Better Life Int

Better Life Int Feel the power of perfection through Better Life's excellent capacities, capabilities & performances.

၁၂ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ခုနှစ်တွင် ကျရောက်သော (၇၉) နှစ်မြောက် ပြည့်ထောင်စု နေ့အား ဂုဏ်ပြုရင်း ပိတ်ရက်ရှည် ကာလတွင် Better...
12/02/2026

၁၂ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ခုနှစ်တွင် ကျရောက်သော
(၇၉) နှစ်မြောက် ပြည့်ထောင်စု နေ့အား ဂုဏ်ပြုရင်း
ပိတ်ရက်ရှည် ကာလတွင် Better Life မိတ်ဆွေအပေါင်း ကောင်းမွန်သော အချိန်လေးတခု ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်...

ဝမ်းပျက်ဝမ်းလျှောခြင်းများကို အကောင်းဆုံးကာကွယ်ကုသပေးနိုင်ဖို့အတွက် 𝐂𝐥𝐞𝐚𝐧 𝐆𝐮𝐭𝐬𝐂𝐥𝐞𝐚𝐧 𝐆𝐮𝐭𝐬 ဟာ Pro-biotics x 6 နှင့် Pre-bi...
03/02/2026

ဝမ်းပျက်ဝမ်းလျှောခြင်းများကို အကောင်းဆုံးကာကွယ်ကုသပေးနိုင်ဖို့အတွက် 𝐂𝐥𝐞𝐚𝐧 𝐆𝐮𝐭𝐬

𝐂𝐥𝐞𝐚𝐧 𝐆𝐮𝐭𝐬 ဟာ Pro-biotics x 6 နှင့် Pre-biotics x 1 တို့ အချိုးကျစွာပါဝင်ပြီး ဝမ်းပျက်ဝမ်းလျောခြင်းကို ကုသာရုံသာမက ကာကွယ်ရန်အတွက် ဓာတ်စာအဖြစ်ပါ အသုံးပြုနိုင်တဲ့ ဆေးဝါဖြစ်ပါတယ်။
နေ့စဥ်တိုင်းမှာ ဝမ်းတစ်လုံးကြောင့် ခေါင်းမခဲစေဖို့အတွက် 𝐂𝐥𝐞𝐚𝐧 𝐆𝐮𝐭𝐬 ကိုဆောင်ထားလိုက်ပါ...

ကျန်းမာတဲ့ စားသောက်မှု ပုံစံကို လိုချင်တယ် မိမိကြိုက်နှစ်သက်တဲ့ အစားအစာလေးတွေလဲ မရှောင်ချင်ဘူးဆိုတဲ့သူတွေ အတွက် ကျင့်သုံ...
02/02/2026

ကျန်းမာတဲ့ စားသောက်မှု ပုံစံကို လိုချင်တယ်
မိမိကြိုက်နှစ်သက်တဲ့ အစားအစာလေးတွေလဲ မရှောင်ချင်ဘူးဆိုတဲ့သူတွေ အတွက် ကျင့်သုံးသင့်တဲ့ 80/20 Rule

80/20 Rule ဆိုတာကတော့ ကျန်းမာတဲ့ အစားအသောက်တွေကို 80% စားသုံးမယ်။
မိမိကြိုက်နှစ်သက်တဲ့ အစားအစာလေးတွေကိုလဲ လုံးဝရှောင်စရာမလိုပဲ 20% လောက်တော့ စားသုံးမယ်ဆိုတဲ့ စားသောက်မှု ပုံစံတစ်မျိုးဖြစ်ပါတယ်။
မိမိခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အသားဓာတ်၊ အမျှင်ဓာတ်နှင့် တခြားသော ကျန်းမာရေးအတွက်လိုအပ်တဲ့ အစားအသောက်တွေကို 80% စားသုံးပြီး 20% ကိုတော့ မိမိကြိုက်နှစ်သက်တဲ့ အစားအစာ လေးတွေကို စားသုံးခြင်းဖြင့် စိတ်ဖိစီးမှု အရမ်းမများပဲ ကျန်းမာတဲ့ ခန္ဓာကိုယ်လေးဖြစ့အောင် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ပြည့်စုံဖို့ထပ် မျှတအောင်စားသုံးခြင်းက မိမိခန္ဓာကိုယ်ကျန်းမာရေးအတွက် အထိရောက်ဆုံး နည်းလမ်းလေးဖြစ်ပါတယ်...

အရိုးအဆစ် နာကျင်မှုများအတွက် အကောင်းဆုံး ဒဏ်ကြေလိမ်းဆေး ''Diclosafe''Diclofenac နှင့် Diethylamine တို့ကို အဓိကထား ဖော်စ...
01/02/2026

အရိုးအဆစ် နာကျင်မှုများအတွက် အကောင်းဆုံး
ဒဏ်ကြေလိမ်းဆေး ''Diclosafe''

Diclofenac နှင့် Diethylamine တို့ကို အဓိကထား ဖော်စပ်ထားသော Diclosafe ဒဏ်ကြေလိမ်းဆေးလေးက
Emulsion Gel Type လေးဖြစ်တာကြောင့် အသားထဲ စိမ့်ဝင်လွယ်ပြီး အရိုးအဆစ် နှင့်ကြွက်သား နာကျင်မှုများကို အထူးသက်သာ ပျောက်ကင်းစေမှာဖြစ်ပါတယ်။
..သင့်အတွက် အမြဲတမ်း Safe.! Diclosafe...


သားသားမီးမီးတိုင်း ကျန်းမာစေဖို့ Better Kidz အစားကောင်းကောင်းမစားနိုင်ခြင်း၊ ပုံမှန်ထပ်ကြီးထွားမှု နှေးကွေးခြင်း၊ ကျန်းမ...
14/01/2026

သားသားမီးမီးတိုင်း ကျန်းမာစေဖို့ Better Kidz

အစားကောင်းကောင်းမစားနိုင်ခြင်း၊ ပုံမှန်ထပ်ကြီးထွားမှု နှေးကွေးခြင်း၊ ကျန်းမာရေးချူချာခြင်း စတဲ့အချက်တွေ မိမိကလေးမှာဖြစ်ပေါ်နေပြီဆို မေမေတို့ခေါင်းခဲရမှာအသေအချာပါပဲ။ ဒီပြသနာတွေကို အကောင်းဆုံးဖြေရှင်းနည်းလေးက တစ်မျိုးတည်းနှင့် မိမိကလေး ကျန်းမာရေးအတွက် ပြီးပြည့်စုံတဲ့ ဖော်မြူလာနှင့် ဖော်စပ်ထားတဲ့ Better Kidz အားဆေးလေးပဲ ဖြစ်ပါတယ်။

Better Kidz ကိုပုံမှန်တိုက်ကျွေးခြင်းဖြင့် ကလေးငယ်
များနေ့စဥ် လိုအပ်သော အသားဓာတ် (Amino Acids)၊ ရှားပါး COD ငါး၏ အသဲမှရရှိသော ငါးကြီးဆီနှင့် ဗီတာမင်၊ သတ္တုဓာတ်များ အားလုံးကို တစ်မျိုးတည်းနှင့် ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် Better Kidz နှင့်အတူ မိမိကလေးရဲ့ ကျန်းမာတဲ့ အနာဂတ်ကို ပုံဖော်နိုင်ပါပြီ။

သင့်အသည်း ကျန်းမာဖို့ ဘာတွေလုပ်ရမလဲ?လူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ အသည်းဟာ အဆိပ်အတောက် ဖယ်ရှားခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းည...
10/01/2026

သင့်အသည်း ကျန်းမာဖို့ ဘာတွေလုပ်ရမလဲ?

လူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ အသည်းဟာ အဆိပ်အတောက် ဖယ်ရှားခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်းနဲ့ အာဟာရဓာတ် စီမံခန့်ခွဲခြင်း အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းဆောင်တာပေါင်း (၅၀၀) ကျော်ကို မရပ်မနား လုပ်ဆောင်ပေးနေတဲ့ အဓိက အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

သင့်အသည်းကို ကျန်းမာသန်စွမ်းစေဖို့အတွက် အောက်ပါအချက် လေးတွေကို လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။

၁။ မှန်ကန်တဲ့ စားသောက်မှုပုံစံကို ထိန်းသိမ်းပါ

စားသုံးရန်: လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ နှံစားသီးနှံတွေကို အဓိကထား စားသုံးပါ။ ကြက်သား၊ ငါးနဲ့ ဥအမျိုးမျိုးကဲ့သို့သော Lean Protein (အဆီနည်းတဲ့ အသားဓာတ်) တွေဟာ အသည်းဆဲလ်များ ပြန်လည်တည်ဆောက်မှုကို အားပေးပါတယ်။

ရှောင်ကြဉ်ရန်: အဆီအဆိမ့်များတဲ့ အစားအစာများ၊ အသင့်စား အစားအစာများနှင့် သကြားဓာတ်လွန်ကဲသော အချိုရည်များကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ အရက်သေစာဟာ အသည်းကို တိုက်ရိုက်ပျက်စီးစေတဲ့ အဓိကရန်သူဖြစ်လို့ လုံးဝရှောင်ကြဉ်တာက အကောင်းဆုံးပါ။

၂။ ကိုယ်အလေးချိန် ထိန်းသိမ်းပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ

အဝလွန်ခြင်းဟာ အသည်းအဆီဖုံးခြင်း (Fatty Liver) ကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်း တစ်ခုပါ။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း စတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသည်းထဲက အဆီတွေကို လျော့ကျစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၃။ ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးဝါးသုံးစွဲမှု ဆင်ခြင်ခြင်း

အသည်းရောင်အသားဝါ (Hepatitis A and B) ကာကွယ်ဆေးများကို ကြိုတင်ထိုးနှံထားပါ။
ဘယ်လိုဆေးမျိုးကိုမဆို ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေကို အချိန်ကြာမြင့်စွာ အလွန်အကျွံ သောက်သုံးခြင်းဟာ အသည်းကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

၄။ အသည်းအတွက် အားဖြည့်ကူညီမှု ရယူပါ

နေ့စဉ် စားသောက်မှုပုံစံ၊ စိတ်ဖိစီးမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် သင့်အသည်းဟာ ဝန်ပိနေတတ်ပါတယ်။ အသည်းရဲ့ သန့်စင်ခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းစဉ်တွေကို အထောက်အကူပြုဖို့အတွက် Better Live-R အသည်းအားဆေး ရှိပါတယ်။
Better Live-R ဟာ အသည်းဆဲလ်များ ပျက်စီးမှုကို ကာကွယ်ပေးပြီး အဆိပ်အတောက် ဖယ်ရှားခြင်း လုပ်ငန်းစဉ်ကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ပါတယ်။

"ကျန်းမာတဲ့ အသည်းကို ပိုင်ဆိုင်ခြင်းဟာ ပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်ခြင်းတစ်ခုဖြစ်ပါတယ်''

"Diclosafe (ဒဏ်ကြေလိမ်းဆေး) တစ်ဘူးဝယ်ပြီး City Mall (St.John)မှာ နှစ်သစ်လက်ဆောင် ရယူလိုက်ပါ။"2026 ရဲ့ပထမဆုံးနေ့ ဇန်နဝါရီ...
01/01/2026

"Diclosafe (ဒဏ်ကြေလိမ်းဆေး) တစ်ဘူးဝယ်ပြီး
City Mall (St.John)
မှာ နှစ်သစ်လက်ဆောင် ရယူလိုက်ပါ။"

2026 ရဲ့ပထမဆုံးနေ့ ဇန်နဝါရီ ၁ ရက်နေ့
City Mall (St.John) မှာ ကျင်းပသွားမည့်
City Care ရဲ့ Wellness Fair လေးမှာ
Diclosafe (ဒဏ်ကြေလိမ်းဆေး) တစ်ဘူးဝယ်ရုံဖြင့် ထီး၊ အမှတ်တရ T-shirt၊ ဘောပင် စတဲ့ လက်ဆောင်တွေ ရယူနိုင်မည့် Spin Wheel လေး ပါဝင်ကံစမ်းခွင့်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် အခမဲ့ ကျန်းမာရေးစစ်ဆေးပေးတဲ့ ဝန်ဆောင်မှုတွေ၊ BMI test နှင့် တခြားသော Sampling အစီအစဥ်များနဲ့အတူ ကျပ် ၄၀,၀၀၀ ဖိုးနဲ့အထက် ဝယ်ယူတာနဲ့ Pin Ball Game ဆော့ပြီး ဗလာမပါ ဆုမဲလက်ဆောင်တွေ ပိုင်ဆိုင်နိုင်မည့်အခွင့်အရေးလည်းရှိနေမှာဖြစ်လို့ ဇန်နဝါရီလ ၁ ရက်နေ့ ကနေ ၇ ရက်အတွင်း CityCareရဲ့ St.John CityMall ဆိုင်ခွဲဆီ သေချာလေး အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

.John

နာကျင်မှုဝေဒနာကင်းစင်ပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် Diclosafe Emulsion Gel လေ့က...
27/12/2025

နာကျင်မှုဝေဒနာကင်းစင်ပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် Diclosafe Emulsion Gel

လေ့ကျင့်ခန်းလုပ်ရင်း ကြွက်သားနာကျင်လို့ပဲဖြစ်ဖြစ်၊ အသက်အရွယ်ကြောင့် အဆစ်အမြစ်တွေ ကိုက်ခဲလို့ပဲဖြစ်ဖြစ်၊
အလုပ်ပင်ပန်းလို့ လည်ပင်းနာ၊ ခါးနာလို့ပဲဖြစ်ဖြစ်
အချိန်မရွေး နေရာမရွေး ဒိုင်ကလိုဆေ့(ဖ်) ဂျယ်လေး
ဆောင်ထားရုံဖြင့် ဒီပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်ပါပြီ။

Diclosafe Gel တွင် အဓိကပါဝင်ပစ္စည်းဖြစ်သော Diclofenac ကို အဆီပုံစံနှင့် အရည်ပုံစံ ရောစပ်ပြီး Emulsion Gel ပုံစံ ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
၎င်းရဲ့ ထူးခြားတဲ့ Emulsion ဖော်မြူလာကြောင့် ဆေးအရှိန်ဟာ အရေပြားမှတစ်ဆင့် နာကျင်နေတဲ့နေရာရဲ့ အတွင်းပိုင်းအထိ လျင်မြန်စွာ စိမ့်ဝင်ရောက်ရှိကာ နာကျင်ရောင်ရမ်းမှုကို လျင်မြန်စွာ သက်သာစေပါတယ်။ လိမ်းလိုက်သည့်အခါ အေးမြသောခံစားမှုကိုပေးစွမ်းပြီး အဆီမပြန်ခြင်းကြောင့် အသုံးပြုရတာ အထူးအဆင်ပြေပါတယ်။

ဒါကြောင့် နာကျင်ကိုက်ခဲမှုမရှိပဲ စိတ်သွားတိုင်းကိုယ်ပါတဲ့ နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ဖို့ Diclosafe Emulsion Gel
လေးကို အမြဲဆောင်ထားလိုက်ပါ။

Christmas ကာလမှာ Better Life မိတ်ဆွေအပေါင်းစိတ်ချမ်းသယ ကိုယ်ကျန်းမာ သော အချိန်အခါလေး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကော...
24/12/2025

Christmas ကာလမှာ Better Life မိတ်ဆွေအပေါင်း
စိတ်ချမ်းသယ ကိုယ်ကျန်းမာ သော အချိန်အခါလေး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

24/12/2025

Merry Christmas to you all.

Welcoming October.May this month bring peace, fresh beginnings, and beautiful moments.
01/10/2025

Welcoming October.
May this month bring peace, fresh beginnings, and beautiful moments.

မိုးရာသီတွေမှာ ဘယ်လိုအစားအစာမျိုးတွေကို စားသုံးပေးသင့်သလဲ။မိုးတွင်းကျရောက်လို့လာသည့်နှင့်အမျှ မိုးဖွဲလေးများနဲ့အတူ အေးစိ...
29/09/2025

မိုးရာသီတွေမှာ ဘယ်လိုအစားအစာမျိုးတွေကို စားသုံးပေးသင့်သလဲ။

မိုးတွင်းကျရောက်လို့လာသည့်နှင့်အမျှ မိုးဖွဲလေးများနဲ့အတူ အေးစိမ့်နေ သော လေအေးများနှင့်အတူ လေထုစိုထိုင်းဆများတာကြောင့် တုပ်ကွေး အပါအဝင် အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။

ရောဂါပိုးမွှားတွေကို အလွယ်တကူ မဝင်ရောက်စေနိုင်ဖို့ ကိုယ်ခံအားကောင်းစေဖို့ အစားအစာတွေကို ရွေးချယ်စားသောက်ရမှာပါ။

ဝမ်းပျက်ဝမ်းလျှောခြင်းများလည် အဖြစ်များသည့်အလျောက် သန့်ရှင်းလတ်ဆတ်သော အစားအစာများနှင့် ရေများကို အထူး စားသောက်ပေးဖို့လည်း လိုအပ်ပါတယ်။

ဒါ့အပြင် မိမိ၏လက်ကိုလည်း သန့်ရှင်းစင်ကြယ်စွာ ထားဖို့ အထူးလိုအပ်ပါလိမ့်မယ်။

ရာသီပေါ် သီးနှံတွေ များတာကြောင့် ကိုယ်နှစ်သက်ရာ အသီးအနှံကို စားလို့ရပါတယ်။ ထမင်းစားတဲ့အခါမှာလည်း ဟင်းရွက် ၁-၂မျိုးလောက် ပါအောင် စားပေးပါ။

ရာသီဥတုအေးလာသည့်အခါ ဂျင်းပြုတ်ရည်၊ပျားသံပုရာရည် စတာတွေကို ပူပူနွေးနွေး ဖျော်သောက်ပေးတာက ခံတွင်းရှင်းစေသလို ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

ပရိုဘိုင်အိုတစ် ကြွယ်ဝတာတွေ စားသုံးပေးပါ။ မိုးတွင်း၌ ပတ်ဝန်းကျင် မသန့်ရှင်းလျှင် ကိုယ်စားသုံးလိုက်သည့် အစားအစာတွေထဲကို ပိုးတွေ အနည်းနဲ့အများ ပါနိုင်ပါတယ်။

ဒီပိုးတွေကြောင့် ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ဆိုရင် အူလမ်းကြောင်းထဲမှာအကျိုးပြုပေးနိုင်သည့် ဘက်တီးရီးယား(ပရိုဘိုင်အိုတစ်) အများကြီး ရှိနေဖို့ လိုအပ်ပါတယ်။




Address

Sanchaung
Yangon
11111

Alerts

Be the first to know and let us send you an email when Better Life Int posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram