17/01/2026
စိတ်ဝင်စားတဲ့သူတွေ ပါဝင်နိုင်အောင် မိတ်ဆွေဆရာတစ်ယောက်ရဲ့ stretch & relax program လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ၊ ဆရာ့Pageက သိပ်activeမဖြစ်တော့ လူသိပ်မသိလို့ adminက ကူကြေညာပေးတာပါ၊ ကိုယ်တိုင်လည်း စိတ်ဝင်စားမိတဲ့ program လေးဖြစ်တော့လေ
ဆရာက ကိုယ်တိုင်လည်း Yoga တို့၊ အသက်ရှူတရားမှတ်တာတို့ကို ကြာရှည်လုပ်လာခဲ့တဲ့သူတစ်ယောက်ပါ၊ Yoga ဆိုပေမယ့် ဒီprogramမှာတော့ အရမ်းခက်ခက်ခဲခဲမဟုတ်ဘဲ beginners တွေအတွက် ပေါ့ပေါ့ပါးပါးလွယ်လွယ်ကူကူဖြစ်မယ့်အရာလေးတွေပဲ ပါတယ်လို့ ပြောပါတယ်။
Program ရဲ့ အကျိုးကျေးဇူးလေးတွေကိုလည်း ဆရာကရှင်းပြပေးထားပါတယ်။ အဓိကက self-care နဲ့ စိတ်ကိုအနားပေးဖို့ဆိုတာလေးတွေ့ရပါတယ်။ Nervous system regulation အတွက်လည်းရည်ရွယ်ပါတယ်။ ပြင်ပအရာတွေ မတည်ငြိမ်ဖြစ်နေတဲ့၊ စိတ်ဖိစီးစိုးရိမ်စရာများတဲ့ အချိန်အခါမျိုးမှာ Nervous system regulationလုပ်တာလည်း ကိုယ်စိတ်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
Program က 21ရက်ကြာမြင့်မှာဖြစ်ပြီး 21ရက်ဆိုတာ အလေ့အကျင့်တစ်ခု ဖြစ်ပေါ်ဖို့ လုံလောက်တဲ့အချိန်တစ်ခုဖြစ်ပါတယ်။ Program ပြီးရင်တောင် ကိုယ့်ဘာသာနေ့စဉ်ဆက်လုပ်နိုင်တဲ့၊ ဆက်လုပ်သင့်တဲ့ အရာမျိုးပါ။ နေ့စဉ် နာရီဝက်လောက်ပဲ ပုံမှန်အချိန်ပေးလုပ်သွားရုံပါပဲ။ ကိုယ့်အတွက် အကျိုးရှိတဲ့ အလေ့အကျင့်လေးတစ်ခုကို နေ့စဉ်ဘဝမှာ အချိန်တစ်ခုပေးပြီး ထည့်သွင်းချင်တဲ့ သူတွေ၊ ပေါ့ပေါ့ပါးပါးအစပြုလုပ်ချင်သူတွေ joinသင့်ပါတယ်။
မနက်အဆင်ပြေတဲ့သူ မနက် joinနိုင်ပြီး၊ ညအဆင်ပြေတဲ့သူ ညဖက် joinနိုင်အောင်လည်း အချိန်နှစ်ခုလုပ်ထားပါတယ်။ မနက်joinတဲ့ သူတွေအတွက်လည်း နေ့တစ်နေ့အစပြုချိန်၊ စိတ်လက်လန်းဆန်းတုန်းအချိန်မှာ လုပ်နိုင်အောင် ရည်ရွယ်သလို၊ ညအချိိန်joinချင်တဲ့သူတွေအတွက်လည်း ဒီprogram လေးမှာ တစ်နေ့တာပင်ပန်းသမျှ ဖြေလျှော့ wind down လုပ်နိုင်ပြီး ပြီးတာနဲ့ တန်းအနားယူနိုင်အောင် ရည်ရွယ်ပါတယ်၊ မနက်joinတဲ့သူတွေလည်း တစ်နေ့တာလုံးကို စိတ်လက်ပိုမိုပေါ့ပါးလန်းဆန်းစွာ ဖြတ်သန်းနိုင်မှာ ဖြစ်သလို ညအချိန်joinတဲ့သူတွေလည်း quality sleep ရနိုင်ပါတယ်။
Program fee ကိုလည်း pay as you want နဲ့ သတ်မှတ်ပေးထားတာတွေ့ရပါတယ်။ ကိုယ့်အတွက် တတ်နိုင်တဲ့ ပမာဏလည်းဖြစ်၊ ဆရာ့ရဲ့ ပညာ၊ စေတနာနဲ့ အားထုတ်မှုကိုလည်း လေးစားရာရောက်မယ့် ပမာဏမျိုးကို ကိုယ့်ဘာသာ စဉ်းစားချိန်ညှိပြီး ပေးနိုင်တာလည်း အဆင်ပြေပါတယ်။
Adminကိုယ်တိုင်လည်း joinဖို့ စဉ်းစားနေတာပါ။ တခြားစိတ်ဝင်စားတဲ့သူတွေလည်း ပါဝင်နိုင်အောင် sharing လုပ်လိုက်ပါတယ်..
အားလုံးပဲ မင်္ဂလာ ပါခင်ဗျာ ။ 2026 အစမှာ Program လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
“ 🧘♂️Stretch & Relax - 21 days to Calm Body & Mind 🧘♀️"
Date 📆 22 January to 11 February 2026 ( 21 days program )
Duration 🕰️ 30 min | online | 7:00 AM to 7:30 AM ( မနက်ပိုင်း )
Date 📆 26 January to 15 February 2026 ( 21 days program )
Duration 🕰️ 30 min | online | 9:00 PM to 9:30 PM ( ညပိုင်း )
ဒီ 30 mins program လေးက ဘယ်သူတွေအတွက် ကိုက်ညီမှု ရှိနိုင်မလဲ?
✅ Beginners
✅ ယခုမှ Body stretching စလုပ်ကြည့်ဖို့ ကြိုးစားနေသူများ
✅ Stress, Anxiety စတဲ့ စိုးရိမ်ပူပန်မှု လျှော့ချ ချင်သူများ
✅ အချိန်တွေ အများကြီး မပေးနိုင် တဲ့သူများ
✅ Beginners to meditation
✅ မိမိနေ့စဉ်လူနေမှု ဘဝထဲ တွင် တရားထိုင်ခြင်းအလေ့အကျင့်ကို self-care ritual အနေနဲ့ ပုံမှန်ထည့်သွင်းချင်သူများ
⚠️မှတ်ချက်။ အထက်ပါ Program ကို အတူပါဝင်လေ့ကျင့်ချင်သူများ အနေဖြင့် လိုက်နာရမည့်အချက်မှာ “၂၁ ရက် ဆက်တိုက်နေ့စဉ် နာရီဝက် မိမိအတွက် သီးသန့်အချိန်ပေး နိုင်
သူများ ဖြစ်ရမယ်။ "
💡အဓိက ရည်ရွယ်ချက်မှာ Somatic Breathwork ( အသက်ရှူခြင်း )၊ (Nervous System Regulation) မိမိ၏ အာရုံကြော စနစ်များ ပုံမှန် လည်ပတ်လှုပ်ရှားထိန်းညှိမှု ပေးနိုင်ရန် နှင့် (Effortless Meditation) အားစိုက်ထုတ်ခြင်းမရှိသော တရားထိုင်ခြင်း ၊ (Deep relaxation) စိတ်ကို အပြည့်အဝ အနားယူတတ်စေရန် ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်တည်း အင်အားဖြင့်လုပ်ဆောင်ခြင်းထက် Collective energy နဲ့ လုပ်ဆောင်ခြင်းရဲ့ အင်အား၊ မိမိကိုယ်ကို စည်းစနစ်တကျ နေ့စဉ်ပုံမှန် Commitment တစ်ခုနှင့် တည်ဆောက်လိုသူများ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ🧘♂️🧘♀️
🎠မိမိ အတွက် နှစ်တစ်နှစ်ရဲ့ အစမှာ Invest လုပ်လို သူများ၊ စိတ်ဝင်စားသူများ အနေဖြင့် Page Messenger or Viber Number 09797630327 တွင်စာရင်းပေးသွင်း နိုင်ပါတယ်ခင်ဗျာ။
📩Energy Exchange Fees အနေနဲ့ တစ်ဦးကို ၂၁ ရက် Program အတွက် Happy Money : Pay As You Want ဖြစ်ပါတယ်။ မနက်ပိုင်း နှင့် ညပိုင်း မိမိအတွက် အဆင်ပြေသောအချိန်ရွေးချယ်တက်နိုင်ပါသည်။
Deepest thanks for your active participation & we will see you soon , my new soul family!
&relax