30/11/2025
🌍❤️ World AIDS Day 2025 ❤️🌍
Today, on 1 December 2025, we join the global community to honor the lives affected by HIV, celebrate the remarkable progress made, and recommit ourselves to ending AIDS as a public health threat.
Despite years of disruptions—from pandemics to humanitarian crises—communities, health workers, and partners across Myanmar have shown extraordinary resilience. Their strength and leadership continue to drive our progress toward equitable access to HIV services.
This year’s theme, “Overcoming disruption, transforming the AIDS response,” reminds us that community-led action is essential to closing gaps in prevention, treatment, and support.
On this World AIDS Day,
• Let us stand together—stronger, more united, and more determined than ever.
• A future free of AIDS is possible.
• Together, we can transform the response. Together, we can save lives.
ယနေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် HIV ပိုးနှင့်အသက်ရှင်သန်နေသူများနှင့် မိသားစုများကို အသိအမှတ်ပြုရင်း ရရှိထားတဲ့အောင်မြင်တိုးတက်မှုများနှင့်အတူ AIDSရောဂါကို ပြည်သူ့ကျန်းမာရေးအား ခြိမ်းခြောက်နေသည့် ကပ်ရောဂါအသွင်မှ ရပ်တန့်ရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံနှင့် ကမ္ဘာတဝှမ်းလုံးရှိ HIV အရေးကိုအလေးထား ဆောင်ရွက်နေသူ အားလုံးနှင့် လက်တွဲ ပူးပေါင်းကြပါစို့။
မြန်မာနိုင်ငံအတွင်းရှိ HIV အရေးကို အလေးထား ဆောင်ရွက်နေသူများ၊ ကျန်းမာရေးဝန်ဆောင်မှု ပေးသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် HIV ကို ကပ်ရောဂါမှသည် လူသားချင်းစာနာ ထောက်ထားမှုအခြေခံသည့် လုပ်ငန်းစဉ်တစ်ခုအဖြစ် အခက်အခဲများကျော်လွှားကာ ပြောင်းလဲ ဆောင်ရွက်လျှက်ရှိကြောင်းကို ပြသခဲ့ကြပါသည်။
၎င်းတို့၏ ခွန်အားနှင့် ခေါင်းဆောင်မှုတို့သည် HIV ဝန်ဆောင်မှုများကို သာတူညီမျှရရှိရေးဆီသို့ ဆက်လက်တွန်းအားပေးနေပါသည်။
ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် "အေ့စ်ရောဂါတိုက်ဖျက်ဖို့၊ အခက်အခဲများကိုဖြေရှင်းလို့၊ အတူပူးပေါင်း ဆောင် ရွက်စို့" သည် HIV/ AIDS ကာကွယ်ခြင်း၊ ကုသခြင်းနှင့် ပံ့ပိုးကူညီမှုတွင် ရှိနေသော ကွာဟချက်များအား လျှော့နည်းစေရန်အပြင် လူထုဦးဆောင်သောလုပ်ငန်းများသည် မရှိမဖြစ်လိုအပ်နေကြောင်း ကို ပြသနေပါသည်။
ဤကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် ကျွန်ုပ်တို့အားလုံး……..
• ယခင်ကထက် ပိုမိုခိုင်မာ၊ ပိုမိုစည်းလုံးကြပြီး ပိုမိုသန္နိဋ္ဌာန်ချထားကြပါစို့။
• အေအိုင်ဒီအက်စ်ရောဂါ ကင်းစင်တဲ့ အနာဂတ် တခုဖြစ်လာ နိုင်ပါသည်။
• အတူတကွ ရှိနေခြင်းသည် HIV တုံ့ပြန်မှုများကို ပြောင်းလဲစေနိုင်သည်။ ကျွန်ုပ်တို့အတူတကွပူးပေါင်းပြီး အသက်များစွာကို ကယ်တင်နိုင်မည်ဖြစ်ပါသည်။