MaxMan-Boy Shop

MaxMan-Boy Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MaxMan-Boy Shop, Medical and health, Yangon.

👨  အမျိုးသားကျန်းမာရေး 👨အမျိုးသားအားတိုးဆေးသောက်ရင် သတိပြုသင့်တာတွေယနေ့ခေတ်မှာ အမျိုးသားအားတိုးဆေးတွေကို တံဆိပ်မျိုးစုံ ...
04/08/2023

👨 အမျိုးသားကျန်းမာရေး 👨
အမျိုးသားအားတိုးဆေးသောက်ရင်
သတိပြုသင့်တာတွေ

ယနေ့ခေတ်မှာ အမျိုးသားအားတိုးဆေးတွေကို တံဆိပ်မျိုးစုံ ကြော်ငြာအားကောင်းကောင်းနဲ့ နေရာတိုင်းမှာ ကြောငြာနေတာတွေတွေ့မြင်ရမှာပါ။ တန်ဆေး လွန်ဘေးဆိုသလို အမျိုးသားအားတိုးဆေးတွေမှာလည်း ကောင်းကျိုးနဲ့ ဆိုးကျိုးတွေဒွန်တွဲနေပါတယ်။ ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးတွေက အမျိုးသားအားတိုးဆေးတွေသုံးစွဲမယ်ဆိုရင် သတိပြုရမည့်အချက်လေးတွေပဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတွေမှာ အမျိုးသားအားတိုးဆေးတွေကို ပုံမှန်မှီဝဲစရာမလိုအပ်ပါဘူး။ အထူးသဖြင့် လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေမှာ အမျိုးသားအားတိုးဆေးတွေမသုံးစွဲဘဲ လိင်မှုကိစကိုဆောင်ရွက်နိုင်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကြီးရင့်တဲ့အမျိုးသားတွေနဲ့ ပန်းသေပန်းညှိုးရောဂါခံစားနေရတဲ့အမျိုးသားတွေအတွက်ကတော့ အမျိုးသားအားတိုးဆေးတွေမှီဝဲမှသာ သူတို့ရဲ့ လိင်မှုကိစ္စကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြပါတယ်။

အမျိုးသားအားတိုးဆေးတွေဟာ အမျိုးသားလိင်အင်္ဂါရဲ့ သွေးလည်ပတ်မှုကိုမြှင့်တင်ပေးပီးတော့ လိင်အင်္ဂါကို မာကြောထောင်မတ်စေပါတယ်။ လိင်ဆက်ဆံမှုမပြုလုပ်မီ ဆေးကို နာရီဝက်၊ တစ်နာရီလောက် ကြိုပြီးသောက်ရပါမယ်။ ဆေးရဲ့အာနိသင်ကြောင့် လိင်အင်္ဂါဟာ ထောင်မတ်မာကြောလာပီး လိင်အာရုံခံစားမှုကိုလည်း အထွတ်အထိပ်ထိ မြှင့်တင်ပေးနိုင်သလို လိင်ဆက်ဆံပြီးတဲ့အချိန်မှာလည်း အားရကျေနပ်မှုကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ အမျိုးသားရဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ရှိချိန်ကို ကြာစေပြီးတော့ လိင်ဆက်ဆံချိန်ကိုလည်း သာမန်ထက်ပိုကြာစေပါတယ်။ ဥပမာအနေနဲ့ဆိုရရင် သုက်လွှတ်တဲ့ ပုံမှန်အချိန်ဟာ လိင်စဆက်ဆံပြီး ၅မိနစ်ကနေ ၁၂ကြားဆိုပေမဲ့ အမျိုးသားအားတိုးဆေး သုံးစွဲထားသူအနေနဲ့ သုက်လွှတ်ချိန်ကို အနည်းဆုံး ၄၅ မိနစ်၊ တစ်နာရီလောက်ထိ ဆွဲဆန့်ထားနိုင်ပါတယ်။ ဒါကြောင့်အမျိုးသားများရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုကိုမြှင့်တင်ပေးနိုင်ပီး အိမ်ထောင်မှုသုခကိုလည်း နှစ်ဦးနှစ်ဖက် အပြည့်အဝရရှိစေပါတယ်။

ယခုဆက်လက်ဖော်ပြပေးမယ့်အချက်လေးတွေကတော့ အမျိုးသားအားတိုးဆေးတွေသောက်သုံးမယ်ဆိုရင် သတိပြုဆင်ခြင်ရမယ့်အချက်လေးတွေပဲဖြစ်ပါတယ်။

ပထမတစ်ချက်အနေနဲ့ ဆိုရင်တော့ သွေးတိုး၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါအခံရှိတဲ့အမျိုးသားတွေအနေနဲ့ မိမိသဘောနဲ့မိမိ လုံးဝမသောက်သုံးသင့်ပါဘူး။ အကယ်၍ သုံးစွဲဖို့လိုအပ်တယ်ဆိုရင်‌‌တောင် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့သေချာပြသတိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။

ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် ရုတ်တရက်သွေးဆောင့်တိုးပြီး ဦးနှောက်သွေးကြောပြတ်တာ နှလုံးခုန်ရပ်တာတွေဖြစ်ပီး အသက်အန္တရာယ်ကိုထိခိုက်နိုင်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ကျောက်ကပ်နဲ့ အသည်းရောဂါအခံရှိတဲ့လူနာတွေအနေနဲ့ သတိပြုဆင်ခြင်ပြီး သုံးစွဲသင့်ပါတယ်။ ဖြစ်နိုင်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးစွဲသင့်ပါတယ်။

အကယ်၍ လိင်ဆက်ဆံပြီးပေမဲ့ လိင်တံဆက်လက်ပြီးမာကြောနေခြင်းက ၄ နာရီထက်ပိုကြာမယ်ဆိုရင်တော့ ရေရှည်မှာလိင်တံကြွက်သားတွေကို ဒဏ်ဖြစ်စေနိုင်တဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ကုသဖို့လိုအပ်ပါတယ်။ အခန့်မသင့်ရင် ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ရုတ်တရက် မျက်စိအမြင်ဆုံးရှုံးတာ၊ နားမကြားတာတွေပါ ဖြစ်နိုင်စေတာမို့ သတိပြုဆင်ခြင်ပီးသုံးစွဲသင့်ပါတယ်။ ရောဂါအခံမရှိတဲ့ အမျိုးသားတွေအနေနဲ့ကတော့ မျက်နှာနီရဲတာ၊ ရင်တုန်တာ၊ ခေါင်းကိုက်တာတွေ ခံစားရနိုင်ပါတယ်။
crd. original post 😍

04/08/2023
04/08/2023
အာရုံစိုက်ရမည့် အကြောင်းအရာကာမ အားတိုးဆေး တွေကြောင့် ပန်းသေပန်းညှိုး ဖြစ်စေနိုင်သလားအမျိုးသားကျန်းမာရေးပန်းသေပန်းညှိုးခြ...
04/08/2023

အာရုံစိုက်ရမည့် အကြောင်းအရာ

ကာမ အားတိုးဆေး တွေကြောင့် ပန်းသေပန်းညှိုး ဖြစ်စေနိုင်သလား
အမျိုးသားကျန်းမာရေး
ပန်းသေပန်းညှိုးခြင်း
ကာမ အားတိုးဆေး တွေကြောင့် ပန်းသေပန်းညှိုး ဖြစ်စေနိုင်သလား
ကာမ အားတိုးဆေး ဆိုတာ ကာမဆန္ဒကို မြင့်တက်စေတဲ့ အစားအစာ ဒါမှမဟုတ် ဆေးကို ဆိုလိုတာ ဖြစ်ပါတယ်။

Advertisement
များသောအားဖြင့် ကုတင်ပေါ်မှာ ပြဿနာရှိတယ်ဆိုတဲ့ အမျိုးသားအများစုက အပေါ်မှာပြောထားတဲ့ ဆေးကို ဝယ်သောက်မယ်၊ ပြင်းပြင်းပြပြနဲ့ အချိန်ကြာကြာလေး ချစ်ပွဲဝင်မယ်၊ အဲဒီနည်းနဲ့ သူတို့ရဲ့ ယုံကြည်မှုနဲ့ ယောက်ျားပီသမှုကို ခံစားနိုင်မယ်လို့ ယုံကြည်ကြပါတယ်။

ဒါပေမယ့် ကျန်းမာရေးနယ်ပယ်က ပါမောက္ခတွေကတော့ အဲ့ဖြစ်စဉ်တွေက ပန်းသေပန်းညှိုးလိုမျိုး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရစေနိုင်တယ်လို့ ပြောထားပါတယ်။

ပန်းသေပန်းညှိုးရောဂါဆိုတာ အမျိုးသားတစ်ဦးဟာ လိင်ဆက်ဆံတဲ့အခါ လိုအပ်တဲ့ ထောင်မတ်မှုမျိုးကို မရရှိတာ မထိန်းသိမ်းနိုင်တဲ့ အခြေအနေတစ်ရပ်ကို ဆိုလိုတာပါ။

ဒါဟာ အသက်ကြီးတဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ သွေးတိုးနဲ့ ဆီးချိုလိုမျိုး ကျန်းမာရေးပြဿနာတွေက ဒီဖြစ်ရပ်ကို မြင့်တက်စေပါတယ်။

အသုံးများသော ကာမ အားတိုးဆေး များ
အစားအစာ

လိင်စိတ်ကိုလှုံ့ဆော်ပေးတယ်လို့ ယူဆရတဲ့ အစားအစာအချို့ကို ဖော်ပြပေးထားပါတယ်။

ချောကလက်
ခရုကမာ
ဥအမျိုးမျိုး
ငှက်ပျောသီး
Asparagus (ကညွတ်တစ်မျိုး)
ငရုတ်သီး
Maca (ပီရူးတောင်မှထွက်တဲ့ သစ်ဥသစ်ဖုတစ်မျိုး)
တရုတ်နံနံပင်
ဒီအစားအစာတွေကတော့ ပုံမှန်အတိုင်း စားသုံးမယ်ဆိုရင် အန္တရာယ်မရှိပါဘူး။

ဆေးပင်ဝါးပင်များ

ချစ်မှုရေးရာနဲ့ ပက်သတ်ပီး အသုံးများတာကတော့ ဂျင်ဆင်းပါပဲ။ ဂျင်ဆင်းက ချစ်မှုရေးရာကိစ္စတွေမှ အစွမ်းထက်တယ်လို့ သတ်မှတ်လေ့ရှိပါတယ်။ လေ့လာထားချက်အရ ဂျင်ဆင်းကျွေးထားတဲ့ တိရစ္ဆာန်တွေမှာ လိင်စိတ်တုံ့ပြန်မှုတွေရှိပေမယ့် လူတွေမှာ သက်ရောက်မှု ရှိမရှိတော့ သက်သေပြထားတာ မတွေ့ရပါဘူး။

Advertisement

Yohimbe ဆိုတာကတော့ အာဖရိကနဲ့ အိန္ဒိယတို့မှာ တွေ့ရတတ်တဲ့ ဆေးပင်တစ်မျိုးပါ။ သူက ကျောရိုးမမှာရှိတဲ့ နာဗ်ကြောဗဟိုလေးတွေ ကို လှုံ့ဆော်ပေးပါတယ်။ ဒီနည်းနဲ့ လိင်စိတ်လှုပ်ရှားမှု မြင့်တက်စေခြင်းမရှိဘဲ လိင်တောင့်တင်းမှု ပမာဏကို တိုးတက်စေပါတယ်။

ကံမကောင်း အကြောင်းမလှတဲ့အချက်ကတော့ ဒီဆေးပင်ကို မှီဝဲရင် စိတ်ပူပန်တာ၊ အားနည်းတာ၊ လှုံ့ဆော်မှု လွန်ကဲတာ၊ သွက်ချာပါဒနဲ့ ထင်ယောင်ထင်မှားဖြစ်တာတွေ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

Spanish Fly ဆိုတာကတော့ အကျော်ကြားဆုံးနဲ့ အန္တရာယ်အကြီးဆုံး ဆေးတစ်မျိုးပါပဲ။ ဒီဆေးသုံးပြီးရင် ဖြစ်ပေါ်တဲ့ လိင်စိတ်လှုပ်ရှားမှုဆိုတာ လိင်အင်္ဂါတစ်ဝိုက်ကို သွေးတွေအလျင်အမြန် စုစည်းလာတာကြောင့်ပါ။ ဒါ့အပြင် ပါးစပ်နဲ့ လည်ချောင်းတွေကို လောင်စေနိုင်တဲ့ အဆိပ်တစ်မျိုးလည်း ဖြစ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းမှာ အနာဖြစ်ခြင်းနဲ့ အခန့်မသင့်ရင် သေစေနိုင်တဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။

ဂရုပြုသင့်သည်များ
အမျိုးသားအများစုက လိင်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု မရတာဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ကျန်းမာရေးမကောင်းတာကြောင့် မဟုတ်ဘဲ သူတို့ရဲ့ ခံစားချက်သက်သက်ကြောင့် ဖြစ်တတ်ပါတယ်။

အမျိုးသားတွေ လိင်စိတ်ကျေနပ်မှု မရရှိတာနဲ့ ပတ်သက်ပြီး ပြောလေ့ရှိတာတွေကတော့ အချိန်ကြာကြာတောင့်တင်းမှုမရှိခြင်း၊ သက်လုံမကောင်းခြင်းနဲ့ လိင်ဆက်ဆံဖော် စိတ်ကျေနပ်မှု ရစေနိုင်တဲ့ တောင့်တင်းမှုကို မရရှိခြင်း၊ ရေရှည်မထိန်းနိုင်ခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီကိစ္စတွေက စုံတွဲတွေကြားမှာ နားလည်မှုလွဲခြင်းနဲ့ ဖိအားတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကို မဖြေရှင်းခင် ဘာကြောင့်ဖြစ်တာလဲဆိုတာ အရင်သိရပါမယ်။

Advertisement
ဆေးသုံးခြင်းထက် သင့်ရဲ့ လိင်စိတ် အလုပ်လုပ်ပုံကို နားလည်ခြင်းက အကောင်းဆုံးအဖြေတစ်ခု ဖြစ်ပါတယ်။

လူအတော်များများက သူတို့ရဲ့ ဆက်ဆံဖော် ဒါမှမဟုတ် ဆရာဝန်တွေကို ပြောပြရမှာ ရှက်တဲ့အတွက်ကြောင့် ဆေးသုံးတာလိုမျိုး အလွယ်လမ်းနဲ့ပဲ ဖြေရှင်းချင်ကြပါတယ်။

ဆေးဆိုတာ အန္တရာယ်ကင်းမကင်းမသေချာပါဘူး။
ဆရာဝန်တွေတောင်မှ အမျိုးသားအားတိုးဆေးတွေရဲ့ တိကျတဲ့ ပါဝင်နှုန်းနဲ့ အသုံးပြုရမယ့် ပမာဏကို သေချာမသိကြပါဘူး။ ဒါကြောင့် ဒီဆေးတွေက သင့်ရဲ့ ရေရှည်ကျန်းမာရေးအပေါ် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

ကာမ အားတိုးဆေး နဲ့ ပန်းသေပန်းညှိုးရောဂါ
ဆေးပင်တွေပါဝင်တဲ့ အမျိုးသားအားတိုးဆေးတွေကို မှားယွင်းသုံးစွဲမိရင် ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့မှာ အမှန်ပါပဲ။ အဆိုးရွားဆုံး ဘေးထွက်ဆိုးကျိုးကတော့ နာရီအတော်ကြာတိုင်အောင် နာနာကျင်ကျင်နဲ့ တောင့်တင်းမှု ပဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ကာမ လှုံ့ဆော်မှုမပါဘဲ ဖြစ်နိုင်ပြီး ဆေးကုသမှု လိုအပ်ပါတယ်။ အခန့်မသင့်ပါက ပန်းသေပန်းညှိုးရောဂါကို ဦးတည်သွားနိုင်ပါတယ်။

Vi**ra လိုမျိုး ညွှန်ကြားချက်နဲ့ သောက်ရတဲ့ ဆေးတွေကတော့ ပန်းသေပန်းညှိုးရှိတဲ့ အမျိုးသားတွေအတွက် အာနိသင်သက်ရောက်မှု ရှိစေပါတယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်ဆရာဝန်များရဲ့ ညွှန်ကြားမှုအတိုင်းသာ သုံးစွဲသင့်ပါတယ်။

Crd Health

02/08/2023

For Gentleman.

Address

Yangon

Telephone

+959978240175

Website

Alerts

Be the first to know and let us send you an email when MaxMan-Boy Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share