27/04/2026
ငါးကြီးဆီ (Fish Oil) အကြောင်း သိကောင်းစရာ
ငါးကြီးဆီ (Fish Oil) ဟာ ကျန်းမာရေးအတွက် အလွန်အသုံးဝင်တဲ့ Omega-3 fatty acids ကြွယ်ဝစွာပါဝင်တဲ့ အာဟာရဖြည့်စွက်စာတစ်ခု ဖြစ်ပါတယ်။
🐟 ငါးကြီးဆီ (Fish Oil) နှင့် Omega-3
ငါးကြီးဆီမှာ DHA နဲ့ EPA လို့ခေါ်တဲ့ Omega-3 fatty acids တွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေကို ခန္ဓာကိုယ်က အလိုအလျောက် မထုတ်လုပ်နိုင်တဲ့အတွက် အစားအစာ (သို့မဟုတ်) ဖြည့်စွက်စာမှတစ်ဆင့် ရယူနိုင်ပါတယ်။
👨⚕️ငါးကြီးဆီရဲ့ အကျိုးကျေးဇူးတွေကတော့-
✨တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ် ငါးကြီးဆီစားသုံးပေးခြင်းကနှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျော့ကျစေပါတယ်။
✨သွေးတိုးရောဂါရှိသူတွေမှာ သွေးပေါင်ချိန်ကို အနည်းငယ်လျော့ကျစေနိုင်ပါတယ်။
✨သွေးထဲမှာရှိတဲ့ မကောင်းတဲ့ အဆီဓာတ်တွေကို သိသိသာသာလျော့ကျစေပြီး ကောင်းသော အဆီဓာတ်တွေ ကို တိုးပွားစေပါတယ်။
✨အဆစ်အမြစ်များ ကိုက်ခဲခြင်း၊ တောင့်တင်းနေခြင်းတို့ကိုသက်သာစေပါတယ်။
⚠️ သတိပြုရန်
ငါးကြီးဆီ အလွန်အကျွံ သောက်သုံးမိပါက
ရင်ပူခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း၊ -အရေပြားပေါ်မှာ အနီစက်များ ထွက်ခြင်း၊
-သွေးယိုစီးမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး လေဖြတ်နိုင်ခြေကိုလည်း တိုးမြင့်စေပါတယ်။
📢အကယ်၍ အောက်ပါဆေးဝါးများကို သောက်သုံးနေရပါကဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ငါးကြီးဆီကို သောက်သုံးစေလိုပါတယ်။
သွေးကျဆေးများ - သွေးပေါင်ချိန် အရမ်းကျသွားနိုင်လို့ပါ။
သွေးကျဲဆေးများ - သွေးယိုစီးမှု ဖြစ်နိုင်ခြေ ပိုများစေပါတယ်။
ကိုယ်ဝန်တားဆေးများ - ငါးကြီးဆီရဲ့ အဆီဓာတ်လျော့ချပေးတဲ့ အာနိသင်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
Vitamin E - ငါးကြီးဆီ သောက်ခြင်းကြောင့် ဗီတာမင် E ပမာဏ လျော့နည်းသွားနိုင်ပါတယ်။