငယ်သူမို့မသိတက်ခဲ့ပါ 🎤🎤🎤) မလုပ်ပဲ အကာကွယ်(Condom) ကို သေချာသုံးနော်…..။ ထပ်ပြောမယ်နော်…Safe S*x!!!

- နောက်ဆုံးထပ်မှာချင်တာကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှု အထူးဂရုစိုက်ပါ ၊ အဟာရပြည့်ဝစွာစားပါ ၊ အစားအစာတွေကို သန့်ရှင်းစွာဖြင့် ကျက်အောင် ချက်ပြုတ်စားသောက်ကြပါ ၊ အိပ်ရေးဝအောင် အိပ်ပါနော်…။

ဒါပေမဲ့ ဘာတွေ ဘယ်လိုပဲပြောပြော မျောက်ကျောက်ရောဂါပိုးအတွက် ကာကွယ်ဆေး ၊ ကုသဆေး မရှိသေးတဲ့ အတွက် ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် အားလုံးပဲ ကြိုတင်ကာကွယ်ခြင်းဖြင့် သာယာပျော်ရွင်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး နိုင်ကြပါစေ....။



သင်…မိုးရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံဖို့စဉ်းစားနေပါသလား….?🤔ကျွန်တော်တို့မြန်မာနိုင်မှာ ယခု့လို မိုးရာသီရောက်ပြီဆို...
17/05/2022

သင်…မိုးရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံဖို့စဉ်းစားနေပါသလား….?🤔

ကျွန်တော်တို့မြန်မာနိုင်မှာ ယခု့လို မိုးရာသီရောက်ပြီဆိုရင် ရာသီအကူးပြောင်းကြောင့်ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးရောဂါပိုးဟာ လူကို တော်တော်လေး စိတ်ညစ်စရာကောင်းလောက်အောင် ဒုက္ခပေးတတ်ပါတယ်…။ 😔

ပုံမှန် ကိုယ်ခံအားနည်းတက်တဲ့ သူတွေဆိုရင် အထူးသတိထားရမှာကတော့ ရာသီတုပ်ကွေး ဖြစ်ပြီးနောက် Covid ရောဂါပိုးလည်း ထပ်မံကူးစက်နိုင်ချေ အရမ်းများတာဖြစ်လို့ အထူးသတိထား ရပါမယ်နော်...🙏

🤔 ဟိုး….အရင်တုန်းကတော့ ဒီလိုအခြေဆိုးတွေကို ရင်ဆိုင်ရုံမှ တစ်ပါးအခြားမရှိဘူးဆိုပေမဲ့ ယခု့အချိန်မှာတော့ မိုးရာသီတုပ်ကွေး ကာကွယ်ဆေးဆိုတာ ရှိနေပြီ ဖြစ်တဲ့အတွက် သင်ဟာ ထိုးနှံဖို့စဉ်းစားနေတဲ့ လူတစ်ယောက်ဆိုရင်တော့ ဒီ Post လေးကို အဆုံးထိ ဖတ်ကြည့်ဖို့လိုပါမယ်နော်….!!!

👉 ဘယ်လိုလူတွေ ထိုးနှံသင့်ပါသလဲ…?

- ကိုယ်ဝန်ဆောင် မိခင်များ
- အသက် ၆လ မှ ၅နှစ်အထိ ကလေးငယ်များ
- သက်ကြီးရွယ်အိုများ
- ကိုယ်ခံအားနည်းသူများ
- နာတာရှည်ရောဂါအခံရှိသူများ (ဥပမာ-သွေးတိုး ၊ ဆီးချို ၊ နှလုံးစသည့်)
- အဆုတ်ရောဂါ နှင့် ပန်းနာရင်ဲကပ်ရောဂါရှိသူများ
- နေ့စဉ်လူနာများ နှင့် ထိတွေ့နေရသည့် ကျန်းမာရေး ၀န်ထမ်းများ
- လူအများ နှင့် နေ့စဉ်ထိတွေ့ဆက်ဆံနေရသော ရုံးသမား ၊ ဆရာ/ဆရာမ ၊ မော်တော်ယာဉ်မောင်း ၊ ဈေးသည် အစရှိသူများ အားလုံးထိုးနှံသင့်ပါတယ်...

👉 ဘယ်လိုလူတွေကရော မထိုးနှံသင့်ဘူးလဲ…?

- ကာကွယ်ဆေးများ ၊ သောက်ဆေးများ ၊ စားဆေးများ နှင့် ဓာတ်မတည့်သူများ
- ကြက်ဥ ၊ ပရိုတိန်းဓာတ် ၊ နီယိုမိုင်စင်ဆေးဝါး (Neomycin) ၊ Formaldehyde ၊ Octoxinol-9 နှင့် ဓာတ်မတည့်သူများ
- ကာကွယ်ဆေး ထိုးမည့်အချိန်တွင် ဖျားနာနေသော လူနာများ
- လွန်ခဲ့သော ရက်ပေါင်း ၃၀ အတွင်း တခြားသော ကာကွယ်ဆေး ထိုးနှံထားသူများ မထိုးနှံသင့်ပါဘူးခင်ဗျာ…

👉 ထိုးနှံပြီးစအခါ ဘေးထွက်ဆိုးကျိုးတွေကရော ဘာတွေ ဖြစ်နိုင်မလဲ….?

- ထိုးနှံပြီး ၃ရက် အတွင်း ထိုးနှံသည့်နေရာ အနည်းငယ် နာကျင်ခြင်း (Injection Site pain)
- နုံးခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကြွက်သားများ အားမရှိသလို ခံစားရခြင်း
- ကိုယ်လက် မအီမသာဖြစ်ခြင်း
- အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
- အခန့်မသင့်လျှင် ဖျားတက်ခြင်း
အဆိုပါ လက္ခဏာ ဖြစ်လာရင်လည်း အများကြီး စိတ်ပူရန်မလိုပဲ ၃ရက်အတွင်း နောက်ဆက်တွဲဆိုးကျိုး ကြီးကြီးမားမား မရှိပဲ ပြန်လည် သက်သာလာနိုင်ပါတယ်ခင်ဗျာ…

👉 ထိုးနှံရမည့်ပုံစံတွေကရော….?

- အသက် ၉နှစ် အောက် ကလေးတွေကတော့ ပထမတစ်ကြိမ်ထိုးပြီး နောက် ၁လ အကြာမှာ နောက်ထပ်တစ်ကြိမ် ထပ်မံထိုးနှံရပါမယ်။
- အသက် ၉နှစ်အထက် ကလေးများ နှင့် လူကြီးတွေကတော့ တစ်ကြိမ်ထိုးပေးရုံ နှင့် လုံလောက်သော ကာကွယ်မှုကို ရရှိနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ထိုးနှံမယ်ဆိုရင်လည်း မွေးဖွားလာမည့် ရင်သွေးလေးကို မွေးဖွားပြီး ၆လအထိ ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

မိုးရာသီ တုပ်ကွေး ကာကွယ်ဆေးကတော့ တစ်နှစ်ကို တစ်ကြိမ်သာထိုးနှံသင့်ပြီး ထိုးပြီး ၂ပတ်အကြာတွင် Anti-Body ထွက်သည့်အတွက် စောစီးစွာ ထိုးနှံထားခြင်း အားဖြင့် ပိုမိုကာကွယ်ပေးနိုင်သော အခြေနေကို ရရှိမှာဖြစ်ပါတယ်….။👌

အားလုံးပဲ…မိုးရာသီတုပ်ကွေးရောဂါပိုးကို ကာကွယ်ထားခြင်းဖြင့် မိမိ နှင့် မိမိချစ်သော သူများကို ကာကွယ်လိုက်ကြပါစို့….။👍

တုပ်ကွေးရောဂါ ကာကွယ်ဆေး နှင့်ပါတ်သတ်ပြီး အသေးစိတ် စုံစမ်းလို့ သိချင်တာလေးများ ရှိမယ်ဆိုရင်ဖြင့် အောက်က ဖုန်းနံပါတ်လေးများသို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်ခင်ဗျာ…။🙏

Ph- 09-756104048 / 09-982070577
သပြေညိုအဆောင်အအုံ (မြေညီထပ်) , ရန်ကုန်-ပဲခူးလမ်းမကြီးဘေး , ထောက်ကြံ့ ဈေးသစ်အနီး , မင်္ဂလာဒုံမြို့နယ် , ရန်ကုန်တိုင်းဒေသကြီး။

အနာဂါတ် မိခင်လောင်း မေမေတို့ရေ မင်္ဂလာပါရှင့်…🙏 😍 ချစ်ရတဲ့... မေမေတို့အတွက် ဒီနေ့ပြောပြပေးမှာကတော့...ကိုယ်ဝန်ဆောင်နေစဉ်အ...
25/04/2022

အနာဂါတ် မိခင်လောင်း မေမေတို့ရေ မင်္ဂလာပါရှင့်…🙏

😍 ချစ်ရတဲ့... မေမေတို့အတွက် ဒီနေ့ပြောပြပေးမှာကတော့...ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကျန်းမာရေးစစ်ဆေးခြင်း (Pregnancy Medical Checkup Package) အကြောင်းပဲ ဖြစ်ပါတယ်ရှင့်….✌

ကဲ…ဒါဆိုရင် အဆုံးထိ ဖတ်ကြည့်လိုက်ရအောင်နော်…👍

မေမေတို့ရဲ့ ဗိုက်ထဲမှာရှိတဲ့ ခေးလေးတွေကို ကျန်းကျန်းမာမာနဲ့ အောင်အောင်မြင်မြင် မွေးဖွားဖို့ဆိုရင် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးတစ်ချက်ကတော့ မေမေတို့ ကိုယ်တိုင် ကျန်းမာနေဖို့လိုကို လိုပါမယ်နော်…👌

ပုံမှန်အခြေနေမှာ သာမာန်အားဖြစ်တော့ ကျန်းမာတယ်လို့ဆိုနိုင်ပေမဲ့ ကိုယ်ဝန် လရင့်လာတာနှင့်အမျှ ပိုမို စိတ်ပူရတဲ့ စောင့်ကြည့်ကာလပါနော်…

အဲ့လို စောင့်ကြည့်ကာလမှ အရမ်းစိတ်ပူစရာမလိုအောင် လုပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းကလည်း ကိုယ်ဝန်လနုစဉ်ကတည်းက ကျန်းမာရေးစစ်ဆေးခြင်း (Pregnancy Medical Checkup Package) ကို ပြုလုပ်ထားသင့်ပါတယ်နော်….။

ဒါမှသာ စောစောသိ စောစောကုသ မြန်မြန်ပျောက်ကင်းဖြစ်ပြီးတော့ မွေးဖွားချိန်မှာလည်း အဆင်ပြေမှာဖြစ်ပါတယ်နော်…။

ဒါ့ကြောင့် ချစ်ရတဲ့ မေမေ တို့ရေ….
ချစ်မေတ္တာအထူးကုဆေးခန်းရှိ ( Pregnancy Medical Checkup Package) ကို ကျွမ်းကျင်သော အထူးကုဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးရန်ပြီး အခုပဲ ကုသမှုခံယူလိုက်ကြရအောင်နော်...👌

ဈေးနှုန်းလေးကတော့ Pregnancy Medical Checkup Package – 60000/-Ks သာကျသင့်မှာဖြစ်ပြီး✌

Package မှာ ထည့်သွင်းစစ်ဆေးပေးမှာတွေကတော့….👉

❤ CP (Auto) without film
❤ G & M
❤ RBS
❤ BCR
❤ VDRL
❤ Urine RE

တို့ကို ကျွမ်းကျင်သော အထူးကုဆရာဝန်များမှ နောက်ဆုံးပေါ် နည်းပညာများပါဝင်သည့် စက်ကိရိယာများကို အသုံးပြုပြီးစစ်ဆေးပေးသွားမှာဖြစ်သည့်အတွက် မှန်မှန်ကန်ကန် နှင့် မြန်မြန်ဆန်ဆန် တိကျတဲ့ အဖြေများကိုသာ တိုင်ပင်ဆွေးနွေးပေးသွားမှာဖြစ်သည့်အတွက်...

အမြန်ဆုံး အရောက်လှမ်းလာပြီး စစ်ဆေးမှုခံယူလိုက်ပါတော့နော်….🙏

ဒါ့ကြောင့် ချစ်မေတ္တာ၏ တိကျမှန်ကန်တဲ့ ကျန်းမာရေးစစ်ဆေးခြင်း (Pregnancy Medical Check Up Package) အစီစဉ် နှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်းလို့ သိချင်တာလေးများ ရှိမယ်ဆိုရင်ဖြစ် အောက်က ဖုန်းနံပါတ်လေးများသို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင်…။🤙

Ph- 09-756104048 / 09-982070577
သပြေညိုအဆောင်အအုံ (မြေညီထပ်) , ရန်ကုန်-ပဲခူးလမ်းမကြီးဘေး , ထောက်ကြံ့ ဈေးသစ်အနီး , မင်္ဂလာဒုံမြို့နယ် , ရန်ကုန်တိုင်းဒေသကြီး။

👉 သင်…ဒီနေ့ရော ကျန်းမာရေး ဂရုစိုက်ပြီးပြီလား….?ပတ်ဝန်းကျင်မှာ အမြဲကြားနေကြစကားလေးက “ကျန်းမာရေးဂရုစိုက်နော်”.. တဲ့..။ ဒါပ...
20/04/2022

👉 သင်…ဒီနေ့ရော ကျန်းမာရေး ဂရုစိုက်ပြီးပြီလား….?

ပတ်ဝန်းကျင်မှာ အမြဲကြားနေကြစကားလေးက “ကျန်းမာရေးဂရုစိုက်နော်”.. တဲ့..။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်ကျန်းမာရေးကို တကယ်ရော ဂရုစိုက်ဖြစ်ကြရဲ့လား….?။

သင့်ကိုယ်သင်ချစ်တယ်ဆိုရင်တော့ ဒီနေ့ပဲ သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် ကျွန်တော်တို့ ချစ်မေတ္တာ အထူးကုဆေးခန်းမှ ကျန်းမာရေးစစ်ဆေးခြင်း (Medical Check Up Package)များ နှင့် မိတ်ဆက်ပေးပါရစေ…။

ချစ်မေတ္တာ အထူးကုဆေးခန်း၏…
ကျန်းမာရေးစစ်ဆေးခြင်း (Medical Check Up Package) တွေကိုတော့...

❤ အသက်လေးဆယ် နှင့် အထက်လူ​ကြီးများအတွက် (Package-A) -282500/-Ks

❤ အသက်လေးဆယ်အောက် လူများငယ်များအတွက် (Package-B) -150000/- Ks

ဆိုပြီးတော့ နှစ်မျိုး နှစ်စား ရှိတဲ့အတွက် မိမိနှင့် သင့်တော်ရာကို ရွေးချယ် စစ်ဆေးနိုင်ပါတယ်ခင်ဗျာ...

Package နှစ်မျိုးလုံးမှာ ပါဝင် စစ်ဆေး​ပေးမှာတွေကို အသက်အရွယ် အလိုက်ဖြစ်လေ့ ဖြစ်ထရှိတဲ့ ရောဂါများကို အခြေခံပြီးတော့ ကျွမ်းကျင်ဆရာဝန်များမှ အထူးစီစစ်ရွေးချယ်ထားတဲ့ စစ်ဆေးခြင်းများကို ထည့်သွင်းစစ်ဆေးပေးသွားမှာပါ...

အထက်ပါ စစ်ဆေးခြင်း အားလုံးကို အမှန်ကန်ဆုံးနဲ့ အတိကျဆုံးဖြစ်အောင် နောက်ဆုံးပေါ် နည်းပညာများပါဝင်သည့် ခေတ်မှီစစ်ဆေးသည့် စက်ကိရိယာများကို အသုံးပြု့ပြီး စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်…။

ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်တယ်ဆိုတဲ့ စကားအတိုင်း…

မိမိကျန်းမာရေးကို စောင့်ရှောက်ခြင်းဖြင့် မိသားစု နှင့် ချစ်ခင်ရသူများ ၊ စီးပွားရေး ၊ ပညာရေး စတာတွေကို စောင့်ရှောက်ပြီးသားဖြစ်နေမှာဖြစ်တဲ့အတွက် သင်…မဖြစ်မနေ Medical Check Up လုပ်သင့်ပါတယ်…။

ဒါ့ကြောင့် ချစ်မေတ္တာ၏ တိကျမှန်ကန်တဲ့ ကျန်းမာရေးစစ်ဆေးခြင်း (Medical Check Up Package) အစီစဉ် နှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်းလို့ သိချင်တာလေးများ ရှိမယ်ဆိုရင်ဖြစ် အောက်က ဖုန်းနံပါတ်လေးများသို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်ခင်ဗျာ…။

Ph- 09-756104048 / 09-982070577
သပြေညိုအဆောင်အအုံ (မြေညီထပ်) , ရန်ကုန်-ပဲခူးလမ်းမကြီးဘေး , ထောက်ကြံ့ ဈေးသစ်အနီး , မင်္ဂလာဒုံမြို့နယ် , ရန်ကုန်တိုင်းဒေသကြီး။

Vacancy Announcement !!!ချစ်မေတ္တာ ဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန်အတွက်…သန့်ရှင်းရေးဝန်ထမ်း (အမျိုးသမီး) - တစ်ဦး အလိုရှိသ...
19/04/2022

Vacancy Announcement !!!

ချစ်မေတ္တာ ဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန်အတွက်…

သန့်ရှင်းရေးဝန်ထမ်း (အမျိုးသမီး) - တစ်ဦး အလိုရှိသည်။

အလုပ်လိုအပ်ချက်များ…။

· သပ်ရပ်သန့်ရှင်းစွာနေထိုင်ရပါမည်။

· အလုပ်ကို မခို မကပ်ပဲ တာဝန်ကျေစွာ လုပ်ဆောင်နိုင်ရပါမည်။

· အသင်းအဖွဲ့ နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီ ၊ စိတ်ရှည် သည်းခံနိုင်သူဖြစ်ရပါမည်။

· တစ်နေတာ လုပ်ဆောင်ရမည့်တာဝန်များကို သန့်ရှင်းသပ်ရက်စွာလုပ်ဆောင်နိုင်ရပါမည်။

· ဆေးခန်းဖြစ်သည့်အတွက် ဆရာဝန်များ၏ ဝေရာဝစ္စ နှင့် လူနာအခန်းသန့်ရှင်းရေးကို အထူးဂရု့တစ်စိုက် လုပ်ဆောင်နိုင်ရပါမည်။

· တစ်ပတ်တစ်ရက် ပိတ်ရက်ရရှိပါမည်။

· ရေရှည် လက်တွဲ လုပ်ကိုင်နိုင်သူဖြစ်ရမည်။

· အကျင့်စာရိတ္တကောင်းမွန်သူ ၊ ရိုးသားကြိုးစားလိုသူဖြစ်ရမည်။
ထောက်ကြန့်မြို့အနီးတစ်ဝိုက် နေထိုင်သူဖြစ်ရမည်။

လျှောက်ထားလိုသူများ အနေဖြင့်....

သပြေညိုအဆောက်အအုံ (မြေညီထပ်) ၊ ရန်ကုန်-ပဲခူး လမ်းမကြီးဘေး ၊ ထောက်ကြန့်သို့ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။

page မှလည်း လျှောက်ထားနိုင်ပါသည်။

24.4.22 (Sunday) ညနေ (၅)နာရီ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။

💦“ သင်္ကြန် နှစ်ဦး အလှူ ချစ်မေတ္တာ မှ လက်တွဲကူ ”ထောက်ကြန့် ချစ်မေတ္တာ အထူးကုဆေးခန်း မှ သင်္ကြန်နှစ်ဦး အလှူအဖြစ်...နှစ်ဆန...
12/04/2022

💦“ သင်္ကြန် နှစ်ဦး အလှူ ချစ်မေတ္တာ မှ လက်တွဲကူ ”

ထောက်ကြန့် ချစ်မေတ္တာ အထူးကုဆေးခန်း မှ သင်္ကြန်နှစ်ဦး အလှူအဖြစ်...

နှစ်ဆန်းတစ်ရက်နေ့ (17.4.2022) တွင် ဆေးခန်းသို့ လာရောက်ပြသသော မည်သူ့ကို မဆို အထွေထွေအထူးကုဆရာ၀န်များမှ

(မနက် ၈နာရီ မှ ည ၈နာရီ) အထိ စမ်းသက်ခ အခမဲ့ ဖြင့် ကုသပေး သွားပါမည်။

ထို့အပြင် သင်္ကြန်ရက်များတွင်လည်း ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး…..💦

သင်္ကြန်အကြိုနေ့တွင် စတု့ဒီသာ မုန့်လုံးရေပေါ် များလှူဒါန်းသွားမည် ဖြစ်သည့်အတွက်..
လာရောက်သုံးဆောင်ဖို့ အတွက် ဖိတ်ခေါ် လိုက်ပါတယ်နော်….။😍

တခြားသော သိလိုသမျှကို မေးမြန်းစုံစမ်းရန် နှင့် ဘိုကင်အတွက်….

Ph- 09-756104048 / 09-982070577

သပြေညိုအဆောင်အအုံ (မြေညီထပ်) , ရန်ကုန်-ပဲခူးလမ်းမကြီးဘေး , ထောက်ကြံ့ စျေးသစ်အနီး , မင်္ဂလာဒုံမြို့နယ် , ရန်ကုန်တိုင်းဒေသကြီး။

💦သင်္ကြန်ကာလ (April 13 မှ 17 အတွင်း)…💦ချစ်မေတ္တာ အထူးကုဆေးခန်း မှ ပုံမှန်အတိုင်း ပိတ်ရက်မရှိ ...(မနက် ၈နာရီ မှ ည ၈နာရီ) ...
09/04/2022

💦သင်္ကြန်ကာလ (April 13 မှ 17 အတွင်း)…💦

ချစ်မေတ္တာ အထူးကုဆေးခန်း မှ ပုံမှန်အတိုင်း ပိတ်ရက်မရှိ ...

(မနက် ၈နာရီ မှ ည ၈နာရီ) အထိ

ဖွင့်လှစ် ကုသပေး သွားပါမည်။

ထို့အပြင်…

💊အရေးပေါ် ကျန်းမာရေးများအတွက် ကုသပေးမည့် အထွေထွေဆရာ၀န်များ (M.O)

💊ပုံမှန်ပြသနေကြ အထူးကုဆရာ၀န်ကြီးများ (Specialists)

💊ဆေးအရောင်းကောင်တာ (Pharmacy)

💊သွေးစစ်ရောဂါရှာဖွေသည့် ဓာတ်ခွဲခန်း (Laboratory)

💊Ultra-Sound ရိုက်ကူးခြင်း (U.S.G)

💊ဆရာ၀န်အိမ်ပင့်ခြင်း (Home Visit)

စသည့်ကျန်းမာရေး ၀န်ဆောင်မှု့များအားလုံး အားလုံးကို ပုံမှန် နှုန်းထားများအတိုင်း ကုသပေးသွားမှာဖြစ်ပြီး…

💦 အတာသင်္ကြန် အချိန်အခါမှာလည်း အားလုံးနဲ့ တူတူရှိနေမှာ ချစ်မေတ္တာပါ…..။

တခြားသော သိလိုသမျှကို မေးမြန်းစုံစမ်းရန် နှင့် ဘိုကင်အတွက်….☎☎☎

Ph- 09-756104048 / 09-982070577

သပြေညိုအဆောင်အအုံ (မြေညီထပ်) , ရန်ကုန်-ပဲခူးလမ်းမကြီးဘေး , ထောက်ကြံ့ စျေးသစ်အနီး , မင်္ဂလာဒုံမြို့နယ် , ရန်ကုန်တိုင်းဒေသကြီး။

Vacancy Announcement!!!ချစ်မေတ္တာ ဆေးခန်းတွင် တာ၀န်ထမ်းဆောင်ရန်အတွက်…ဆေးဝါးကျွမ်းကျင် ၀န်ထမ်း (1) Post M/F  • ဆေးဆိုင် ၊...
30/03/2022

Vacancy Announcement!!!

ချစ်မေတ္တာ ဆေးခန်းတွင် တာ၀န်ထမ်းဆောင်ရန်အတွက်…

ဆေးဝါးကျွမ်းကျင် ၀န်ထမ်း (1) Post M/F

• ဆေးဆိုင် ၊ ဆေးရုံ ၊ ဆေးခန်းများတွင် လုပ်ငန်း အတွေ့အကြုံ (၁နှစ်) ရှိရမည်။
• ဆေးဝါး နှင့် သက်ဆိုင်သော အောင်လက်မှတ်ရှိသူ (သို့) ကျွမ်းကျင်သူဖြစ်ရမည်။
• Customer များ၏ လိုအပ်ချက်အတိုင်း နားလည်အောင်ရှင်းပြနိုင်သူ ၊ စိတ်ရှည် သည်းခံနိုင်သူဖြစ်ရမည်။
• အဖွဲ့အစည်း နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမည်။
• ပေးအပ်ထားသော တာ၀န်များကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။
• ပညာအရည်အချင်း တက္ကသိုလ်မှ ဘွဲ့ရ (သို့) အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
• ဆရာ၀န် / သူနာပြုများ၏ ဆေးကုသမှုများကို ကောင်းစွာကူညီပေးနိုင်ပြီး ဆေးစာများကို ကောင်းမွန်စွာ ဖတ်နိုင်သူ ဖြစ်ရမည်။
• ရေရှည် လက်တွဲ လုပ်ကိုင်နိုင်သူဖြစ်ရမည်။
• အကျင့်စာရိတ္တကောင်းမွန်သူ ၊ ရိုးသားကြိုးစားလိုသူဖြစ်ရမည်။

လျှောက်ထားလိုသူများ အနေဖြင့် သပြေညိုအဆောက်အအုံ (မြေညီထပ်) ၊ ရန်ကုန်-ပဲခူး လမ်းမကြီးဘေး ၊ ထောက်ကြန့်သို့ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။

page မှလည်း လျှောက်ထားနိုင်ပါသည်။

4.4.22 (Mon) ညနေ (၅)နာရီ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။

Interview ဖြေဆိုရမည့် သူများကို 4.4.22 (Mon) တွင် ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပြီး ၊

5.4.22 (Tue) နေ့လည် (၁နာရီ) တွင် Interview ဖြေဆိုရမည်ဖြစ်သည်။

ဆက်သွယ်ရန် - 09-982070577

သင်ဘယ်တော့ ဆီးနှင့်ကျောက်ကပ်ဆရာဝန်နဲ့ ပြသင့်သလဲ။မကြာခဏ သို့ အရေးပေါ်ဆီးပူဆီးကျင်ခြင်း၊ ခါးတစ်ဝိုက်နာကျင်ခြင်း၊ ဆီးထဲသွေး...
18/03/2022

သင်ဘယ်တော့ ဆီးနှင့်ကျောက်ကပ်ဆရာဝန်နဲ့ ပြသင့်သလဲ။

မကြာခဏ သို့ အရေးပေါ်ဆီးပူဆီးကျင်ခြင်း၊ ခါးတစ်ဝိုက်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်းနှင့် နောက်ကျိပြီး အနံ့အသက်မကောင်းသောဆီးသွားခြင်းတို့နှင့်တွဲ၍ ချမ်းတုန်၍ဖျားခြင်းအစရှိသော လက္ခဏာတစ်ခုခုဖြစ်ပေါ်ပါက ဆီးနှင့်ကျောက်ကပ်ဆရာဝန်နဲ့ ပြသင့်ပါတယ်နော်။

ချစ်မေတ္တာအထူးကုဆေးခန်းနှင့် ဆေးဆိုင်တွင် ဆီးနှင့်ကျောက်ကပ်အထူးကု ဆရာဝန်ကြီးများနှင့် အောက်ဖော်ပြပါအတိုင်း ကြိုတင် booking ဘွတ်ကင်ယူ ပြသနိုင်ပါပြီ။

ဒေါက်တာသိန်းကိုဦး
M.B., B.S, M.MedSc (Surgery)
MRCSEd, Dr.Med.Sc (Urology)
တနင်္ဂနွေ နေ့လည်၃နာရီ

ဒေါက်တာမျိုးမင်းထွန်း
M.B., B.S, M.MedSc (Surgery)
MRCSEd, Dr.Med.Sc (Urology)
တနင်္ဂနွေ နေ့လည်၄နာရီ

အသေးစိတ်စုံစမ်းလိုပါက Messenger သို့ ဖုန်းနံပါတ် ၀၉ ၇၅၆၁၀၄၀၄၈ သို့ ၀၉ ၉ ၈၂၀၇၀၅၇၇ သို့ ဖုန်းနံပါတ်များ၏ Viber သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လိပ်စာ - သပြေညိုအဆောင်အအုံ (မြေညီထပ်) , ရန်ကုန်-ပဲခူးလမ်းမကြီးဘေး , ထောက်ကြံ့ ဈေးသစ်အနီး , မင်္ဂလာဒုံမြို့နယ် , ရန်ကုန်တိုင်းဒေသကြီး။

Vacancy Announcement!!!ချစ်မေတ္တာ ဆေးခန်းတွင် တာ၀န်ထမ်းဆောင်ရန်အတွက်…ဆေးဝါးကျွမ်းကျင် ၀န်ထမ်း (1) Post M/F  • ဆေးဆိုင် ၊...
16/03/2022

Vacancy Announcement!!!

ချစ်မေတ္တာ ဆေးခန်းတွင် တာ၀န်ထမ်းဆောင်ရန်အတွက်…

ဆေးဝါးကျွမ်းကျင် ၀န်ထမ်း (1) Post M/F

• ဆေးဆိုင် ၊ ဆေးရုံ ၊ ဆေးခန်းများတွင် လုပ်ငန်း အတွေ့အကြုံ (၁နှစ်) ရှိရမည်။

• ဆေးဝါး နှင့် သက်ဆိုင်သော အောင်လက်မှတ်ရှိသူ (သို့) ကျွမ်းကျင်သူဖြစ်ရမည်။

• Customer များ၏ လိုအပ်ချက်အတိုင်း နားလည်အောင်ရှင်းပြနိုင်သူ ၊ စိတ်ရှည် သည်းခံနိုင်သူဖြစ်ရမည်။

• အဖွဲ့အစည်း နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမည်။

• ပေးအပ်ထားသော တာ၀န်များကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။

• ပညာအရည်အချင်း တက္ကသိုလ်မှ ဘွဲ့ရ (သို့) အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

• ဆရာ၀န် / သူနာပြုများ၏ ဆေးကုသမှုများကို ကောင်းစွာကူညီပေးနိုင်ပြီး ဆေးစာများကို ကောင်းမွန်စွာ ဖတ်နိုင်သူ ဖြစ်ရမည်။

• ရေရှည် လက်တွဲ လုပ်ကိုင်နိုင်သူဖြစ်ရမည်။

• အကျင့်စာရိတ္တကောင်းမွန်သူ ၊ ရိုးသားကြိုးစားလိုသူဖြစ်ရမည်။

လျှောက်ထားလိုသူများ အနေဖြင့် သပြေညိုအဆောက်အအုံ (မြေညီထပ်) ၊ ရန်ကုန်-ပဲခူး လမ်းမကြီးဘေး ၊ ထောက်ကြန့်သို့ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။

page မှလည်း လျှောက်ထားနိုင်ပါသည်။
19.3.22 (Sat) ညနေ (၅)နာရီ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။

Interview ဖြေဆိုရမည့် သူများကို 20.3.22 (Sun) တွင် ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပြီး ၊

21.3.22 (Mon) နေ့လည် (၁နာရီ) တွင် Interview ဖြေဆိုရမည်ဖြစ်သည်။

ဆက်သွယ်ရန် - 09-982070577

Address

သပြေညိုအဆောက်အအုံ၊မြေညီထပ်၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေး ၊ထောက်ကြံ့၊မင်္ဂလာဒုံမြို့နယ်

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959756104048

Website

Alerts

Be the first to know and let us send you an email when Chit Myittar Special Clinic - ချစ်မေတ္တာ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Chit Myittar Special Clinic - ချစ်မေတ္တာ အထူးကုဆေးခန်း:

  • Want your practice to be the top-listed Clinic?

Share