03/08/2021
📌For your information
💡just for knowledge
---------------------------------
Remdisivir, Dexamethasone, Antibiotics and Enoxaprin များ အကြောင်း လာမေးနေသူများအတွက်ပါ။
အထူးအားဖြင့် Non medical person များအတွက် ဗဟုသုတ နှင့် သိထားစေချင်ရန်အလို့ငှါ COVID ရောဂါနှင့်ပတ်သတ်သည့် အကြောင်းအရာ(ကုသနည်းများ)အား လေ့လာမှတ်သားထားသည့် အချက်များထဲမှ တတ်သလောက်မှတ်သလောက် အရာလေးများကို ဆွေမျိုး အသိမိတ်ဆွေများ သိရှိစေရန် ဝေမျှအပ်ပါသည်။
*** ( antiviral for COVID infection ( best before 7th days of fever - phase 1 )
1st dose - 200 mg ( 2vial ) with 100 ml of Normal
saline ( 0.9 % NS ) infusion and then
100 mg (1 vial ) with Normal saline (0.9% NS ) infusion from 2nd day to 5th day of fever
ထိုဆေးထိုးရန်လိုအပ်သည့်အချက်များ -
- 1st day of fever to 3 rd day fever ( high fever 103 and above)
- SPO2 level reduce from 92 % to below ( no proper response to Oxygen supply)
- low lymphocyte account (can be checked by CP (auto )
-အဖျား ၁ရက်မှ ၃ ရက်မြောက်အတွင်း
-အောက်ဆီဂျင် ၉၂% အောက်ကျလျှင်
-သွေးထဲတွင် Lymphocyte ဟုခေါ်သော သွေးဖြူဥတစ်မျိုးနည်းခြင်း
မထိုးရမည့်သူများ ( အကြမ်းဖျင်း)
- အသဲမကောင်းသောသူများ ( high liver enzymes AST , ALT
- ကျောက်ကပ်မကောင်းသောသူများ ( high creatinine level)
*** ( treatment for cytokines strom which may appear on 2nd week of fever - phase 2 )
- start from 7th day of fever
- dose - oral or IV 6mg once day for 7 to 10 days
- add PPI ( အစာအိမ်ဆေး eg Omeprazole / rabeprazole / pantocid ) if given by oral route
(အစာအိမ်ထိတတ်ပါသဖြင့် အစာအိမ်ဆေးနှင့်တွဲသောက်သင့်ပါသည်)
Indications
- reduced SPO2 level from 92 to below esp: on 7th day to 10th day of fever
- Increase blood parameters ( increased level of inflammatory markers like CRP , ferritin , LDH , AST )
ပေးသင့်သောအခြေအနေ
- အောက်ဆီဂျင် ၉၂%အောက်ကျခြင်း
-အဖျားရက် ၇-၁၀ ရက်အတွင်း
- သွေးထဲတွင် ရောဂါပိုးရှိသောလက္ခဏာများဖြစ်သည့် သွေးအဖြေများတက်နေခြင်း
သောက်ဆေး/ထိုးဆေး ၂ မျိုးပေးနိုင်ပါသည်။
Dexamethasone သည် ဆီးချိုရောဂါသည်များ သောက်သုံးလျှင် ဆီးချိုတက်နိုင်ပါသည်။ ဆီးချိုတက်လာလျှင် ဆရာဝန်နှင့်မတိုင်ပင်ပဲ မိမိစိတ်တိုင်းကျ ဆီးချိုဆေးများ တိုးသောက်ခြင်းမပြုပါနှင့်။ ဆီးချိုဆေးများသွား၍ ဆီးချိုအရမ်းကျသွားလျှင် အသက်အန္တရာယ်ရှိနိုင်ပါသည်။
***Broad spectrum (IV )
Eg - IV CS 1 / CS 2 , Sulperazone, Cefipime , Meropenem
-should be given to cover secondary bacteria infections during dexa treatment which has immune suppressive action)
-must be given by CP ( auto ) results (if Neutrophils leucocytosis present)
- must be given if increased PCT level ( Pro - calcitonin level ) which is released by bacteria infectious tissues triggered by inflammatory mediators)
ပိုးသတ်ဆေး
ကိုဗစ်သည် ဗိုင်းရပ်စ်ပိုးဖြစ်ပါသည်။ ဘက်တီးရီးယားမဟုတ်ပါ။ သို့သော် ကိုဗစ်ဖြစ်၍ကိုယ်ခံအားကျနေချိန် ဘက်တီးရီးပိုးဝင်ဖို့ Chance များနိုင်ပါသည်။ ဘက်တီးရီးယားပိုး ကာကွယ်ကုသရန် ပေးခြင်းဖြစ်သည်။ သွေးဖြူဥတက်နေလျှင်/Procalcitonin တက်နေလျှင် ပေးသင့်ပါသည်။ ပိုးသတ်ဆေးနှင့်မတည့်သည့်အခါ Reaction များဖြစ်တတ်ပါသည်။ ယားခြင်း, အဖုအပိမ့်များထွက်ခြင်း, အသက်ရှုကျပ်ခြင်းများသည် ဆေးမတည့်ခြင်း လက္ခဏာများဖြစ်ပါသည်။
(*ATD - After Test Dose ) ဆိုသည်မှာ ထိုပိုးသတ်ဆေးတမျိုးမျိုးအား သွေးကြောတွင်းသို့ မထိုးမှီ ထိုပိုးသတ်ဆေးအား 10cc distilled water ( မိုးရေ) ဖြင့် အရည်ဖျော်ပီး ဆုတ်ထားသည့်ဆေးထိုးအပ်ဖြင့် လက်ဖျံအရေပြားတနေရာကို အပေါ်ယံ အနည်းငယ်သော ပမာဏာအားလျှပ်ထိုးပြီး ၁၀ မိနစ် ၁၅ မိနစ်ခန့် စောင့်ပီး ဆေးတည့်မတည့်စမ်းသပ်ခြင်းကို ဆိုလိုပါသည် ၊ ထိုအချိန်အတွင်း အရေပြားပေါ် အဖုအပိန့်ထွက်လာခြင်း ၊ အရေပြားများ ယားယံလာခြင်း ၊ အသက်ရှုကြတ်လာခြင်း ၊ မူးဝေပြီး သတိလစ်ချင်သလိုဖြစ်လာခြင်း တခုခုဖြစ်ပေါ်လာပါက ဆေးမတည့်ပါ ၊ သွေးကြောတွင်းထိုးလို့မရတော့ပါ ။
*** SC 40 mg / 0.4 ml for thrombosis (သွေးကြောတွင်းသွေးခဲမှုကို ကာကွယ် ကုသခြင်း) ( Phase 3) ( results from infection and inflammation mechanism) **သွေးထဲတွင် သွေးခဲစေသောဓါတ် D-Dimer တက်နေမှသာ Enoxaparin ဆေးထိုးရန်လိုပါသည်**
- ထိုးရမည့်နေရာ > ချက်အောက် ဝမ်းဗိုက် ဘယ်/ညာ ပေါ်တွင် အပေါ်ယံအရေပြားအား လက်တဖက်ဖြင့် ဆွဲမကာ နောက်လက်တဖက်ဖြင့် insulin ထိုးသောအပ်ဖြင့်တူသည့် ထိုဆေးထိုးအပ်အား ထိုးပါ ၊ ပြီးလျှင် အပ်ကိုဆွဲထုတ်ပါ ၊ ထို့နောက် ဆွဲမထားသောအရေပြားကို ဖြေးဖြေးပြန်လွှတ်လိုက်ပါ ၊ ဆေးထိုးထားသည့်နေရာတဝိုက်ကို ခြေရန်မလိုပါ။
- should be given in phase 2 for prophylactic treatment because slight increased chance of thrombosis ( သွေးကြောတွင်းသွေးခဲခြင်း) due to immobilization/ movement limitations not to reduce SPO2 level and high chance of thrombosis due to underlying uncontrolled Diabetes mellitus ဆီးချို , Hypertension သွေးတိုး, Obesity အဝလွန်ခြင်း , previous history of Deep vein thrombosis ( ခြေထောက်သွေးပြန်ကြောသွေးခဲဖူးခြင်း ) , Venous thrombo embolism (သွေးပြန်ကြောသွေးခဲပြုတ်ထွက်ခဲ့ဖူးခြင်း)
- must be given if increased D Dimer level ( more than two time normal level )
Enoxaprin သည် သွေးကျဲစေပါသည်။ သွေးထွက် သွေးစိမ့်ဖြစ်နိုင်ပါသည်။ ဆရာဝန်ညွှန်ကြားမှုဖြင့်သာ ထိုးသင့်ပါသည်။ ထိုးနေရချိန်တွင်လည်း ဆီးထဲသွေးပါခြင်း, သွေးတိတ်ရန်ခက်ခဲခြင်းများဖြစ်တတ်သဖြင့် ဂရုတစိုက် ကြည့်ရှုရန်လိုပါသည်။ ဆေးထိုးရက်ပြည့်လျှင်လည်း သွေးပြန်စစ်၍ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
သွေးကြဲဆေး မထိုးသင့်သောလူနာများ ( အကြမ်းဖျင်း)
-bleeding disorder ( ခန္ဓာကိုယ်နှင့် ကိုယ်တွင်း အလိုလို သွေးယိုစိမ့်ထွက်သည့်ရောဂါရှိသောသူများ )
-အစာအိမ်အနာနှင့် အူလမ်းကြောင်းသွေးယိုထားသောသူများ
-Recent hemorrhagic stroke ( လတ်တလောဦးနှောက်သွေးကြောပေါက်ထားသူများ )
-Recent major operation ( လတ်တလော အကြီးစားခွဲစိတ်ထားသူများ )
- kidney and liver disease ( ကျောက်ကပ်နှင့်အသဲရောဂါ )
- uncontrolled high blood pressure သွေးတိုးရောဂါမထိန်းနိုင်သူများ
- Allergic reaction / hypersensitivity to Drug ဆေးမတည့်သောသူများ
Remark - ထိုသွေးကြဲဆေးသည် အချင်း ( placenta) ကို မဖြတ်သန်းနိုင်သည့်အတွက် ကိုယ်ဝန်ဆောင်တွင် အထိုက်အလျောက် စိတ်ချစွာထိုးနိုင်ပါသည် ။
ဆေးတိုင်းဆေးတိုင်းသည် ပါရာစီတမောမှစ၍ မည်သည့်ဆေးမဆို ကောင်းကျိုး ဆိုးကျိုးရှိပါတယ်။ တတ်သိနားလည်တဲ့ ဆရာဝန် ဆရာမ များနှင့် တိုင်ပင်ပြီးမှသာ သုံးစွဲကြပါ။ တန်ဆေး လွန်ဘေး မဖြစ်ပါစေနှင့် 🙏
ရှောင်ရန်ဆောင်ရန်အချက်များ
( အထူးသဖြင့် ဖျားပီး ၁ ပါတ်အကြာ phase 2 တွင်) SPO2 level သည် 92 နှင့်အောက် စကျလာပြီဆိုပါက 1:2:2:1 ( ခေါင်းအုံး) ဖြင့် ၄နာရီ တကြိမ်ခန့် မှောက်အိပ်ရန် ( prone position) လိုအပ်ပါသည် ။ အကြောင်းမှာ အဆုတ် tissue များသည် ကျောဘက်တွင် များစွာတည်ရှိနေပါသောကြောင့် ပက်လက်အိပ်ပါက ( supine position) အဆုတ်tissue များကို ဖိထားသလိုဖြစ်သောကြောင့်ဖြစ်ပါသည် ။ မှောက်အိပ် ဘယ်စောင်း မှောက်အိပ် ညာစောင်း rotate လုပ်ပေးပါ ။
ဖျားပီး တပါတ်ခန့်ကြာလာပါက Silence hypoxia ကိုလဲ အထူးဂရုပြုပါ ။ ထို့ကြောင့် နည်းနည်းလှုပ်ရှားမှု ပြုပီးတိုင် pulse oximeter နှင့် တိုင်းတိုင်းကြည့်နေပါ ။ အကြမ်းဖျင်း ၇ ရက်မှ ၁၀ ရက် အတွင်း oxygen လုံးဝ မကျပါက စိတ်ပူစရာသိပ်မရှိပါ ။ ပိုမိုစိတ်ချရန် ၁၄ ရက်ခန့်ထိ သတိထားနေရန်လိုအပ်ပါသည်။
Covid သည် လူတစ်ယောက် နှင့် တစ်ယောက် ပြင်းထန်မှုမတူညီပါ။ အသက်အရွယ် ငယ်သူများလည်း အသက်ဆုံးရှုံးနိုင်သလို ရောဂါအခံများစွာရှိပြီး အသက်အရွယ်ကြီးသူများလည်း မည်သည့် ဆိုးကျိုးမှ မည်မည်ရရ မခံစားရပဲ ပြန်ကောင်းသူများလည်းရှိနိုင်ပါသည်။ သတိကြီးစွာထားပြီး ဆေးများကို ဆရာဝန်ညွှန်ကြာမှသာ သုံးစွဲစေချင်ပါသည်။ အမှန်တစ်ကယ်လိုအပ်သည့်သူများ ဆေးဝါးများလိုအပ်လျှင်လည်း အခက်အခဲမရှိပဲ ဝယ်ယူသုံးစွဲနိုင်ကြပါစေ 🙏
အားလုံးအားလုံးသောမိသားစုများ COVID ရောဂါမှ ကင်းဝေးပျောက်ကင်းကျပါစေ 🙏🙏🙏
Credit - Dr. Paing Htoo Shein