06/09/2020
မေတ္တာရပ််ခံချက်....
--------------_----------------
🌞 လက်ရှိဖြစ်ပေါ်နေသော COVID-19 ကူးစက်မှုအန္တရာယ်မှကာကွယ်သောအားဖြင့် ဆန်းလရောင်ဆေးခန်းတွင် လူနာအသစ် (New Case)လက်ခံခြင်းများခေတ္တရပ်နားထားမည်ဖြစ်ပါသည်။⛔
🌞 ပုံမှန်ရက်ချိန်းပြရမည့်သူ(Follow up case)များအား ဆေးခန်းမှ *တစ်ရက် ကြိုတင်ဆက်သွယ်ပေးမည်ဖြစ်ပြီးလူနာအခြေအနေကို☎️ဖုန်းဖြင့်အရင်မေးမြန်း၍သင့်တော်သည့်ဆေးဝါးများကို ဆေးဆိုင်တွင်လာယူနိုင်စေရန်စီစဥ်ပေးထားပါမည်။
🌞 - ဆီးချို/သွေးတိုး/နှလုံးအစရှိသည့်နာတာရှည်ရောဂါလူနာများ,
- အထွေထွေရောဂါအထူးကုသမားတော်နှင့်ပြသလိုသောလူနာများ,
- နား,နှာခေါင်း,လည်ချောင်းအထူးကုနှင့်ပြသလိုသောလူနာများအနေဖြင့် ဆေးခန်းဖုန်းသို့ကြိုတင်၍ဆက်သွယ် ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
☎️📞🙏
🌞 လူနာများအားလက်ခံကြည့်ရှုသည့်ဆရာဝန်တိုင်း level 2 PPE ဖြင့်သာ ကြည့်ရှုပေးမည်ဖြစ်ပြီး လူနာများအနေဖြင့်လည်း ဆေးခန်းသို့လာတိုင်း Mask 😷များကိုမဖြစ်မနေတပ်လာပေးပါရန်နှင့် COVID သံသယလက္ခဏာများရှိလျှင်ကြိုတင်ပြောပြပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
✴️အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းဆေးခန်း/ဆေးဆိုင်ပိတ်ပါသည်။✴️
(p.s ဆေးခန်းပိတ်ရက်များရှိခဲ့လျှင် ကြိုတင်ကြေငြာပေးပါ့မည်ရှင်)
ကျန်းမာခြင်းသုခနှင့်ပြည့်စုံ၍ ကပ်ရောဂါဘေးမှအမြန်ဆုံးကင်းဝေးနိုင်ပါစေ။ 🙏🙏🙏
ဆန်းလရောင်ဆေးခန်းမိသားစု