15/11/2025
ပျိုမေလေးတို့သိထားသင့်တဲ့ မျက်နှာ SKIN TYPE များအကြောင်း💧
ပျိုမေတို့ရဲ့ အသားအရေလေး လှပကြည်လင်နေဖို့ အတွက် အသားအရေအမျိုးအစား (Skin Type) များကို မျှဝေပေးလိုက်ပါတယ်နော်… အသားအရေက မျှော်လင့်ထားတဲ့အတိုင်း ကိုယ့်စိတ်တိုင်းကျဖြစ်မနေတာဟာ skincare မကောင်းတာ မဟုတ်ဘဲ… မိမိအသားအရေအမျိုးအစား မသိတာကြောင့် ဖြစ်နိုင်ပါတယ် 🧴
အသားအရေကို အခြေခံပြီးတော့ Skin Type ၅ မျိုးရှိပါတယ်👇
1️⃣ Normal Skin (ပုံမှန်အသားအရေ) ✅
Normal Skin သမားတွေက မျက်နှာပေါ်မှာ အဆီမပြန်ဘူး၊ ခြောက်သွေ့တာမျိုး ဖြစ်မနေပါဘူး။
အသားအရေချောမွေ့ပြီး အဆီနှင့် အစိုဓာတ် ကို ထိန်းပေးပြီး balance ဖြစ်စေပါတယ်။
Normal Skin ပိုင်ရှင်တွေက မျက်နှာသန့်ရှင်းမှုထိန်းထားပြီး sunscreen အပြင်ထွက်တိုင်း သုံးပေးဖို့ မမေ့ပါနဲ့နော်။
2️⃣ Oily Skin (အဆီပြန်တဲ့အသားအရေ)✅
Oily Skin သမားတွေက အထူးသဖြင့် မျက်နှာ T-zone မှာ အဆီပြန်တာမျိုးဖြစ်တတ်ပါတယ်။
ဝက်ခြံဖြစ်လွယ်ပြီး pores တွေဖြစ်လေ့ရှိပါတယ်။
Oily Skin ပိုင်ရှင်တွေက Oil-free cleanser နဲ့ lightweight moisturizer သုံးပေးဖို့ မမေ့ပါနဲ့နော်။
တစ်ပတ် ၂ ကြိမ် gentle exfoliation လုပ်ဖို့လည်း မမေ့ပါနဲ့နော်။
3️⃣ Dry Skin (ခြောက်သွေ့တဲ့အသားအရေ)✅
Dry Skin သမားတွေက မျက်နှာမှာ တင်းတိပ်လေးတွေဖြစ်တတ်ပြီး အဖုလေးတွေ ဖြစ်လေ့ရှိပါတယ်။
💧 Hydration ရေဓာတ် နည်းပါးတတ်တာကြောင့် မျက်နှာမှာခြောက်နေတတ်ပါတယ်။
Dry Skin ပိုင်ရှင်တွေက Moisturizer နဲ့ hydrating serum သုံးပေးဖို့ မမေ့ပါနဲ့နော်။
sunscreen အပြင်ထွက်တိုင်း သုံးပေးဖို့ မမေ့ပါနဲ့နော်။
4️⃣ Combination Skin (ပေါင်းစပ်အသားအရေ) ✅
Combination Skin သမားတွေက မျက်နှာတစ်ခြမ်းခြောက်သွေ့ပြီး တစ်ခြမ်းမှာ အဆီပြန်တာမျိုးဖြစ်တတ်ပါတယ်။
🌤 Combination skin type အတွက် သီးခြား Skincare လုပ်ဖို့လိုပါတယ်။
Combination Skinပိုင်ရှင်တွေက T-zone အတွက် mattifying lotion သုံးပေးဖို့ မမေ့ပါနဲ့နော်။
Dry area အတွက် hydrating cream သုံးပေးဖို့ မမေ့ပါနဲ့နော်။
5️⃣ Sensitive Skin (ထိခိုက်လွယ်တဲ့ အသားအရေ)✅
🌸 Sensitive Skin သမားတွေက မျက်နှာမှာ တစ်ခါတရံ irritate ဖြစ်တတ်ပါတယ်။
Sensitive Skin ပိုင်ရှင်တွေက Fragrance-free၊ alcohol-free products သုံးပေးဖို့ မမေ့ပါနဲ့နော်။
sunscreen အပြင်ထွက်တိုင်း သုံးပေးဖို့ မမေ့ပါနဲ့နော်။ အခုဆိုရင်တော့ ပျိုမေလေးတို့ မျက်နှာအသားအရေ Skin Type ကိုသေချာသိပြီး skincareရွေးချယ်ရာမှာ အဆင်ပြေစေမှာပါနော်💛
Evitကတော့ မြန်မာနိုင်ငံဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO Trading LTD. မှတိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။
TikTok link : https://www.tiktok.com/.women
#ကျန်းမာလှပအစဉ်ထာဝရ
#နုပျိုတင့်တယ်လှပစေဖို့Evitကိုသောက်ကြစို့