Reaping The Universe's Gifts Astrology

Reaping The Universe's Gifts Astrology Reap your benefits from the universe by knowing yourself and connecting to your inner self using astrology.

Sun sign နဲ့ Moon sign ဘယ်လိုခွဲရမလဲ မေးထားကြတဲ့ သူတွေတွေ့လို့ပါ။ မသိသေးတဲ့ သူလေးတွေအတွက် birth chart ထုတ်နည်းနဲ့ chart ...
08/12/2025

Sun sign နဲ့ Moon sign ဘယ်လိုခွဲရမလဲ မေးထားကြတဲ့ သူတွေတွေ့လို့ပါ။ မသိသေးတဲ့ သူလေးတွေအတွက် birth chart ထုတ်နည်းနဲ့ chart ကို ကြည့်နည်း အခြေခံလေးပါ။

Admin အောက်မှာ birth chart ထုတ်လို့ရတဲ့ app link လေး shareထားပေးပါတယ်၊ google မှာလည်း birth chart calculator ဆိုပြီး ရိုက်ရှာရုံနဲ့ birth chart ထုတ်ပေးတဲ့ website လေးတွေလည်း တွေ့နိုင်ပါတယ်။

Source: AstroMatrix

https://share.google/fVIfSwVCUl3TOyFAz

(App name က AstroMatrixပါ၊ linkဝင်ရမပြေရင် play storeမှာ ရိုက်ရှာလို့ရအောင်ပါ)

ကိုယ့်ရဲ့ မွေးနေ့၊ မွေး‌ချိန်၊ အချက်အလက်လေးတွေ အသီးသီး ထည့်ပေးလိုက်ရုံနဲ့ ကိုယ့်ရဲ့ personal birth chart တစ်ခုထုတ်ပေးပါလိမ့်မယ်။

Admin.. shareပေးထားတဲ့ appလေးကတော့ adminတို့လို့ birth chart ဖတ်ပေးတဲ့သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ အောက်ကပုံတွေက app ကို သုံးပြီး ထုတ်ထားတဲ့ chartပါ။

Sun sign, Moon sign ခွဲတတ်ချင်တဲ့ သူတွေက ပထမပုံကို ကြည့်ပါ၊ Sun ဆိုတဲ့ အလျားလိုက်အကွက်လေးမှာ သူ့ဘေးမှာတွေ့ရတဲ့ Ta**us ဆိုတာ Sun signပါ၊ ဘေးအစွန်းနားကတော့ Sunက ဘယ်‌houseထဲမှာ ရှိနေလဲဆိုပြီး ပြထားတာပါ၊ 11thဆိုတာ Sun က 11th houseထဲမှာ ရှိနေတယ်ဆိုတဲ့ သဘောပါ။

Moon sign ကို သိချင်ရင်လည်း အဲ့ဒီလိုပဲ moon ဆိုတဲ့ အလျားလိုက် အကွက်လေးကို ကြည့်ရုံပါပဲ၊ Moon ဆိုတဲ့ဘေးနားက Scorpio က birth chart ပိုင်ရှင်ရဲ့ moon sign ကို ဖော်ပြတာပါ။

admin..တို့လို birth chartဖတ်ပေးတဲ့ သူတွေအတွက်ကတော့ ဒီappကထုတ်ပေးတဲ့ chart က ကြည့်ရ တော်တော်အဆင်ပြေတဲ့ chartပုံစံမျိုးပါ၊ signရော house ရော အတန်းလိုက်လေး ပြထားမလို့ ကြည့်ရတာ တော်တော်ရှင်းလင်း ထိရောက်ပါတယ်။ Lilith, Chiron, Juno စသဖြင့် placements လေးတွေလည်း အစုံပါပါတယ်၊ ကိုယ်ကြည့်ချင်တာပဲ ဖော်ပြီး၊ မကြည့်ချင်တာတွေကိုလည်း setting မှာ ပြန်ဖျောက်လို့ရပါတယ်၊ house system တွေဘာညာ အကုန်ကိုယ်လိုချင်သလို ချိန်လို့ရပါတယ်၊ Solar return chartတွေ၊ Draconic Chart စသဖြင့် chart အစုံလည်း ထုတ်ကြည့်လို့ရပါတယ်။

ကိုယ့် birth chart ကို ကြည့်ဖတ်ပေးတဲ့ birth chart reading လေးတွေလိုချင်ရင်လည်း adminဆီမှာ service လာယူလို့ရပါတယ်။

Adminရဲ့ birth chart reading လေးမှာ အခြေခံအားဖြင့် ဒီလို ခေါင်းစဥ်ခွဲလေးတွေ ပါဝင်ပါတယ်

Personality Overview

Emotional Nature

Learning, Thinking and Communication

》Soul Purpose, Life Purpose and Potential

》Struggle, Challenges, Shadow Work, Pontential Personal Growth

》Subconscious, Inner Trauma, Personal Growth through understanding and healing

Career & Financial

Love & Relationships

တစ်ခုသတိထားစရာက admin ဖတ်ပေးတဲ့ birth chart reading လေးတွေက ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်ရဲ့ အလားအလာတွေ၊ ကိုယ့်ရဲ့မသိစိတ် pattern တွေကို နက်နက်ရှိုင်းရှိုင်းနားလည်စေဖို့ရည်ရွယ်ပါတယ်။ ဘဝမှာကြုံကြိုက်ရတတ်တာတွေ၊ ကျော်ဖြတ်ရမယ့် သင်ခန်းစာ‌တွေကိုလည်း စိတ်ပညာရှုထောင့်ကနေ ဖော်ပြပေးပါတယ်။ ရှေ့ဖြစ်ဟောပုံစံ ဘယ်အသက်အရွယ်မှာ ဘာတွေဖြစ်မယ်ဆိုတာမျိုးတော့ မပါပါဘူး၊ ကျန်းမာရေးတွေ၊ သေခြင်းနဲ့ ပတ်သတ်တာတွေလည်း အသေးစိတ်ပါဝင်လေ့မရှိပါဘူး။

Moon sign - Scorpio  တွေဟာ ပင်ကိုအရ ခံစားချက်အလွန်ပြင်းထန်နက်နဲတတ်ပါတယ်။ သူတို့ရဲ့ ဒီလို ခံစားချက်ပြင်းထန်မှုဟာ ကျိန်စာတ...
07/12/2025

Moon sign - Scorpio တွေဟာ ပင်ကိုအရ ခံစားချက်အလွန်ပြင်းထန်နက်နဲတတ်ပါတယ်။ သူတို့ရဲ့ ဒီလို ခံစားချက်ပြင်းထန်မှုဟာ ကျိန်စာတစ်ခုလိုလည်း ဖြစ်ပြန်၊ လက်ဆောင်တစ်ခုလိုလည်း ဖြစ်တတ်ပါတယ်။ Moon ဟာ Scorpio sign မှာ အရမ်းအားနည်းပါတယ်။ ပျော့ပြောင်းပြီး တည်ငြိမ်မှုကို နှစ်သက်တဲ့ 'လဂြိုလ်'ဟာ Scorpio လို ပြင်းထန်တဲ့ sign မျိုးမှာ သူ့ရဲ့ ပင်ကိုအရည်အသွေးတွေကို ပြသဖို့ ရုန်းကန်နေရတတ်ပါတယ်၊

(Astrology အရ moon in scorpio ကို Moon က fall မှာ ရောက်ရှိနေတယ်လို့ ခေါ်ပါတယ်။ အားနည်းတယ် debilitated ဖြစ်တယ်လို့လည်း ပြောပါတယ်။ Scorpio ရဲ့ ဆန့်ကျင်ဖက်sign - Ta**us မှာကျ Moon က အားကောင်းပါတယ်။ Astrology အရ exalted ဖြစ်တယ်လို့ ခေါ်ပါတယ်။)

Scorpio moon တွေဟာ ငယ်ငယ်မှာတည်းက ခံစားချက်ပြင်းထန်ပြီး ခံစားထိခိုက်လွယ်ပေမယ့် သူတို့ခံစားချက်ကို အမှန်တကယ်နားလည်လက်ခံပေးခံရတာမျိုး ရှားတတ်ပါတယ်။ များသောအားဖြင့် scorpio moon တွေဟာ အမေနဲ့ ပတ်သတ်ပြီး အားနည်းချက်ရှိတတ်ပါတယ်။ အမေနဲ့ ပတ်သတ်ပြီး နာကျင်မှုတွေရှိပေမယ့် အမေ့ကို ပိုချစ်တာ၊ တွယ်တာတာမျိုးရှိတတ်ပါတယ်။ အမေက တော်ရုံကြင်နာမှုမပြတာ၊ စိတ်ကြီး စိတ်ဆတ်တာမျိုးရှိတတ်ပါတယ်။

ခန့်မှန်းနားလည်ရခက်ပြီး ရုတ်တရက်ထပေါက်ကွဲလေ့ရှိတတ်တဲ့ မိခင်မျိုးကြောင့် Scorpio moon တွေဟာ ငယ်စဥ်ကတည်းက စိတ်လုံခြုံမှုမရှိဘဲ ကြီးပြင်းလာရတတ်ပါတယ်။ မိခင်နဲ့ မိခင်ဖက်က အသိုင်းအဝိုင်းကြောင့် စိတ်ဒဏ်ရာတွေရှိတတ်ပါတယ်။ ကလေးတစ်ယောက်အတွက် လုံလောက်တဲ့ နွေးထွေးမှုနဲ့ မေတ္တာအကြင်နာတွေကို မရရှိခဲ့ဘဲ ရှိတတ်ပါတယ်။ ကိုယ့်ခံစားချက်တွေကိုလည်း ဘယ်သူကမှ တကယ်နားလည်ပြီး အရေးတယူလုပ်တာ မခံခဲ့ရဘဲ ရှိတတ်ပါတယ်။ ဒါ့ကြောင့် scorpio moon တွေဟာ သိမ်ငယ်စိတ်တွေရှိတတ်ပါတယ်။ ကိုယ့်ခံစားချက်တွေဟာ အရေးမပါဘူးလို့ ထင်တတ်ပါတယ်။ မျိုသိပ်လာတတ်ပါတယ်။ ကိုယ်တိုင်ရဲ့ ခံစားချက်တွေနဲ့ ပတ်သတ်ပြီး ရှက်ရွံ့စိတ်၊ သိမ်ငယ်စိတ်တွေရှိလာပါတယ်။

ဒီလိုအချက်တွေကြောင့် scorpio moon တွေဟာ ကိုယ်တိုင်ပဲ ကိုယ့်ရဲ့ ခံစားချက်တွေကို ငြင်းပယ်ဖိနှိပ်ထားမိတတ်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ ခံစားချက်တွေဟာ အချိန်မရွေးပေါက်ကွဲထွက်လာနိုင်တဲ့ ဗုံးတစ်ခုလို အတွင်းပိုင်းမှာ တာဆူနေတတ်ပါတယ်။ ပြင်ပမှာ ငြိမ်သက်နေပေမယ့် အထဲကခံစားချက်တွေ ပေါက်ကွဲထွက်လာဖို့ အစပြုပေးမယ့် မီးပွားတစ်စပဲ လိုအပ်တတ်ပါတယ်။

မီးပွားစလာစင်တာနဲ့ ကိုယ်တိုင်ရှက်ရွံ့ဖိနှိပ်ထားတဲ့ ခံစားချက်တွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ မထိန်းနိုင် မသိမ်းနိုင် ပေါက်ကွဲထွက်လာတတ်ပါတယ်။ နာကျင်ရှက်ရွံ့မှုနဲ့ ကြောက်စိတ်တွေဟာ ဒေါသအဖြစ်ပေါ်ထွက်လာတတ်ပါတယ်။ အဲ့ဒါကြောင့် scorpio moon တွေဟာ ခံစားချက်တစ်ခုခုအစပျိုးလာပြီဆိုတာနဲ့ ပြဿနာတစ်ခု သေသေချာချာဖြစ်ပြီးမှ ပြီးတတ်ပါတယ်။ ခံစားချက်တွေဟာ ပြင်းထန်လွန်းတာကြောင့် ကိုယ်တိုင်တောင် ကြိတ်ခံစားဖို့ ခက်တတ်ပါတယ်။

ဒါပေမယ့် ဒီပေါက်ကွဲထွက်လာတဲ့ ခံစားချက်တွေဟာ နားလည်မှုလွဲခံရခြင်းနဲ့ ပြဿနာတက်ခြင်းမှာပဲ အဆုံးသတ်သွားရတတ်ပြန်ပါတယ်။ ကိုယ်တကယ်လိုချင်တဲ့ နားလည်ပေးခံရမှု၊ ကိုယ့်နာကျင်ခြင်းကို မြင်ပေးမှုတို့ကိုတော့ မရရှိနိုင်ဘဲ ရှိတတ်ပါတယ်။ ဒီလိုအဖြစ်ကြောင့် ကိုယ့်ရဲ့ ပေါက်ကွဲမိတဲ့ ခံစားချက်တွေအပေါ် ရှက်ရွံ့သိမ်ငယ်စိတ် ထပ်ဝင်ပြန်ပါတယ်။ ဒီလိုနဲ့ သံသရာလည်နေတတ်ပါတယ်။

ဒီသံသရာကို ရပ်ဖို့ Scorpio moon တွေဟာ ကိုယ်တိုင်ရဲ့ ခံစားချက်တွေကို မငြင်းပယ် မဖိနှိပ်ဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်လိုအပ်တဲ့ နားလည်မှုကို ကိုယ်တိုင်က အရင် ကိုယ့်ကိုကိုယ်ပေးတတ်ဖို့ အရေးကြီးပါတယ်။ ခံစားချက်တွေကို မြင်ပေးဖို့ အသိအမှတ်ပြုတတ်ဖို့ လိုအပ်ပါတယ်။ ခံစားချက်တွေက ပြသနေတဲ့ အတွင်းပိုင်းက နာကျင်မှုကို မြင်အောင်ကြည့်တတ်၊ ကိုယ့်ကိုကိုယ်နှစ်သိမ့်ပေးတတ်ဖို့လိုပါတယ်။

ကိုယ်တိုင်ရဲ့ ခံစားချက်တွေကို ပြန်လည်ရင်ဆိုင်ရတဲ့ အလုပ်ဟာ မလွယ်ကူပေမယ့် Scorpio moon တွေဟာ စိတ်ခံစားချက်ပြင်းထန်သလောက် ခံနိုင်ရည်အားကောင်းတာကြောင့် ခံစားချက်တွေကို ပြန်လည်ရင်ဆိုင်ကုစားနိုင်စွမ်းရှိသူတွေ ဖြစ်ကြပါတယ်။ healing လုပ်နိုင်စွမ်း အားကောင်းပါတယ်။ ကိုယ်တိုင်ရဲ့ ခံစားချက်ကိုသာမက တခြားသူတွေရဲ့ ခံစားချက်ကိုပါ နားလည်နိုင်စွမ်း၊ ကုစားနိုင်စွမ်း ရှိတတ်ပါတယ်။

နက်နဲတဲ့ စိတ်ခံစားချက်တွေကိုပဲ အကြောင်းပြုပြီး သိသာတဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်ပြောင်းလဲမှု၊ စိတ်ပိုင်းဆိုင်ရာအရ နက်နဲတဲ့ နားလည်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်။ ပင်ကိုအရ intuition ခေါ် ဝမ်းတွင်းသိ အားကောင်းတတ်ပါတယ်။ မရိုးသားမှုတွေနဲ့ လူတွေရဲ့ အမှောင်ခြမ်းကိုယ်ရည်ကိုယ်သွေးတွေကို ခံစားသိနိုင်စွမ်းရှိကြပါတယ်။

ဒီလိုအရည်အသွေးတွေကြောင့် scorpio moon တွေဟာ healers ၊ psychological counsellors ၊ therapists စသဖြင့် ဖြစ်လာတတ်ကြပါတယ်။

Scorpio moon တွေဟာ late bloomer အမျိုးအစားဖြစ်ပါတယ်။ ငယ်ရွယ်ချိန်မှာ ကိုယ့်ခံစားချက်ကို ဘယ်လိုကိုင်တွယ်ရမှန်းမသိဖြစ်တတ်ပါတယ်။ စိတ်ခံစားချက်အရ နာကျင်အားနည်းရမှာကို ကြောက်သလောက် ကိုယ့်စိတ်ဒဏ်ရာတွေကို လာထိဆွနေတဲ့ အဖြစ်တွေကို များစွာကြုံတွေ့ရတတ်ပါတယ်။ အဓိကအားဖြင့် အချစ်ရေးမှာ နာကျင်စရာတွေကို သိသိသာသာကြုံရတတ်ပါတယ်။

စိတ်ဒဏ်ရာတွေကို healing မလုပ်နိုင်သေးခင်မှာ အလွယ်တကူခံစားပေါက်ကွဲလွယ်တာမျိုး၊ တစ်ဖက်လူကို ကိုယ့်ကိုကိုယ်တောင် သတိမထားမိဘဲ စမ်းသပ်နေမိတာမျိုး၊ သဝန်တိုလွယ်တာ၊ အားငယ်လွယ်၊ သိမ်ငယ်လွယ်တာမျိုးတွေ ရှိတတ်ပါတယ်။

စိတ်ဒဏ်ရာတွေဟာ သံလိုက်လိုမျိုး တူညီတဲ့နာကျင်မှုကို ထပ်ခံစားရစေမယ့် သူတွေကို ဆွဲဆောင်နေမိတတ်ပါတယ်။ သဘောက ကိုယ်က အစွန့်ပစ်ခံရမှာကြောက်ရင် ရှောင်ဖယ်တတ်၊ရှောင်လွှဲသွားတတ်တဲ့သူမျိုးတွေကို ဘဝထဲဆွဲဆောင်နေမိတတ်ပါတယ်။ ကိုယ်ကတန်ဖိုးထားမခံရမှာစိုးရင် ကိုယ့်တန်ဖိုးကို သက်သေပြနေရမလို ခံစားရစေမယ့် သူတွေကို ဘဝထဲ ဆွဲဆောင်မိတတ်ပါတယ်။ ကိုယ်က အငြင်းပယ်ခံရမှာကြောက်ရင် ပူလိုက်အေးလိုက် ခန့်မှန်းရခက်တဲ့သူတွေကို ဘဝထဲ ဆွဲဆောင်နေမိတတ်ပါတယ်။

အဲ့ဒါအပြင် scorpio moon တွေရဲ့ energy ဟာ အကြောင်းကြောင်းကြောင့် တခြားသူတွေရဲ့ စိတ်ဒဏ်ရာတွေကို အလွယ်တကူထိဆွမိတတ်ပါတယ်။ scorpio moonတွေရဲ့ နက်နဲမှုအောက်မှာ လူတွေဟာ သူတို့ကိုယ်တိုင် မျက်နှာလွှဲနေတဲ့ အတွင်းစိတ်က စိတ်ဒဏ်ရာတွေကို ဆက်ပြီးမသိချင်ယောင်ဆောင်ဖို့ခက်တတ်ပါတယ်။ ဒီလိုအချက်တွေကြောင့် scorpio moon တွေရဲ့ ငယ်စဥ်အချိိန် ရင်းနှီးတဲ့ ဆက်ဆံရေးတွေဟာ ပြင်းထန်ပူလောင်လွန်းတတ်ပါတယ်။

စိတ်ခံစားချက်အရ အမှန်တကယ်သတ္တိရှိသူတွေ၊ စိတ်ဒဏ်ရာတွေကနေ မရှောင်ပုန်းဘဲ shadow work လုပ်ခဲ့သူတွေ၊ ကိုယ်တိုင်နက်နဲပြီး ရင့်ကျက်တဲ့သူတွေကသာ scorpio moon တွေရဲ့ နက်နဲမှုကို နားလည်တန်ဖိုးထားတတ်ပါတယ်။

Scorpio moon တွေကိုယ်တိုင်လည်း ကိုယ့်စိတ်ဒဏ်ရာတွေကို နားလည်ပြီး healing လုပ်နိုင်လာတာနဲဲ့အမျှ ငယ်စဥ်ကလို နာကျင်မှုပေးမယ့်သူတွေကို ဘဝထဲ ဆွဲဆောင်နေမိတာမျိုး မဖြစ်တော့ဘဲ ကိုယ့်အတွက်မှန်ကန်တဲ့သူတွေကို ရှင်းရှင်းလင်းလင်းသိနိုင်စွမ်း ရှိလာတတ်ပါတယ်။

Scorpio moon တွေဟာ နာကျင်မှုကို အသိပညာနဲ့ ခွန်အားအဖြစ် ပြောင်းလဲနိုင်ကြသူတွေဖြစ်ပါတယ်။ ကိုယ့်စိတ်ဒဏ်ရာတွေကို ရင်ဆိုင်ခဲ့တဲ့ ခရီးတစ်လျှောက် နက်နဲတဲ့ စိတ်ပိုင်းဆိုင်ရာနားလည်မှုနဲ့ အသိပညာတွေကို ရရှိခဲ့တတ်ကြပါတယ်။ ရင့်ကျက်သွားတဲ့၊ ကိုယ်တိုင်ရဲ့ ခံစားချက်တွေကို ပိုင်နိုင်သွားတဲ့ scorpio moon တွေဟာ အတည်ငြိမ်ဆုံး၊ အသန်မာဆုံး၊ ဝမ်းတွင်းသိအားအကောင်းဆုံးလူမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။

05/12/2025

*trigger warning* (ရင်ဖွင့်တဲ့သဘောမျိုးရေးထားပြီး heavy ဖြစ်တဲ့စာမျိုးမလို့ နဂိုတည်းက feeling သိပ်မကောင်းတဲ့သူတွေ မဖတ်သင့်ပါဘူး၊ admin နည်းနည်း depressive mood ဖြစ်နေလို့😅၊
ဒီလို heavyဖြစ်တဲ့ ရင်ဖွင့်စာမျိုးရေးရတာ အားနာပါတယ်)

ဒီလပိုင်းတွေမှာ ရှင်သန်ရတာ ဘယ်လိုခံစားရလဲဆိုတော့ အဆင်မပြေတဲ့ခံစားချက်ကိုပဲ စဉ်ဆက်မပြတ်ပြုပြင်နေရသလို ခံစားရတယ်

အကြောင်းအရင်းကိုလည်း အဖြေမရှာချင်လောက်အောင် ပင်ပန်းနေတယ်၊ စိတ်ဒဏ်ရာတွေကိုလည်း ရင်ဆိုင်ရတာ ငြီးငွေ့နေတယ်

အဆင်မပြေတဲ့ခံစားချက်တွေကို ပြေချင်ယောင် ဆောင်မထားနိုင်တော့ဘူး၊ တခြားသူတွေကို အားဖြစ်စေတဲ့ စာရေးရမယ့်အစား ဒီလိုစာမျိုးတွေ မရေးချင်ပေမယ့် စိတ်ခံစားချက်တွေကို တစ်နည်းနည်းနဲ့ ဖွင့်ထုတ်ဖို့ လိုအပ်နေတယ်

နှစ်စထဲက စိတ်ဒဏ်ရာဟောင်းတွေကို ပုံစံသစ်တစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး ကိုယ့်စိတ်ကို နားလည်အောင် ဆန်းစစ်ဖြစ်ခဲ့ပေမယ့် နာကျင်မှုနဲ့ စိတ်အလုပ်များမှု နှစ်ခုပေါင်းပြီး စိတ်တွေပင်ပန်းကျန်ရစ်ခဲ့တယ်၊ ခြောက်ကပ်ကပ်ခံစားချက်၊ နေထိုင်ရတာ အဓိပ္ပာယ်မရှိသလို ခံစားချက်က ကြာရှည်နေတယ်

သိသိသာသာအထီးကျန်နေမိပြီး အားငယ်စိတ်တွေ တအားများနေတယ်၊

တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်ပေမယ့် ဒီစကားတွေ ဘယ်သူ့သွားပြောရမလဲမသိဘူး၊ ရင်ဖွင့်ချင်ခဲ့တာကြာပါပြီ၊ နောက်ဆုံးတော့ ရင်ဖွင့်ဖြစ်သွားပြီ

Adminလည်း ပြန်အဆင်ပြေလာမှာပါ၊ စိတ်အဆင်ပြေလာရင်တော့ creative sparkတွေ ပြန်အားကောင်းပြီး စာတွေ ပုံမှန်ပြန်ရေးနိုင်မှာပါ၊ ဒီနှစ်ထဲတော့ ဘယ်လောက်ပဲ စာပုံမှန်တင်ဖြစ်ဖို့ ကြိုးစားလည်း မတင်နိုင်ခဲ့ဘူး

30/11/2025

Relationship တွေက တစ်ယောက်နဲ့ တစ်‌ယောက်ရဲ့ inner child တွေကို ပြန်ပြီးဂရုစိုက်အုပ်ထိန်းပေးရတာပါပဲတဲ့၊ ဒီvideoလေးကတိုပေမယ့် သူဖော်ပြချင်တဲ့အရာလေးက ထင်ရှားလေးနက်တယ်။

မိန်းကလေးက ချမ်းနေတော့ ယောက်ျားလေးက ချမ်းနေလား၊ ကိုယ့်အနွေးထည်ပေးရမလားဆိုပြီး ချွတ်ပေးလိုက်တဲ့အချိန်မှာ တကယ်နွေးထွေးမှု၊ ဂရုစိုက်မှုလိုချင်နေတာက မိန်းကလေးရဲ့ inner child ဖြစ်နေတယ်၊ animationမှာ ကောင်လေးကလည်း ပိုပြီးကြီးသွားတဲ့ပုံ ပုံဖော်ထားတယ်၊

တစ်ခါ'ကောင်‌လေး'က လက်မလေးနာသွားတဲ့ အချိန်မှာ 'ကောင်မလေး'က စိုးရိမ်စွာနဲ့ ဖေးမတော့ ကောင်‌လေးက သူအဆင်ပြေပါတယ်ဆိုတဲ့ပုံစံလုပ်ပေမယ့် ကောင်လေးရဲ့ inner child ကတော့ ကောင်မလေးရဲ့ ဂရုစိုက်မှုကို တကယ်လိုအပ်ခဲ့တယ်

Animation မှာ မိန်းကလေးက မိခင်လိုမိန်းမကြီးတစ်ယောက်ပုံစံပြောင်းသွားပြီး ‌ယောက်ျားလေးက ကောင်လေးငယ်လေးဖြစ်သွားတဲ့ပုံစံနဲ့ ပုံဖော်ထားတယ်

Relationship တွေဟာ တစ်ယောက်အနားမှာ တစ်ယောက်စိတ်လုံခြုံအောင်ထားပေးရခြင်းပါဆိုတဲ့သဘောလေးကို ထင်ရှားအောင် ပုံဖော်ထားပါတယ်။

Adminကို အထီးလား အမလား ခွဲတတ်တဲ့သူတွေကို adminဆီမှာ Tarot လာဖတ်တာတို့၊ birth chart reading လာယူတာတို့ လုပ်ရင် tarot read...
30/11/2025

Adminကို အထီးလား အမလား ခွဲတတ်တဲ့သူတွေကို adminဆီမှာ Tarot လာဖတ်တာတို့၊ birth chart reading လာယူတာတို့ လုပ်ရင် tarot reading လေးတစ်ခုfreeထည့်ကြည့်ပေးမယ်နော်😂 lol

Gemini ရာသီခွင်တွေ birth chart မှာများတော့ ခန့်မှန်းခိုင်းရတာ ဝါသနာပါတာ😂😂

ဒီ pageလေးကို admin ဟိုးအရင်တည်းက personal account မှာ follow ထားဖူးတယ်၊ စာလေးတစ်ခုဖတ်ပြီး စိတ်ထဲနွေးထွေး healing ဖြစ်ခဲ...
26/11/2025

ဒီ pageလေးကို admin ဟိုးအရင်တည်းက personal account မှာ follow ထားဖူးတယ်၊ စာလေးတစ်ခုဖတ်ပြီး စိတ်ထဲနွေးထွေး healing ဖြစ်ခဲ့ရလို့..

ခုလည်း ဒီစာလေးကိုဖတ်တော့ လေးနက်တဲ့ မေတ္တာတရားတွေ ဒီကမ္ဘာမှာ ရှင်သန်နေသေးကြောင်း ယုံကြည်သက်ဝင်ဖြစ်မိတယ်၊ ကိုယ်တိုင် အမြဲကြိတ်ပြီးတောင့်တပေမယ့် မကြုံခဲ့ဖူးလို့ မယုံမရဲဖြစ်လာခဲ့တဲ့အရာ..

လူသားတိုင်း နှလုံးသားအနာကင်းပြီး ထိုက်တန်တဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေ ရရှိစေချင်ပါတယ်၊ လူသားတွေဟာ ဘယ်လောက်သန်မာတယ်ပြောပြော နွေးထွေးမှု၊ နားလည်မှု၊ ကိုယ့်ကို အမှန်တကယ်မြင်သိပြီး တန်ဖိုးထားပေးမှုတို့ကို နှလုံးသားက တောင့်တတတ်ပါတယ်၊ လောကဓံအထုအထောင်းတွေကြားမှာ သန်မာအားတင်းရင်း နှလုံးသားအာဟာရကို လျစ်လျုရှုမိခဲ့ကြရင် ဒီစာလေးနဲ့အတူ နွေးထွေးမှု၊ နားလည်မှုတစ်ခု admin ချန်ရစ်ခဲ့ချင်ပါတယ်

ကျွန်တော့်အမျိုးသမီးလေးက ကျွန်တော့်ကိုပြောဖူးတယ်
*အထိန်းအမှတ်နေ့မျိုးတွေမှာ "ပန်းတွေ" လိုချင်တယ်တဲ့*

(တကယ်တော့ ပန်းဆိုတာ အမည်ခံသက်သက်ပါ)

သူမ ပန်းတွေလိုချင်တာရဲ့နောက်ကွယ်မှာ…

ချစ်သောသူက တစ်သီးတစ်သန့်ပေးလာမဲ့
အလိုက်သိမှု၊ တန်ဖိုးထားချစ်ခင်မှု၊ ဂရုစိုက်ကြင်နာမှုကို

မိန်းကလေးသဘာဝ လိုလားတောင့်တမိတယ်ဆိုတာ
သူမထုတ်မပြောလည်း ကျွန်တော်ခံစားနားလည်နေခဲ့တယ်

သူမအပေါ်ထားရှိတဲ့
ကျွန်တော့်ရဲ့လေးနက်တဲ့စိတ်ကို သက်သေပြနိုင်ဖို့

ဘာကအကောင်းဆုံးဖြစ်မလဲဆိုတာ
အချိန်အတော်ကြာ ကျွန်တော်စဉ်းစားခဲ့တယ်

အချိန်တန်နွမ်းခြောက်သွားမဲ့ ပန်းပွင့်တွေ
အလွယ်တကူ ဝယ်ယူပေးမဲ့အစား

လွန်ခဲ့တဲ့သုံးလလောက်က
ကျွန်တော် သူမအတွက်ရည်ရွယ်ပြီး
အပင်လေးတစ်ပင် ဂရုတစိုက်ပျိုးထားခဲ့တယ်

(သူမနဲ့တွေ့ဆုံတဲ့အခါ
ကျွန်တော်ကိုယ်တိုင် တယုတယပျိုးထားတဲ့
ဒီပန်းပင်လေးကို အမှတ်တရလက်ဆောင်အဖြစ်
သူမကိုပေးဖို့အတွက်ပေါ့)

ထိုအပင်လေးဟာ
တန်ဖိုးအားဖြင့်မမြင့်သလို
မွေးပျံ့တဲ့သင်းရနံ့လည်းမရှိပေမဲ့

မေတ္တာစကား သစ္စာအကြောင်းကိုတော့
သူမကို ကျွန်တော့်ကိုယ်စား
တိုးတိုးလေးပြောပြပေးနေမှာ အသေအချာပါ။

#မဟော်
(၂၆.၁၁.၂၀၂၅)

1.  Ascendant–Descendant Axis (1st House ↔ 7th House) ဆန့်ကျင်ဖက် energy တွေနဲ့ ဝင်ရိုးတွေအကြောင်းအခြေခံကို ရှေ့ဆောင်းပါ...
25/11/2025

1. Ascendant–Descendant Axis (1st House ↔ 7th House)

ဆန့်ကျင်ဖက် energy တွေနဲ့ ဝင်ရိုးတွေအကြောင်းအခြေခံကို ရှေ့ဆောင်းပါးတစ်ပုဒ်မှာ ရှင်းပြပေးခဲ့ပါတယ်။ ခုဆောင်းပါးမှာတော့ Ascendant - descendant ဝင်ရိုးအကြောင်းကို အကျယ်တဝင့်ဖော်ပြပေးပါမယ်။

1st house - 7th house ဝင်ရိုးဟာ astrology မှာ အရေးကြီးတဲ့ ဝင်ရိုးတစ်ခုဖြစ်ပါတယ်။ zodiac စက်ဝန်းမှာ 1st house နဲ့ 7th houseဟာ မျက်နှာချင်းဆိုင်တည်ရှိနေပြီး ဆန့်ကျင်ဖက် energy တွေကို ပိုင်ဆိုင်ကြပါတယ်။

birth chart တစ်ခုရဲ့ 1st house signကို Rising sign လို့လည်းခေါ်ပါတယ်။ လူတစ်ယောက်ရဲ့ rising signဟာ သူ့ရဲ့ ရုပ်အသွင်အပြင်၊ first impressionနဲ့ သူ့ရဲ့ကိုယ်ပိုင် အဓိကကျတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဖော်ပြပေးနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ rising signနဲ့ ဒီ rising signရဲ့ ruler (chart ruler) ကိုလေ့လာခြင်းဖြင့် သူ့ဘဝရဲ့ အဓိကကျတဲ့အရာတွေကို နားလည်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ chart ruler ဟာ birth chart တစ်ခုလုံးကို အုပ်စိုးတာဖြစ်တဲ့အတွက် အရမ်း‌အရေးကြီးပါတယ်။

Chart ruler ကို ဘယ်လိုသိနိုင်မလဲဆိုရင် ဥပမာအနေနဲ့ လူတစ်ယောက်ရဲ့ rising signက Gemini ဆို Gemini ရဲ့ ruling planet က Mercuryဖြစ်တဲ့အတွက် chart ruler က Mercury ဖြစ်ပါတယ်။

တစ်ဖက်မှာ 7th house ကိုတော့ house of marriage and partnershipလို့ ခေါ်ပါတယ်။ လူတစ်ယောက်ရဲ့ 7th house sign ( descendant sign) က သူ့ရဲ့ ရေရှည်အချစ်‌ရေး၊ အိမ်ထောင်ရေးနဲ့ စီးပွားရေးအရအကျိုးတူပူ‌ပေါင်းခြင်းစတဲ့ အရေးပါတဲ့ ပူပေါင်းလုပ်ဆောင်ရ၊ ညှိယူရတဲ့ အရာတွေကို ကိုယ်စားပြုပါတယ်။ 7th house ရဲ့ natural ruler က ချိန်ခွင်သင်္ကေတနဲ့ Libra ဖြစ်ပြီး တရားမျှတမှု၊ ညီတူညီမျှဖြစ်မှုကို ကိုယ်စားပြုပါတယ်။ အဲ့ဒါကြောင့် 7th house ဟာ တရားဥပဒေနဲ့ စာချုပ်စာတမ်းကိစ္စတွေကိုလည်း ကိုယ်စားပြုပါတယ်။

လူတစ်ယောက်ရဲ့ descendant signနဲ့ descendant sign ruler (7th house ruler) ကို လေ့လာခြင်းဖြင့် သူဟာ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ အကျိုးတူပူပေါင်းမှုတွေမှာ ဘယ်လိုတွေကြုံရတတ်တယ်၊ ဘယ်လိုသင်ခန်းစာတွေကို ကျော်ဖြတ်ရနိုင်တယ်ဆိုတာကို ဖော်ပြနိုင်ပါတယ်။
ကိုယ့်ရဲ့ 7th house ruler ကို ဘယ်လိုသိနိုင်မလဲဆိုရင် ဥပမာအနေနဲ့ လူတစ်ယောက်ရဲ့ descendant sign က Capricorn ဆိုကြပါဆို့၊ Capricorn ရဲ့ ruling planet က Saturn ဖြစ်တဲ့အတွက် 7th house ruler က Saturn ဖြစ်ပါမယ်။

(rulership တွေအကြောင်းကို pageမှာ တင်ဖူးပါတယ်၊ မသိတဲ့သူတွေများနိုင်တာကြောင့် နောက်လည်း သပ်သပ်ထပ်တင်ပေးပါမယ်)

Rising signက ကိုယ့်ရဲ့ပင်ကို သိသာတဲ့ကိုယ်ရည်ကိုယ်သွေးတွေကို ဖော်ပြနိုင်ပြီး descendant sign ကတော့ ကိုယ့်ရဲ့ မသိစိတ်က တခြားသူတွေဆီမှာ သွားရှာတတ်တဲ့ ကိုယ်ရည်ကိုယ်သွေး၊ အချင်းအရာတွေကို ဖော်ပြနိုင်ပါတယ်။ လူတစ်ယောက်ဟာ သူကိုယ်တိုင်မှာ descendant sign ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။

ဒီလိုမှသာ တခြားလူတွေနဲ့ ပိုပြီးအဆင်ပြေပြေပူးပေါင်းနိုင်စွမ်းရှိလာတတ်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အချစ်ရေး အိမ်ထောင်ရေး အတွေ့အကြုံတွေကို ရလာတတ်ပါတယ်။ descendant signကို လေ့လာခြင်းဖြင့် ဘယ်လိုလူမျိုး၊ ဘယ်လိုဆက်ဆံရေးမျိုးဟာ ကိုယ့်ကို ပျော်ရွှင်စေတယ်ဆိုတာ သိလာနိုင်ပါတယ်။ descendant signရဲ့ ကိုယ်ရည်ကိုယ်‌သွေးကို ထွေးပွေ့ပျိုးထောင်ခြင်းအားဖြင့် တစ်ယောက်တည်းဆိုရင်တောင် ပိုပြီးပြည့်စုံပျော်ရွှင်အောင် နေတတ်လာနိုင်ပါတယ်။

မဟုတ်လို့ descendant signရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ shadowကနေပြီး ထိန်းချုပ်နေရင် အထူးသဖြင့်အချစ်ရေးမှာ သင်ခန်းစာယူစရာ အတွေ့အကြုံတွေကို ကျော်ဖြတ်နေရတတ်ပါတယ်၊ ကိုယ့်ကို ကိုယ့်အကြောင်း ကိုယ်တိုင်နားလည်အောင် လာသင်ပြပေးနေတဲ့၊ မှန်လိုပြသပေးတဲ့ သူတွေကို ကြုံရတတ်ပါတယ်။

ဥပမာ descendant sign - Scorpio ဆိုကြပါစို့၊ ကိုယ့်ရဲ့ မသိစိတ်က စိတ်ချင်းနီးစပ်မှု၊ တစ်စုံတစ်ယောက်နဲ့ နက်နက်ရှိုင်းရှိုင်းနီးစပ်မှု၊ ဆက်ဆံရေးတွင်းမှာ အားနည်းချက်တွေမဖုံးကွယ်ရဘဲ စစ်မှန်စွာဆက်ဆံနိုင်မှုတို့ကို တောင့်တတတ်ပါတယ်၊
ဒါပေမယ့် ကိုယ်တိုင်က ကိုယ့်ရဲ့ နက်နဲမှုကို လက်မခံဘူး၊ နာကျင်ရမှာစိုးလို့ စိတ်ခံစားချက်ကနေ ကင်းကွာပြီး နေလေ့ရှိတတ်ရင် ကိုယ့်ဘဝထဲကို ဝင်လာတဲ့လူတွေက စိတ်ခံစားချက်ပြင်းထန်လွန်း၊ ထိန်းချုပ်ချင်လွန်းတာ၊ သဝန်ကြောင်လွန်းတာ၊ စိတ်ဒဏ်ရာတွေများပြီး နာကျင်ရမှာကြောက်နေတာနဲ့ ကိုယ့်ကို အမှန်တကယ် healthy ဖြစ်ဖြစ်မချစ်နိုင်တာ၊ ဆက်ဆံရေးတွင်းမှာ စိတ်ခံစားချက်အရ ကိုယ်က ပိုအားမနည်းရဖို့ ကိုယ်က ပိုသာနိုင်ဖို့အရေး အချင်းချင်းကြား အားပြိုင်မှု power struggle လေးတွေ ရှိနေတာ (ဥပမာ၊ ဘယ်သူပိုနေနိုင်လဲ ပြိုင်တာလိုမျိုး)၊ တွန်းလိုက် ဆွဲလိုက်ဖြစ်နေတာစတဲ့ ရေရှည်မှာ စိတ်ပင်ပန်းစေ၊ ဆက်ဆံရေးကို ပျက်စီးစေတဲ့ toxic ဖြစ်တဲ့ အပြုအမူလေးတွေ ရှိနေတတ်ပါတယ်။

သဘောတရားက ကိုယ်တိုင်က စိတ်ခံစားချက်နီးစပ်ဖို့ကို ကြောက်လည်း ကြောက်သလို မသိစိတ်က စိတ်ဓာတ်ပြင်းထန်တဲ့သူတွေကို သွားပြီး တိမ်းညွတ်နေတတ်တဲ့အတွက် နှစ်ဖက်စလုံးက အမှန်တကယ် healthy ဖြစ်ဖြစ်ချစ်တတ်စရာမလိုဘဲ ပြင်းထန်တဲ့အတွေ့အကြုံတွေကို ခံစားရစေမယ့် ဆက်ဆံရေးမျိုးတွေကို ကိုယ့်ဘဝထဲ ဆွဲဆောင်မိနေလို့ ဖြစ်ပါတယ်။

ကိုယ့်ကို healthy ဖြစ်ဖြစ်နဲ့ အမှန်တကယ်ချစ်နိုင်တဲ့သူတွေ့ရင်လည်း တကယ်ခံစားချက်စစ်တွေကို ပြန်ရင်ဆိုင်ရမှာ လန့်ပြီး ရှောင်ဖယ်မိတတ်ပါတယ်။ ဒီသဘောတရားက စိတ်ပညာနဲ့သက်ဆိုင်ပြီး နက်နဲသိမ်မွေ့ပါတယ်။ နားလည်ရခက်နိုင်ပါတယ်။ အမှန်တကယ် healthy ဖြစ်ဖြစ်ချစ်တတ်စရာမလိုဘဲ၊ ကိုယ့်ခံစားချက်‌စစ်တွေကို ပြန်လည်ရင်ဆိုင်စရာမလိုဘဲ၊ ပြင်းထန်တဲ့ အတွေ့အကြုံတွေကို ခံစားရစေတဲ့ toxic ဖြစ်တဲ့ သူတွေ၊ toxic ဖြစ်တဲ့ ဆက်ဆံရေးတွေကိုသာ စိတ်ကသွားပြီး တွယ်ငြိလွယ်တတ်ပါတယ်။

Descendant Scorpio ဟာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ကိုယ်တိုင်လက်ခံရင်ဆိုင်တတ်လာမှ၊ နက်နဲတဲ့ဆက်ဆံရေးကို တောင့်တတဲ့ ကိုယ့်မသိစိတ်ဆန္ဒကို နားလည်လာမှ- စိတ်ခံစားချက်နက်နဲသလို healthy ဖြစ်ဖြစ် ရင့်ရင့်ကျက်ကျက်နဲ့ ချစ်တတ်တဲ့ ချစ်သူတွေကို တွေ့လာရမှာ ဖြစ်ပါတယ်။

ဆန့်ကျင်ဖက်အားများကို ဟန်ချက်ညီအောင် ထိန်းသိမ်းရခြင်း(ဆောင်းပါးက ပညာရပ်ဆန်တော့ ဖတ်ရတာ နည်းနည်းခေါင်းရှုပ်ရနိုင်တယ်၊ ဗဟုသ...
25/11/2025

ဆန့်ကျင်ဖက်အားများကို ဟန်ချက်ညီအောင် ထိန်းသိမ်းရခြင်း

(ဆောင်းပါးက ပညာရပ်ဆန်တော့ ဖတ်ရတာ နည်းနည်းခေါင်းရှုပ်ရနိုင်တယ်၊ ဗဟုသုတအနေနဲ့ ဖတ်ကြည့်ပါ၊ astrology ကို လေ့လာနေတဲ့သူတွေအတွက်တော့ အကျိုးရှိနိုင်တဲ့ ဆောင်းပါးဖြစ်ပါတယ်)

Admin ပြောနေကျရှိတယ်၊ လူတွေမှာ ဆန့်ကျင်ကွဲလွဲနေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိကြတယ်၊ ဒီကိုယ်ရည်ကိုယ်သွေးတွေကို သတိထားပြီး ဟန်ချက်ညီအောင်‌ ပေါင်းစပ်တတ်ဖို့ အရေးကြီးတယ်ဆိုတာပါ။ မပေါင်းစပ်တတ်ရင် ကိုယ့်မသိစိတ်ထဲမှာ ဆန့်ကျင်ဖက်ကိုယ်ရည်ကိုယ်‌သွေးတွေ အချင်းချင်းတိုက်ခိုက်နေတာနဲ့ ကိုယ်တောင်သတိမပြုမိဘဲ ကိုယ့်ကိုကိုယ်ဆုတ်ယုတ်စေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေအဖြစ် ပုံပေါ်လာတတ်တယ်။ ကိုယ်ငြင်းပယ်မိ အသိအမှတ်မပြုမိသလို ဖြစ်သွားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေက shadowထဲရောက်သွားပြီး မသိစိတ်ထဲကနေပြီး ကိုယ့်ကို ချုပ်ကိုင် လွှမ်းမိုးနေတတ်တယ်။

Astrology မှာ ဒီဆန့်ကျင်ဖက် ကိုယ်ရည်ကိုယ်သွေးတွေကို ဟန်ချက်ညီအောင် ထိန်းညှိပေါင်းစပ်တတ်ဖို့ ညွှန်ပြနေတဲ့ အဓိကကျတဲ့ အရာတစ်ခုရှိပါတယ်။ Axis (ဝင်ရိုး)လို့ခေါ်ပါတယ်၊ ဝင်ရိုးဟာ စက်ဝိုင်းကို ထက်ဝက်ဖြတ်ပိုင်းပြီး ဟိုဖက်စွန်း ဒီဖက်စွန်း အမှတ်နှစ်ခုကို ဆက်ပေးပါတယ်။ Astrology စက်ဝန်းမှာတော့ ဝင်ရိုးတွေရဲ့ ဟိုဖက်စွန်း ဒီဖက်စွန်း အမှတ်တွေဟာ ဆန့်ကျင်ဖက် energy တွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။

အခုဆက်ပြီးတော့ astrology စက်ဝန်းမှာ အဓိကကျတဲ့ ဝင်ရိုး (main axes) တွေကို ဖော်ပြပေးပါမယ်။ ဒီဝင်ရိုးတွေကို နားလည်ခြင်းဟာ birth chart ကို လေ့လာတဲ့နေရာမှာလည်း များစွာ အထောက်အကူပြုပါတယ်။

1. Ascendant–Descendant Axis (1st House ↔ 7th House)

2. MC - IC Axis (10th ↔ 4th House)

3. Nodal Axis ( North Node ↔South Node)
(ဝင်ရိုးတစ်ခုဆီကိုလည်း သီးသန့်‌ဆောင်းပါးတစ်ပုဒ်စီနဲ့ အကျယ်ရှင်းပြပေးပါမယ်၊ ထိပ်ဆုံးက ဖော်ပြခဲ့တဲ့ no. 1ဝင်ရိုးအကြောင်းကိုတော့ ဒီဆောင်းပါးတင်ပြီးတာနဲ့ ဆက်တင်ပေးထားပါတယ်)

ဒီဝင်ရိုးတွေရဲ့ အစွန်းနှစ်ဖက်မှာ တစ်ဖက်က ကိုယ့်ရဲ့ comfort zoneဖြစ်ပြီး တစ်ဖက်က ကိုယ်ပေါင်းစပ်ရမယ့်အရာ၊ သင်ယူတိုးတက်ရမယ့် အရာကို ဖော်ပြပေးပါတယ်။ ကိုယ်ဟာ ကိုယ့်ရဲ့ comfort zone မှာပဲနေနေရင် မတိုးတက်နိုင်သလို၊ ဝင်ရိုးရဲ့ တစ်ဖက်စွန်းမှာ ရပ်နေရင် တစ်ဖက်စောင်းနင်းဖြစ်ပြီး ဟန်ချက်ညီဖို့ ခက်ပါတယ်။ ဘဝမှာ ဟန်ချက်ညီညီဖြတ်သန်းနိုင်ဖို့၊ ထိရောက်တိုးတက်‌ဖို့၊ အမှန်တကယ်ပျော်ရွှင်‌ရဖို့ဆိုရင် ကိုယ့်ရဲ့ ဆန့်ကျင်နေတဲ့ energy တွေကို ဟန်ချက်ညီထိန်းညှိတတ်ဖို့ အရေးကြီးပါတယ်။

Tarot ဖတ်ပေးခဲ့တဲ့အပေါ် client တွေဆီက ပြန်ရခဲ့တဲ့ feedbackတချို့ပါ၊ နောက်ပိုင်းမှာTarot reading လေးတွေလည်း အခါအားလျော်စွ...
24/11/2025

Tarot ဖတ်ပေးခဲ့တဲ့အပေါ် client တွေဆီက ပြန်ရခဲ့တဲ့ feedbackတချို့ပါ၊ နောက်ပိုင်းမှာTarot reading လေးတွေလည်း အခါအားလျော်စွာဖတ်ပေးဖြစ်ခဲ့ပါတယ်၊

မေးခွန်းတစ်ခု ငါးထောင်နှုန်းသတ်မှတ်ထားပါတယ်၊
လောလောဆယ် တခြားအထွေအထူး package သတ်မှတ်ထားတာတော့မရှိသေးပါဘူး

Tarot မေးတဲ့အခါ client တွေကို မှာလေ့ရှိတာက..

'Tarotက energy ဖတ်တာဆိုတော့ လက်ရှိ energy ကနေ ဘယ်လိုရှေ့ဆက်ဖြစ်နိုင်တယ်ဆိုတာမျိုး ပေါ်တာမလို့ ကံတရားကြိုသတ်မှတ်ထားသလို သဘောမျိုး အနာဂတ်ကို အတိအကျခန့်မှန်းသလိုမျိုးတော့ မသိနိုင်ပါဘူးခင်ဗျာ၊ ကိုယ့်ရွေးချယ်မှု လုပ်ကိုင်မှုအပေါ် မူတည်ပြီး အခြေအနေလေးတွေ ပြောင်းလဲနိုင်ပါတယ်၊

Readingက ခန့်မှန်းချက်ထက် guidance သဘောပိုဆန်နိုင်ပါတယ်'ဆိုပြီးပဲ ဖြစ်ပါတယ်။

အခြေ‌အနေတစ်ခုနဲ့ပတ်သတ်ပြီး ကိုယ်နားလည်ချင်တာရှိနေတာ၊ guidance လိုချင်နေတာမျိုးတွေမှာ tarot readings လေးတွေက အသုံးဝင်ပါတယ်။

Adminရဲ့ ပုံစံက "Birth chartပဲ ဖတ်ဖတ်၊ Tarot ပဲဟောဟော ရှေ့ဖြစ်ဟောထက် understanding and healing ဖက်ကိုပဲ ပိုရောက်ပါတယ်"

ဒီနှစ်ထဲ pageမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပေမယ့် Astrology ကိုလွန်ပြီး Tarot ကိုပါလေ့ကျင့်ဖြစ်ခဲ့ပါတယ်

2025က adminအတွက် စိတ်ခံစားချက်ပိုင်းဆိုင်ရာ healing တွေအများကြီးလုပ်နေခဲ့ရတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်၊ pageမှာလည်း postတွေ ပုံမှန်တင်နိုင်ဖို့ ရည်ရွယ်ရင်းနဲ့ပဲ ပြန်ပြန်အရှိန်ပြတ်လိုက်ဖြစ်နေခဲ့ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် adminကို ယုံကြည်အားပေးနေဆဲ အယောက်တိုင်းကို ကျေးဇူးတင်ပါတယ်🤎🤎
ဘဝအမောများပြေ၊ အပြုံးများဝေကြပါစေလို့ ပြန်လည်ဆုတောင်းပေးပါတယ်..
....

12/11/2025

Aura | Flip through

From Tarot Bank Myanmar

ဒီscreenshotလေး တော်တော်ကြာပြီ၊ You Tube မှာ နိုင်ငံခြားသူreaderတစ်ယောက်ရဲ့ general pick a pileလေး သွားကြည့်ရင်း oracle ...
09/11/2025

ဒီscreenshotလေး တော်တော်ကြာပြီ၊ You Tube မှာ နိုင်ငံခြားသူreaderတစ်ယောက်ရဲ့ general pick a pileလေး သွားကြည့်ရင်း oracle cardပေါ်က message လေး သဘောကျလို့ ss ရိုက်ပြီး personal accountမှာ storyတင်ခဲ့ဖူးတာ၊

နေ့လယ်က အကြောင်းတိုက်ဆိုင်တော့ အဲ့ဒီစာသားလေးကို ပြန်အမှတ်ရမိလို့ ဝေမျှချင်လာတယ်။

'နှလုံးသားရေးရာနဲ့ ပတ်သတ်လာရင် မှားတယ်၊ မှန်တယ်ဆိုတာမရှိဘူး၊ ကိုယ်လုပ်လိုက်တဲ့ ရွေးချယ်မှုတိုင်းက ဘဝအပေါ်မှာ၊ အချစ်‌အပေါ်မှာ ကိုယ့်ရဲ့ နားလည်မှုကို မြင့်မားစေမှာပဲ' တဲ့လေ..

ဒီသဘောတရားက သိမ်မွေ့တယ်

ဘေးလူတွေအဖို့ ဦးနှောက်အတွေးနဲ့ တွေးပြီး ဒါမှန်တယ် ဒါလုပ်၊ ဒီလိုမလုပ်နဲ့လို့ ပြောဖို့လွယ်ပေမယ့်၊ သူတို့အတွက် ရိုးရှင်းပေမယ့် လက်တွေ့ကြုံကြိုက်ရတဲ့သူအဖို့မှာကျ အမှား အမှန်ဆိုတာ အဲ့ဒီလောက်မရိုးရှင်းတော့ဘူး..

တစ်ဖက်သူကြောင့် ကိုယ့်မှာ နိုးထခဲ့တဲ့ ခံစားချက်တွေရှိမယ်၊ သူနဲ့ဆက်ဆံရေးက ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာရှိနေတဲ့ shadows တွေ၊ patterns တွေကို လာထိပြီး toxic ဖြစ်ပေမယ့် ရုန်းမထွက်နိုင်အောင် ငြိတွယ်စွဲလမ်းမိတာမျိုးတွေလည်း ရှိတတ်တယ်၊

သူနဲ့ ကိုယ်နဲ့ကြားမှာ ကိုယ်ခံစားရတဲ့ connection ကြောင့် ကိုယ့်အတွက် တစ်ခုခုထူးခြားတဲ့သူဖြစ်ရမယ်ဆိုပြီး ဘာပဲဖြစ်နေဖြစ်နေ စိတ်လွယ်လွယ်ကုန်ဖို့ ခက်တာမျိုးတွေ ရှိတတ်တယ်၊ တစ်ဖက်သူအတွက် ဖြည့်တွေးနေမိတတ်တယ်။

ဒီလိုလက္ခဏာတွေဟာ karmic soulmate connection တွေရဲ့ လက္ခဏာမျိုးဖြစ်ပါတယ်။ တစ်ဖက်သူအပေါ် ကိုယ်ခံစားရတဲ့ connectionဟာ စိတ်ထင်ယောင်ထင်မှားကြောင့်မဟုတ်ဘဲ တကယ် 'ကံအကြောင်းတရား'တစ်ခုကြောင့် ဆုံတွေ့ရတာမလို့ ဖြစ်တတ်ပါတယ်၊ ဒါပေမယ့် ဒီကံအကြောင်းတရားက ရံဖန်ရံခါမှာ karmic ဆန်နေတာမျိုး၊ ကိုယ့်ကို တစ်ခုခုသင်ယူနားလည်စေချင်တဲ့ ရည်ရွယ်ချက်မျိုး ရှိနေတတ်ပါတယ်၊

ကိုယ့်စိတ်ထဲ မျှော်လင့်မိသလို သူက 'the one'မလို့၊ အဆုံးမှာ ညားမှာကြောင့်မလို့မဟုတ်ဘဲ ကိုယ့်ထံမှာ တစ်ခုခုကို နှိုးဆွပေးဖို့၊ ကိုယ့်ကို နက်နက်နဲနဲသင်ယူနားလည်စေချင်တာတစ်ခုခု ရှိနေလို့ ဖြစ်တတ်ပါတယ်။

ဒီလိုconnetionမျိုးတွေမှာ မမျှတမှုတစ်ခုခု unbalancedဖြစ်နေတာတစ်ခုခုရှိတတ်ပါတယ်၊ တစ်ဖက်သူက ကိုယ့်လောက် ခံစားချက်မနက်နဲနေတာမျိုးတို့၊ ကိုယ့်လောက် ရင့်ကျက်မှုရှိမနေတာမျိုးတို့၊ ကိုယ်က စိတ်ထဲ connection ကို ခံစားနေရပေမယ့် သူ့ဖက်က အဲ့လောက်မဟုတ်ဘဲ ကိုယ်ခံစားရတဲ့ connection က တစ်ဖက်သတ်ဆန်နေတာမျိုးတို့ ရှိတတ်ပါတယ်။

အစတည်းက ဒီconnetionတွေရဲ့ ရည်ရွယ်ချက်က အဆုံးမှာ ပေါင်းစည်းညားဖို့ထက် ကိုယ်သတိမထားမိတဲ့ စိတ်ဒဏ်ရာတွေ၊ ကိုယ့်ကို နောက်ကွယ်က ချုပ်ကိုင်နေတဲ့ shadow pattern တွေကို နှိုးဆွပေးဖို့၊ ဒါတွေကို ရင်ဆိုင်စေဖို့ဖြစ်ပါတယ်။

အချစ်နဲ့ ပတ်သတ်လာရင် တကယ်ပဲ အမှား အမှန်၊ အနိုင် အရှုံးဆိုတာမျိုး မရှိပါဘူး၊ ကိုယ်ဘယ်လိုရွေးချယ်မှုမျိုးကို လုပ်မိပါစေ.. အဆုံးမှာ ကိုယ့်ရဲ့ နားလည်မှု၊ ရင့်ကျက်မှုကို မြင့်မားလာစေမှာဖြစ်ပါတယ်၊

ကိုယ်ကပိုခံစားနာကျင်ခဲ့ရလို့၊ ရံဖန်ရံခါ မာနတွေ နင်းခြေခံခဲ့ရလို့ တစ်ဖက်သူက နိုင်သွားတယ်၊ ကိုယ်က ရှုံးသွားတယ်လို့လည်း မရှိပါဘူး၊
ကိုယ်ရရှိခဲ့တဲ့ အသိနားလည်မှုတွေနဲ့ ရင့်ကျက်မှုက အမြတ်ဖြစ်ပါတယ်၊ ကိုယ့်မှာ အသိတွေတိုးခဲ့လို့ အမှန်တကယ် အနိုင်ရသူက ကိုယ်တိုင်ပဲ ဖြစ်ပါတယ်..။

Tarot deckတွေမှာလည်း သူ့ energy နဲ့သူ တစ်မူထူးခြားတဲ့ ကိုယ်ပိုင် energy တွေရှိနေတတ်တယ်၊ ကိုယ့်မှာရှိတဲ့ deck တစ်ခုချင်းစ...
08/11/2025

Tarot deckတွေမှာလည်း သူ့ energy နဲ့သူ တစ်မူထူးခြားတဲ့ ကိုယ်ပိုင် energy တွေရှိနေတတ်တယ်၊ ကိုယ့်မှာရှိတဲ့ deck တစ်ခုချင်းစီနဲ့ ကိုယ်နဲ့ connection က deckအလိုက် ကွာခြားနေတယ်။ ဒီ Yokai Deckကို တကယ်ကြိုက်လို့ ဝယ်ထားပေမယ့် မကြာခဏ အသုံးမပြုဖြစ်ဘူး၊ သူ့ energy က လေးလံတယ်၊ ကြိုက်ပေမယ့် နွေးထွေးတဲ့ ခံစားချက်မျိုးကို မဖြစ်စေဘူး၊ စိတ်ထဲ ခပ်ရွံ့ရွံ့ ခပ်ရှိန်ရှိန်ခံစားရစေတယ်

ဒီလိုdeckမျိုးကျ နေ့စဉ်ပုံမှန် readingတွေမှာ သုံးဖို့ထက် past life, shadow aspectsစသဖြင့် လျှို့ဝှက်သိုသိပ်တဲ့ အရာတွေကို နားလည်အောင်ဖတ်တဲ့ ပိုပြီးနက်နဲလေးလံတဲ့ reading မျိုးတွေနဲ့ သင့်တော်တယ်လို့ ခံစားရတယ်..

Address

Yangon

Opening Hours

Monday 07:00 - 23:00
Tuesday 07:00 - 23:00
Wednesday 07:00 - 23:00
Thursday 07:00 - 23:00
Friday 07:00 - 23:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Reaping The Universe's Gifts Astrology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram