KLM Myanmar

KLM Myanmar Contains Vitamin C & Zinc - Boost Immunity, Prevent Nutrient Deficiency, Individual Gummy Packing.

📢Urgent Vacancy Announcement For Business Expansion 📌KLM LABORATORIES PVT.LTD တွင် လုပ်ငန်းထပ်မံ တိုးချဲ့ခြင်းအတွက် Medi...
05/01/2026

📢Urgent Vacancy Announcement For Business Expansion 📌

KLM LABORATORIES PVT.LTD တွင် လုပ်ငန်းထပ်မံ တိုးချဲ့ခြင်းအတွက် Medical Representative (MR)များ Urgent ထပ်မံ လိုအပ်လျှက်ရှိပါသောကြောင့် အခုပဲ လျှောက်ထားနိုင်ပါပြီ။

✅Yangon - 2 Posts✅
✅Pathein - 2 Posts✅
✅Mawlamying - 2 Posts✅

Job Description & Requirement

▫️ဘွဲ့ရဖြစ်ရမည်

▫️အတွေ့အကြုံရှိသူ ဦးစားပေးပါမည်

▫️GP,Pharmacies များ ပုံမှန်သွားလာနိုင်သူဖြစ်ရမည်

▫️ပေါင်းသင်းဆက်ဆံရေးကောင်းပြီး သွက်လက်ချက်ချာသူ ဖြစ်ရမည်

▫️ခရီးသွားလာနိုင်ရမည်။

▫️Weekly Report , Monthly Report , Daily Plan များကိုသေချာစွာ လုပ်ဆောင်နိုင်ရမည်

▫️Derma product နှင့် Paediatric အတွေ့ကြုံရှိသူဦးစားပေးမည် (ကျန် Medical Field မှ Team Member များလည်း လျှောက်ထားနိုင်ပါသည်)

▫️ကုမ္ပဏီ၏စည်းမျဉ်းစည်းကမ်းအတိုင်းလိုက်နာနိုင်သူဖြစ်ရမည်

▫️အပတ်စဉ် Weekly Report , Weekly Sales ကို မန်နေဂျာထံ တိုက်ရိုက်အစီရင်ခံရမည်

✅Attractive Salary + Incentive✅

If you are interest , please send your Proper Relevent CV to

Zayar Phyo Naing
Viber No : 09979101502

Thae Su Aung
Viber No : 09448001548

Email : se7en79@gmail.com , zypnaing@outlook.com
For more information

Office Hour - 09979101502

🇲🇲ယနေ့ ဇန်နဝါရီလ (4) ရက်နေ့ တွင် ကျရောက်သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အား KLM Myanmar မှ ကြိုဆို ဂုဏ်ပြုအပ်ပါသည်။ #လွတ...
04/01/2026

🇲🇲ယနေ့ ဇန်နဝါရီလ (4) ရက်နေ့ တွင် ကျရောက်သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အား KLM Myanmar မှ ကြိုဆို ဂုဏ်ပြုအပ်ပါသည်။

#လွတ်လပ်ရေးနေ့ Day

တောက်ပကြည်လင်တဲ့ အသားအရေအတွက် ✨Aha Klin Face Wash✨Melasma (တင်းတိပ်)၊ အမည်းစက်နဲ့ အသားအရေ ညစ်နွမ်းမှုတွေအတွက် အသားအရေကို...
02/01/2026

တောက်ပကြည်လင်တဲ့ အသားအရေအတွက် ✨Aha Klin Face Wash✨

Melasma (တင်းတိပ်)၊ အမည်းစက်နဲ့ အသားအရေ ညစ်နွမ်းမှုတွေအတွက် အသားအရေကို ပြန်လည်နုပျိုစေပြီး ကြည်လင်ဝင်းပလာစေဖို့ Aha Klin Face Wash ရှိပါတယ်။

Aha Klin ရဲ့ အဓိက အားသာချက်များ

• Glycolic Acid 2% - ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့တောက်ပစေပါတယ်။
• Niacinamide 2% - ဝက်ခြံအမာရွတ်နဲ့ အမည်းစက်တွေကို သိသိသာသာ လျော့ပါးသက်သာစေပါတယ်။
• Licorice Extract 1% - အသားအရေ ရောင်ရမ်းမှုကို လျှော့ချပေးပြီး အသားအရေ ညီညာစေပါတယ်။
• Glycerin 5% - မျက်နှာသစ်ပြီးချိန်မှာ အသားခြောက်မသွားဘဲ စိုပြေမှုကို ထိန်းညှိပေးပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ?

✅ တင်းတိပ်နဲ့ အမည်းစက်တွေကို လျော့ပါးစေခြင်း
✅ အသားအရေကို ပြန်လည်နုပျိုဝင်းပစေခြင်း
✅ အသားအရေ ညစ်နွမ်းမှုကို ဖယ်ရှားပေးခြင်း

🩷အကောင်းဆုံးရလဒ်အတွက် တစ်နေ့ (၂) ကြိမ် ပုံမှန်အသုံးပြုပေးနိုင်ပါတယ်။

မိမိအသားအရေအတွက် ယုံကြည်မှုအပြည့်နဲ့ Brighten, Even & Glow ဖြစ်ချင်တယ်ဆိုရင်တော့ Aha Klin က အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။

🎉 Happy New Year 2026 🎉"နှစ်သစ်မှာ စိတ်ကူးသစ်တွေနဲ့အတူ ပျော်ရွှင်မှုတွေ အဆပေါင်းများစွာ တိုးပွားပါစေ။"ဖြတ်သန်းရမယ့် နေ့ရ...
31/12/2025

🎉 Happy New Year 2026 🎉

"နှစ်သစ်မှာ စိတ်ကူးသစ်တွေနဲ့အတူ ပျော်ရွှင်မှုတွေ အဆပေါင်းများစွာ တိုးပွားပါစေ။"

ဖြတ်သန်းရမယ့် နေ့ရက်တိုင်းဟာ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေပြီး အခွင့်အလမ်းကောင်းများစွာ ဆိုက်ဆိုက်မြိုက်မြိုက် ရရှိတဲ့ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။ 🎇🎊

#2026

✨ ကြည်လင်တောက်ပတဲ့ အသားအရေပိုင်ရှင်လေး ဖြစ်လာဖို့...(Sharing is Caring by KLM Myanmar)အသားအရေ ကြည်လင်ဝင်းပဖို့ဆိုတာ ခက်ခ...
30/12/2025

✨ ကြည်လင်တောက်ပတဲ့ အသားအရေပိုင်ရှင်လေး ဖြစ်လာဖို့...
(Sharing is Caring by KLM Myanmar)

အသားအရေ ကြည်လင်ဝင်းပဖို့ဆိုတာ ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ နေ့စဉ်မှန်ကန်တဲ့ အလေ့အကျင့်လေးတစ်ခု ရှိရုံနဲ့တင် သိသာတဲ့ ပြောင်းလဲမှုကို ရရှိနိုင်ပါတယ်။

Moisturizer (အစိုဓာတ်ထိန်းခရင်မ်) ကို နေ့စဉ် ပုံမှန်အသုံးပြုပေးခြင်းက သင့်အသားအရေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်လဲဆိုတာ ကြည့်လိုက်ရအောင်။

• အစိုဓာတ်ကို အပြည့်အဝဖြည့်ပေးခြင်း - ရေဓာတ်ခမ်းခြောက်လို့ အသားပတ်တာနဲ့ ခြောက်သွေ့တာတွေကို ကာကွယ်ပေးပါတယ်။
• အရေးအကြောင်းများကို လျော့ပါးစေခြင်း - အသားအရေကို တင်းရင်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဟန့်တားပေးပါတယ်။
• အသားအရေ နီမြန်းယားယံမှုကို သက်သာစေခြင်း - ထိခိုက်လွယ်တဲ့ အသားအရေကို အစိုဓါတ်ဖြင့်ထိန်းညှိစေပြီး အသားအရေနီမြန်းတာတွေကို လျော့ကျစေပါတယ်။
• အရေပြားအလွှာကို ပိုမိုအားပြည့်စေခြင်း - အပြင်ဘက်က ဖုန်မှုန့်နဲ့ ညစ်ညမ်းမှုတွေဒဏ်ကို ခံနိုင်ရည်ရှိအောင် အသားအရေရဲ့ ခံစစ်လွှာ (Skin Barrier) ကို အားဖြည့်ပေးပါတယ်။

နူးညံ့ချောမွေ့ပြီး Glow တဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် Moisturizer လိမ်းတဲ့ အလေ့အကျင့်ကို ဒီနေ့ပဲ စတင်လိုက်ရအောင်နော်။ 🥰

#အသားအရေထိန်းသိမ်းမှု

⚠️Double Cleansing မဖြစ်မနေလုပ်ပါ⚠️Daily Skin Care Step မှာ Sunscreen လိမ်းခြင်းနှင့် Double Cleansing လုပ်ခြင်းက မဖြစ်မ...
27/12/2025

⚠️Double Cleansing မဖြစ်မနေလုပ်ပါ⚠️

Daily Skin Care Step မှာ Sunscreen လိမ်းခြင်းနှင့် Double Cleansing လုပ်ခြင်းက မဖြစ်မနေ အရေးပါတဲ့ အချက်(၂)ချက်ဖြစ်ပါတယ်။

မနက်ပိုင်းမှာ Sunscreen ကို မဖြစ်မနေ လိမ်းပေးရမှာဖြစ်သလို ညပိုင်းမှာလဲ Double Cleansing က မဖြစ်မနေ လုပ်ကိုလုပ်ရမှာပါ။ဒါမှသာ ဝက်ခြံအဆီဖုတွေကင်းပြီး နူးညံ့ချောမွေ့ကျန်းမာတဲ့ Skin ကိုရရှိစေတဲ့အပြင် သုံးသမျှ Skin Care တိုင်းရဲ့ ပြည့်၀တဲ့ Effect ကို ရရှိစေမှာဖြစ်ပါတယ်။

Double Cleansing ဆိုတာက အသားအရေပေါ်က အစိုဓာတ် ထိန်းပေးတဲ့အလွှာကို မထိခိုက်စေဘဲ အသားအရေပေါ်မှ ဖုန်မှုန့် Sunscreen မိတ်ကပ် Skin Careနဲ့ အညစ်အကြေးတွေ ကင်းစင်စေဖို့ ထောက်ကူပေးတဲ့ သန့်စင်နည်းပါ။

ဒီလိုသန့်စင်တဲ့ နည်းလမ်းမှာ ဆီကို အခြေပြုထားတဲ့ သန့်စင်ပစ္စည်းကို အသုံးပြုတာမျိုး ရှိသလို ရေကို အခြေပြုထားတဲ့ သန့်စင်ပစ္စည်းကို အသုံးပြုပြီး သန့်စင်တာမျိုးလည်း ရှိပါတယ်။ Cleansing oil, ballm စတာတွေကတော့ အဆီကို ပြုထားတာဖြစ်ပြီး Micellar waterတွေက ရေကို အခြေခံပြီး ထုတ်ထားတာ ဖြစ်ပါတယ်။

ဒီအဆင့် ပြီးရင်တော့ နောက်တစ်ဆင့် အနေနဲ့ မျက်နှာသစ်ဆေး တစ်ခုခုကို သုံးလို့ လက်ချောင်းလေးတွေနဲ့ မျက်နှာကို ၂ မိနစ်ကြာ နှံ့စပ်အောင် နှိပ်နယ်လို့ ရေအေးအေးနဲ့ သန့်စင်ပေးပါ။ ဒီလို သန့်စင်ပေးတာက တစ်နေ့တာလုံး ထိတွေ့မိထားတဲ့ အညစ်အကြေးတွေကိုရော ချွေးပေါက်တွေထဲမှာ ပိတ်နေတာတွေကိုပါ ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

Sunscreens တွေလိမ်းပြီးတိုင်း ..
ညကျရင် Double Cleansing နေ့တိုင်းလုပ်ဖို့မမေ့နဲ့နော်!


We Wish You a Merry Christmas 🎄☃️အားလုံးပဲ ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်🎄✨
25/12/2025

We Wish You a Merry Christmas 🎄☃️

အားလုံးပဲ ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်🎄✨

☀️ Quality အရေးပါသလို Quantity ကလည်း အရေးကြီးပါတယ်!Sunscreen လိမ်းနေပေမဲ့ အသားအရေ ပျက်စီးနေတုန်းပဲလား? ဒါဆိုရင် သင်လိမ်း...
24/12/2025

☀️ Quality အရေးပါသလို Quantity ကလည်း အရေးကြီးပါတယ်!

Sunscreen လိမ်းနေပေမဲ့ အသားအရေ ပျက်စီးနေတုန်းပဲလား?

ဒါဆိုရင် သင်လိမ်းတဲ့ "ပမာဏ" နည်းနေလို့ ဖြစ်နိုင်ပါတယ်။ နေရောင်ခြည်ဒဏ်ကို အပြည့်အဝ ကာကွယ်နိုင်ဖို့ဆိုရင် နည်းစနစ်မှန်မှန်နဲ့ လုံလောက်တဲ့ ပမာဏကို လိမ်းပေးဖို့ လိုအပ်ပါတယ်။

ကျွမ်းကျင်သူတွေ အကြံပြုထားတဲ့ အထိရောက်ဆုံး Sunscreen လိမ်းနည်း (Visual Guide) ကို မျှဝေပေးလိုက်ပါတယ်။

• မျက်နှာအတွက် - အနည်းဆုံး လက်ချောင်း (၂) ချောင်းစာ (Two-finger rule)
• လက်တစ်ဖက်စီအတွက် - လက်ချောင်း (၄) ချောင်းစာ

💡 အကောင်းဆုံးရလဒ်ရဖို့ဆိုရင် နေပူထဲမထွက်ခင် ၁၅ မိနစ်ခန့် ကြိုတင်လိမ်းထားပေးပါ။ Sunscreen ကို အလွှာပါးပါးလေးပဲ လိမ်းတာမျိုးမဟုတ်ဘဲ လုံလုံလောက်လောက်နဲ့ ပုံမှန်လေး လိမ်းပေးခြင်းကသာ သင့်အသားအရေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

မိမိအသားအရေကို အမှန်ကန်ဆုံးနည်းလမ်းနဲ့ ဂရုစိုက်ပြီး ကျန်းမာလှပတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေ✨

💊 HERPIVAL-500 (Just Information) 💊HERPIVAL-500 သည် Valacyclovir Hydrochloride Tablets USP 500 mg ပါဝင်သော ဆေးပြားဖြစ်သည...
20/12/2025

💊 HERPIVAL-500 (Just Information) 💊

HERPIVAL-500 သည် Valacyclovir Hydrochloride Tablets USP 500 mg ပါဝင်သော ဆေးပြားဖြစ်သည်။

ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သုံးပါရန်

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါစေလို့ KLM Myanmar မှ ဆန္ဒပြုပါတယ် 🕊   #ကရင်နှစ်သစ်ကူးနေ့
19/12/2025

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါစေလို့ KLM Myanmar မှ ဆန္ဒပြုပါတယ် 🕊


#ကရင်နှစ်သစ်ကူးနေ့

☀️ SPF ရဲ့ အရေးကြီးပုံကို သိပြီးပြီလား?ခဏလေး နေထိတွေ့ရုံနဲ့တောင် အမဲကွက်တွေ ပိုဆိုးလာနိုင်ပြီး အထူးသဖြင့် (Melasma) လိုမ...
17/12/2025

☀️ SPF ရဲ့ အရေးကြီးပုံကို သိပြီးပြီလား?

ခဏလေး နေထိတွေ့ရုံနဲ့တောင် အမဲကွက်တွေ ပိုဆိုးလာနိုင်ပြီး အထူးသဖြင့် (Melasma) လိုမျိုး တင်းတိပ်ထွက်လွယ်တဲ့အသားအရေအတွက်ဆိုရင် နေရောင်ခြည်ဒဏ်က ပိုပြီးသတိထားရပါမယ်။

🔬 လေ့လာချက်တွေအရ Melasma ဖြစ်နေသူ ၅၅% ကျော်ဟာ နေရောင်ကြောင့် ပိုဆိုးရွားလာတာကို တွေ့ရပါတယ်။

ဒါကြောင့် နေ့တိုင်း နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ Broad-Spectrum Sunscreen (နေရောင်ခြည် အမျိုးအစားအားလုံးကို ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာခရင်မ်) ကို လိမ်းဖို့ လုံးဝမမေ့ပါနဲ့!

• UV ဓာတ်ရောင်ခြည်ဒဏ်
• အသားအရေအရောင်မညီတာ၊ အမဲကွက်ဖြစ်တာ (Pigmentation)
• အိုမင်းရင့်ရော်တာတွေကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးသော နည်းလမ်း ပဲဖြစ်ပါတယ်။

✨ ကျန်းမာလှပတဲ့အသားအရေဆိုတာ နေ့စဉ် နေရောင်ကာကွယ်မှုကနေ စတင်ပါတယ်! ✨

Address

No 17, Pyin Ma Street, Pyidaungsu Yeik Mon Housing, Thingangyun
Yangon
11071

Telephone

+959427027871

Alerts

Be the first to know and let us send you an email when KLM Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to KLM Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram